မြန်မာနိုင်ငံအတွင်းသို. ဗုဒ္ဓသာသနာ စတင်ဝင်ရောက်လာခြင်း
။
နိုင်ငံ တစ်နိုင်ငံ (သို.မဟုတ်) လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ၊ ဘာသာစကား ၊ စာပေ
နှင့် ဓလေ့ထုံး
တမ်းများကိုကြည့်ရှု အကဲခတ်မည်ဆိုပါက ဘာသာတရားများသည် ယင်းနိုင်ငံနှင့်
လူမျိုးအား လွှမ်း
မိုးထားသည်ကို တွေ.ရမည်ဖြစ်ပေသည်။
မြန်မာလူမျိုးများ၏ ဘာသာစကား ၊ စာပေ ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများသည် ပရိယတ္တိ
ခေါ် သင်ယူလေ့လာခြင်းအပေါ်မှာ အခြေခံထားပါသည်။ ထို.ကြောင့် ပရိယတ္တိပျောက်ပါက မြန်မာ
တို.၏ ယဉ်ကျေးမှု
၊ ဘာသာစကား ၊ စာပေနှင့် ဓလေ့ထုံးစံများလည်း ကွယ်ပျောက်သွားမည် ဖြစ်ပါ
သည် ။
ယခုအခါ မြန်မာနိုင်ငံမှာ ဗုဒ္ဓမြတ်ဘုရား ဟောကြားတော်မူခဲ့သည့် စစ်မှန်သော ပရိယတ္တိစာပေများ
ရှိထားပြီးဖြစ်ပါ၏။ ၄င်းပရိယတ္တိစာပေများကို သင်ကြားပို.ချပေးသူနှင့် သင်ယူလေ့လာသူများရှိပါမှ
ထိုပရိယတ္တိစာပေများသည်လည်း
ကာလရှည်ကြာ တည်တံ့ခိုင်မြဲနေမည်ပင်ဖြစ်ပါ၏။
ထို ပရိယတ္တိ ခေါ် သင်ယူ လေ့လာခြင်းတရားများနှင့် ပရိပတ္တိခေါ် ကျင့်ကြံပွါးများ အားထုတ်ခြင်းဆို
သည့် မြတ် ဗုဒ္ဓ၏ တရားဓမ္မများသည် မြန်မာနိုင်ငံကို မည်သို.မည်ပုံ ရောက်ရှိပျံ.ပွါး
ထွန်းကားလာ
သည်ကို ပထမဆုံး လေ့လာကြည့်ရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံသို. ဗုဒ္ဓသာသနာ စတင်ရောက်ရှိလာပုံ အစဉ်အလာမှတ်တမ်းများအရ
=
၁။ ။ မွန်တို.ဒေသ ရာမညတိုင်းမှာ ဥက္ကလာပ (ဒဂုံ= ရန်ကုန်) ဟူ၍ ရှိခဲ့ပါသည် ။
ဥက္ကလာပမင်း နေပြည်တော်တွင်
သူဋ္ဌေးကြီးဝဏ္ဏ၏ သားများဖြစ်ကြသော တဖုဿ နှင့် ဘလ္လိက
တို.မှာ ကုန်သည်များဖြစ်ကြသည့်အတိုင်း
ကုန်စည်များကို လှည့်လည် ရောင်းချလေ့ရှိကြပါသည်။
ညီနောင် နှစ်ဦးသည် တစ်နေ.တွင် မစ္ဖျိမဒေသသို.ရောက်ရှိခဲ့ကြပါသည် ။ ထိုအချိန်သည်
ဂေါတမ
မြတ် ဘုရား ပွင့်တော်မူပြီး ၄၅- ရက်ပြည့်မြောက်သည့်ဖြစ်ပါ၏
။
ထိုအကြောင်းကို ရှေးဘဝက ဆွေမျိုးတော်စပ်ခဲ့ဖူးသူ ရုက္ခစိုးနတ်ကကိုယ်ထင်ပြကာ အသိပေးလာ
သောကြောင့်
ကုန်သည်ညီနောင်သည်လည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် လင်းလွန်းပင်အောက်
၌
သီတင်းသုံးနေတော်မူသော မြတ်ဘုရားအား မိမိတို.တွင်ပါလာသော မုန်.များဖြင့်ဆက်ကပ်လှူ ဒါန်း
ပူဇော်ကြပါသည်။
ထို.နောက် ကုန်သည်ညီနောင်တို.သည် မြတ်ဘုရားထံမှရရှိလာသော ဆံတော်ရှစ်ဆူကို သိင်္ဂုတ္တရ
အမည်ရသည့် ကုန်းတော်မှာ ဋ္ဌာပဏာကာ ရွှေတိဂုံစေတီတော်ကြီးအား
တည်ထားကိုးကွယ်ခဲ့ကြပါ
သည် ။
ဤကား ဗုဒ္ဓသာသနာ မြန်မာနိုင်ငံသို. ပထမဆုံးရောက်ရှိလာခြင်းဖြစ်ကြောင်းသိရှိရ ပါသည်။
၂။ ။ မြန်မာနိုင်ငံသို.နောက်တစ်ဖုံ ဗုဒ္ဓသာသနာရောက်ရှိလာပုံမှာ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်
စံလွန်တော်မူပြီးနောက်
အနှစ်သုံးရာကြာသောအခါ အာသောကမင်းတရားကြီးနှင့် အရှင်မောဂ္ဂလိ
ပုတ္တမထေရ်မြတ်တို.၏ အကြံပြုချက်အရ အရှင်သောဏ နှင့် အရှင်ဥတ္တမ - မထေရ်နှစ်ပါးသည်
သုဝဏ္ဏဘုမိသထုံပြည်သို.ကြွရောက်ကာ သာသနာပြုခဲ့ကြပါသည်။ ဗုဒ္ဓသာသနာတော်သည်
ထိုမှ
တဆင့် ပုဂံသို.ပျံ.ပွါးခဲ့ကြောင်းသိရှိရပါသည်။
၃။ ။ ဂေါတမဗုဒ္ဓ ဝါတော် နှစ်ဆယ် အရမှာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှ
မြန်မာနိုင်ငံ
လယ်ကိုင်းကျောင်း ၊ ကျောင်းတော်ရာသို. ကြွရောက်ကာ စန္ဒကူးကျောင်းမှာ သီတင်းသုံးတော်မူ
ခဲ့ဖူးပါသည် ။ ထိုအခါ နဂါး နှင့် ရသေ့တို.က မြတ်ဘုရားရဲ့ကိုယ်စား
ဆက်လက် ပူဇော် ကိုးကွယ်
ခွင့်ရာကို လျှောက်ထား တောင်းခံသည့်အတွက် မြတ်ဘုရား၏ အောက်ခြေတော်ရာနှင့်
အထက်
ခြေတော်ရာ(ခြေတော်ရာ နှစ်ဆူ) ကို ချထား
ပေးသနားတော်မူခဲ့ပါသည် ။
၎။ ။ မြန်မာနိုင်ငံသို. နောက်တစ်ဖုံ ဗုဒ္ဓသာသနာတော် ရောက်ရှိလာပုံမှာ ၊ ဂေါတမ မြတ်စွာ
ဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက်
အနှစ် သုံးရာကြာသောအခါ အသောက မင်းတရား
ကြီးနှင့် အရှင်မောဂ္ဂလိပုတ္တမထေရ်မြတ်
တို.၏အကြံပြုချက်အရ အရှင်သောဏ နှင့် အရှင်
ဥတ္တရ
မထေရ်နှစ်ပါးတို.သည် သုဝဏ္ဏဘူမိသထုံပြည် သို.ကြွရောက်သာသနာပြုခဲ့ကြပါသည်။
ထိုမှတစ်ဆင့် ပုဂံပြည် သို.ဗုဒ္ဓသာသနာတော် ပျံ.ပွါးခဲ့ကြောင်းသိရှိရပါသည်။
မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် (၅)ကိုစောင့်မျှော်
ပါရန်-------
No comments:
Post a Comment