ထိုင်းနိုင်ငံ တက္ကသိုလ်ပညာရေးအတွက် စီမံချက် အသစ် - အသစ်များနှင့် ချစ်စရာ့အရွယ်လေးများ
Bangkok University ကျောင်းဖွင့်စမှာ
“Changing
The World“ဆိုတဲ့
စကားကို မြန်မာမှုပြုလိုက်တော့“ပြောင်းလဲလျက်ရှိသော ကမ္ဘာကြီး“-
တဲ့။
ဒီလို အစစ-
အဖက်ဖက်မှ ပြောင်းလဲလျက်ရှိနေတဲ့ ဒီကမ္ဘာကြီးအတွင်း မှီတင်းနေထိုင်ကြသူ
လူ
အများမှာ လည်း
ခေတ်နဲ. အခါနဲ.လိုက်လျောညီထွေရှိစေဖို.အဖက်ဖက်မှ
ပြုပြင်စံထား စီစဉ်ဆောင်
ရွက်သွားကြရ
မှာမဟုတ်ပါလား ။
ဒီနေ.ဒီခေတ်ရဲ့
ASEAN အာစီယံ
ဆိုတဲ့အာရှဒေသရဲ့
အဖွဲ.ကြီးကလည်း
စည်းစည်းလုံးလုံးနဲ. တ
ကယ့်ကို
လှုပ်ရှားကာ အလုပ်တွေများနေကြတာမဟုတ်ပါလား။ ဟိုအလုပ်မှာ
အာစီယံ- ဒီစီမံချက်
အာစီယံ တကယ့်
ကို စီစီညံညံနဲ.အလှည့်ကျ
လှုပ်ရှားနေကြတာကိုလည်း တွေ.ရမှာဖြစ်ပါတယ် ။
ဒီလို တက်တက်ကြွကြွနဲ.
လှုပ်ရှားဆောင်ရွက်နေကြတဲ့အနက် လူငယ်လူရွယ်လေးများအတွက် အ
ရေးအ
ကြီးဆုံးဖြစ်တဲ့ “ပညာရေး“
ကို အားတက်သရော
စီစဉ်ဆောင်ရွက်လျက်ရှိကြတာကိုလည်း
တွေ. ရပါတယ်။
အဲဒီ အာစီယံအဖွဲ.ဝင်
တစ်နိုင်ငံဖြစ်တဲ့ “ထိုင်းနိုင်ငံ“
ကိုပဲ အကဲခတ်ကြည့်လိုက်မယ်ဆိုပါလျင် အ
လျင်ကနဲ.
မတူ တမူထူးခြားလာတာကို တွေ.မြင်ရပါလိမ့်မယ်။
ဟုတ်ပါတယ် ဟိုးခေတ် ဟိုအခါတွေက ကြက်တူရွေးစာအံသလို ဘာအဓိပ္ပါယ်ကိုမျှမသိကြပဲ စာ
မေးပွဲ အောင်ဖို.အတွက်သာ ဆရာရေးပေးတဲ့ စာပိုဒ်များကို ၏-သည် မချန် အလွတ်ရသည်အထိ
ကျက်မှတ်ကာ စာမေးပွဲအောင်ရုံလောက်သာ အာရုံစိုက်ခဲ့ကြရသည် မဟုတ်ပါလား။
Presentation လို.ခေါ်တဲ့ အင်္ဂလိပ် စကား
ပြော
လက်တွေ.လေ့ကျင့်နေကြပုံလေးပါ
(ဆရာကဖွဲ.စည်းပေးထားတဲ့ အုပ်စလိုက် မိမိတို.ကိုယ် တိုင်ရွေးထားတဲ့
ခေါင်းစဉ်အရ လက်တွေ.တင်ပြနေပုံ)
ယနေ. ပြောင်းလဲလာပြီဖြစ်သော ပညာရေးစနစ်မှာတော့ “စာ“ကိုအလွတ်ကျက်မှတ်ခြင်းမှ သည်ကိုယ်
ညီအောင် ခေါင်းစဉ်ကို
ကိုယ်တိုင်ရွေး - ကိုယ် တိုင်
ရေးကြ-မှတ်နေကြရပါပြီ။ ၃-ယောက် တစ်ဖွဲ.စီစဉ်ပေး
ထားတဲ့ အုပ်စုအနေနဲ.
မိမိတို.ကိုယ်တိုင်ရွေး ထားတဲ့ ခေါင်းစဉ်ကိုလည်း စာသင်ခန်းရှေ.
ထွက်ကာ
စိတ်ဝင်စားစရာဖြစ်အောင် ရေး
သား တင်ပြကြရပါတယ် ။
(အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ)
No comments:
Post a Comment