ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, February 10, 2013

သိလျက်ကယ်ရှင် ဝိပါက်ကြမ္မာငင်သည်ထင့်

သိလျက်ကယ်ရှင် = ဒီလို လုပ်ရင် - ဒီလိုပြောရင် ဒီလိုဖြစ်မယ် ဆိုတာသိပါလျက်နှင့် ဝိပါက် = ဝဋ်ကြွေး ကြမ္မာ = ကံကြမ္မာ ငင် = ဆွဲယူ-ဆွဲခေါ်ခြင်း ထင့် = ထင်ပါသည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး လ-ရေးနှစ်ချောင်းငင် ”လူ” တဲ့ ။ ဟုတ်ကဲ့ - စာလေးကတော့ တစ်လုံးတည်းပါ ။ ဒါပေမဲ့ အဲဒီ ”လူ” ဆိုတဲ့ ပုထုဇဉ်တွေ မှာ “ကိလေသာ”က တစ်ပွေ.တစ်ခဲကြီး။ “လောဘ- ဒေါသ- မောဟ နဲ.မာန်မာန“ ဆိုတဲ့ ဒီကိလေသာတွေကလည်း အဆက်မပြတ် မရပ်မနား လောင်မြိုက်နေတတ်တာ မဟုတ် ပါလား ။ မိသားတစ်စု အိမ်ထောင်တစ်ခုကိုပဲ လှမ်း ကြည့်လိုက်ကြရအောင်ပါ- လေ့လာကြည့်ပါ။ ဒီအမိ ဒီအဖ- ဒီသားနဲ.ဒီသမီး အရင်းအချာကြီးတွေသော်မှ သဘောက မညီ- အပြောက မသတီစရာ ငါမှငါ ၊ လာမရှုပ်လေနဲ. ငါလုပ်သမျှ အမှန် ၊ နင့်ဒဏ်နင်ခံ- ငါ ”စံ” စားတာ လာ မစွက်နဲ. - ခက်ကုန်လိမ့်မယ်-ဆိုသလိုမျိုး -- ဒါတွေက ညီအစ်ကို မောင်နှစ်မ တို.ရဲ့ တစ်ယူသံ တစ်ဖက်သတ် “အခက်” မရပ်တဲ့ အိမ်တွင်းဇာတ်လမ်းပါ ။ မလှမ်မကမ်းက အဖေနဲ.အမေ ဘာတွေများပြောနေကြပါလိမ့် ။ တကယ်တော့ အဖေ က အဖြူ- အမေကအမဲ သဘောထားက ဒီလိုကွဲနေကြတာ ။ အဖေက ကော်န်ပျူတာ အလုပ် တကုပ်ကုပ်နဲ. အရှုပ်တွင်းက မထွက်ချင်သလို အမေကတော့ ခပ်ရှင်းရှင်း ခပ် ဘွင်းဘွင်းနဲ. သူ.ရင်ထဲ အလုံးအခဲမထား - အဖေ့လို ဟန်ဆောင်သမား မဟုတ် “အရှုပ်” ဆို လုံးဝမကြိုက်ခပ်မိုက်မိုက်နေတတ်သူကိုး ။ ဒီတော့လည်း အစဉ်အမြဲဆိုသလို ရန် တွေသာ ပိုနေတော့တာပေါ့ ။ အဲဒီလို ကျောချင်းကပ်ပြီး ဘေးးတိုက်သွားနေကြတဲ့ ဒီမိသားစု ဘယ်ရာစုခေတ်ရောက် ခါမှ “တရား” ရပါ့ ။ တကယ်တော့ အဖေက “စိတ်ပုတီး” လက်ကမချသလို “တရား” ဆို အမြဲလိုလိုအိမ်မှာပဲ စီဒီဖွင့်ပြီးနာနေတဲ့အကျင့်ရှိသူပါ။ ဒါပေမဲ့လည်း နည်းနည်းလေးမှ (မျက်စောင်းထိုးတောင်မခံ) အပြောမခံနိုင်တဲ့ အမေ့ကို စိတ်ဆိုး ဒေါသထွက်အောင်လည်း အဖေကပဲစတင်ပေးလေ့ရှိတယ်လေ။ ဒီအခါ အမေကလည်း တစ်ပါတ်ခုနစ်ရက်လောက် ထမင်း ဟင်းမချက်ပဲ ပြစ်ထားတတ်တော့ အဖေထမင်း နပ် မမှန်ဖြစ်ပြန်ရော ။ အမှန်တော့ ဒီလိုလုပ်ရင် ဒီလိုဖြစ်လာမယ်ဆိုတာ အဖေအသိပါ။ ဒီလိုသိသိကြီးနဲ. ရန်မ ဟုတ်တာကို ရန်လုပ်-နည်းနည်းကို များအောင်လုပ် - ရန်စကိုရှည်စေတာက အဖေသည် ပဲ မဟုတ်ပါလား။ အမှန်ဆို အမေ့ကို အဖေချစ်လိုက်သမှ “တုန်” နေအောင်ဆိုတာ သား သမီးတွေ သိကြပါတယ် ။ ဒါ့ကြောင့် “ သိလျက်ကယ်ရှင် ဝိပါက်ကြမ္မာငင်သည်ထင့်” လို.သာ ဆိုရမှာဖြစ်ပါတယ် ။ တနည်းအားဖြင့် “အသိခေါက်ခက် - အဝင်နက်” တယ်လို.လည်း ဆိုနိုင်ပါတယ် ။ ဒါက မိသားစုတစ်ခုရဲ့ “အသိခေါက်ခက် - အဝင်နက်” နေကြပုံလေးပါ ။ ဒီလိုပါပဲ - လူသားတွေထဲမှာ ပြေးကြည့်စရာတောင်မလိုပါ- မကြာခဏဆိုသလို ကြားသိ နေရတဲ့ အကြောင်းအရာတွေမှာလည်း “သိလျက်ကယ်ရှင် ဝိပါက်ကြမ္မာငင်သည် ထင့်" လို. ဆိုချင့်စဖွယ် ပြဿနာအသွယ်စွယ်ကို လေ့လာမိပါတယ် ။ သဘောကတော့ “ကျားရှိပါတယ်” ဆိုတဲ့တောကို ရင်ကော့ပြီး သွားတော့ ”ကျားစားခံရ” တော့မှာပေါ့ ။ ဒီလိုပါပဲ “ဆူးခြုံ” မှန်း သိနေပါလျက်နဲ. ဝင်တိုးတော့ “ဆူးစူး” တော့တာပေါ့ ။ ဒီလိုအခြေအနေ မျိုးမှာ ဗဟုသုတ အသိဥာဏ်ဆိုတာ အင်မတန် လိုအပ်လှပါတယ် ။ အခြေအနေအရပ်ရပ်ကို လေ့လာ သုံးသပ်နိုင်စွမ်းရှိရမယ် ။ One sided တစ်ဖက်သပ် မတွေးပဲ အဖက်ဖက်ကို လေ့လာပြီး သုံးသပ်ဆင်ခြင်ရမယ် ။ သူများအပြောကို ယုံမနေ ပဲ ဟုတ် - မဟုတ်ဆိုတာကို မိမိကိုယ်တိုင် သိရှိ နားလည်အောင် ကြိုးစားပြီးမှ လုပ်သင့် တာကို လုပ်ရမှာပါ ။ မြေပေါ်ကိုထန်းသီးကြွေကျတဲ့ သံကြားရုံနဲ. ထပြေးတဲ့ယုန်လေးနောက်ကို လိုက်ပြေး ကြသလို ဘာမှန်း ညာမှန်းမသိပဲ ၊ ယုန်ကလေးက ” မြေပြိုပြီ ပြေးကြ” ဆိုတာနဲ. ဟုတ်- မဟုတ် မစဉ်းစား မလေ့လာပဲ သူများစကားကိုယုံပြီး ထ-ပြေးကြတာမျိုး မဖြစ် သင့်ပါ။ နောက်ဆုံးတော့ မိမိတို.သာပဲ နစ်နာဆုံးရှုံးကြရတယ်မဟုတ်ပါလား ။ ဒါ့ကြောင့် ဘယ်နေရာ ဘာကိစ္စမဆို မိမိတို.ရဲ့ ကိုယ်ပိုင်ဥာဏ် ကိုယ်ပိုင်အသိဖြင့်သာ ဆင်ခြင်သုံး သပ်ပြီးမှ ဆုံးဖြတ်ဖို.လိုအပ်ပါကြောင်းနဲ. မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာ နားလည် ရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရခြင်းသာဖြစ်ပါတယ် ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter