ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, October 7, 2010

“အကြောက်ရဆုံး အနီးကပ်ရန်သူ”

ကလေးတို.ရေ--

ဒီတစ်ခေါက်တော့ ကလေးတို.အတွက် “အကြောက်ရဆုံး အနီးကပ်ရန်သူ” ဆိုတဲ့ ပုံပြင်လေးကို ရွေးထားပါတယ် ။
ကလေးတို.ရေ-- တကယ်တော့ တို.များလူသားတွေမှာ ရန်သူတွေက ဝိုင်းဝိုင်းလည်နေပါတယ် ။ “ ရန်သူမျိုး
၅ ပါး” တဲ့ ကလေးတို. ကြားဖူးမှာပါနော်။

ရေဘေး- လေးဘေး- မီးဘေး- သူခိုးဘေး- မင်းစိုးရာဇာဘေး- မိမိကို မုန်းသူ( မချစ်မနှစ်သက်သူ ) တို.ရဲ့ဘေး
တွေပါ။ အဲဒီ ရန်သူမျိုး ၅ ပါးဟာ အချိန်မရွေး မိမိကို လာရော့က် နှိပ်စက်နိုင်တာကြောင့် အမြဲလိုလို သတိထား
ဂရုစိုက်နေကြရတယ်လေ။

စူနာမိငလျင်တို. နာဂစ်မုန်တိုင်းဆိုတဲ့ သဘာဝဘေးဒဏ်တွေကြောင့် လူသားတွေ သိန်းနဲ.ချီပြီး သေကြေပျက်
်စီးခဲ့ကြရတယ် ။ နောက်ပြီး ကြက်ငှက်တုပ်ကွေူးရော၈ါ - အေအိုင်ဒီအက်စ် စတဲ့ ရော၈ါတွေကလည်း လူတွေကို
နေရာတကာ လိုက်ပြီး ဒုက္ခ ပေးနေတယ်မဟုတ်လား ။ ဒါ့အပြင် စစ်လက်နက်ပစ္စည်းတွေနဲ. ဗုံးဖေါက်ခွဲမှုတွေ
ကြောင့် သေကြရပြန်တယ် ။ ကိုယ့်အလှည့် ဘယ်တော့များ ကျရောက်လာပါ့မလဲ လို.လည်း စိုးရိမ်ပူပန်နေကြ
ရတာပေါ့ ။

အဲဒီလောက် ရန်သူတွေ ဝိုင်းဝိုင်းလည်နေပါလျက်နဲ. တချို.က ကိုယ့်ကိုယ်ကို တစ်နေ.မှာ မုချသေအောင် သတ်
တော့မယ့်“ ရန်သူ”ကို လက်ခံထားကြတယ်။“အနီးကပ်ရန်သူ”ကို မွေးထားတယ်လို ဆိုရမှာပေါ့ကွယ် ။ အဲဒီလူ
တွေကတော့မကောင်းတာကို မကောင်းမှန်းသိလျက်နဲ.“ကြိုက်လို.ပါ” - “ ဖြတ်လို.မရလို.ပါ”ဆိုတဲ့ ဆင်ခြေဆင်
လက်တွေပေး ပြီး သုံးစွဲနေကြတဲ့ “အရက်သမား -ဆေးလိပ်သမားနဲ. ဘိန်းဖြူ နံပါတ် ၄ စတဲ့ မူးယစ်ဆေးစွဲနေ
သူများပဲ ဖြစ်ပါတယ် ။

ကလေးတို.ရေ -- ဒီကနေ. လူငယ်အတော် များများကိုကြည့်လျင် ဆေးလိပ် မသောက်တတ်သူ - အရက်မ
သောက်တတ်သူရယ်လို. မရှိသလောက်ပါပဲ ။ ဆေးစွဲနေသူတွေလည်းရှီတယ်နော် ။ သူတို.ကိုမေးကြည့်ပါ
“ အရက်သောက်တာကောင်းသလား ” - “ ဆေးလိပ်သောက်တာကောင်းသလား” - “ မူးယစ်ဆေးသုံးတာ
ကောင်းသလား”လို. ။ သူတို.အားလုံးနီးပါးက “ မကောင်းဘူး” လို. ဖြေကြပါလိမ့်မယ် ။ ဒါပေမယ့် သူတို.ဖြတ်
ဖို.မလွယ်ကြဘူးလေ ။

ကဲ--ဒီအကြောင်းနဲ.ပတ်သက်ပြီး သက်ကြီးစကားတစ်ဆင့်ကြားထားတဲ့ “ ပုံပြင် ” လေးကို ပြောပြချင်ပါတယ် ။
ကလေးတို.ရေ--ရှေးရှေးက ထွက်ရပ်ပေါက်လမ်းကိုကြိုးစားနေတဲ့ ဝိဇ္ဇာတစ်ဦးမှာတပည့် တစ်ယောက်ရှိသတဲ့ ။
ဝိဇ္ဇာဖြစ်သွားတဲ့ ဆရာက သူ.လမ်းသူထွက်သွားတဲ့အခါ တပည့်ကတော့ တောကြီးထဲမှာကျန်ခဲ့တာပေါ့ ။ တစ်
န.တော့ တောအအတွင်း သစ်ခုတ်ဆင်းရာမှာ တွေ.ရတဲ့ ( လူယောင်ဖန်ဆင်းထားတဲ့ ) “ဘီလူးမ” နဲ. အတူ
ပေါင်းသင်နေလိုက်သတဲ့။

တစ်နေ့တော့ သူ.ဆရာက တပည့်ကြီးကိုသတိယပြီး အာရုံနဲ.ကြည့်လိုက်တော့ဘီလူးမနဲ.ပေါင်းဖက်နေတာကို
ိုတွေ.ရတာပေါ့။“ မဖြစ်ဘူး - ဒီကောင်တော့ ဒုက္ခရောက်တော့မှာပဲ” - ဆိုပြီး သူ.တပည့်ရှိတဲ့ နေရာကို အမြန်
သွားတယ်- “ မင်းအခုပေါင်းသင်းနေတာ ဘီလူးမ” လို.ပြောတာကို မယုံတော့-“ ကဲ မင်းမယုံရင် မင်းမိန်းမကို
သေသေချာချာကြည့် နဖူးမောက်မယ် -ဖနောက်တိုမယ် - မျက်ထောင့်လည်းနီလိမ့်မယ်” လို.ပြောသွားတယ် ။

ဆရာဝိဇ္ဇာပြန်တဲ့အခါ သူ.မိန်မကို သေချာကြည့်တယ် ။ ဟုတ်ပါတယ် လားလုံးမှန်နေတယ် - ဘီလူးမပေါ့ ။ ဒါ
ပေမဲ့ သူက“ အို- လူတူမရှားပါဘူး - တိုက်ဆိုင်တာဖြစ်မှာပါ” ဆိုပြီး ဆက်ပေါင်းနေတယ် ။ နောက်မကြာပါဘူး
ဆရာဝိဇ္ဇာပြန်ရောက်လာတယ် ။ ထင်းခုတ်သမားက “ ဆရာကြီး လာပြန်ပြီလား” လို.မေးသတဲ့ ။ ဒီတော့
“ ဟဲ့ကောင် မင်းကို ငါကယ်ဖို.လာတာ- တစ်နေ. မင်းကိုသတ်စားလိမ့်မယ် - ဒီတစ်ခါ ငါပြောမယ် - မနက်စော
စော မင်းမိန်းမနဲ.အရှေ.ဖက်ကို လမ်းလျှောက်ထွက်- နေထန်းတစ်ဖျားလောက်ရောက်ရင် ပြန်လာ- လမ်းကျ
ရင်မင်းအရိပ်ကိုတွေ.မယ်- ဘီလူးဆိုရင် အရိပ်မထွက်ဘူး” လို.ပြောခဲ့တယ်။ သူကလည်း ဒီအတိုင်းစမ်းကြည့်
တယ် ။ သူ့ဆရာပြောတဲ့အတိုင်းပါပဲ ။ သူ.အရိပ်ကိုပဲတွေ.တ်ာပါ့ ။ ဒါပေမဲ့ သစ်ပင်ကြီးတစ်ပင်အောက်ရောက
်တော့ နှစ်ယောက်စလုံး အရိပ်မထွက်တော့ဘူး- ဒီတော့“ အင်း- သူလည်းလူ- ငါလည်းလူပဲ” ဆိုပြီး ပေါင်းသင်း
မြဲပဲနေလိုက်သတဲ့ ။

ဝိဇ္ဇာကြီးကလည်း “ ကဲ- ဒီတစ်ခါ နောက်ဆုံးကယ်မယ် ။ မင်းမိန်းမ အိပ်မောကျနေတဲ့အခါ ထကြည့် ဘီလူးများ
ဟာ အိပ်မောကျနေရင် လူယောင်မဆောင်နိုင်ဘူး” လို.ပြောခဲ့သတဲ့ ။ သူလည်း ညဖက် အိပ်မောကျနေတဲ့ သူ.
မိန်မကိုကြည့်လိုကတော့ လား-လား အစွယ်ငေါငေါနဲ. ဘီလူးမကြီးကိုတွေ.တာပေါ့ ။ ဒီတော့မှ သစ်ခုတ်သမား
လည်း သူ့ရဲ့ပုဆိန် ( ပေါက်ဆိန် ) နဲ.လည်ပင်းကိုတစ်ချက်တည်း တိကနဲ ပိုင်းချလိုက်တာ ဘီလူးလည်းပျောက် -
သူဖန်ဆင်းထားတဲ့အိမ်လည်းပျောက်ပြီး သစ်ခုတ်သမားလည်း လွင်တီးခေါင်ထဲ တစ်ယောက်တည်း ကျန်ခဲ့သ
တဲ့ကွယ်။

ကဲ--ကလေးတို.လည်း ကိုယ့်ကို သနားတဲ့မေတ္တာစိတ်နဲ. လူကြီးတွေက“ မင်းတို. သုံးစွဲနေတဲ့ မူးယစ်ဆေးတို.-
ဆေးလိပ်တို. -အရက်တို.ဟာ တစ်နေ.မင်းတို.ကို သတ်လိမ့်မယ်” လို.ပြောဆို သတိပေးတဲ့အခါ “လာပြန်ပြီ
လား” လို.မတွေးယူကြပဲ “အော်- ငါတို.ကို စေတနာကောင်းနဲ.သတိပေးတာပါလား” လို.သဘောပေါက် နား
လည်ပြီး“ မင်ူတို.ရဲ့ ပေါက်ဆိန်ကို “ထက်”နေအောင် သွေးထားပြီး “အပြတ်ခုတ်ပြစ်နိုင်ကြပါစေ” လို. ဆု
တောင်းလိုက်ပါတယ်ကွယ် ။
မိမိကို ပူးသတ်မယ့် “အနီးကပ်ရန်သူက အကြောက်ရဆုံး”ဆိုတာကိုလည်းမမေ့ကြနဲ့နော် ။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter