ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, February 24, 2013

ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် အသွင်မတူ- သွေးမတူသူ အခြားလူမျိုးများနှင့် လက်ထပ်ထိမ်းမြားခြင်းကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ထိန်းခဲ့ကြခြင်း

သာကီဝင်မျိုးနွယ်များဖြစ်ကြသော သကျလူမျိုး(မြန်မာလူမျိုး)တို.အနေနှင့် လူမျိုးခြားသွေးမတူသူ အခြားသူများနှင့်လက်ထပ်ထိမ်းမြားခြင်းမပြုရဟူသော စည်းကမ်းချက်ကို အသက်နဲ.လဲပြီး ကာကွယ်စောင့်ထိန်းခဲ့ကြပါတယ် ။ သာကီ ဝင်တို.သည်လူမျိုးခြားနှင့်သွေးနှောပြီး “လူမျိုး မသန်.“ ဖြစ်မည်ကို လွန်စွာစိုး ရွံ.ခဲ့ကြခြင်းပင်ဖြစ်ပါ၏ ။ သကျလူမျိုးများအနေဖြင့် မစ္ဇျိမဒေသတွင် အင်အားအနည်းဆုံးသောသူ (လူ နည်းစု)များဖြစ်သော် လည်း အင်အား အလွန်ကြီးသော ကုလားလူမျိုးတို.အား အညံ့ခံလေ့မရှိခဲ့ပါ ။ ဗုဒ္ဓမြတ်ဘုရား ပွင့်တော် မမူစဉ်ကာလကတည်းကပင် လူ မျိုးကြီးတို.၏စရိုက်ကို အတိအလင်း ဖေါ်ဆောင် ကျင့်သုံး ခဲ့ကြပါတယ် ။ အထူး သဖြင့်စည်းကမ်းချက်ကြီးသုံးရပ်ကိုချမှတ် စောင့်ထိန်းခဲ့ကြကြောင်းသိရပါတယ်။ အသမ္ဘိန္န - ခတ္ထိယ နှင့် အာဒိစ္စဝံသ ဟူသော စည်းကမ်းချက်ကြီး သုံးရပ်မှာ- အသမ္ဘိန္န = ၄င်းစည်းကမ်းချက် “မူ“ ကြီးသည် သာကီဝင်တို.အတွက် အရေး အပါဆုံးဖြစ်ပါတယ်။ အဓိပ္ပါယ်မှာ သွေးရောနှောမှုမပြုရဟူ၍ဖြစ်ပါတယ်။ လူမျိုး ခြားသွေးမတူသူ အခြားသူများနှင့် လက်ထပ်ထိမ်းမြားခြင်းမပြုရဟူသော စည်း ကမ်းချက်ဖြစ်ပါတယ်။ သာကီဝင်တို.သည် လူမျိုးခြားနှင့်သွေးနှောပြီး “ လူမျိုး မသန်.“ ဖြစ်မည်ကို လွန်စွာစိုးရွံ.ခဲ့ကြခြင်းဖြစ်ပါတယ် ။ ခတ္ထိယ ဟူသော ဒုတိယ အရေးအကြီးဆုံးသော “ မူ “ ကြီး အရ သကျတို. သည် မိမိတို.၏မြေ- မိမိတို.၏ နိုင်ငံကို ပိုင်ဆိုင်သူများပီပီ မိမိတို.ပိုင်နက် မြေကို တစ်လက္မမျှပင် အထိမခံပဲ သက်စွန်. ကြိုးပန်း ကာကွယ်ကြရမည်။ အာဒိစ္စဝံသ ဟူသော တတိယ အရေးအကြီးဆုံး “ မူ “ ကြီးအရ မိမိတို.၏ မျိုးနွယ်ကိုအစဉ်အမြဲ သတိ တယ ရှိနေကြရမည် ။ အရှေ.တိုင်းမှဆင်းသက် လာသော “အမျိုးဂုဏ်- ဇာတိဂုဏ်“ များကို သတိယကာ “ မျိုးချစ်စိတ် ဓါတ်ထာဝရရှင်သန်နေရန်“ အစဉ် ကြိုးပမ်းဆောင်ရွက်နေကြရမည် ။ ၄င်းစည်းကမ်းချက်(မူကြီး) သုံးရပ်ကို ဗုဒ္ဓမြတ်ဘုရားလက်ထက် မတိုင်မီကပင် သကျ ခေါ် သာကီဝင်တို.က ချမှတ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ် ။ အထူး သဖြင့်မိမိတို.သာကီဝင်မျိုးထဲသို.အခြားလူမျိုးသွေးများ ရောနှောပါဝင်လာပါက “ အမျိုးဂုဏ် ဇာတိဂုဏ်-ဆွေဂုဏ် - မျိုးဂုဏ် - မျိုးချစ်စိတ်ဓာတ်များပါ လျော့ပါးသွားနိုင်သည်။ ကြာလျှင် ပျောက်ကွယ်သွားလိမ့်မည်။ မိမိတို. “မြန်မာလူမျိုး“များသည် “အမျိုးချစ်စိတ်ဓာတ်“ ထာဝရရှင်သန်နေရ မည် ။ မိမိတို.အမျိုးကိုမိမိတို.ကိုယ်တိုင်ကမှ မချစ်ပါလျှင် မည်သူကလာ၍ ချစ် ပါဦးမည်နည်း။ မိမိအမျိုးကို မိမိတို.ကမှ မထိန်းသိမ်း- မစောင့်ရှောက်- မကာ ကွယ်- မမြတ်နိုးလျှင် မည်သည့်လူမျိုးခြား ကလာ၍ လာကွယ် စောင့်ရှောက်ပါ မည်နည်း ။ လူတို.သဘာဝ အခြားလူ-အခြားအမျိုး ပျက်စီးပျောက်ကွယ်၍ မိမိ၏လူမျိုးကြီး ပွား တိုးတက်သည်ကိုသာ မြင်လို တွေ.လိုကြသည်မဟုတ်ပါလား။ သို.ကြောင့် ပင် မိမိတို.လူမျိုး ကြီးပွား ကျယ်ပြန်.ရေး အတွက် နည်းမျိုးစုံဖြင့် အခြားလူမျိုး များထဲသို. ထိုးဖေါက် ဝင်ရောက်တတ်ကြသည်မှာ ဤကုလားမျာပင်မဟုတ်ပါ လား။ ထိုကဲ့သို. လူမျိုး တစ်မျိုးပျောက်ကွယ်သွားရေးအတွက် အကြမ်းဖက်၍ စစ်ခင်း ကြသည်။ ယောကျား များစေလွှတ်၍ အတင်းအဓမ္မ သိမ်းပိုက်စေကြသည်။ ရာ ထူးဂုဏ်- ပညာဂုဏ်- အာဏာဂုဏ်-ငွေကြေးဂုဏ်များဖြင့် ဖိနှိမ် သိမ်းသွင်းလေ့ ရှိခဲ့ကြပါ၏ ။ ထိုအချိန်က သာကီဝင်ခေါ် သကျတို.သည် မစ္ဖျိမသားများဖြစ်ကြသည့် အာရိ ယန်(ခေါ်) မူဆလင်များနှင့် ဒရာဗီဒီယန်(ခေါ်)ဟိန္ဒူလူမျိုးများ၏ ဘေးရန်မှ ကင်းရန် ကြိုးစားနေကြရသည် ။ ထိုကဲ့သို. ကြိုးပမ်းရာတွင် သာကီဝင်များ၏ အသိတရားကို တွန်းအားပေးစေရန်အတွက် အထက်ပါ “ စည်းကမ်းချက် မူ- ကြီးသုံးရပ်“ ကို ချမှတ်ဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်ပါ၏။ ဤမူကြီး(စည်းကမ်း ချက်ကြီး)သုံးရပ်ကို နိုင်ငံတော်၏ခေါင်းဆောင် သကျဘုရင်းမင်းမြတ်များအနေ ဖြင့် အထူးဂရုစိုက်ကာကွယ်ခဲ့ကြရပါတယ်။ ထိုစဉ်ကပင် “ပဉ္စာလရာဇ်“ဘုရင် က “ကောလိယ“မင်းထံ သမီးကညာဆက်သရန်တောင်းဆိုခဲ့သည်ကို ကော လိယဘုရင် သကျ သာကီဝင်မင်းက မိမိတို.၏ “စည်းကမ်းချက်ကြီးသုံး ရပ်“ကြောင့် ငြင်းဆန်ခဲ့တဲ့အတွက် ပထမသကျ(သာကီဝင်) တို.နှင့် “အာ ရီယန်” စစ်ပွဲဖြစ်ခဲ့ကြပါတယ်။ ထိုစစ်ပွဲတွင် သကျတို.က ရရာလက်နက်ဖြင့် ခုခံကာကွယ်ကြပါသော်လည်း လူဦးရေမမျှသောကြောင့် ရှုံးနိမ့်ခဲ့ကြပါတယ်။ ဒါ့ကြောင့်“ကောလိယ- ဒေဝဒဟ နှင့် ကပိလဝတ်“ အမည်ရသည့် ၃-ပြည် ထောင်သော သာကီဝင်မင်းတို.အနက် “ကပိလဝတ်ပြည်“ မှ “အဘိရာဇာ“ သကျသာကီဝင်မင်းသည် “မစ္ဖျိမဒေသ” မှ ရရာ ဗိုလ်ခြေများဖြင့်ပြေးလာပြီး “တကောင်းပြည်ကြီး” ကို တည်ထောင်ခဲ့ကြောင်းသိရပါတယ်။ ထို.နောက် သကျသာကီဝင်မင်းတို.ပြန်လည် စုရုံးတည်ထောင်ပြန်သောကြောင့် သုံးပြည်ထောင်သော“သာကီဝင်မင်း“တို.ပြန်လည်စည်ပင်လာခဲ့ကြရပြန်ပါတယ်။ ဒုတိယစစ်ပွဲ ဖြစ်ရခြင်းမှာလည်း ထိုနည်းအတူပင်- “ကောသလမင်းကြီး“ သည် “ မစ္ဖျိမဒေသ၏ဘုန်းတန်ခိုးကြီးလွန်းသော“မဟာရာဇာကြီး“ဖြစ်ပါတယ်။ထိုမင်းကြီး ၏တန်ခိုးအာဏာမှာလည်းလွန်စွာကျယ်ပြန်.သည်ဟုဆိုပါတယ်။ “မြတ်ဗုဒ္ဓ“ အား ရင်းနှီးခင်မင်စွာဖြင့် ဆွေမျိုးတော်စပ်လိုပါသည်။ ထို.ကြောင့်ပင် အာဏာရှင်မင်းကြီး က မိဖုရားခေါင်ကြီးမြှောက်လို၍ သာကီဝင်မင်းသမီး တစ်ဦးပေးပါရန်တောင်းဆိုပါ တယ်။ သာကီဝင်မျိုးတို.အဖို.မှာလည်း ဤနယ်မြေသို.ရောက်စကပင် “အသမ္ဘိန္န“ ဟူသော မူကို ချမှတ်ခဲ့ကြပါ၏။“ မိမိအမျိုးမှတစ်ပါး လူမျိုးခြားနှင့် သွေးမရောရ- သား ပေးသမီးယူ မလုပ်ရ-လူမျိုးခြားကိုမယူရ” ဟူသော အတင်းကြပ်ဆုံးစည်းကမ်း ကြီးကို ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ မိမိတို. သကျလူမျိုးများမှာ ဤနယ် ဤဒေသတွင်လူနည်းစုဖြစ်သည် ။ မိမိအမျိုးကို မိမိတို.ကိုယ်တိုင် စောင့်ရှောက်ကြရမည် ။ ဤ “အသမ္ဘိန္န“ ဟူသောစည်းကမ်းချက် ကိုလည်း သကျအမျိုးသား - အမျိုးသမီးတိုင်း အသက်ထက်မက စောင့်ထိန်းကြပါ တယ် ။ အသက်ပင်သေသေ ဤစည်းကမ်း ချက်ကို မဖေါက်ဖျက်ခဲ့ကြပါ ။ ဘုန်းတန်ခိုးကြီးလွန်းလှသော ကောသလမင်းကြီးက သာကီဝင်မင်းသမီးတစ်ဦးကို မိဖုရားခေါင်ကြီးမြှောက်ရန်တောင်းခံလာပေပြီ။ သို.သော်- သကျတို.နှင့်မူ မျိုးချင်း ကမတူ ။ အကယ်၍သာ ကီဝင်မင်းသမီး အစစ်ကိုပေးလိုက်ပါက “ မျိုးမစစ်သည့် ကပြား အနွယ်“ တို.ထွန်းကားလာတော့မည် ။ မိမိတို.သာကီဝင်မျိုးထဲသို.လူမျိုး ခြားတို.ရောက်လာခြင်းဖြင့် မျိုးရိုးစဉ်လာ - ထုံးတမ်းလေ့ - စည်းကမ်း ယဉ်ကျေးမှု တို.ပျက်စီးတော့မည်။ အထူးသဖြင့်“မျိုးချစ်စိတ် တို.ကင်းပျောက်ပေတော့မည်”။ ထို.ကြောင့် “ဝါသဘခတ္ထိယာ” အမည်ရသည့် ကျွန်မ၏သမီးကို သာကီမင်းသမီး အဖြစ် ကောသလမင်းကြီးထံသို.လိမ်လည်ကာပေးပို.ခဲ့ပါတယ် ။ ဤကိစ္စသည် ဤ မှာတွင်ပြီးမည်မဟုတ်သည်ကိုလည်းသိကြပါ၏။ အင်အားကြီးလွန်းလှသော ကောသ လမင်းမျိုးတို.သိပါက မိမိတို.သာကီဝင်တစ်မျိုးလုံး ကြေပျက်သည်အထိ ခြေမှုန်းဖျက် ဆီးခံကြရ မည်ကိုလည်း သိပြီးဖြစ်ပါ၏။ သို.ပါသော်လည်း မိမိတို.သာကီဝင်မျိုးနွယ် အတွင်း ဤလူမျိုးခြားများ ရောနှောလာခြင်းကိုတော့လက်မခံနိုင်ပါ။ အော် -- အမျိုးအတွက် အသက် ပင် အသေခံရဲကြသူများပါတကား ။ သို.ဖြင့်“ကောသလမင်းကြီး“ နှင့်“ဝါသဘခတ္ထိယာ“ တို.မှ “ဝိဋဋူဘမင်းသား“ ကို ဖွါးမြင်ခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ ဒီမင်းသားသည်ပင် သူ.မိခင်ကိစ္စကို သိ ရှိသွားပြီး သာကီဝင်မင်းတို.အား အ မျိုးပြုတ်သည်အထိ တိုက်ခိုက်ခဲ့ပြီးနောက် သူ ကိုယ်တိုင်နှင့် သူ.တပ်ဖွဲ.အားလုံးလည်း သာကီဝင် မျိုးတို.အား ကလေးမှအစ သတ် ဖြတ် ဖျက်စီးပြီး ပင်ပန်းလွန်းအားကြီး၍ မြစ်ဆိပ်မှာအနားယူ အိပ်ပျော်သွားကြစဉ် အမှတ်မထင် တက်လာသည့် ရေလုံးကြီးများဖြင့်မျောပါသွားပြီး ဘဝဇာတ်သိမ်းခဲ့ရ ကြောင်းသိရပါတယ်။ ဤကဲ့သို.အမျိုးမပျက်စေရေးကို အသက်များပင် စတေးခံခဲ့ကြသည့် ဘိုး- ဘေးများ၏အစဉ်အလာကိုဖြင့် ဒီကနေ. သာကီနွယ်ဝင် မြန်မာလူမျိုးများ အနေနှင့် ဆက်လက်ပြီးကာကွယ် စောင့်ထိန်းကြ သင့်သည် မဟုတ်ပါလား --- အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter