ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, March 10, 2013

မန္တလေး FM Radio အတွက်အင်တာဗျူး

မန္တလေး FM Radio အတွက် တာဝန်ခံ “ တေးသံရှင် သန်းမြတ်စိုး“ မှ အင်တာဗျူး (မေးမြန်းခြင်းကို) ပြန်လည် ဖြေကြား ထားခြင်းဖြစ်ပါတယ်။ Radio မှာ မကြားလိုက်ရသူများရဲ့ တောင်းဆိုချက်ကြောင့် ပြန်လည် တင်ပြလိုက်ရခြင်းသာပါ -- ရွှင်လန်းချမ်းမြေ့ကြပါစေ ============================================================================= စိုး = မင်္ဂလာပါခင်ဗျာ - ”အောင်မြင်ထင်ရှား ဂီတအနုပညာရှင်များ” ရဲ့ ကိုယ်တိုင် တေးသီချင်း ရွေးချယ်မှု အစီအစဉ်မှာ ” ပြည်သူချစ် တေးသံရှင် မေကျော့ရှင်း” နဲ.အခုလို တွေ.ဆုံခဲ့ပါတယ်။ မင်္ဂလာပါခင်ဗျာ - မေ = ဟုတ်ကဲ့ မင်္ဂပါရှင် - စိုး = မန္တလေး FM တေးချစ်သူများကိုလည်း နှုတ်ခွန်းဆက်သပေးပါအုံးခင်ဗျာ - မေ = ဟုတ်ကဲ့ပါ- အားလုံးပဲ မင်္ဂလာပါ- အခုလို ပြောခွင့်ရတဲ့အတွက် အားလုံးကိုလည်း အများကြီးပဲ ကျေးဇူးတင်ပါတယ် -


ဝမ်းလည်းသာ ပါတယ် လို.ပြောပါရစေ- စိုး = တေးသံရှင် မေကျော့ရှင်း ကို ကျနော်တို.ကတော့ တရင်းတနှီးပဲ ဆရာမ လို.လည်း ခေါ်ပါတယ် - မေ = ဟုတ်ကဲ့ပါ- စိုး = အဲဒါကြောင့် တရင်းတနှီးပဲ ဆရာမ လို.ပဲ ခေါ်ပါရစေ- နှုတ်ကျိုးနေတဲ့အတွက်ပေါ့နော် - မေ = ဟုတ်ကဲ့ ရပါတယ် - စိုး = ဆရာမရေ- ဒီအစီအစဉ်မှာ ဆရာမရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေ တော်တော် များများကို ကျနော်တို. တွေ.ရှိခဲ့ပါတယ် - မေ = ဟုတ်ကဲ့ စိုး = အဲဒီ သီချင်းတွေထဲက ဘယ်လို ဘယ်လို ဒီသီချင်းတွေကို ဆိုဖြစ်တယ် ဆိုတဲ့အကြောင်း မန္တလေး FM တေးချစ်သူတွေကို သိရအောင် ဆရာမ ပြောပြပေးပါအုံးခင်ဗျာ - မေ = ဟုတ်ကဲ့ပါ- ဒီသီချင်းတွေကို မပြောခင်- ကျမအနေနဲ. ဒီ ဂီတလောကထဲကို ဘယ်လိုက စပြီး ရောက်လာတယ်ဆိုတဲ့အကြောင်းလေးကို ပြောရရင် မကောင်းဘူးလားဟင်- စိုး = ကောင်းတာပေါ့ဆရာမရယ်- မေ = ကျမအနေနဲ ငယ်ငယ်ကတည်းက ဆိုင်းသံကြားရင် က ချင်တယ် ဆိုတဲ့အစားထဲကပေါ့ နော်- အနုပညာဝါသနာ ဗီဇကပါလာတာလေ- စိုး = ဟုတ်တာပေါ့- မေ = ကျမ ၁၆-နှစ် ။ ၁၇ -နှစ်လောက်မှာ - ကျမအစ်ကိုရဲ့ စစ်တပ်ကျောင်းမှာ လူလိုတယ်ဆို တော့ - ကျောင်းကလည်း ၂-လ ပိတ်ထားတော့ ခဏဝင်လုပ်ပေးရင်းက ကလေးတွေနဲ. ဆို လိုက် - က လိုက် ပေါ့ ။ အမှန်မှာတော့ ဆရာဝန်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ.ပါ - ဒါပေမဲ့ ကလေးတွေနဲ.သီချင်းဆိုရ ကရတယ်ဆိုတော့ ဝမ်းသာပြီး ဆရာမလိုင်းကို ရောက်သွားပါ တယ်- မန္တလေး ဆရာအတတ်သင်သိပ္ပံတက်ပြီး ပြန်လာတော့လည်း စစ်တပ်ကျောင်းက လေ့လာရေးခရီးစဉ်မှာ ဒီမြန်မာ့အသံကိုရောက်လာပါတယ်- စိုး = ဟုတ်ကဲ့- မေ = မြန်မာ့အသံမှာ ကျမရဲ့ ပထမဆုံးဆရာ ဂီတာတင်အုံးနဲ.ဆုံပြီး သိခါစဖြစ်ပေမဲ့ ကျမကပဲ “ကျမ ဒီမှာသီချင်းလာဆိုလို.ရမလား“ - လို.မေး လိုက်ပါတယ် ။ ဘာရယ်တော့မသိဘူးလေ- ကျမဖြစ်ချင်တာကို မေးလိုက်မိတာပါပဲ- စိုး = ဟုတ်ကဲ့- မေ = ဒီတော့ “ညည်းတကယ်ဆိုမှာလား“တဲ့ - “တကယ်ဆိုချင်ပါတယ်“ - လို.ဆိုတော့ ဘယ် နေ. - ဘယ်နေ.လာပေါ့လေ - အဲဒီနောက်တော့ “ရေနဲ.ကြာ“ ဆိုတဲ့ သီချင်းလေးကိုဆို ခိုင်းပါ တယ် ။ ချက်ခြင်းပဲ ဓါတ်ပြားလည်းရပါတယ် ။ အဲဒီ့နောက် ဖျော်ဖြေရေး အစီအစဉ်တွေမှာ ထည့်လွှင့်ပေးနေတော့ ကျမ အရမ်းပဲဝမ်းသာမိပါတယ် ။ အဲဒီနောက် “နွဲ.ဆိုးလေး“ စတဲ့ သီချင်းတွေကို ဆရာဂီတာတင်အုံးကပဲ ရေးပြီး အသံသွင်းဖြစ်ခဲ့ပါတယ် ။ အဲဒါက ဒီ ဂီတ လောကထဲကို စတင်ရောက်လာခဲ့တာပါ။ စိုး = ဟုတ်ကဲ့- မေ = အဲ- နောက်ပြီး ကျမ စာပေလောကထဲကို ၁၆-နှစ် အရွဝ်လောက် စတင်ဝင်ရောက်ခဲ့ပါ တယ်- ဒဂုံဦးစန်းငွေရဲ့ “မေ မဂ္ဂဇင်း“ မှာ “အမျိုး သမီးများနဲ. ပတ်ဝန်းကျင်“ ဆိုတဲ့ ဆောင်းပါး နဲ.စတင်ဝင်ရောက်လာတာပါ။ ကျမက စာတွေ အများကြီးဖတ်တော့ ရေးအားလည်းကောင်း ခဲ့ပါတယ် - ဒါ့ကြောင့် ဒီကနေ.လူငယ်တွကိုလည်း စာများများဖတ်ကြပါလို.ပြောချင်ပါတယ်။ စိုး = ဟုတ်ကဲ့ - မေ = တွေ.နေ မြင်နေရတဲ့ ပတ်ဝန်းကျင်မျာ အမျိုးသမိးလေးတွေဆိုတာ အခုလိုမဟုတ်ပါဘူး-နည်းနည်းလေး အပြင်ထွက်လိုက်တာနဲ. ပြောချင် ဆိုချင် ကဲ့ရဲ့ချင်ကြတာလေ- စောင့်ကြည့် နေကြတာကိုး ။ စိုး = ဟုတ်ပါတယ်- မေ = ဒါ့ကြောင့်ကျမကလည်း အဲဒီ “အမျိုးသမီးများနဲ. ပတ်ဝန်းကျင်“ ဆိုတဲ့ဆောင်ပါးမှာ အမျိုး သမီးတွေအနေနဲ. ခေတ်နဲ.