“ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ“
“ဗုဒ္ဓဘာသာဝင်“ ဟူသော စကားသည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဓမ္မများကို
ယုံကြည်မြတ်နိုးပြိး ကို.ကွယ်ဆည်းကပ်- လိုက်နာ -ကျင့်ကြ့ အားထုတ်နေသူများဟု အဓိပ္ပါယ်ဖွင့် ဆို
ထားပါသည် ။ အတိုဆုံးဖွင့်ဆိုရမည်ဆိုပါက “ ဗုဒ္ဓမြတ်ဘုရား ဟောကြားတော်မူခဲ့သော တရား
တော် များကို သက်ဝင်ယုံကြည်ကာ ကျင့်ကြံ အားထုတ်သူ“ ကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ပါသည်။
အမှန်တကယ် ဗုဒ္ဓဘာသာဝင်စစ်မှန်သူများသည် ရတနာမြတ်သုံးပါးကို ရင်ဝယ်ပိုက်ကာ ကိုယ်-နှုတ်-
နှလုံး ယဉ်ကျေးသိမ်မွေ.ကြရပါသည်။ အမျိုးဘာသာ သာသနာနှင့် မိမိတို.၏ယဉ်ကျေးမှုကို ချစ်မြတ်
နိုးကြရပါသည် ။ သို.မှသာ စာရိတ္တမဏ္ဍိုင်ကြံ့ခိုငသော နိုင်ငံ့သားကောင်း ၊ သမီးကောင်း ရတနာများ
ပေးထွန်းလာစေရန် ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ရမည်ဖြစ်ပါသည်။
ထို.ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းသည် အမည်ခံနေရုံ့မျှသာမဟုတ်ပဲ အမှန်တကယ် ဗုဒ္ဓ၏အဆုံးအမ
တရားတော်များအတိုင်း လက်တွေ. လိုက်နာ ကျင့်သုံးကြရမည်လည်းဖြစ်ပါသည်။ သို.မှသာ
ဗုဒ္ဓဘာ သာဝင်စစ်စစ်ဖြစ်ပြီး အမှန်တကယ် တန်ဖိုးရှိသော ဘဝကိုရရှိနိုငိမည်လည်းဖြစ်ပါ၏ ။
ဤကမ္ဘာလောကအတွင်းရှိ သတ္တဝါအများနှင့် ယှဉ်တွဲလျက်ရှိနေသော သဘာဝ အမှန်တရားများကို
ဗုဒ္ဓမြတ်ဘုရားက စတင်ဟောကြား ဖေါ်ထုတ်ပေးတော်မူခဲ့ခြင်းပင်ဖြစ်ပါသည် ။ အဆိုပါ လောက
သဘာဝ အမှန်တရား (မှန်ကန်သော သစ္စာတရား) များကိုလည်း ဗုဒ္ဓမြတ်ဘုရားတစ်ပါးတည်းကသာ
ရဲဝံ့ ပြတ်သားစွာ ဖေါ်ထုတ်နိုင်စွမ်းရှိခဲ့ခြင်းဖြစ်ပါသည်။ ဗုဒ္ဓမြတ်ဘုရား ပွင့်တော်မူလာမှသာ ဗုဒ္ဓ၏အ
ဆုံးအမနှင့်“ဗုဒ္ဓသာသနာ“သည်လည်း တစ်ချိန်တည်းမှာပင် ထွန်းလင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါ၏။
အမှန်ဆိုပါက လူအများသည် ဤကမ္ဘာလောကကြီးအတွင်း ပုံစံအမျိုးမျိုးဖြင့် အလှဆင်နေကြပါသည်။
ငြိမ်း ချမ်းသာယာမှုကိုလည်း ကြိုးစား ရှာဖွေနေကြဆဲဖြစ်ပါသည် ။ တကယ်တမ်း ပြန်လည် ဆန်းစစ်
ကြည့်ပါက ထိုသူများအလှဆင်နေကြသော အရာအားလုံးမှာ “ရုပ်ဝတ္ထု“ များသာဖြစ်သည် ကိုတွေ.
ရပါမည်။
အထက်ပါ ရုပ်ဝတ္ထုဆိုသည်များကလည်း ပျက်စီးခြင်းဖြင့်သာ အဆုံးသတ်လေ့ရှိကြသည့်အတွက် ၄င်း
တို.မှာ တကယ့် “အလှစင်စစ်“ မဟုတ်သလို ငြိမ်းချမ်းမှု အစစ်အမှန်ကို ရှာပေးနိုင်စွမ်းမရှိသည် ကို
လည်းတွေ.ရမည်ဖြစ်ပါသည်။ ထိုအခါမှသာ ဗုဒ္ဓမြတ်စွာသာသနာသည် ဤကမ္ဘာမြေကြီးကို ငြိမ်းချမ်း
စွာ အလှဆင်ရန်ပေးထွန်းလာရသည်ဟု ဆိုရမည်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမ အနှစ်သာရ အ
တိုင်း လူအများအနေနှင့်---
(၁) ခန္တီ = သီးခံမှု (၂) မေတ္တာ = ကိုယ်ချင်းစာမှု (၃) သစ္စာ = အမှန်တရားများဖြင့်သာ ပြည့်ဝ
ရန် ကြိုးစားကြမည်ဆိုပါက ဤကမ္ဘာလောကကြီးမှာ ငြိမ်းချမ်းသာယာစွာဖြင့် ထာဝစဉ် နပျိုလန်းဆန်း
ကာ အလှဆင်ထားပြီးသားရှိနေမည်အမှန်ဖြစ်ပါ၏။
မြတ်စွာဘုရား၏ ဓမ္မ သည် ဘက်လိုက်သည့်ဝါဒမဟုတ်ပါ။ ထို.ကြောင့် မြတ်စွာဘုရား၏ ဓမ္မဝါဒ အ
တိုင်း အမှန်တကယ် ကျင့်ကြံ အားထုတ်သူမှန်သမျှ မိမိတို.ပါရမီအတိုင်း စစ်မှန်သည့်ချမ်းသာ သုခ
ကို အပြည့်အဝ ရရှိ ခံစားကြရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓမြတ်ဘုရား၏ တရားဓမ္မ
သည် သာစေ - နာစေ ဟူသော သဘောမျိုး လုံးဝမပါသည့်အတွက်ပင်ဖြစ်ပါ၏။
ထို.ကြောင့် တကယ်တမ်းစစ်မှန်သော ချမ်းသာသုခကို အပြည့်အဝခံစားလိုသူတိုင်းသည်လည်း မြတ်
ဘုရား ဟောကြားတော်မူထားသော တရားဓမ္မများအတိုင်း မှန်မှန်ကန်ကန် ကျင့်ကြံပွါးများ အားထုတ်
ကြ ရမည်လည်းဖြစ်ပါ၏။
( မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် (၄) ကိုဆက်လက် ဖေါ်ပြပါမည်။)
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Comment :
- ကြာဖြူနွယ် မှ 15 hours agoအချိန်တွင်ရေးသားခဲ့သောမှတ်ချက်ဖြစ်သည်....
စိတ်အေးချမ်းစေတဲ့ ပို့ စ်လေးအတွက်ကျေးဇူးပါဆရာမ
မြတ်ဗုဒ္ဓ၏ အဆုံးအမ အနှစ်သာရ အ
တိုင်း လူအများအနေနှင့်---
(၁) ခန္တီ = သီးခံမှု (၂) မေတ္တာ = ကိုယ်ချင်းစာမှု (၃) သစ္စာ = အမှန်တရားများဖြင့်သာ ပြည့်ဝ
ရန် ကြိုးစားကြမည်ဆိုပါက ဤကမ္ဘာလောကကြီးမှာ ငြိမ်းချမ်းသာယာစွာဖြင့် ထာဝစဉ် နုပျိုလန်းဆန်း
ကာ အလှဆင်ထားပြီးသားရှိနေမည်အမှန်ဖြစ်ပါ၏။
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
မှတ်သားမှုတွေနဲ့အားပေးသွားပါတယ် ဆက်လက်စောင့်မျှော်နေမယ်ရှင့်.......။
No comments:
Post a Comment