ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, October 28, 2010

ကျောက်ခေတ်လူသား မြန်မာများ

ို လူငယ်လေးများရဲ့ တောင်းဆိုချက်အရ လူသားမျိုးနွယ်အစ မြန်မာက ဆိုတဲ့ ဆောင်းပါးအဆက်ဖြစ်တဲ့ ကျောက်ခေတ်လူသား မြန်မာများ အကြောင်းကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ။

ကလေးတို.ရေ-- ပညာရှင်များရဲ့ လေ့လာ သုတေသနပြုချက်အရ မြန်မာနိုင်ငံ ရှေးဟောင်းကျောက်ခေတ်လူသားများသည် ပီကင်းလူ လို.ခေါ်တဲ့ မွန်ဂိုမျိုးရင်း တို. နဲ.တန်းတူ ခေတ်ပြိုင်နေထိုင်ခဲ့ကြသတဲ့။ ဒါ့ကြောင့်လည်း အဲဒီ ပီကင်းလူ လို.ခေါ်
တဲ့ မွန်ဂိုမျိုးရင်းနဲ. ဂျားဗားမင်း တို.မှ မြန်မာ့ကျောက်ခေတ်လူသား တို. ဆင်းသက်ပေါက်ပွားလာကြတယ်ဆိုတာမဖြစ်ကြောင်း ထင်ရှားတယ်လို.ဆိုပါတယ် ။

မြန်မာနိုင်ငံရှိ ရှေးဦးလူတို. အသက်မွေးနေထိုင်ပုံသည် ဂျာဗား- တရုတ် - အိန္ဒိယမြောက်ပိုင်းစတဲ့ အာရှအရှေ.ပိုင်းနိုင်ငံတို.
မှာပေါ်ထွန်းခဲ့တဲ့ ရှေးဦးလူသားတို. နေထိုင်ခဲ့ပုံနဲ.ဆင်တူကြောင်း (The Stone Age of Burma ) မှာ ပညာရှင်များ ရေးသားထားတာတွေ.ရပါတယ် ။ ဒီလိုအခိုင်အမာရေးသားနိုင်တာကလည်းသုတေသနပညာရှင်ကြီးများအနေနဲ. မြန်မာနိုင်ငံမှာ တူးဖေါ်တွေ.ရှိခဲ့တဲ့ ကျောက်သား လက်နက် ပစ္စည်းကိရိယာများကို အသေအချာလေ့လာစစ်ဆေးနိုင်ခဲ့တဲ့ကျေးဇူးကြောင့်ဖြစ်ပါ
တယ် ။

မြန်မာနီုင်ငံအတွင်း အစောဆုံးသော ကျောက်ခေတ်လူသားတို.သည် ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ အညာသားယဉ်ကျေးမှု (Anyathian Culture) ကျောက်လက်နက်များကို ပြုလုပ်ခဲ့ကြသူများဖြစ်ပါသတဲ့ ။ ကျောက်လယ်ခေတ်လို. ခန်.မှန်းရတဲ့ လွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀၀ မှ ၇၀၀၀ အကြားလောက်က မြန်မာပြည်ရှိတောင်ပေါ်ဒေသ အနှံ.အပြားမှာ လူတို.နေထိုင်
်ခဲ့ကြပါတယ် ။ ပေ ၅၀၀၀ မြင့်တဲ့ ရှမ်းကုန်းပြင်မြင့်မှာ လူသားတို.နေထိုင်ခဲ့ကြတဲ့ အထောက်အထား များစွာကိုတွေ.ရပြီး ရေပေါများတဲ့အတွက် လူတို.နေနိုင်ကြောင်းကိုလည်း အင်းလေးကန်က သက်သေထူနေတယ်လို.ဆိုပါတယ်။

ရေခဲခေတ်နဲ. လူသားတို.အခြေအနေ ကိုလည်း ဆရာကြီး ဒေါက်တာသန်းထွန်းက မြန်မာရာဇဝင် စာတမ်းမှာတင်ပြထားပါ
တယ် ။ မြန်မာပြည်အထက်ပိုင်းအညာသားများ သည် လွန်ခဲ့သော နှစ် ၄၀၀,၀၀၀ လောက်ကတည်းက ဒီကမ္ဘာပေါ်မှာ ရှိခဲ့ကြပြီဖြစ်ပါတယ် ။ ဒုတိယရေခဲခေတ် ခေါ် မိန်ဒယ်(Mindel) ကာလအတွင်းမှ ရှေးဦးလူများကို ပညာရှင်များက ပီသေကန်သရိုပတ် (Pithecanthropus လို. ခေါ်ကြပါတယ် ။ အဲဒီက အနှစ်တစ်သိန်းကြာတဲ့ အခါ ဒုတိယရေခဲ
ခေတ်လွန်ဖြစ်တဲ့ ကြားကာလကိုရောက်လာပြီး အဲဒီနောက်မှ ( Riss ) လို.ခေါ်တဲ့ တတိယရေခဲခေတ်ကိုရောက်ပါသတဲ့။