အညီ လှုပ်ရှားရမယ် - ဒါပေမဲ့ အလွန်အကျွံ မဖြစ်စေရန်ပေါ့လေ- ပတ်ဝန်းကျင်အနေနဲ.လည်း ဒါကို ကဲ့ရဲ့စရာမလိုကြောင်း - ကမ္ဘာကြီးကပြောင်းလဲနေပြီဖြစ် တဲ့ အကြောင်းပေါ့လေ- အဲဒီနောက်ပိုင်းမှ ဒိဂီတလောကကို ရောက်ခဲ့တာပေါနော့်- စိုး = ဟုတ်ကဲ့ - မေ = စာပေလုပ်သားအဖွဲ. ဖွဲ.စည်းတော့ ကျမရဲ့ အဖွဲ.ဝင်နံပါတ်က ပထမဆုံး ( ၀၁၃၂ ) မှာရ ခဲ့ပါတယ် - အဲဒီလို ရေးလိုက် ဆိုလိုက်နဲ. ၆၄ - လောက်မှာ ”ပညာရေး သုတေသနဌာနက ဌာနမှူး ဆရာမ ဒေါ်အုန်းခင်” ကျမဆီ ရောက်လာပြီး “ဆရာမရေ- စာလည်းရေးတယ်ဆို တော့ - ကျမတို.ရဲ့ ပညာရေးသုတေသနထာနမှာ ကျောင်းသင်ခန်းစာတွေ ရေးပြီး အသံ လွှင့်ပေးပါ” တဲ့ ။ အဲဒီအချိန်မှာ အ သက် ၂၀ - ဝန်းကျင် မူလတန်းဆရာမလေးပဲရှိပါသေး တယ်။ လူကတော့ မူလတန်း ဒါပေမဲ့ လုပ်ရတာက အထက်တန်း-အလယ်တန်း ကျောင်း သင်ခန်းစာတွေ လေ။ နေ.စဉ်လွှင့်တာနော်- စိုး = ဟုတ်ကဲ့- မေ = တစ်နေ.ကျတော့ ”စန္ဒယားဦးအောင်ခင်“ က “ကဲ-ဆရာမလေး-ညည်းအတွက် သီချင်း တစ်ပုဒ်ရေးထားတယ်- ကလေးတို.ဆရာမ “- တဲ့ ။ ”ဟာ -ဆိုမှာပေါ့ဆရာရယ်” လို.ပြော လိုက်တော့ -သူကိုယ်တိုင်ပဲ သူ.ကားလေးနဲ. ခေါ်သွားပြီး သူ.အိမ်မှာ သူ.သားလေးကို ဘေးမှာထားပြီး သီချင်းတိုက်ပေးပါတယ်- “ကလေးတို.ဆရာမ“တဲ့ - ဒိသိချင်းလေး က လည်းအောင်မြင်တယ်လို.ဆိုရမှာပေါနော့်- စိုး = အရမ်းကြိုက်ပါတယ်- ဒီကနေ.တိုင်အောင်ပဲ- မန္တလေး FM ကနေ မကြာခဏ လွှင့် ပေးနေရတာပါ- ဆရာစန္ဒယားဦးအောင်ခင် ကိုယ်တိုင် ရေးပေး-ကိုယ်တိုင်သီချင်းတိုက် ပေးခဲ့တယ်ဆိုတော့ ပရိတ်သတ်တွေအနေဲ.လည်း ပိုပြီ သိသာထင်ရှားသွာတာပေါ့နော်- မေ = ဟုတ်ပါလိမ့်မယ် - စိုး = အဲဒီတော့ ဒီ “ကလေးတို.ဆရာမ“ ဆိုတဲ့သီချင်းလေးကို မန္တလေး FM ပရိတ်သတ်များ အတွက်လွှင့်ပေးလိုက်မယ်နော်- မေ = ဟုတ်ကဲ့ - ကျေးဇူးတင်ပါတယ်။ ================ ကလေးတို. ဆရာမ ==================== စိုး = ဆရာမရယ်- တကယ်ကောင်းတဲ့ “ကလေးတို. ဆရာမ“ သီချင်းပါ။ မေ = ဟုတ်ကဲ့ပါ-ကျေးဇူးတင်ပါတယ် ။ စိုး = ဆရာမကို အခုလို ကိုယ်တိုင်ကိုယ်ကျ တွေ.ဆုံခွင့်ရပြီး -ဒီသီချင်းလေးကြားလိုက်ရတော့ ပိုပြီး ပီတိဖြစ်ရပါတယ်-ကျေးဇူးလည်းတင်ရပါတယ်- မေ = ဟုတ်ကဲ့- စိုး = နောက်ထပ်တေးတစ်ပုဒ်ရွေးပေးပါအုံး- မေ = နောက်တစ်အုဒ်ကတော့ ရဲသီဟ ကိုတင်အောင် ရေးပေးတဲ့ သီချင်းလေးပါ-“ ကြင်နာမှု နဲ.ချစ် လိုသူ” တဲ့ ။ သောတရှင်လိုရာဓါတ်ပြားခန်းတွေ မှာ ထုတ်လွှင်းခဲ့ရပါတယ်။ စိုး = ဟုတ်ပါတယ်ဗျာ-ကျနော်တို.လည်း အင်မတန်ကြီုက်နှစ်သက်ခဲ့ပါတယ်။ ဆရာရဲသီဟကလည်း လက်စွမ်းထက် - ဆရာမကလည်း အဆိုကောင်း တော့ ဒီသီချင်းက ဘာပြောစရာ လိုတော့မှာလဲ ဆရာမရယ် - တကယ်ကောင်းတဲ့သီချင်းပါ - ဒီသီချင်းလေးဟာ ရင်ထဲမှာ စွဲနေတာ အခုအချိန် အထိ ပါပဲ ။ မေ = ဟုတ်ကဲ့ပါ- ကျေးဇူးတင်ပါတယ် ။ စိုး = “ကြင်နာမှုနဲ. ချစ်လိုသူ“ တဲ့နော်- ဒိသီချင်းလေးကိုလည်း အမှတ်တရအထြစ် ကျနော် ဖွင့်ပြလိုက် မယ်နော် ။ ====================== ကြင်နာမှုနဲ. ချစ်လိုသူ================ စိုး = ဒီ “ကြင်နာမှုနဲ.ချစ်လိုသူ“ ဆိုတဲ့ တေးလေးကလည်း ဘယ်အခါပဲ နားထောင်- နားထောင် မရိုး နိုင်အောင်ပါပဲ - ဆရာမကို ကျေးဇူးတင်ပါတယ် - မေ = ကျမကလည်း ကျေးဇူးတင်ပါတယ်- စိုး = ဒီလို သီချင်းကောင်းလေးတွေ ရထားတော့ ဆရာမကလည်း အရမ်းကို အောင်မြင်ခဲ့တာပဲ- မေ = ဟုတ်ကဲ့ - ကုသိုလ်ပါပဲ- စိုး = နောက်ထပ် တေးတစ်ပုးဒ် ရွေးပေးပါအုံးနော်- မေ = နောက်ထပ်တေးတစ်ပုဒ်ကို “ ဆရာမတို.ငယ်ငယ်တုံးက“ ဆိုရင် ပိုကောင်းမယ်နော်- အဲဒီ ဂီတ စာဆိုကတော့“ကိုလေးလွင်“ ပါ ။ “ ဆရာမ ရေ- သီချင်းတစ်ပုဒ်ရေးထားတယ်- ဆရာမတို. ငယ် ငယ်တုံးက” တဲ့ ။ ဒီသီချင်းဆိုတော့ အသက်က ၃၀- ဝန်းကျင်ရှိပါပြီ - အင်းလေ- ဆိုပါ့မယ်ပေါ့။ ဒီသီချင်းကိုလည်း သီတင်းကျွတ်တိုင်း မြန်မာ့အသံက ကြားမိသလိုပါပဲ- စိုး = ဟုတ်ပါတယ်ဗျာ - ကိုလေးလွင်ကလည်း တကယ်အရေးတော်တဲ့ ပုဂ္ဂိုလ်ပါပဲ- ရေဒီယိုခေတ် -ဓါတ်ပြားခေတ်- စတီရီယိုခေတ် အားလုံးမှာ အောင် မြင်ခဲ့တဲ့ တေးရေးဆရာပါပဲ- ဆရာမကလည်း တကယ့်ကိုကံလည်းထူးပါတယ်- သီချင်းရေးဆရာကောင်းတွေက ရေးပေးခဲ့သမျှ ဆရာမကလည်း သီဆိုနိုင်ပါတယ်- မေ = ဒီသီချင်းကတော့ ဘဝနဲ.လည်း အပ်စပ်နေတယ်လို.ထင်ပါတယ်လေ- စိုး = ဟုတ်ပါတယ်- အမှတ်တရ ကျနော်ဖွင့်ပြတော့မယ်နော်- =================ဆရာမတို. ငယ်ငယ်တုံးက ======================= စိုး = ဆရာမရေ-“ဆရာမတို.ငယ်ငယ်တုံးက” ဆိုတဲ့သီချင်းလေးကလည်း- ရှေးခေတ်ဟောင်း အောက် မေ့ဘွယ်ရာလေးနဲ.အတူ ဒီသီချင်းကိုကြားတဲ့ ဆရာမတို.သူငယ်ချင်းတွေလည်း အရမ်းကိုသတိယ နေကြမှာနော်- မေ = ဟုတ်ကဲ့ပါ-မှန်ပါတယ်-အခုဒိမှာတွေ.တဲ့ကလေးတွေကလည်းပြောကြပါတယ်-သမီးတို. ကျောင်း က ဆရာမတွေက ပြောကြတယ်-“ဆရာမတို. ငယ်ငယ်တုံးက” တဲ့ - ဒီအခါ ဆရာမကို သိပ်သတိယ တာပဲ- တဲ့ ။ စိုး = နောက်တစ်ပုဒ်ကို ဘာရွေးပေးမလဲဆရာမရေ- မေ = “ဆရာရွှေပြည်အေး“ ရေးတဲ့ “ဇီးကွက် ငှက်ဆွေ“ ဆိုတဲ့ သီချင်းလေးပါ ။ ဆရာကိုယ်တိုင်ပဲသီချင်း သီချင်းတိုက်ပေးသလို အသံသွင်းတော့လည်း သူကိုယ်တိုင်ပဲ ကြွလာပြီး တီးဝိုင်းကို ဘယ်လိုတီး ဘာညာပေါ့ - စိုး = Arrangement လုပ်ပေးတာပေါ့- ကျနော်လည်း အင်မတန် ကြိုက်ပါတယ်- အလင်္ကာကျော်စွာဘွဲ.ရ - နာမည်ကျော် ဂီတစာဆို ဆရာရွှေပြည်အေးရဲ့ လက်စွမ်းထက်တဲ့အချိန်မှာဒီသီချင်းလေးကိုရလိုက်တဲ့ ဆရာမလည်းအင်မတန် ကံကောင်းတယ်ဗျာ။ တကယ် ကောင်းတဲ့ သဓီချင်းတစ်ပုဒ်ကို ရဖို. ဆိုတာ မလွယ်ပါဘူးဗျာ ။ မေ = ဟုတ်ကဲ့ ကျမလည်း ဂုဏ်ယူမိပါတယ်- စိုး = ဆရာရွှေပြည်အေးရဲ့ “ဇီးကွက်ငှက်ဆွေ“ သီချင်းလေးကို ဆရာမရဲ့ သီဆိုဟန်လေးနဲ.အတူ ပရိတ်သတ်တွေနားဆင်ကြရအောင်ဖွင့်လိုက်တော့မယ်နော်- ========================ဇီးကွက်ငှက်ဆွေ ==================== စိုး = ကျေးဇူးအရမ်းတင်ပါတယ် ဆရာမရယ်- ဒီသီချင်းလေးကို ရှာဖွေ ရွေးချယ်ပေးတဲ့အတွက် ကျနော်တို.က အရမ်းကို ကျေးဇူးတင်ပါတယ်- ဆရာအေးကိုလည်းအရမ်းသတိယသွားပါတယ်- မေ = ဟုတ်ကဲ့ပါ -ကျမကလည်း ဂါရဝပြုပါတယ်- စိုး = ဆရာမရဲ့ ဆိုဟန် ဆိုနည်းလေးတွေကလည်း ဆရာအေးသင်တဲ့အတိုင်းကွက်တိပါပဲနော်- ကဲဆရာမရေ- အချိန်ရှိတုံး နောက်ဆုံးတေးတစ်ပုဒ်ကိုရွေးပေးပါအုံးခင်ဗျာ- မေ = နောက်ဆုံးတေးတစ်ပုဒ်ကိုရွေးရာမှာ - ဟိုးလွန်ခဲ့တဲ့ တစ်ချိန်က နာမည်ကြော်ရုပ်ရှင်မင်းသား-စာရေးဆရာကြီး ”ကိုဝင်းဦး” ကိုသိမှာပေါနော့်- နာမယ် ကျော်ကြီးလေ-- စိုး = အင်း--ကျနော်တော့ မသိတော့ဘူးထင်ပါတယ်- တကယ်တော့ဗျာ -ကျနော်တို.ရဲ့ နောင်တော်ကြီးပါဗျာ - မေ = ကန်ပဲ့ဆရာအတတ်သင်က ဆရာဦးတင်ချိုဦးက ဖိတ်ခေါ်ပြီး“စာကလေး“ဆိုတဲ့ ကလေးတွေအတွက်သီချင်းလေးကို ကျမနဲ.သီဆိုခဲ့တာပါ- တယ်တော့ အင်္ဂလိပ်ကဗျာလေးပါ။လူငယ်လေးတွေ အတွက် အင်္ဂလိပ်သီချင်းလေးကိုလိုက်ဆိုခြင်းအားဖြင့် နားရည်ဝပြီး အင်္ဂလိပ်လို လျှာသွက်လာအောင်လေ့ကျင့် ပေးတဲ့သဘောပါ- စိုး = ဒီစာကလေး သီချင်းလေးကို ကလေးတွေလည်း ကြားလိုက်တာနဲ.ကြိုက်သွားမယ်ထင်ပါတယ်-ကဲ- ကွယ်လွန်သူ မင်းသားကြီး နဲ။ ဆရာ တင်ချိုဦးတို. ကိုလည်း-အမှတ်တရဖြစ်အောင် ဆရာမ မေကျော့ရှင်းနဲ. ရုပ်ရှင်မင်းသားကြီး ဝင်းဦးတို. ပူးတွဲသီဆိုထားတဲ့ “စာကလေး“ သီချင်းလေးကို ဖွင့်ပြလိုက် တော့မယ်နော်- ================စာကလေး သီချင်း(ရုပ်ရှင်မင်းသားကြီး ဝင်းဦးနှင့်)============ စိုး = ကျေးဇူးတင်လိုကတာဆရာမရယ်- မင်းသားကြီးကလည်း အရမ်းအောင်မြင်နေတဲ့အချိန်- ဆရာမကလည်း တကယ့်ကိုအောင်မြင်နေတဲ့အချိန် ဆရာမရဲ့ ငယ်မူငယ်သွေးလေးတွေနဲ.ဆိုပေးထားတဲ့ ဒီသီချင်းလေးကလည်း နားထဲမျာစွဲနေတာပါပဲ- ကဲ-ဆရာမ ရင်ထဲမှာရှိတဲ့စကာေးလးတွေကို မန္တလေး FM တေးချစ်သူတွေကို ပြောပြပေးပါအုံးနော်- မေ = အော်- ဟုတ်ကဲ့ပါ- အခုလို ကြုံကြိုက်တုံးပေါနော့်- ကျမပြောချင်တာကတော့ ဒီကနေ. အိုင်တီခေတ်မှာ လူငယ်လူရွယ်လေးတွေအနေနဲ. သက်ဆိုင်ရာ ဌာနတွေမှာ တက်တက်ကြွကြွနဲ.ပါဝင် ဆောင်ရွက်နေကြတာတွေ.ရတော့ အရမ်းပဲ ကြည်နူးမိပါတယ်- အထူးပြောချင်တာကတော့ စာများများဖတ်ကြပါ - ဘယ်ဟာကောင်းတယ် -ဘယ်ဟာမကောင်းဘူးဆိုတာတော့ ရေါးယူပေါနော့်- ကျမတို.ဆိုရင် ငယ်စဉ်ကတည်းက စာတွေဖတ်ခဲ့တယ်- မကောင်းတာကို ပါယ်တယ်- ကောင်းတာကို ယူတယ်- ဒီတော့ ကိုယ့်အတွက် တက်လာတာပေါနော့်- ကျမဆိုရင် စစခြင်း မူလတန်းပြ ဆရာမ- နောက်အလယ်တန်း အ ထက်တန်- အခုဆိုရင် ဘန်ကော်ကက တက္ကသိုလ်တွေမှာ အင်္ဂလိပ်ဘာသာသင်ပြနေရတဲ့ ကထိက (Lecturer) ဖြစ်နေပါပြီ- ဒီကနေ.အထိပဲ ကြိုးစားနေ ဆဲဖြစ်ပါတယ်- ဒါ့ကြောင့် မိမိဘဝမှာ ရောင့်ရဲမနေကြပဲ ကြိုးစားကြပါလို.ပြောပါရစေ--

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter