ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, October 10, 2010

လူသားမျိုးနွယ်အစ- မြန်မာက

မင်္ဂလာပါ ကလေးတို.ရေ -
အခုလို မင်္ဂလာရှိလှတဲ့ နှစ်ဦးကာလ အချိန်သမယမှာ ကလေးတို.နဲ. ပြန်လည် တွေ.ဆုံ ခွင့်ရတာကိုကမင်္ဂလာရှိလှပါတယ်ကွယ်။ ဒါ့ကြောင့် ဒီလိုမင်္ဂလာအပေါင်းနဲ.ပြည့်စုံလှတဲ့
အခါသမယမှာ မင်္ဂလာရှိတဲ့အကြောင်းအရာလေးတွေကို ရွေးချယ်တင်ပြဆွေးနွေးကြရ
အောင်နော်  ။ ဆရာမ  ရွေးချယ်တင်ပြ ဆွေးနွေးသွားမယ့်  အကြောင်းအရာလေးတွေနဲ.
ပတ်သက်ပြီး ကလေးတို.အနေနဲ.နာားထာင်နေရုံသက်သက် မဟုတ်ပဲ မိမိတို.ရဲ့ထင်မြင်
ယူဆ ချက်လေးတွေ -  မရှင်းလင်းတဲ့ အချက်လေးတွေနဲ. မိမိတို.ရဲ့ အတွေးအခေါ်လေး
တွေ ကို ပြန်လည်တင်ပြ မေးမြန်းဆွေးနွေးကြဖို.ကိုလည်း ဖိတ်ခေါ်ပါရစေကွယ် ။  ဒီနေ.
ကလေးတို.ကို တင်ပြဆွေးနွေးသွားဖို.  “ လူသားမျိုးနွယ်အစ - မြန်မာက” ဆိုတဲ့ ခေါင်း
စဉ်လေးကိုရွေးထားပါတယ်  ။  ဒီခေါင်းစဉ် ကိုကြားရတဲ့  ကလေးတို. အနေနဲ. အတော်
လေးကို အံ့သြသွားကြလိမ့်မယ်လို.လည်းထင်မိပါတယ် ။ မအံ့သြပါနဲ.ကွယ် -  ဒီဖြစ်စဉ်
ဟာ စိတ်ကူးယဉ်ပြီး  အက္ခရာတင် ရေးသားခဲ့ကြတာမဟုတ်ပဲ  အမှန်  တကယ်ြ ဖစ်ရပ်
တွေဆိုတာကို ဆက်ပြီးရှင်းတင်ပြပေးပါ့မယ်။
ကလေးတို.ရေ -- ရှေးခေတ်နဲ.ဒီကနေ.မျက်မှောက်ခေတ် သုတေသနပညာရှင်ကြီးများ
က  အဆင့်ဆင့်  လေ့လာခဲ့ကြတဲ့  တကယ့်ဖြစ်ရပ်မှန်တွေပါ ။   တကယ်တော့ ဟောဒီ ကမ္ဘာ့မြေပြင်ပေါ်မှာ ပေါ် ပေါက်ခဲ့တဲ့ သတ္တအရင်းအမြစ်တွေကို ဆက်လက်သုတေသန
ပြုခဲ့ကြတယ် ။ Primate လို.ခေါ်တဲ့ကျောက်ဖြစ် ရုပ်ကြွင်းများကို တွေ.ရှိ လေ့လာရာက လူသားမျိုးနွယ်အစကို ဆက်လက်လေ့လာနိုင်ခဲ့ကြခြင်းဖြစ်ပဲပါတယ် ။  အဲဒီလူသားမျိုး
နွယ်အစ ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကို အာဖရိကတိုက်မှာရှိတဲ့ အီဂျစ်
နိုင်ငံမှာအစောဆုံးတွေ.ရှိခဲ့ပြီး သက်တမ်းမှာလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃-သန်းလို.ဆိုပါတယ်။
အာရှတိုက် ထိုင်းနိုင်ငံမှာလည်း အဲဒီလူတူ(Primate) လူတူကျောက် ဖြစ်ရုပ်ကြွင်းတွေကို
တွေ.ရတယ် - သက်တမ်းကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇ - သန်းက ဖြစ်ပါသတဲ့ ။ တရုပ်
နိုင်ငံမှာတွေ.တဲ့ လူတူ ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ သက်တမ်းကတော့
လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇ နဲ.၃၈ -သန်း ကဖြစ်ပြီး အရွယ်အစားက မြေကြွက်လောက်သာရှိ
တဲ့အတွက် ပညာရှိများက လူတူ ( Primate ) လူတူကျောက်ဖြစ် ရုပ်ကြွင်းအဖြစ် လက်မခံ
ခဲ့ကြဘူးလေ ။
အခုနောက်ဆုံး ကမ္ဘာ့ပညာရှင်များက ဒေါ်လာ သန်းပေါင်းများစွာ အကုန် ခံရှာဖွေရာမှာ
မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ပုံတောင်ဒေသမှတွေ.လာရတဲ့( Primate)လူတူကျောက်
ဖြစ် ရုပ်ကြွင်းတွေကတော့ သက်တမ်းအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း  သန်း ၄၀ - ကျော်က
ဖြစ် သလို မျောက်လွှဲကျော် အရွယ်အစားဖြစ်တဲ့အတွက် ပညာရှင်များလက်ခံကြပါသတဲ့။
ကလေးတို.ရေ --  - တို. မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ပုံတောင် နဲ.ပုံညာဆိုတဲ့ တောင် တန်းကြီး နှစ်သွယ်ကို ကမ္ဘာကလည်း သိကြ ပါသတဲ့  ။  အဲဒီ  ပုံတောင်နဲ. ပုံညာဒေသက
တွေ.ရှိခဲ့တဲ့ ( Primate )လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ.ပတ်သက်ပြီး အမေရိကန်ပညာ
ရှင်များဖြစ်ကြတဲ့ G. E. Pilgrim  နဲ. Dr. H. E . Colbert  တို.က အတိအလင်း ရေးသား  အ
တည်ပြု ခဲ့ကြခြင်းလည်းဖြစ်ပါတယ် ။ လူသားမျိုးနွယ်ရဲ့ မူလအစကိုလေ့လာရာမှာများစွာ အထောက်အကူဖြစ်စေမယ့် မြန်မာနိုင်ငံပုံတောင်ဒေသမှ တွေ.ရှိခဲ့တဲ့ “ (Primate)  လူတူ ကျာက်ဖြစ်ရုပ်ကြွင်းများရဲ့ သက် တမ်းဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ - ကျော်က ” ဆိုတဲ့ အ
ချက်နဲ. ပတ်သက်ပြီး ပိုမိုတိကျခိုင်မာတဲ့ အထောက်အထားများရရှိ စေရန်ကြိုးပမ်းခဲ့ကြ
ရာမှာ ၁၉၉၈ -ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံသို.လာရောက်ကွင်း ဆင်းလေ့လာခဲ့ကြ တဲ့ ပြင်သစ် နိုင်ငံပါရီမြို.ရဲ့University တစ်ခုမှပါမောက္ခတစ်ဦး ခေါင်းဆောင်တဲ့ (Primate) လူတူ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် များအဖွဲ.ကလည်း သူတို.အနေနဲ. အီဂျစ်နိုင်ငံမှာ
တွေ.ရှိခဲ့တဲ့ ( Primate )  လူတူကျောက်ဖြစ်ရုပ်ကြွင်းများထက် နှစ်ပေါင်း  သန်းပေါင်း   ၇ -
သန်း ပိုမို ရှေးကျကြောင်း ပြင်သစ်နိုင်ငံထုတ် သတင်းစာများမှာ ဖေါ်ပြပြီး  ကမ္ဘာသို. အ
သိပေးကြေ ညာခဲ့ပြီးဖြစ်တဲ့အတွက်“လူသားမျိုး နွယ်အစ မြန်မာက( Man Originated in
Myanmar)” လို. ကမ္ဘာ့အလယ်မှာ ဂုဏ်ယူ ဝင့်ကြွားနိုင် ခြင်းဖြစ်ပါတယ် ။
ကလေးတို.ရေ --ဒီလို ကမ္ဘာပေါ်မှာ အစောဆုံး အဆင့်မြင့် ( Primate ) လူတူ ကျောက်ဖြစ်
ရုပ်ကြွင်းများ စတင်ပေါ်ပေါက်ရာတို.များ မြန်မာ့နယ်မြေက ပုံတောင်ဒေသဟာဖြင့် ကမ္ဘာ့
အလယ်မှာ ဂုဏ်ယူစရာမဟုတ်ပါလားကွယ် ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter