ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Friday, January 25, 2013

အာဇာနည် သူရဲကောင်း - လူစွမ်းကောင်း နဲ. မိုက်ရူးရဲ

အားလုံး မင်္ဂလာပါ ------ တနင်္ဂနွေနေ. ညနေ (မြန်မာစံတော်ချိန်) ၆း ၄၀ မှာ “လူငယ်မှတ်သား - သုတစကား“ အစီအစဉ် မှ ထုတ်လွှင့် သွားတဲ့ “အာဇာနည် သူရဲကောင်း-လူစွမ်းကောင်း နဲ. မိုက်ရူးရဲ” ဆိုတဲ့ အသံလွှင့် အစီအစဉ်လေးပါ ။ အသံကိုဖမ်းလို.အဆင်မပြေဘူး စာသားပါ တင်ပြပေးပါ-ရယ်လို. တောင်ဆိုလာသူများအတွက်စာသားပါတင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ် ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ---းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Upload Music
မင်္ဂလာပါ ကလေးတို.ရေ --- ဒီနေ.တော့ ကလေးတို.အတွက် “အာဇာနည် သူရဲကောင်း-လူစွမ်းကောင်း နဲ. မိုက်ရူးရဲ “ - ဆိုတဲ့ ခေါင်းစဉ်လေး ကို ရွေးထားပါတယ် ။ ကလေးတို.ရေ -- ဒီနေ. ဒီခေတ်ကြီးမှာ Hero ဆိုတဲ့ အာဇာနည် သူရဲကောင်းတွေ လူစွမ်းကောင်း တွေက အများသား နော် ။ ဒီလိုပါပဲ Hero ဖြစ်ချင်ကြတဲ့ သူတွေ အထူးသဖြင့် ဒီကနေ. လူငယ် လူရွယ်တွေကလည်း ဒုနဲ.ဒေးပါ ။ ဒါပေမဲ့ “ခုတ်ရာတစ်ခြား ထိရာတစ်လွဲ“ ဆိုသလိုမျိုးတွေနဲ.သာ တိုးနေကြတာ တွေ.ရပါတယ် ။ ကမ္ဘာတစ်လွှားက လူငယ်များ အလယ်မှာလည်း ကြောက်စရာ အကောင်းဆုံးဟာ “မိုက်ရူးရဲဆန်ခြင်း“ပဲ ဆို တာတွေ.ရပါတယ် ။ တကယ်တော့ “အာဇာနည်“ ဆိုတဲ့ အနက်အဓိပါယ်ကို ဘယ်လို ဖွင့်ဆိုထားတာကို အရင် (လျင်) ဆုံးလေ့လာကြည့်ကြရအောင်လားနော်။ “အာဇာနည်“ ဆိုတာအကျိုးအကြောင်း - အဆိုးအကောင်း ကို ခွဲခြားနားလည်သိမြင်နိုင်သူ၊ သာမန်လူများထက် လက်ရုံးရည်နှလုံးရည်ထူးကဲသာလွန်ပြီး အများ အကျိုးအတွက် သက်စွန်.ကြိုးပမ်းဆောင်ရွက်နိုင်သူ-တဲ့။ဒီလိုပါပဲ“သူရဲကောင်း“ဆိုတဲ့ စကားကိုလည်း မှန်ကန်သည်ကို ရဲဝံ့စွာစွန်. စားဆောင်ရွက်တတ် သူ - အခြေအနေမှန်ကို သုံးသပ်ကာ ဆင်ခြင် ဆုံး ဖြတ်နိုင်စွမ်းရှိသူ- လို. အဓိပ္ပါယ်ဖွင့်ဆိုထားတာကို တွေ.သိရသလို “လူစွမ်းကောင်း“ကိုတော့ လက်ရုံး ရည် နှလုံးရည် ထူးကဲသူလို. ဆိုပါတယ် ။ ကလေးတို.ရေ-- တို.များ မြန်မာနိုင်ငံရဲ့ အာဇာနည်သူရဲကောင်းတွေကို ပြန်ပြီး သတိတယနဲ. ကြည့် လိုက်ကြမယ်ဆိုရင် ရေတွက်လို.မကုန်နိုင်အောင်ကိုပဲအများအပြားရှိနေတာကိုတွေ.ရမှာဖြစ်ပါတယ်။ ပထမဆုံး မြန်မာတစ်နိုင်ငံလုံးမှာ ထေရဝါဒဗုဒ္ဒဘာသာသာသနာထွန်းကားလာရေး အတွက် အသက် တမျှ အလေးထားကာ အရည်းကြီးဝါဒကို နှိမ်နင်းပြီးကြိုးပမ်း ဆောင်ရွက်သွားခဲ့သူ“ အနော်ရထာမင်း“ မှအစဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီကနေ.တိုင်အောင်ပဲ ဒီမှန်ကန်တဲ့ ဗုဒ္ဒဘာသာ သာသနာတော် ကြီး တည်တံ့ထွန်းကားနေဆဲမဟုတ်ပါလား ။ ဒီလိုပါပဲ တို.များမြန်မာနိုင်ငံ အတွင်းမှာ “ အာဇာနည် သူရဲ ကောင်း“များစွာပေါ်ထွန်းခဲ့တာ ဒီကနေ.တိုင်အောင်ပါပဲကွယ်။ အလောင်းဘုရား- ဗန္ဒုလ- တပင် ရွှေထီး - ဘုရင့်နောင် စတဲ့ အာဇာနည် သူရဲကောင်းများနည်းတူ မြန်မာ့လွတ်လပ်ရေးကို အရယူပေး ခဲ့ကြသူ “ဗိုလ်ချုပ်အောင်ဆန်း“ ဦးဆောင်တဲ့ “အာဇာနည်သူရဲ ကောင်းများ“ကိုလည်း ကလေးတို.သိ ကြမှာပါ။ ဂုဏ်ယူစရာတွေပါနော် ။ ဒါ့အပြင် မြန်မာ့ လူစွမ်းကောင်းကြီးများ ကိုလေ့လာကြည့်မယ်ဆိုရင်လည်း ဟိုး ပုဂံခေတ်မှာ ပေါ်ထွန်း လာခဲ့တဲ့“ငထွေးရူး- ငလုံးလက်ဖယ်“စတဲ့ နှလုံးရည်လက်ရုံးရည်နဲ.ပြည့်ဝသူလူစွမ်းကောင်းကြီးတွေကို သိကြရမှာဖြစ်ပါတယ် ။ တို.များငယ်ငယ် ဒီဇာတ်လမ်းတွေကို သက်ကြီးစကားတဆင့်ကြားသိစအရွယ် ကတော့ ဒဏ္ဍာရီ ပုံပြင်တွေလို.ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒီကနေ. စာပေတွေ လေ့လာလိုက်တာ့မှ ဒီအကြောင်းအရာတွေဟာ တကယ့်အဖြစ်မှန်တွေဆိုတာ သိလာရပါတယ် ။ တကယ့်ကိုအားကျစရာ ချီးကျူး ဂုဏ်ယူစရာ- စွမ်းရည်တွေနဲ. ပြည့်ဝကြတာနော် ။ ကလေးတို.ရေ - - ဒီလို ဟိုး -နှောင်းခေတ်က တို.များရဲ့ “ မြန်မာ့ အာဇာနည် သူရဲကောင်းကြီးများ -လူစွမ်းကောင်းများ“ နဲ. ပတ်သက်ပြီး တို.များဂုဏ်ယူဝင့်ကြွားနိုင်ကြသလို ဒီကနေ. ဒီခေတ်အထိ သက်ရှိထင်ရှား တို.များ မြင်တွေ.နေကြရတဲ့ “အာဇာနည် သူရဲကောင်းများ“ ကိုလည်း ကလေးတို. လေ့လာပြီး - ဂုဏ်ယူတတ်ကြဖို.လိုတယ်နော် ။ “ လူကိုလူလို ကြည့်တတ် မြင်တတ်သလို- ပြောသင့်တဲ့ စကား အမှန်တရားများ“ကိုချန်လှပ်ခြင်းမရှိ ပကတိ ရိုးသား ပွင့်လင်းစွာ ထုတ်ဖေါ်ပြောကြားပြီး တို.မြန်မာများ ဂုဏ်ယူဝင့်ကြွားနိုင်အောင် စွမ်း ဆောင်နိုင်တဲ့ “အာဇာနည် သူရဲကောင်း” အဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ အခြားအ ခြားသော တို.မြန်မာ “အာဇာနည်သူရဲကောင်း“ များစွာကိုလည်း တွေ.မြင်နိုင်ပါတယ် ။ ကလေးတို.ရေ -- တို.မြန်မာများအတွက် ဒီလို အားရ ကြည်နူးစရာ - ဂုဏ်ယူ ဝင့်ကြွားစရာ အဖြာ ဖြာများကို ကြားသိ မြင်တွေ.နေရသလို ဆန်.ကျင်ဘက်အသွင်နဲ. မြင်တွေ.နေရတာတွေလည်း ရှိ တယ်နော် ။ အင်း- ပြောရမယ်ဆိုရင်တော့ အချို.သောသူတွေရဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေမှာ စိတ်မချမ်းသာစရာတွေကိုသာ မှတ်ချက်ရေး နေကြတာကို တွေ.မြင်မိကြမှာပါ ။ တကယ်တော့ တို.များလူသားတွေဆိုတာက အတ္တ အလွန်များကြတာမှန်ပါတယ် ။ ဒါပေမဲ့လည်း ဘယ်နေရာပဲဖြစ်ဖြစ် စဉ်းစားချင့်ချိန်မှုတော့ရှိကြရမှာပေါ့နော်။ သင့်-မသင့် ဆိုတာကို အလေးအ နက်တွေးရမှာကိုဆိုလိုတာပါ ။ ဒီနေရာမှာ “မိုက်ရူးရဲ“ ဆန်ဆန် မလုပ်ရဘူးလေ ။ အဲ- “ မိုက်ရူးရဲ“ ဆို တာကိုတော့“ဆင်ခြင်ဥာဏ်မရှိပဲတဇွတ်ထိုးပြုလုပ်သူ“ လို. အဓိပါယ်ဖွင့်ဆိုထားတာတွေ.ရပါ တယ်။ ဒီနေရာမှာ “အာဇာနည် သူရဲကောင်း“ နဲ.“မိုက်ရူးရဲ“ဆိုတာကို ခွဲခွဲခြားခြားသိထားဖို.လည်း လိုပါတယ် ။ ဆိုလိုတာကတော့ သူများက ဒါ -မကောင်းဘူးဆိုရင် ဘာမှန်းညာမှန်းမသိပဲ သံယောင် လိုက်ပြီး ဒါ မကောင်းဘူးလို.ပြောတာမျိုးတွေပါ။ တကယ်ဆိုရင် ကိုယ့်အသိဥာဏ် လေးနဲ. ချင့်ချိန် စဉ်းစား ကြည့်ရမယ် - သူတို.ပြောသလို ဟုတ်လား- မဟုတ်ဘူးလားဆိုတာလေးလေးနက်နက် တွေးယူ ရမယ်။ လူတတ်ကြီးဟန်နဲ. မိုက်ရူးရဲဆန်ဆန် ပြုမူပြောဆို ရေးသားတာမျိုးတွေကို မပြုလုပ်-မရေး သားမိဖို. အတတ်နိုင်ဆုံးကြိုးစား ဆင်ခြင်ပါမှ လူ.ဘဝ သာယာ လှပလာနိုင် မှာဖြစ် ပါတယ် ။ အရေးအကြီးဆုံးကတော့ တို.များ လူသားတွေအနေနဲ. “ လူကို လူလို ကြည့်တတ် မြင်တတ်ပြီး - ချစ်ခင်ကြင်နာ - ကိုယ်ချင်းစာတတ်ဖို.“ အထူးပဲ လိုအပ်လှပါတယ် ။ ကဲ-ကလေးတို.လည်း မိမိတို. ဘဝနဲ. လောကကို သာယာလှပနိုင်စေဖို. ကိုယ်ပိုင်ဥာဏ်သုံးပြီး အတတ်နိုင်ဆုံး ဆင်ခြင်သုံးသပ်ကာ မှန်မှန်ကန်ကန် ကြည့်တတ်မြင်တတ် ဆုံးဖြတ်တတ်အောင် ကြိုး စားကြစေချင်ပါတယ် - ကလေးတို.အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကွယ်

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter