“ချွန်း“နဲ.တူအောင်တော့ မကြိုးစားလိုက်ကြပါနဲ.ကလေးမတို.ရေ--
“ချွန်းနဲ.တူအောင်တော့ မကြိုးစားကြပါနဲ.“ ဆိုတဲ့အကြောင်းကို မစတင်မီ “ချွန်း“ ရဲ့ သဘော
သဘာဝလေးကို
လေ့လာကြည့်ကြရအောင်ပါ။
အမှန်ဆိုပါက
ဆင်ကိုထိန်းပေးတဲ့ အဲ့ဒီ “ချွန်း“
လေးမှာ ဘာအရည်အချင်းမျှ
မရှိဘူး ဆိုတာကို
တော့သိထားရမှာဖြစ်ပါတယ်။
“ဆင်ထိန်း“ဆိုတဲ့ “ပဲ့ကိုင်“ တဲ့သူကြောင့်သာ
အဲဒီ“ချွန်းလေး“လှုပ်
ရှား
နေရတာမဟုတ်ပါလား ။
ဒါ့ကြောင့်
“ချွန်း“ ဆိုတဲ့- ဘာအရည်အချင်းမျှ မရှိတဲ့ ပစ္စည်းလေးနဲ. တူအောင်ကြိုးစားမယ်ဆိုပါက
မိန်းကလေးတို.သည်လည်း အရည်အချင်းမရှိတဲ့ ဘဝရောက်သွားကြတော့မှာအမှန်ပါ
။ အဲ
ဒီလို
ဘာအရည်အချင်းမျှ
မရှိတဲ့မိမိ အတွက် “ဆင်ထိန်း“ နဲ.တူတဲ့ မိမိကို အရာရာမှာ အမိန်.ပေး ခိုင်း
စေမယ့်
အမျိုးသားတစ်ယောက်တော
့ရှိကိုရှိရပါလိမ့်မယ်။ကိုယ်ပိုင်အရည်အချင်းမှ
မရှိပေပဲကိုး။
ဒီလို
မိမိမှာကိုယ်ပိုင်အရည်အချင်း
မရှိတဲ့အတွက်လည်း မိမိကိုညွှန်ကြားပြသပေးနေတဲ့“ခင်ပွန်း“
ဖြစ်သူကိုလည်း
“အိမ်ဦးနတ်တစ်ပါး“လို ရိုသေမြတ်နိုး ဘုရားလို ကိုးကွယ်ရတော့မှာပေါ့ ။ ဒီအခါ
တချို.ကလည်း လိုသည်ထက်ပိုကာ မိမိခင်ပွန်းအား အနားမှမခွါရစေပဲ
အသဲစွဲဖြစ်လာစေရန် ကြံ
ဖန် တီထွင်လေ့ရှိတတ်ကြမှာ မလွဲဧကန်ပါ ။
အမှန်ဆိုပါကလည်း တစ်ဦးနှင့်တစ်ဦး အသဲချင်းဖလှယ်ကာ ဘဝကိုပါပုံအပ်ခဲ့ကြပြီးသူ
ဇနီးမောင်နှံ
နှစ်ဦးအတွက် “အချစ်“ဆိုတာကိုလည်း တမင်သက်သက် အကျယ်ချဲ.“အထူးဖွဲ.”
နေစရာ မလိုအပ်
တော့ဘူးဆိုတာကိုလည်း သဘောပေါက်ပြီးဖြစ်ကြမယ်ထင်ပါတယ်။
“အနားမှာနေပါကွယ်-အနား
မှာ နေပါကွယ်“--လို
သီချင်းတွေ ဆိုနေရမယ့်အချိန် မဟုတ်တော့တဲ့ ဒီလိုခေတ် ဒီလို အခါကြီးမှာ
“မောင်ရေ-- မီးဖိုထဲလာပြီး မေ့အနားမှာ ဂိမ်းကစားလှည့်ပါ“-ဆိုတဲ့
ဆွဲဆောင်မှုမျိုးတွေလည်း
ခေတ်မစားတော့တာကို သတိထားသင့်ပါတယ်။
“မောင်တစ်ထမ်း-မယ်တစ်ရွက်“နဲ.
ချီတက်နေကြရတဲ့ ဒီကာလမှာ မိမိရဲ့ခင်ပွန်းကို သည်နည်းမျိုး
နဲ.ချုပ်နှောင်ထားလို.ကော ရနိုင်ပါ့မလား။ တကယ်တော့ “ရှုပ်တတ်တဲ့သူ“
ကိုလည်း သံကွန်ခြာ ၇ -
ထပ်နဲ. ပိတ်ညှပ်ထားလို. ရနိုင်စကောင်းတာမှ မဟုတ်ပါပဲ။
ပြောကြမယ်ဆိုလျင်တော့ “ ကြင်စဦး
ဇနီးမောင်နှံ “ဟန်းနီးမွန်း“ ထွက်ချိန်ကာလလေးမှာသာ ဒီလို
“အနားမှာနေပါကွယ်“ ဆိုတဲ့စကား
မျိုးကို အားကိုးရပေလိမ့်မယ်။
“လင့်ဝတ္တရား+မယားဝတ္တရား“-
ကိုတော့ဖြင့် ရာနှုန်းပြည့်မဟုတ်သော်မှ ထိုက်သင့်သလောက်
တော့ဖြင့် နှစ်ဦးနှစ်ဖက် ကျေနပ်အောင် ဆောင်ရွက်ကြသူချည်းဖြစ်မည်ကိုယုံကြည်မိပါတယ်
။
ဒါ့အပြင် မိမိ၏ခင်ပွန်းယောကျားအား “ဂိမ်းကစားခိုင်းပြီး“
တာဝန်ကျေရန်ကြိုးစားခြင်းကိုတော့ဖြင့်
လက်ခံနိုင်စရာဟု မမြင်ပါ ။
လူကြီး - လူငယ်အရွယ်မရွေး (ဒီလို) အချိန်ကို အလေးမထားပဲ
ဂိမ်းကစားနေတာမျိုးတွေ ၊ ချက်
ခန်းထဲမှာ တရှိုက်မက်မက် နှစ်သက်စွာ ပလီပလာ ကလီကမာနဲ. လိမ်ညာလှည့်ဖြား
စိတ်ကစား
နေသလို အပြန်အလှန် ပြောနေကြတာမျိုးတွေကိုဖြင့် (အချို.သောသူများက)အလွန်.အလွန်
ရွံရှာ
မုန်းတီးစွာနဲ.ဆန်.ကျင် တိုက်ဖျက်ပြီး လူငယ် လူရွယ်လေများကို
အတွေးမမှားကြစေရန် အတန်
တန်ညွှန်ပြ ဆိုဆုံးမပြီး လမ်းကောင်းကို ရွေးပြပေးနေကြတဲ့အချိန်မှာ
ဘာမဟုတ်တဲ့ အကြောင်း
အရာလေးကို ပုံကြီးချဲ.ကာ ရေးလာကြသူများအနေနဲ. ဆင်ဆင်ခြင်ခြင်ရှိကြပါလို.ပဲ------------
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
No comments:
Post a Comment