ဒါပေမဲ့ အဲဒီရေခဲပြင်ကြီးဟာ မြန်မာပြည်ထဲကိုရောက်မလာပဲ အအေးဒဏ်လောက်သာ ခံရတယ်ဆိုပဲ ။ အစာရေစာ အင်မ
တန်ရှား ပြီးတဲ့ နောက် အနှစ် ၄၀၀၀၀ကျော်မှ ၈၀၀၀၀ ကျော်အထိ ကာလမှာ စတုတ္ထ ရေခဲခေတ် ကိုရောက်လာပြန်တယ်။ အအေးလွန်ကာလဖြစ်ပြီး အဲဒီကာလကုန်ဆုံးချိန်မှစပြီး တစ်စတစ်စနွေးလာတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ လောက်ကစပြီး အခုလက်ရှိရာသီဥတုနဲ.တူတဲ့ ရာသီမျိုးကိုရောက်လာတယ်လို.ဆိုပါတယ် ။ ဒီအချိန်မှာ အညာဒေသရဲ့ ကျောက်လက်နက် အသစ်တွေကိုတွေ.ရပါတယ် ။ ဒီလိုတွေ.ရှိချက်အရ နှောင်းခေတ်အညာဒေသယဉ်ကျေးမှု လို. ခေါ်ဆိုပြန်ပါတယ် ။

မိုးရေချိန်ကလည်း အခုထက် သုံးဆလောက်ပိုမယ်လို.ယူဆပါတယ် ။ ဧရာဝတီမြစ်သည်လည်း ကျယ်လွန်းလှတာကြောင့် မဟာဧရာဝတီ မြစ်ဖြစ်တယ်လို. ဆိုနိုင်ပါသတဲ့ ။မီးကို အစောဆုံး စတင်တွေ.ရှိ အသုံးပြုသူများသည်လည်း ပီသေကန်
သရိုပတ် (Pithecanthropus များပင်ဖြစ်ပါတယ် ။ ဒါပေမဲ့ မီးမမွှေးတတ်သေးပဲ မီးမငြိမ်းအောင်တော့ ထိန်းတတ်
နေပါပြီ ။ တစ်ချိန်တည်းမှာပဲ အနောက်နိုင်ငံတွေမှာ ပီသေကန်သရိုပတ် (Pithecanthropus များထက် အဆင့်မြင့်တဲ့
နေယန်ဒါသယ် (Neanderthal) ပေါ်ပေါက်နေပြီဖြစ်ပါတယ် ။ အဲဒီနောက် ပလိုင်စတိုအင်းယုဂ် လို.ခေါ်တဲ့ ကျောက်ချောခေတ် ကိုရောက်လာပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ စိုက်ပျိုးရေးနဲ. အမဲ-သား-ငါးများကို ရှာဖွေ ချက်ပြုပ်စားနေကြပြီး စုဝေးနေထိုင်ခြင်း- နည်းနာများ သတ်မှတ်ကျင့်သုံးခဲ့ပြီဖြစ်ပါသတဲ့ ။

ကလေးတို.ရေ--- အခု ဆက်ပြီး အညာသား လို.ခေါ်တဲ့ ရှေးဦးမြန်မာလူမျိုးများ အကြောင်းကိုလေ့လာကြည့်ကြရ
အောင်နော် ။

ပီသေကန်သရိုပတ် (Pithecanthropus လို.ခေါ်တဲ့ ကျောက်ခေတ်သစ်လူမျိုးအဆင့်မရောက်သေးတဲ့ ရှေးဦးလူမျိုး
တစ်မျိုးကို ပီကင်း နဲ. ဂျာဗားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၄၀၀၀၀ ကစပြီး တွေ.ရှိခဲ့ပါသတဲ့ ။ အဲဒီလူမျိုးတွေနဲ. အလား
တူတဲ့ ရှေးဦးလူမျိုးတစ်မျိုးသည်လည်း မြန်မာနိုင်ငံအလယ်ပိုင်းမှာနေထိုင်ခဲ့ကြပါတယ် ။ သူတို.ကို “အညာသား” လို. အမည်ပေးခဲ့သလို သူတို.ရဲ့ ယဉ်ကျေးမှုကိုလည်း “ အညာသားယဉ်ကျေးမှု ” လို.အမည်ပေးခဲ့ပါသတဲ့။
အဲဒီ အညာသား များက စပြိး ဆင့်ကဲ ဆင့်ကဲ ဖြစ်စဉ်အရ “ ခေတ်သစ်လူ များ ( ဟောမောသမီယန်များ ) ဖြစ်လာကြတယ်လို.ဆိုပါတယ် ။

ကမ္ဘာ့လူမျိုးကြီးသုံးမျိုးအနက် မွန်ဂိုလွိုက် အမျိုးသည် လွန်ခဲ့တဲ့ အနှစ် ၄၀၀၀၀ လောက်မှစပြီး မြန်မာပြည်မှာ နေခဲ့ကြ
တယ် လို. ပညာရှင်များက ယူဆကြပါတယ်။ ဒီ မွန်ဂိုလွိုက် မှာပဲ မြောက်ဘက်အမျိုး - တောင်ဘက်အမျိုး - သမုဒ္ဒရာ
ထဲရှိ ကျွန်းများကအမျိုး - အမေရိကဘက်ကိုရောက်သွားတဲ့ အမျိုးဆိုပြီး ခွဲခြားထားရာမှာ မြန်မာပြည်မှာနေခဲ့ကြတဲ့ မွန်ဂိုလွိုက် တွေက တောင်ဘက်နေအမျိုးများဖြစ်တယ်လို. သတ်မှတ်ကြပါတယ် ။ လူများသည်လည်း ကိုယ့်အုပ်စုနဲ.ကိုယ်နေကြသလို အခြားအုပ်စုများနဲ. အဆက်ပြတ်နေခဲ့ကြတယ်။ ဂူတွင်းနေပြီး စိုက်ပျိုးရေးနဲ. မုဆိုး တံငါ လုပ်ငန်းနဲ. အသက်မွေးကြပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၁၀၀၀၀ မှစပြိး တောင်ပေါ်ဂူများကိုစွန့်ပြီး မြေသြဇာကောင်းတဲ့ လွင်ပြင်ဒေသကို ဆင်းလာခဲ့ကြတယ် ။ စိုက်ပျိုးရေးနဲ. မွေးမြူရေးကို အဓိကလုပ်လာကြပါတယ် ။ ဒီ အနှစ် ၁၀၀၀၀ မှ ၂၀၀၀ အထိ ကာလကို ပညာရှင်များက “ချဲ.ထွင်ရေးကာလ” လို. သတ်မှတ်ပါတယ် ။ အနှစ် ၂၀၀၀ အတွင်းပိုင်း အချိန်ကာလမှာ အားပြိုင်ကာလ လို. ယူဆကြပြီး အရှေ.တောင်အာရှဒေသ သို. တရုတ်ယဉ်ကျေးမှု - မဇ္ဈိမဒေသယဉ်ကျေးမှု နဲ. ဥရောပယဉ်ကျေးမှုများဖေါက်ထွင်း ဝင်ေ၇ာက်လာချိန်ဖြစ်တယ်လို.ဆိုပါတယ် ။

ကဲ - ဒါလောက်ဆို ကလေးတို.လည်း ကျေနပ်လိမ့်မယ်လို.မျှော်လင့်ပါတယ် ။ မြန်မာအစ တကောင်းက ဆိုတဲ့ စိတ်ဝင်
စားစရာ အကြောင်းလေးကိုတော့ နောက်တစ်ပါတ်မှနော် ။

(ဆရာဦးသိန်းထွတ်ရဲ့ ဗုဒ္ဓနှင့် မြန်မာလူမျိုးများ စာအုပ်ကိုမှီးကာ လူငယ်များသဘောပေါက်စေရန် ပြန်လည် ရေးသား ဖေက်ြသယ်ချ တင်ပြလိုက်ခြင်းသာပါ)

အားလုံးရွှင်လန်းးချမ်းအေမြ့ကြပါစေ---

ကလေးတို.ဆရာမ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter