ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, October 31, 2010

သတင်းလည်း ကျွတ်ပေါင်းများပြီ

ဒီ “ သီတင်းလည်းကျွတ်ပေါင်းများပြီ ” ဆိုတဲ့ ဟာသ ဇာတ်လမ်းလေးကို ဟိုး--လွန်ခဲ့တဲ့တစ်ချိန်က
“ စန္ဒာမဂ္ဂဇင်း” မှာ ရေးသား တင်ပြခဲ့ပြီး “မြန်မာ့အသံ” မှာလည်း ရေဒီယိုဇာတ်လမ်း အဖြစ်နဲ. လေး-
ငါးနှစ်လောက် ဆက်တိုက် အသံလွှင့်ခဲ့ပြီးဖြစ်ပါတယ် ။ နားဆင်ဖူးပြီးသူများရှိကြမှာဖြစ်ပါတယ် ။

ခုတခါ ဒီကနေ. လူငယ်လူရွယ်လေးတွေအတွက် ပြန်လည် တင်ဆက်လိုက်ပေး
လိုက်ခြင်းပဲဖြစ်ပါတယ် ။ “ သီတင်းလည်း ကျွတ်ပေါင်းများပြီ ” တဲ့- -- ဟာသ
ဇာတ်လမ်းလေးရဲ့ ဖြစ်စဉ်အကျဉ်းကဒီလိုပါ ------
“ကိုမောင်မောင်တာ” ဆိုသူ လူပျိုကြီး -
- သူတစ်ပါးကိုညှာတတ်လွန်းလို. ရင်းနှီးသူတွေက သူ.ကို “ ကိုမောင်ညှာ” တဲ့
- ငဲ့ရ - ညှာရ လွန်းလို.လည်း လူပျိုကြီးဖြစ်နေတာလေ -
- အဲ- ဒီ သီတင်းကျွတ်မှာတော့ သူ.အမေက မိန်းမပေးစားတော့မယ်တဲ့ -
- သူ.ခမြာ ဝမ်းသာလွန်းလို. - အမေ့ဆီက သံကြီုးစာရတာနဲ. ခွင့်ယူလိုက်တယ်
- အလုပ်က နယ်မှာ ဆိုတော့ ရန်ကုန်ကို အထူးရထားနဲ. အချိန်မီပြေးရတာပေါ့
- သူ.ထိုင်ခုံနဲ.မျက်နှာချင်းဆိုင်မှာ အသက် ၂၀ ကျော် မိန်းကလေးနဲ. သူ.အမေ
- ကောင်မလေးခမြာအနေအထိုင်ခက်နေတာကို သူကရိပ်မိပြီး သနားသွားတယ်
- ကောင်မလေးကို ငဲ့ညှာတဲ့အနေနဲ. သူ.ကိုအားမနာဖို. မရှက်ဖို.-သူ.မှာမိန်းမ
နဲ. ကလေးတွေ ရှိပြီးမို. ညီမလေးတစ်ယောက်လို သဘောထားတယ်ပေါ့
- ပြောကြဆိုကြ-ရင်းနှီးသွားတော့ အမေလုပ်သူက စပ်စုတယ် ဘာကိစ္စနဲ.ဘယ်
ကိုသွားမှာလဲ တဲ့--
- သူ.အမေက မိန်းမပေးစားဖို.ခေါ်လို.သွားတာ--လို.လွှတ်ကနဲ ပြောမိရော
- ဟင်-ခုနကပဲ မိန်းမရှိတယ် - အခု အမေပေးစားမယ့်ယူဖို. သွားတယ်- ဒါဆို
မင်းက ငါးရံ့နှစ်ကောင်ဖမ်းမလို.ပေါလေ- လို. အမေလုပ်သူကပြောတယ်
- မဟုတ်ပါ- ဒီကိစ္စ အမေ့ကိုရှင်းပြဖို. သွားတာပါ ပေါ့ - သူကပြန်ရှင်းပြတယ်
- ဒီလိုနဲ. ရန်ကုန်ရောက်လာတယ် ။
- ဘူတာကြီးမှာ သူ.မိဘတွေနဲ.- စေ့စပ်ထားတဲ့ သူရဲ့မိဘတွေလာကြိုနေကြတာ
တွေ.ဆုံကြတယ်---
- သူနဲ.စေ့စပ်ထားတဲ့သူက ရထားပေါ်မှာတွေ.ခဲ့တဲ့ ကောင်မလေးဖြစ်နေပါရော-
ကဲ ကလေးတို.ရေ--ဇာတ်လမ်းလေးဘယ်လိုဆုံးလဲ- ရေဒီယိုလေးဖွင့်ပြီးနား
ထောင်ကြည့်လိုက်ပါလားကွယ်-နော် -
ဒီဇာတ်လမ်းလေးမှာ -မြန်မာ့အသံ အဖွဲ.သားများနဲ.
ကွယ်လွန်သွားကြရှာပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီးကြီးဒေါ်မေသစ်-ဒေါ်မေနွဲ.တို.ပါ
နဲ. ရုပ်ရှင်မင်းသမီးများ ဝင်သရုပ်ဆောင်ထားကြပါတယ်----


ရွှင်လန်းချမ်းမြေ့ကြပါစေ


No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter