ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, October 30, 2010

မူးယစ်ဆေး - ဝေးဝေးရှောင်

ကလေးတို.ရေ-- -

ကမ္ဘာတစ်လွှားက လူသားများအလယ်မှာ ကြောက်စရာ အကောင်းဆုံးဖြစ်တဲ့
လူငယ်များရဲ့ ရန်သူဟာ “မူးယစ်ဆေး” ပဲဖြစ်ပါတယ် ။
ဘာ့ကြောင့်လည်းဆိုတော့ ဒီကနေ. လူငယ်များစွာကို စာသင်ခန်းပြင်ပကို အ
ရောက်ပို.ရုံမကပဲ အမှားမှားအယွင်းယွင်းတွေ လုပ်မိပြီး နောက်ဆုံး လူညွန်.
တုံးစေတဲ့အထိ အန္တရာယ်ပေးနေတာ အဲဒီ မူးယစ်ဆေးဝါးတွေပဲ မဟုတ်ပါ
လားကွယ် ။

ဒီလို လူငယ်လူရွယ်လေးတွေရဲ့ဘဝကို ဖျက်ဆီးရုံတင် အားမရသေးတဲ့ ဒီမူးယစ်
ဆေးဝါးတွေဟာ ကလေးတို.တတွေရဲ့ အသက်ကိုပါ မရှုမလှနဲ.ခံစားပြီးကာမှ
သေဆုံး ပျက်စီးစေတဲ့အထိ အလွန်ဆိုးဝါးစွာ နှိပ်စက်တာ မဟုတ်ပါလား ။
ဒီ မူးယစ်ဆေးဝါးကို သုံးစွဲမိသူဟာ သူနဲ.တကွမိဘဆွေမျိုး- အို-- လူမျိုးတစ်မျိုး
လုံးကိုပါ ဘဝဆုံးတဲ့အထိ နစ်နာထိခိုက်စေတဲ့အတွက် ဒီမူးယစ်ဆေးဝါးတွေကို
ကလေးတို.အနေနဲ. ဝေးဝေးးရှောင်နိုငပါမှ ကလေးတို.ရဲ့ဘဝခရီးဟာလည်း မှန်
ကန်ဖြောင့်မတ်ပြီး အနာဂါတ်မှာ တောက်ပြောင်တဲ့ ကြယ်လေးတွေ ဖြစ်ထွန်း
လာနိုင်မှာဖြစ်ပါတယ် ။
ကလေးတို.ရေ----“ ဘိန်းပင်း ကဇော် - လှော်စာသောက်စား - ပြုသူများ -
စီးပွားပျက်မည်မှတ် ” လို. ဆိုရိုးစကားအတိုင်း အရက်သောက် ၊ ဘိန်း
( မူးယစ်ဆေး)သုံးစွဲသူများဟာ စီးပွားပျက်ရုံမကပဲကျန်းမာရေးပါထိခိုက်ပြီး
“ဘဝပါပျက်”ကြရစမြဲပါ။
ဒီကနေ. ရေပန်းစားလာတဲ့ “အဲမ်ဖတ်သမင်း” လို မူးယစ်ဆေးကို စားသုံးမိသူ
များအနေနဲ.လည်း စီးပွားပျက်ပြီး သူတို.ရဲ့ကျန်းမာရေးအတွက်ပါ အင်မတန်
ကြောက်စရာကောင်းတာကို ကုလသမဂ္ဂကျန်းမာရေးအဖွဲ.ကြီးနဲ. ကမ္ဘာတစ်
လွှားက လူသားအားလုံး သိရှိလို.မို. သတိပေးထားပြီးလည်းဖြစ်ပါတယ် ။

တကယ်တော့ အဲဒီမူးယစ်ဆေးဟာ“ပေါ်ပီ” လို.ခေါ်တဲ့ဘိန်းပင်များကအစပျိုးလာ
တာဖြစ်ပါတယ်။ ဒီဘိန်းတွေကိုသက်ဆိုင်ရာစွမ်းအားပြင်းလှတဲ့ ဓာတုဗေဒပစ္စည်း
တွေနဲ. ပေါင်းစပ်ပြီး “မက်သ်ဖက်တမင်း”ဆေးပြာ်းမျေိုးတွေ ပြုလုပ်လိုက်တဲ့အခါ
လူကို အန္တရာယ်ဖြစ်စေတဲ့ သူ.ရဲ့စွမ်းလားဟာလည်း အထွတ်အထိပ်သို.ရောက်
တဲ့တိုင်အောင် ထိုးတက်သွားပါပဲ ။

ဒီမူးယစ်ဆေးကို တစ်ကြီမ်တစခါ စားသုံးမိသူများဟာ မသုံးရရင်မနေနိုင်တဲ့အထိ
“ ဆေးစွဲ ”သွားပြီး နောက်ဆုံးတော့ “ ဘဝဆုံးတဲ့အထိ ” ပျက်စီးသွားတယ်လို.
သိရပါတယ် ။ ဆေးစွဲသူရဲ့ အသိဉာဏ်နဲ. အတွေးအခေါ်တွေဟာလည်း လုံးဝ
ပျက်စီးသွားရုံမက ကိုယ်ခံစွမ်းအားများပါ တဖြည်းဖြည်း ပျက်သုဉ်းသွားတယ်လို.
ဆိုပါတယ် ။ အဲယဒီနောက် အားအင်များ ဆုတ်ယုတ်လာသလို လူဟာလည်း နုံး
ခွေ ချိနဲ.ပြီး မသွားချင် မလာချင် ၊ မလုပ်ချင် မကိုင်ချင်နဲ. နောက်ဆုံး လူ.ဘဝ
ကိုအရှုံးပေးကာ တမလွန်ဘဝကို အရုပ်ဆိုးစွာထွက်ခွါသွားကြရရှာပါတော့တယ်။
ဒါ့ကြောင့် ဒီကနေ.လူငယ်လေးများအနေနဲ. ဒီလိုကြောက်စရာအင်မတန်ကောင်း
တဲ့ မူးယစ်ဆေးတွေနဲ.ကင်းအောင် ဝေးဝေးရှောင်ကြရမှာဖြစ်ပါတယ် ။

ဒါ့အဖြင် ဒီ မူးယစ်ဆေးဝါးတွေကို နှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ကလေး
တို.အနေနဲ. တတ်နိုင်တဲ့ကဏ္ဍမှ ပါဝင်ကူညီကြရန်လည်း လိုအပ်ပါတယ်။ “ အို--
ကလေး လူငယ်တွေပဲ ဘယ်လိုကူညီနိုင်မှာလဲ” လို.တော့ စောဒကမတက်လိုက်
ပါနဲ.ကွယ် ။
လူသားတွေကို ဒီလို ဒုက္ခပေးနေတဲ့ အဲဒီ မူးယစ်ဆေးတွေကို နိုင်ငံအများက
နှိမ်နင်း တိုက်ဖျက်နေပြီ ဆိုတာကိုလည်း အားလုံးသိပြီးကြပါပြီနော် ။
အဲ-ကလေးတို.အနေနဲ.လည်း ဒီလိုကြောက်စရာအင်မတန်ကောင်းလှတဲ့ မူးယစ်
ဆေးဝါးတွေကို ဝယ်ယူစမ်းသပ် အသုံးပြုခြင်းက ရှောင်ကြရမှာဖြစ်သလို ရောင်း
ဝယ် သုံးစွဲနေသူတွေကို တွေ.ရင်လည်း သက်ဆိုင်ရာကိုအသိပေး တိုင်ကြားခြင်း
အားဖြင့် ကူညီရမှာဖြစ်ပါတယ် ။
ဒီလိုပါပဲ ကလေးတို.ရဲ့ ဆွေမျိုးသားချင်းတွေပါ ဒီမူးယစ်ဆေး ရောင်းဝယ်နေတာ
ရှိရင် ဒီမူးယစ်ဆေးဝါးရဲ့ ကြောက်စရာ့ အန္တရာယ်တွေအကြောင်းနဲ. ပိုက်ဆံတွေ
တအားရရှိချမ်းသာပြီး မိမိတို.ရဲ့ ဆွေမျိုး - မိမိတို.ရဲ့ လူမျိုး-မိမိရဲ့ နိုင်ငံနဲ.မျိုးရိုး
ကိုပါ ထိခိုက်ပျက်စီးကုန်စေမယ်ဆိုရင် အဲဒီပိုက်ဆံချမ်းသာတာတွေကကော ဘာ
မျှ အဓိပ္ပါယ်မရှိတော့ဘူးဆိုတာရယ် - နောက်မှ နောင်တရမယ့်အစား အခု က
တည်းက အသိတရားလေးတွေနဲ. ဆင်ခြင်ကြနိုင်ရေးအတွက် ကလေးတို.က
သတိပေး ညွှန်ပြရမှာနော် ။
အဲ--တစ်ချို. လူကြီးတွေ ဆိုပေမဲ့ အသိတရားတွေ ရှိချင်မှရှိကြမှာ - ဒါ့ကြောင့်ပဲ
ကလေးတို.က အဲဒီလို “ပိုက်ဆံချမ်းသာရန်” တစ်ခုတည်းကိုသာ သိတတ်ကြတဲ့
လူကြီးတွေကို ကလေးတို.က သေချာ ရှင်းပြဖို.လိုပါတယ် ။ မသမာတဲ့ စီးပွားရှာ
မှုလုပ်ငန်းမှရှောင်ရှားကြဖို.ကိုလည်း တိုက်တွန်းအကြံပြုပေးကြရမှာဖြစ်ပါတယ်။

ဒီကနေ. လူငယ် လူရွယ်လေးများရဲ့ တောက်ပြောင်တဲ့ အနာဂါတ်ကို ရရှိရေးမှာ
အဲဒီ ကြောက်စရာအလွန်ကောင်းလှတဲ့ “မူးယစ်ဆေး”မှ ဝေးဝေးရှောင်နိုင်ကြပြီး
အနာဂါတ်ရဲ့ ခေါင်းဆောင်ကောင်းလေးတွေ ဖြစ်ကြပါစေကွယ် ။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ---

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter