ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, January 21, 2013

ယခင်နဲ. ယခု ဘာတစ်ခုမျှ မတူ

လူ.လောက သဘာဝတရားတွေကိုက တစ်နေ.တစ်ခြား ကွဲပြား ခြားနားလို.လာနေတာကို တွေ.မြင်ရမှာဖြစ်ပါတယ်။ မနေ.က နဲ.ဒီကနေ. တစ်စေ့ကလေးမျှမတူ တစ်မူတော့ဖြင့် ကွဲပြားလာနေစမြဲဆိုတာကိုလည်း အားလုံးပဲ သိထားကြပြီးဖြစ်ပါတယ်။ နောက်ဆုံးပြောကြ စတမ်းဆိုရင်တော့ မနေ.က ဒီခန္ဓာ- ဒီနေ.မှာလည်းဒီခန္ဓာ သေဖို.တစ်ရက်တိုးလာတာက တကယ့်ခြားနားချက်ပဲမဟုတ်ပါလား။ ဒါကလည်း ဘယ်သူမျှ ဆွဲထား-တားထားလို.မရနိုင် တဲ့ လောကသဘာဝတရားများသာပါ။ ဒီလို ရုပ်ပိုင်းဆိုင်ရာတွေမှာ အပြောင်းအလဲတွေရှိနေ သလိုပဲ စိတ်ပိုင်းဆိုင်ရာတွေကလည်း အစဉ်အမြဲ ပြောင်းလဲဖေါက်ပြန်နေတာပါပဲ။ အရင်က စိတ်ထားမျိုးနဲ. ဒီကနေ.စိတ်များကလည်း အကွဲကြီးကွဲပြား ခြားနားလာတာကို အသေ အချာ လေ့လာမိပြန်ပါတယ်။ ကိုယ်တိုင်ရေးဖွဲ.ပြီး နိုင်ငံသစ် - အထောက်တော် - မိုးကြိုး စတဲ့ သတင်းစာများစွာနဲ. တိုင်းရင်းမေ-မြဝတီ- စန္ဒာစတဲ့ မဂ္ဂဇင်းတွေမှာအက္ခရာတင်လာခဲ့တဲ့ ဟောဒီ ကဗျာလေး များကို ပထမဆုံးလေ့လာ သုံးသပ်ကြည့်နိုင်ပါတယ် -- ၁) “ချစ်သူရှိရာ” ချစ်သူ ရှိရာ ကောင်းကင် လွှာသို. ခင်းကာ တံတား ငွေကြယ် များဖြင့် သွားရောက် ကာပင် နှစ်သိမ့် ချင်ပြီ မိုးသားတိမ်များ-လမ်းညွှန်ဦး ။ ။ ---------------------------------- ၂) "ပြုံးတုန်. မပြုံးတုန်." အကို တိမ်လိပ် တရိပ် ရိပ်ဖြင့် တိတ်တိတ် ပြေးလွှား မြူကစားတော့ တစ်ပါး ကျော့မှာ ရှက်စိတ်ဖြာသည် မျက်နှာပြုံးတုန်. မပြုံးတုန်. ။ ။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ၃) "တိမ်မင်းသားသို." အခါး နွယ်ဆက် တမာ ရွက်က ချိုလျက် သကာ ဖြစ်လာပါမှ မေတ္တာပန်းပွင့် ပဏာဆင့်မည် အိုရှင့် မောင်ကြီး တိမ်မင်းသား ။ ။ ----------------------------- ၄) "ခက်တယ်ရှင်" ချစ်သခင် ရွှေဘဝင် ရွှင်အေးစေဖို. ပြုံးဆေးကိုဆက် ခက်တယ်ရှင် မျက်မာန်ဝင် ဟိုင်းဆင်ပုံမျိုးထက် ပန်းတမာ ရင်မှာထိုးတယ် ရန်ငြှိုး ဘယ့်တွက်။ ။ အဲဒီလို ကဗျာလေးတွေကို အတွေးပိုပိုနဲ. ရေးခဲ့ဖူးပါတယ်။ အဲဒါပေမဲ့ ဒီကနေ. ဒီအချိန်မှာတော့ -- ဟောဒီ ကဗျာမျိုးတွေကိုသာ အလေးထားပြီး အရေးများလာပြီဖြစ်ပါတယ်။ “အပိုတွေ” ချစ်တယ်ဆို အပိုတွေ လာမလုပ်နဲ. စိတ်ရှပ်တယ် -- သွား သဲကိုးဖြာ မာယာတွေပွါးပြီး တီတာတာ စကားတွေနဲ. အမိအရ လာမမျှားလေနဲ. ကိုယ့်လမ်း ကိုယ်သွား ။ ။ -------------------------- "လစ်လျူရှုလိုက်ပါ" ကြယ်များကြွေက မထကြနဲ. ည-ညတိုင်းမှာ အိပ်ပျက်မည် ။ ။းးးးးးးးးးးးးးးးးးးးးးးးးးးးး "ဂရုစိုက်ပါ" ခန္ဒာ စဉ်ဆက် ဖြစ်ပြီး ပျက်မှု သတိ မပြု လစ်လျူ ရှုက ဘဝ ဘဝတိုင်းမှာ နှိပ်စက်မည် ။ ။းးးးးးးးးးးးးးးးးးးးးးးးးးး “ဘယ်ကစလို. ဘယ်ဆီသို.” အော် - - ဘဝ ၊ ဘဝ ဘယ်က စ တယ် တကယ် မသိ အမိ ဝမ်းဗိုက် ရွှေကြာတိုက် အတွင်း ဝပ်စင်း ဝင်မှောက် ကိုးလ မြောက်သော် “လူ” ဟု ခေါ်တွင် သိုင်းဝိုင်း ခွင်သို. မပေါ်မထင် ဝင်ရောက်ခဲ့ရ ၊ အော် -- ဒီဘဝ ။ ။ အဲဒီ နောက်တော့ အမေ ကချော့ အဖေ ကမြှူ လူသူ အများ လျှောက်သည့်အလား စမ်းတ ဝါးဝါး လိုက်ကာ သွားမိ မသိဝိုးတဝါး ၊ အော် - ဘဝ ဆိုပါကလား ။ ။ ငို တစ်ခါ ရယ်တစ်လှဲ. ပြုံးတစ်ခါ မဲ့ တစ်မျိုး အဆစ်အချိုး များစွာ လျှောက်လှမ်း လာ စမ်းတဝါးဝါးကြုံခဲ့ရ အော် - ဒီ ဘဝ ။ ။ ဟယ် - ဒီဘဝ ဒီခန္ဒာ ဘယ်မှာအဆုံးသပ် ဇာတ်သိမ်း ၊ ဒုက္ခငြိမ်းဖို. ဘယ်ကိုမျှော်လို. ၊ ဘယ်ဆီသို.။ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter