ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, September 29, 2010

Hi ! Hello နဲ. မင်္ဂလာပါ

အခုတင်ပြမယ့် အကြောင်းအရာမှာ တတ် - သိ- လိမ္မာပြီးပြီဖြစ်သော “လူကြီးများ”နဲ. မသက်ဆိုင်ပါ ။
သားသမီး - တပည့် အရွယ် လူငယ် လူရွယ်လေးများ အတွက်သာဖြစ်ပါကြောင်း ------

ကလေးတို.ရေ --- ဟောဒီလောကကြီးမှာနေထိုင်ကြသူ တို.များ လူသားအားလုံး
လိုလိုမှာ “နှုတ်ဆက်စကား” ဆိုတာရှိကြတယ်နော် - ဒါလည်းလူတိုင်းသိပြီးသား
ဖြစ်ပါတယ် ။ တို.များ “မြန်မာလူမျိုး” တွေ အနေနဲ. တစ်ယောက်နဲ.တစ်ယောက်
ဆုံတွေ.မိကြတဲ့အခါ(ထုံးစံအရ)နှုတ်ဆက်လေ့ရှိတာကတော့ “နေကောင်းလား” -
“နေကောင်းပါတယ်နော် ” တဲ့ ။

အဲ--ခေတ်တွေပြောင်းလာတဲ့အခါ လူတွေကလည်းအမြင်တွေကျယ်လာပြီး( ပြော
ရမယ်ဆိုရင်တော့ - တို.များရဲ့ စာသင်ကျောင်းတွေကစခဲ့တဲ့) နှုတ်ဆက်စကား က
“ မင်္ဂလာပါ” တဲ့ ။ အင်မတန် ချစ်စရာကောင်းပါတယ် ။ လူကြီး-လူငယ်- အရွယ်
မရွေး - အချိန်မရွေး သုံးနိုင်တယ်လေ ။ မြန်မာ့ယဉ်ကျေးမှုနဲ.လည်း ကိုက်ညီနေ
ပါတယ် ။

ကလေးတို.ရေ --- ဒီကနေ.(မကြာခန မြင်တွေ.-ကြားသိနေရတဲ့) သုံးနေကြတဲ့
“ Hello” ဆိုတဲ့ နှုတ်ဆက်စကားကလည်း ၊ အင်မတန် “ယဉ်ကျေးပါတယ်”လို.
ဆိုနေကြတဲ့ လူမျိုးကြီးဝါဒသမား “အင်္ဂလိပ်” များရဲ့ လက်စွဲ စကားဖြစ်ပါတယ် ။

အဲ--ကလေးတို.ကပြောပေလိမ့်မယ် - “ Hi ” ဆိုတာကကော--လို.လေ ။
မှန်ပါတယ် အဲဒီ “ Hi ” ကလည်း “အင်္ဂလိပ်”စကားပါပဲ ။ တိတိကျကျပြောရရင်
တော့ အမေရိကန်တွေပြောကြတာများပါတယ် ။
“အင်္ဂလိပ်” နဲ.“ အမေရိကန်” က မတူကြဘူးလေ-“အင်္ဂလိပ်”ကသူတို.စကား မှန်ကန်မှုနဲ.ယဉ်ကျေးမှုကိုဦးစားပေးတယ်-“အမေရိကန်”က ဘာမှသိပ်ဂရုမစိုက်ဘူး ။
စကားဖြစ်မယ် - သူများနားလည်မယ်ဆိုရင် ပြီးရောပဲ ။ ဒါကိုတော့ ကလေးတို.
သိထားဖို.လိုပါလိမ့်မယ် ။ မိမိတို.ကြိုက်ရာ နှစ်သက်ရာကို သုံးနိုင်ကြပါတယ် ။

အဲ--ဒါပေမဲ့ ကိုယ်ပြောမယ့် “နှုတ်ဆက်စကား” ကို “မစ” ခင် နေ၇ာ နဲ.မိမိနှုတ်
ဆက်မယ့် သူရဲ့အသက်အရွယ်နဲ.အဆင့်အတန်းကိုတော့ သတိထားရပေလိမ့်မယ်။
ဒါသိပ်အရေးကြီးပါတယ် ။

လွန်ခဲ့တဲ့ သီတင်းးပါတ်လောက်ကပေါ့ ၊ အလုပ်များနေတဲ့ အချိန်မှာ ဆရာမ ရဲ့
“ဂျီတော့ခ်” မှာ “ Hi ! ” လို.ပေါ်လာတယ် ။ ကောင်လေးတစ်ယောက်ပါပဲ ။
သူ.နာမယ်ကို ဆိုက်တစ်ခုမှာ တွေ.ပြီးပြီလေ ။ ဆရာမလည်း အလုပ်ကရှုပ်နေလို.
ဖျက်ပြစ်လိုက်တယ် ။ သူသိတယ် - ဆိုက်ထဲမှာ သူပြန်ရေးလာတာက တော့
“ ခင်တတ်မယ်ထင်လို. Hi လိုက်တာပါ ” တဲ့ ။ ကဲ--အဲဒါသာကြည့်ပါတော့ ။

ဆရာမ ဆိုလိုတာကတော့ - လူကိုသေချာမသိပဲ ဒီလိုမျိုး “ Hi ” တာမလုပ်သင့်
ပါဘူး ။ ဆရာမတို. “လူကြီး” တွေတောင် - ဆိုပါစို. “ ဆရာဦးအေးငြိမ်း” တို.လို
“ဦးကိုကိုမောင်” တို.လို ပုဂ္ဂိုလ်တွေကို သွားပြီး မ “ Hi ” ရဘူးလေ ။

ဗိုလ်ဆန်ချင်လို. ဆိုရင်လည်း “Hello” ဆိုရင် တော်သေးတာပေါ့ ။

အဲ--ဒါပေမဲ့ ကိုယ်ပြောမယ့် “နှုတ်ဆက်စကား” ကို “မစ” ခင် ၊ နေ၇ာ- ရယ် မိမိနှုတ်
ဆက်မယ့် သူရဲ့ အသက်အရွယ်နဲ. အဆင့်အတန်းကိုတော့ သတိထားရပေလိမ့်မယ် ။
ဒါလည်း သိပ်အရေးကြီးပါတယ် ။
တို.များ “ဗမာလူမျိုး” တွေအနေနဲ.ကတော့ “မင်္ဂလာပါ ” ဆိုတဲ့ နှုတ်ဆက်စကားဟာ
အကောင်ဆုံးပါပဲ ။ လူကြီး - လူငယ် - အဆင့်အတန်း မရွေး နှုတ်ဆက်နိုင်တယ်။
ယဉ်ယဉ်ကျေးကျေးလေး ချစ်စရာအင်မတန်ကောင်းပါတယ် ။

အဲ-- ကလေးတို.အနေနဲ. သိသင့် သိထိုက်တာလေးမို. ပါနော် ။

ကဲ --အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter