ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, January 12, 2013

ကလေးများနေ.

အော်--ဘာလိုလိုနဲ. “ မြန်မာနိုင်ငံရဲ့ ကလေးများန.”တောင် ကျရောက်လာတော့မှာပါလား--။ “ ဖေဖေါ်ဝါရီလ ၁၃ - ရက် = ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ. = မြန်မာနိုင်ငံရဲ. ကလေးများနေ.” ။ ရန်ကုန် ကျောင်းမှာ တာဝန်ကျ- အလုပ် လုပ်နေစဉ်ကတော့ ဒီလို “ကလေးများနေ.” ရောက်ပြီဆိုတာနဲ. ကျောင်းသူ ကျောင်းသားတွေက စာစီစာကုံးပြိုင်ပွဲ- ကဗျာပြိုင်ပွဲ - စာပေဟောပြောပွဲ စသဖြင့် လှုပ်ရှားမှု တွေကို ဆောင်ရွက်ခဲ့ပါတယ် ။ ဒီထိုင်းနိုင်င်္ငမှာကတော့ စာသင်ကျောင်းတွေအနေနဲ. လှုပ်ရှားမှုများစွာမရှိလှပေမဲ့ Radio Thailand နဲ. TV Ch: 11 ကဲ့သို.သော အစိုးရပြန်ကြားရေူးဌာနများမှ ဦးဆောင်ကာ ” နိုင်ငံတော် ကလေးများနေ.” နေ. ကို ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ရှိပါတယ်။ အဓိကအနေနဲ.ကတော့ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲ များ - ဥာဏ်စွမ်းပြိုင်ပွဲများကို ပိုမိုဦးစားပေး ပြုလုပ်သည်ကို တွေ.ရပါတယ် ။ ဒိနေ. ဇန္နဝါရိလ ၁၂ - ရက်နေ.ဟာဖြင့် “ထိုင်းနိုင်ငံရဲ့ ကလေးများနေ.” ဖြစ်တဲ့အတိုင်း မနက် ဂး ၀၀ နာရီမှ စတင်ကာ Radio Thailand မျက်ခင်းပြင်နဲ. ထိုင်းအစိုးရပိုင် TV Ch: 11 မြက်ခင်းပြင်မှာ စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ပါတယ် ။ ဟောဒီဓါတ်လေးတွေရဲ့ အမှတ်တရ ပြောတဲ့ စကားလေးတွေကို လေ့လာကြည့်ကြပါစို.လားနော်-- အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ဒီပုံကတော့ Radio Thailand မှာ အတူလုပ်ခဲ့တဲ့ အရာထမ်း၂ ယောက်နဲ.အတူပါ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter