“ သန္ဓေ-တောထွက်- ဓမ္မစက် - ဟောမြွက်သံချို - လဝါဆို “ ရယ်လို.
ရှေးစာဆိုကြီးများက ဆိုထားခဲ့ကြပါတယ် ။ ဒီလို အနှိုင်းမဲ့တဲ့ “ မြတ်ဗုဒ္ဓ “ နဲ.သက်ဆိုင် တဲ့နေ.ထူနေ.မြတ်မှာပဲ “ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် အ
မှတ်(၅) ကို တင်ဆက်ပေးလိုက်ပါရစေ--
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အခန်း (၆) ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာနှင့် ယုံကြည်ချက်များ
ပြောင်းလဲလာပုံ
၁။ ။ ပျူခေတ် ဗုဒ္ဓဘာသာ
ပျူလူမျိုးများသည် မြန်မာနိုင်ငံဖွါး တိုင်းရင်းသားများဖြစ်ဘကပါသည်။ အေဒီ (၁) ရာစုမှ (ဂ) ရာစု
အထိ ထွန်းကားဒခဲ့သောပျူတို.၏ “သရေခေတ္တရာ“ မြို.ဟောင်းဒေသမှာ “ဗိဿနိုး နှင့် ဟန်လင်း“
ဒေသများပါဝင်နေခြင်းကိုတွေ.ရပါသည်။ ပျူများကို
“ရှေးမြန်မာ“များဟု ခေါ်ဆိုနိုင်ကြောင်း
သိရပါ
သည်။“ပျူ“ ဆိုသော အဓိပ္ပါယ်မှာလည်း(
ဗြဟ္မာ= မြန်မာ) ဟု ဖွင့်ဆိုထားသည်ကို
တွေ.ရပါသည်။
သရေခေတ္တရာသည် အိန္ဒိယမြောက်ပိုင်း-တောင်ပိုင်းတို.နှင့်ဆက်သွယ်ခ့သည့်အတွက်ဗုဒ္ဓဘာသာ
ထွန်းကားခဲ့ပါသည်။ အထူးသဖြင့် အိန္ဒိယတောင်ပိုင်း၏ ရုပ်ပွါး ဆင်းတုတော်များ မကိုးကွယ်သည့်
ဘာသာမျိုးဖြစ်ပါသည်။ ထိုအချိန်တွင် ကမ္ဘောဇ ခေါ် ရှမ်းပြည်အနောက်ဖက် လင်းယန်းနယ်မြေ တွင်
ဗုဒ္ဓမြတ်စါာဘုရား၏ အယူဝါဒကိုလက်ခံယုံကြည်နေကြသည့်ရဟန်း သံဃာတော်ထောင်ပေါင်းများစွာ
ရှိနေပြီလည်းဖြစ်ပါ၏။
အထက်ပါ လင်းယန်းဒေသ မှ တရုတ် ကုန်သည်များသည် သရေခေတ္တရာ သို. သွားရောက်ကာ
ကုန်ရောင်း ကုန်ဝယ် ပြုလေ့ရှိခဲ့ကြပါသည်။
သို.ကြောင့်ပင် လင်းယန်းဒေသ မှ မြတ်ဗုဒ္ဓ၏ တရား
ဓမ္မများ
၊ စာပေ ကျမ်းဂန်များနှင့် ပိဋကတ်တော်များပါ သရေခေတ္တရာ
သို.ရော်ကရှိ ပျံ.ပွါးသွား
ခဲ့ ကြောင်းသိရပါသည်။
ထိုကဲ့သို. သိရှိရသည်မှာလည်း ရှေးဟောင်းသုတေသနဌာန၏ လေ့လာစူး
စမ်းမှုအရ
သရေခေတ္တရာ ဗိဿနိုးနယ်မြေအတွင်းမှ ဗုဒ္ဓရုပ်ပွါးတော်များ ၊ ရှေးဟောင်းကျောက်စာ
နှင့်
စာပေများစသည့် သမိုင်းဝင် အထောက်အထားများကို တူးဖေါ်တွေ.ရှိခဲ့သောကြောင့်ဟု
ဆိုပါ
ကလည်း မှားမည်မဟုတ်ပါ။
ခရာစ် သက္ကရာဇ် ၄- ရာစုနှစ် ရောက်သည့်အခါ ၄င်းဗိဿနိုးမှာပင် အဓိကကျသော ဘုရားကျောင်း
တော်ကြီးနှင့် ဗုဒ္ဓကျောကဆင်းတုတော်ကြီးတစ်ဆူကို ထုလုပ်လှူဒါန်းခဲ့ကြသည်ကိုလည်း တွေ.ရပါ
သည်။ ထိုမျှမကသေးပဲ ဘုန်းတော်ကြီးကျောင်းများကိုပါ ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။
ထို.ကြောင့်
ထေရဝါဒ ဗုဒ္ဓသာဘာ သာသနာသည် ပျူခေတ်
မှာပင် ဖွံ.ဖြိုး ထွန်းးကားလာခဲ့သည်ကို အထင်အ
ရှားတွေ.ရှိရခြင်းဖြစ်ပါ၏ ။
ပျူလူမျိုးတို.သည်လည်း
မိန်းကလေးရော ယောကျားလေးပါ အသက်(၇)နှစ်အရွယ်ရောက်သည်
နှင့်
ဦးခေါင်းမှ ဆံပင်များရိတ် ( ကတုံး တုံး) ပြီး ဘုန်းကြီးကျောင်းသို.သွားကာ သာသနာ့ဘောင်ကို ခိုလှုံ
ကြရပါသည်။
အသက် ၂၀ - ပြည့်သော်လည်း ဗုဒ္ဓဘာသာ ရဟန်းသံဃာဆိုင်ရာ ကျင့်ဝတ်
များကို
မစောင့်ထိန်း မလိုက်နာနိုင်သည့်အခါ လူပြန်ထွက်ကြရပါသည်။
ထို.ပြင် ပျူ တို.သည်
ဗုဒ္ဓသာသာနာ၏ အဆုံးအမကို လိုက်နာ ကျင့်သုံးသောကြောင့် ကိုယ်-
နှုတ်-နှလုံး သုံးပါးလုံးယဉ်ကျေးသိမ်မွေ.ကြသလို တရားစောင့်သူများဖြစ်ကာရိုးသားဖြောင့်
မတ် သူများ ဖြစ်ကြပါသည် ။ ထိုမျှမကသေးပဲ
ပျူတို.၏ တရားဥပဒေ စည်လည်း ဗုဒ္ဓမြတ်
ဘုရား၏ အဆုံးအမ
ကို အခြေခံထားသည့်အတွက် ရုပ်ပိုင်းထက် စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှု
ကို အလေးထားကြသည်ကို
တွေ. သိ ရပါသည် ။
ဥပမာ ပျူနှစ်ဦး တရားရုံးမှာ ရင်ဆိုင်ရသည့်အခါ ဗုဒ္ဓရုပ်ပွါးတော်ကြီးရှေ.သို. သွားကာ အမွှေးတိုင်
များထွန်းညှိ ပူဇော်ကာ စိတ်မှာ သီလဆောက်တည်ကြရပါသည် ။ သီလယူပြီးနောက်မှ မိမိ၏ အ
ပြစ်ကို စဉ်းစား ဆင်ခြင်ကြရပါသည်။ ထိုနည်းဖြင့် မိမိတို။၏ အပြစ်ကို သိရှိ ဝန်ခံကြရပါသည်။
ခရာစ်တော်မပေါ်မီ ဘီစီ ၃၀၈ - ခု ၊ သာသနာသက္ကရာဇ် ၂၃၅ - ခု နှစ်မှာ ပါဋလိပုတ်ပြည် တွင်
အရှင် မဟာ မောဂ္ဂ ပုတ္တတိဿ အမည်ရသော ရဟန္တာအရှင်မြတ်ကြီး ဦးဆောင်သော ရဟန္တာ
မထေရ်မြတ်ကြီးတစ်ထောင်တို.သည် ဗုဒ္ဓမြတ်ဘုရား ဟောကြားတော်မူခဲ့သော အဆုံးအမတရား
ဓမ္မများပျောက်ကွယ်တိမ်ကောမသွားစေရန်
တတယသံဂါယနာတင်ခဲ့ကြပြီး ရဟန်းအတုအယောင်
များနှင့် သာသနာ့အန္တရာယ်များကို
ကာကွယ်ခဲ့ကြပါသည်။
ထိုအချိန် - သာသနာ သက္ကရာဇ် ၂၃၅ - ခုနှစ်မှာ သာသနာပြုအဖွဲ.များကိုလည်း ကိုးတိုင်း ကိုးဋ္ဌာန
သို.စေလွှတ်ကာသာသနာတော်ကိုပျံ.ပွါးစေရန်ကြိုးပမ်းတော်မူခဲ့ကြပါသည်။
အရှင်ဥတ္တရ မထေရ်
အမှူးပြုသော ရဟန္တာအရှင်မြတ်ကြီးငါးပါးသည် မြန်မာနိုင်ငံတောင်ပိုင်းရှိ
သုဝဏ္ဏဘူမိ ခေါ်သထုံ
သို.ကြွရောက်ကာ သာသနာပြုခဲ့ကြပါသည်။ ထို.ကြောင့် မြန်မာနိုင်ငံ၏
ဗုဒ္ဓသာသနာသည် ယင်း
သုဝဏ္ဏဘူမိ ခေါ် သထုံ မှ စတင်ထွန်းကားခဲ့သည်ဟုလည်း
ယုံကြည်ရပါသည်။
ပထမ နှင့် ဒုတိယ ရာစုနှစ် ရောက်သည့်အခါ ဗုဒ္ဓမြတ်ဘုရား၏ ကြေးသွန်းရုပ်ပွါးတော်ကြီး
တစ်ဆူကို
သွန်းလုပ်ပြီး သုဝဏ္ဏဘူမိ (သထုံ) မှာပင် ကိုးကွယ်ခဲ့ကြောင်း သိရှိရပါသည် ။ ၄င်းအထောက်
အထား
များအရ ထေရဝါဒ ဗုဒ္ဓဘာသာ ကို မြန်မာနိုင်ငံတွင် မွန်လူမျိုး တို.ကလည်း စတင် ကိုးကွယ် ခဲ့ကြ
သည်မှာ အထင်အရှားဖြစ်ပါသည်။
ထို.အပြင် အိန္ဒိယ နှင့် သီရိလင်္ကာမှ ထေရဝါဒ
အရှိန်အဝါများသည်လည်း မြန်မာနိုင်ငံသို.တစတစ
ဝင်ရောက်ပျံ.နှံ.လာခဲ့ပါသည်။ တချိန်တည်းမှာပင် ထေရဝါဒ ဗုဒ္ဓသာသနာသည်
ပျူ တို.၏ သရေ
ခေတ္တရာမှာ အခိုင်အမာ တောင့်တင်းစွာနှင့် တိုးတက် ထွန်းကားနေပြီးဖြစ်ပါ၏ ။ အကြောင်းမှာ
အိန္ဒိယ တောင်ပိုင်း ဒေသ၏ ဗုဒ္ဓသာသနာနှင့် ဆက်နွယ်မှုသည် သီရိလင်္ကာာထက်ပိုပြီး
အဓိကကျ
သည့်အတွက်ပင်ဖြစ်ပါသည်။
ထိုမျှမကသေးပဲ အိန္ဒိယ တောင်ပိုင်းမှ ဗုဒ္ဓဝါဒသည် မွန်နှင့်ပျူတို.၏ဆရာများဖြစ်ခဲ့သည်ဟုလည်း
ယူဆကြပါသည်။ ထိုခေတ်ဦးပိုင်းမှာပင် မြန်မာနိုင်ငံအောက်ပိုင်း
မှ ပျူနှင့် မွန်တို.ဒေသတွင်
ပါဠိဗုဒ္ဓ
ဘာသာ စာအုပ် စာပေများ အကြီးအကျယ် ထွန်းကားပေးထွက်နေပြီလည်းဖြစ်ပါသည်။
ဤသို. ပါဠိဘာသာဖြင့် ရေးသားထားသော ဗုဒ္ဓစာပေများသည် ကမ္ဘာတစ်လွှားက အဘိဓမ္မာများ
လေ့လာ သင်ကြား ပို.ချရာမှာ အခြေခံဘာသာရပ်အဖြစ် ထားရှိခဲ့ရသည်ဟုလည်း သိရပါသည်။
ထို.ကြောင့် ယနေ.မြန်မာနီုင်ငံတွင် ပျံ.ပွါး ထွန်းကားလျက်ရှိနေသော တိပိဋကတ်စာပေများသည်
လည်း ပျူနှင့် မွန်တို.၏ ပါဠိဓမ္မစာပေများအစား ဝင်ရောက်လာသည်ဟု ယုံကြည်ထားကြပါသည်။
မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် (၆) -- “ပုဂံခေတ် ဗုဒ္ဓဘာသာ“
ကိုစောင့်
မျှော် ပါရန်-------
No comments:
Post a Comment