ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, June 9, 2013

မြတ်ဘုရားသော်မှ ကယ်၍မရနိုင်သော “ဝဋ်ကြွေး”



                မြတ်ဘုရားသော်မှ ကယ်၍မရနိုင်သောဝဋ်ကြွေး” 


ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှားရှိစဉ် အချိန်ကာလမှာဖြစ်ပါသည်

မြတ်ဗုဒ္ဓနှင့် ဆွေမျိုးတော်စပ်လိုသူ ပေါများသည့်အခါသမယဆိုပါကလည်း မှားမည်မထင်ပါ။

ဗုဒ္ဓမြတ်ဘုရားသည်  သာဝတ္ထိပြည်တွင် ဝါတော်  ၂၀  - ကျော် သီတင်းသုံးခဲ့သောကြောင့်လည့်း

ကောသလမင်း- အနာထပိဏ်သူဋ္ဌေး- ဝိသာခါကျောင်းအမကြီး စသော သာသနာတော်နှင့်  

ရင်းနှီး ကြသူလည်းပါများခဲ့ပါ၏ သို.ရာတွင် ကောသလမင်းကြီးလှူသောဆွမ်းကိုမူ သံဃာတော်

များ က ခံယူကာ မိမိတို.နှင့်ရင်းနှီးသော အနာထပိဏ်သူဋ္ဌေကြီးအိမ်နှင့် ဝိသာခါကျောင်း အမကြီး  

အိမ် တို.မှာသာ ကြွရောက်ကာ ဆွမ်းဘုဉ်းပေးလေ့ရှိခဲ့ကြပါသည်  ဤသည်ကို သဘောပေါက် 

သော ကောသလမင်းကြီးကလည်း သံဃာတော်များနှင့် ရင်းနှီး ကျွမ်းဝင်လိုပါသည်။ သံဃာတော်

များနှင့် ရင်းနှီးကျွမ်းဝင်လာရန် ဗုဒ္ဓမြတ်ဘုရားနှင့်အမျိုးတော်ရပါမည် သို.ရာတွင် မိမိမှာ ကုလား 

မျိုးနွယ် ဖြစ်နေ၍ သာကီဝင်(သကျလူမျိုး)တို.နှင့်သွေးသားတော်စပ်ရန် မဖြစ်နိုင်ပါ ။ သို.ရာတွင်  

ဇနီးမယားဘက်မှ အမျိုးတော်စပ်ပါကရနိုင်ပါ၏ သို.ဆိုလျှင် ဘုရားအမျိုးအဆွေထဲမှ သမီးကညာ

ကိုရယူမှ ဖြစ်ပေမည် သို.နှင့် (သကျသာကီဝင်မင်း) မဟာနာမ်မင်းကြီးထံမှ သမီးကညာတောင်း 

ခံလိုက်ပါ တော့သည်။
 
မဟာနာမ်(သာကီဝင်) တို. လူမျိုးခြားနှင့် မိမိတို.သာကီဝင်(သကျ)မျိုးများကို ပေးစားရန်

  လုံးဝမ ဖြစ်နိုင်သောကြောင့် သမီးကညာမပေးရန် ဆုံးဖြတ်ခဲ့ပါသည် သို.သော် သမီးမ

ပေးပါက စစ်အင် အားကြီးမားလှသော ကောသလမင်းမှ စစ်တိုက်လာချေတော့မည်။ အင်အားချင်း

မမျှ-ကူညီပေးမည့် ဗြဟ္မာလူမျိုးတို. တကောင်းပြည်ကလည်းဝးကွာလှသလို ထက်မြက်လှသော

သာကီဝင် တို.ကလည်း ရဟန်းဝတ်ကုန်ကြပြီ။ မတတ်နိုင်ပါ ပညာသားပါပါဖြင့် ဖြေရှင်းရပေမည်။

မဟာနာမ် မင်းကြီးနှင့် ကျွန်မတစ်ဦးနှင့်ရရှိထားသူ ဝါသဘ ခတ္ထိယာဟူသော သမီးမှာသာကီ 

ဝင်သွေးပါ ဖြင့် ချောမောလှပ ယဉ်ကျေးလှသောကြောင့် ကောသလမင်းကြီး၏ မိဖုရားဖြစ်လာခဲ့

ပါသည်။ မကြာမီ ဝိဋဋူဘအမည်ရသော သားတော်လေးရရှိလာပါသည်။
 
ဝီဋဋူဘမင်းသားလေး လူလားမြောက်တဲ့အခါ မိခင်၏ဆွေမျိုးများရှိရာ မဟာနာမ်မင်းကြီးစံတော်  

မူရာ နန်းဆောင်သို. အလည်သွားရောက်ပါသည်    အခြားလူမျိုးများကိုရှိခိုးရန် ဝန်လေးလှသည့်  

အလွန် မာနကြီးသော သာကီဝင်တို.သည်လည်း လူမျိုးခြား  ကောသလမင်းကြီး၏သား ဝိဋူဋဘ

မင်းသားကို မရှိခိုးမိစေရန် သာကီဝင်လူငယ်များကို  တောသို.ပို.လွှတ်ထားခဲ့ပါသည်။   ဝိဋူဋဘ

ကပိလဝတ်ပြည်သို. ပြန်သောအခါကျွန်မ၏သားထိုငသောနေရာဟု သတ်မှတ်ကာ နို.ရည်ဖြင့် 

 ဆေးကြောကြောင်းကို ဝိဋူဋဘ ပြန်လည်ကြားသိရာတွင်နောင်အခါ ငါမင်းဖြစ်ပါက သာကီဝင်  

တို. လည်ချောင်းသွေးဖြင့် ဆေးအံ့“-ဟု ရန်ငြှိုးထားသည့်အတွက် ဝိဋူဋဘ မင်းဖြစ်လာ သော 

 အခါ သာကီဝင်များစွာသည်လည်း တကောင်းသို.ထွက်ပြေးတိမ်းရှောင်ကြရပါသည်။

ဝိဋူဋဘမင်း သည် စစ်အင်္ဂါလေးပါးနှင့် သုံးကြိမ်းတိုင်တိုင် စစ်လာတိုက်သည်ကိုဗုဒ္ဓမြတ်ဘုရား“ 

 မှ တားမြစ်သောကြောင့် ပြန်ဆုတ်သွားပါသော်လည်း လေးကြိမ်မြောက်သည်တွင် သာကီဝင်မင်း

 မျိုးတို.၏ရှေးကပြုခဲ့ဖူးသောဝဋ်ကြေးကိုမင်သည်နှင့် တားမြစ်တော်မမူတော့သည့်အတွက် သာကီ

  ဝင်မင်းမျိုးတို.ကို နို.စို.ခလေးမျှမကျန် ခေါင်းဖြတ်သတ်ခဲ့ပါသည်။
 
အတိတ်ဘဝတစ်ခုတွင် ရွာကြီးတစ်ရွာ၌ နေခဲ့ကြသော သာကီဝင်မျိုးတို.သည်  ရေကန်ကြီးတစ်ခု

 အတွင်းသို. အဆိပ်ခတ်ကာ ငါးပုဇွန်တို.ကို သတ်ကာ ပျော်ရွှင်စွာ သားခဲ့ကြသည့် အကုသိုလ်ကံ 

 က ဤဘဝမှာပြန်လည်ခံရမည့် အချိန်ဖြစ်သည်ကို မြတ်ဗုဒ္ဓကသိမြင်တော်မူသောကြောင့်ဖြစ်ပါ၏။
 
ဤကား ဗုဒ္ဓမြတ်ဘုရားသက်တော်ထင်ရှားရှိခဲ့စဉ်က ဘုရားသည်ပင်မကယ်တင်နိုင်သည့် ကြောက်

စရာ့ဝဋ်ကြွေးမဟုတ်ပါလား။ သို.ဆိုပါလျှင်--- ဒီကနေ.--ဒီခေတ်--ဒီကာလမှာကော ---------------
 
ဟော --ခေါင်းဖြတ်အသတ်ရတယ်ဆိုပါလား--ဘု၇ား-ဘုရား -------

အို-- ဘုရားရေ --- မီးရှို.ခံရလို.သေရရှာပြန်ပါပကော---------------

ဤသို. -ထိုသို. (ယခုမျက်မှောက်ကာလ) တွင်  မြင်တွေ. ကြားသိနေရသော နည်းအမျိုးမျိုးဖြင့်  

သတ်မှု - သေမှုများမှာလည်း မည်သို.သော ဝဋ်ကြွေးများကြောင့်ပါလိမ့်  မည်သည့်ဘဝက 

ဝဋ်ကြွေးများပါလိမ့် -မတ်ဗုဒ္ဓသာလျှင် သိမြင်ပေလိမ့်မည်။ သို.ရာတွင်လည်း ကယ်တင်နိုင် 

လိမ့်မည်မဟုတ်သည်မှာ အသေအချာပါ ဝဋ်ကြွေးနှင့်အတုန်.အလှည့်ရှိ မည်ကတော့အမှန်ပါ

  ယခုခံကြရသူများသည် ဟိုစဉ်က ပြုခဲ့ဖူးသူများ ဖြစ်လေမလား။


အားလုံးသော ဝဋ်ကြွေးရှိသမျှ ကြေကြပါစေ -----    

Comments :

ကြာဖြူနွယ် commented on your blog post "မြတ်ဘုရားသော်မှ ကယ်၍မရနိုင်သော “ဝဋ်ကြွေး”" on ဆုံဆည်းရာမိသားစု

------------
တကယ်ကိုကြောက်စရာကောင်းလိုက်တာေ

နာ်
ခုလိုသတိပေးပြီးတင်ပေးတာကျေးဇူးပါဆရာမ
သမီးလည်း တစုံတစ်ယောက်ကြောင့် စိတ်ထိခိုက်နာကျင်ရရင် အရင်ဘ၀က ကိုယ်ကသ သူ့ ကို လုပ်ခဲ့လို့ အကြွေးပြန်ဆပ်ရတယ်လို့ ပဲသဘောထားပြီးစိတ်ဖြေပါတယ်
ခုလိုသတိပေးပြီးတင်ပေးတာကျေးဇူးပါဆရာမ
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
 
 
မိုးလေး(ခ)မရွေထားလေး မှ 1 hour ago တွင် မှတ်ချက်ပေးခဲ့ပါသည်

မြတ်ဗုဒ္ဓသာလျှင် သိမြင်ပေလိမ့်မည်။ သို.ရာတွင်လည်း ကယ်တင်နိုင် လိမ့်မည်မဟုတ်
သည်မှာ အသေအချာပါ ။ ဝဋ်ကြွေးနှင့် အတုန်.အလှည့်ရှိ မည်ကတော့အမှန်ပါ ။
ယခုခံကြရသူများသည် ဟိုစဉ်က ပြုခဲ့ဖူးသူများ ဖြစ်လေမလား။
လူသား အားလုံးသော ဝဋ်ကြွေးရှိသမျှ ကြေကြပါစေ -----
Min ko lay မှ 18 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်

ဖတ်သွားပါတယ်ဗျာ
မေပြုံးနုခင် မှ 20 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်

ဖတ်သွားပါတယ်
ချစ်ဆူးအရင့် မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်

လူသား အားလုံးသော ဝဋ်ကြွေးရှိသမျှ ကြေကြပါစေ ----
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;

ဝဋ်ဆို တာကတော့ ဘ၀ မကူးပါဘူး“ --လို.ဆိုလာသသူ “သုည“ ရေ--
တယ်တော့ ဘယ်လို “ဝဋ်“ မျိုးမဆို ဘဝစဉ်ဆက် မပျက်မကွက် လိုက်ပါနေလေ့ရှိပါသတဲ့ကွယ်-
ကိုယ်“ သွားတဲ့နောက် “အရိပ်“ လိုက်နေသလိုပဲ -လို. ဆိုထားပါတယ်။
လူသားများလည်း အားလုံးသော ဝဋ်ကြွေးများမှ လွတ်မြောက်ကာ
ရွှင်လန်းချမ်းမြေ့ကြပါစေ
Comment by ⚽⚽သုည⚽⚽ လွန်ခဲ့သော 9 နှာရီ

ကျေးဇူးပါဆရာမ..ဝဋ်ဆို တာကတော့ ဘ၀ မကူးပါဘူးး
Comment by ဒီဒီး လွန်ခဲ့သော 10 နှာရီ

ကျေးဇူးတင်ပါတယ်..ဆရာမ..ရှင့်
ကိုယ့်ပြုသမျှကံ...ကိုယ့်ထံပြန်လာတက်စမြဲ...ပါ
သံသရာတွေ..လည်နေကြပြီ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter