ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, February 10, 2013

သာကီဝင်မျေိုးဟေ့ ဒို.ဗမာ

နေပြည်တော် မြန်မာ့အသံမှ တနင်္ဂနွေနေ. ညနေ ၆း ၄၀ (မြန်မာစံတော်ချိန်) မှာ ထုတ်လွှင့်သွားတဲ့ “လူငယ်မှတ်သား သုတစကား“ အစီအစဉ်လေးပါ - အသံဖှိုင်ဖွင့်မရတဲ့ သူများအတွက် စာသားပါတင်ပြပေးလိုက်ပါတယ် - အားလုံး ရွှင်လန်းချမ်ေးမြ့ကြပါစေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Upload Music
မင်္ဂလာပါ ကလေးတို.ရေ --- ဒီနေ. ကလေးတို.ကို ပြောပြ ဆွေးနွေးကြဖို. “ သာကီဝင်မျိုးဟေ့ တို.ဗမာ ” ဆိုတဲ့ ခေါင်းစဉ် လေးကို တင်ပြ ဆွေးနွေးသွားမှာဖြစ်ပါတယ် ။ ကလေးတို.အနေနဲ.လည်း သေသေချာချာ နား ထောင်ပြီး ပြန်လည် ဆွေးနွေးကြဖို. ဖိတ်ခေါ်ပါတယ်ကွယ် ။ မေးမြန်းဆွေးနွေးဖို. စာပို.နိုင်တဲ့ လိပ်စာကတော့ - တာဝန်ခံ ၊ လူငယ် ------ ကဏ္ဍ - မြန်မာ့အသံ - နေပြည်တော် သို. လိပ်မူပြီး စာရေးသား ပေးပို.မေးမြန်း ဆွေး နွေးကြပါတယ် ။ ကလေးတို.ရေ -- ရှေးခေတ် မဇ္ဈိမသားတွေက ရှေးခေတ် မြန်မာများကို “ ဗြဟ္မာ ” လို. ခေါ်ခဲ့ကြပါသတဲ့ကွယ်။ “ ဗြဟ္မာ ” မျိုးနွယ်များ နေထိုင်ရာဒေသကို “ ဗြဟ္မပုတ္တရ မြစ် ” ကြီး စီးဆင်းနေတဲ့အတွက် သူတို.ကို “ဗြဟ္မာ” လို. ခေါ်ခြင်းလည်းဖြစ်ပါသတဲ့ ။ အရှေ.ဘက်အုပ်စုဝင် မွန်ခမာ လူမျိုးတို. ကလည်း မြန်မာ လူမျိုးများကို “ ဗြဟ္မာ” သို.မဟုတ် ဗရုမ်း လို. လေးလေးစားစားခေါ် ကြတယ် ဆိုပဲကွယ် ။ အဲဒီခေတ် အဲဒီအခါက မြန်မာများရဲ့ နယ်ပယ်မှာလည်း ကျယ်ဝန်းလှတယ်လို. ဆိုပါတယ် ။ ဒီ “ ဗြဟ္မာ” လူမျိုး ဆိုတဲ့ အခေါ်အဝေါ်မှ “ ပရုမ်း - ဗရုမ်း - ဗရမ်း - ဗရမာ - ကတဆင့် ဗမာ - မြန်မာ ဖြစ်လာတယ်လို.ဆိုပါတယ်။ ကလေးတို.ရေ -- “ဗြဟ္မာ” ဆိုတဲ့ အခေါ်အဝေါ်မှာ အာရိယန် လူမျိုးများအတွက် “ ကိုးကွယ်ရာဘုရား ” ဆိုတဲ့ အဓိပ္ပါယ် ရပါသတဲ့ကွယ် ။ ဒါ့ကြောင့် သူတို.အလွန် အလေးအနက်ထားကြတဲ့ မြန်မာများကို လည်း “ဗြဟ္မာ” လို. လေးလေးစားစား တင်စား ခေါ်ဝေါ်ခြင်းဖြစ်ပါသတဲ့ ။ ဗမာ နဲ. ပျူ ကို အဓိပ္ပါယ်တူ တယ်လို.လည်း ပညာရှင်များက ဆိုထားပြန်တာတွေ.ရပါတယ် ။ အဲဒီ “ဗြဟ္မာ” အုပ်စုကြီးဟာ ခရီးဆက်ခဲ့ကြပြန်တယ်တဲ့ ။ ဒီလိုနဲ. အခု နီပေါနိုင်ငံ တည်ရှိရာ ကို ရောက် လာတော့ ဟိမဝန္တာတောင်ခြေကို ပတ်ပြီး ခရီးဆက်ကြတဲ့ “ ဗြဟ္မာ ” လူမျိုးတွေကို “ သက္ကများ ” လို.ခေါ် ကြပြန်တယ်။ “သက္ကများ”ဆိုတာ “အလွန်တရာ စွမ်းဆောင်နိုင်သူများ- အလွန်.အလွန်ရဲဝံ့ပြီး သတ္တိကောင်း သူများ” လို.အဓိပ္ပါယ်ရပါသတဲ့ကွယ်။သူတို.ဟာ စွမ်းရည် သတ္တိအပြည့်ရှိသူများဖြစ်သလို တောအထပ်ထပ် တောင်အသွယ် သွယ်ကို ကျော်ဖြတ်လာကြ တဲ့အတွက်သူတို.ကို သက္ကလူမျိုး - သကျလူမျိုးလို.ခေါ်ရာမှ “ သာကီဝင်မျိုး ” ဖြစ်လာတယ်လို. ဆိုပါတယ် ။ ကလေးတို.ရေ-- အဲဒီ “ သကျ ခေါ် သာကီဝင် မျိုးတွေဟာ တိဗက် မြန်မာ လူမျိုးနွယ်စုကြီးမှ မြန်မာမျိုးနွယ်စုအဖွဲ.ဝင်ဖြစ် သည် ” လို. ကမ္ဘာ့ ပညာရှင်များက လက်ခံ လာခဲ့ကြတယ်လို.လည်း ဖတ်ခဲ့ မှတ်သားခဲ့ရပါတယ် ။ ဒီလို တိတိကျကျသိရပြန်တော့ တို.များ မြန်မာလူမျိုးတွေ ဟာ “ ဂေါတမဗုဒ္ဓ ” မျိုးနွယ် “သာကီဝင် ” တွေဆိုတာ သိရပြီး အထူးကို ဂုဏ်ယူနိုင်ကြပါပြီကွယ် ။ အဲ -- ဂုဏ်ယူနိုင်ြပီဆိုတာနဲ. ပေါ့ပေါ့တန်တန် နေလို.ကတော့ဖြင့် မ သင့်ပြန်ဘူးကွဲ.နော် ။ တို.များရဲ့ ကိုးကွယ် အားထားရာ“ ဂေါတမဗုဒ္ဓ ” မျိုးနွယ်ဝင် တွေဖြစ်နေပါလား ဆိုတဲ့ အသိနဲ.အတူ “ ဂေါတမဗုဒ္ဓ” ရဲ့ အဆုံးအမ တရားတော်တွေအတိုင်း လိုက်နာ ကျင့်ကြံပြီး ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်တာကိုသာ ပြောဆို လုပ်ကိုင်ကြရပေလိမ့်မယ် ။ ဒါ့ကြောင့် ကလေး တို. အားလုံးလည်း လူကြီးကို ရို သေ - ရွယ်တူကိုလေးစား လူငယ်ကို သနားညှာတာ ရမယ်ဆိုတဲ့ ဗြဟ္မစိုရ် တရားနဲ.အညီ နေ ထိုင်ကြပါစေလို.ပဲ -- နော် -- ကလေးတို. အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကွယ်

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter