ကလေးတို.ရေ --
အဲဒီခေါင်းစဉ်ကိုဖတ်ပြီး“သံသယ” တွေနဲ. တွေဝေမသွားပါနဲ.အုံး(ဦး) နော် ။
ရှေးခေတ်နဲ.ဒီကနေ.မျက်မှောက်ခေတ်သုတေသနပညာရှင်ကြီးများက အဆင့်ဆင့်
လေ့လာခဲ့ကြတာပါ ။ တကယ်တော့ ဟောဒီ ကမ္ဘာ့မြေပြင်ပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့
သတ္တအရင်းအမြစ်တွေကို ဆက်လက်သုတေသနပြုခဲ့ကြတယ်။
Primate လို. ခေါ်တဲ့
ကျောက်ဖြစ်ရုပ်ကြွင်းများ ကို တွေ.ရှိ လေ့လာရာက လူသားမျိုးနွယ်
အစကို ဆက်လက်လေ့လာခဲ့ကြခြင်းဖြစ်ပါတယ် ။
အဲဒီလူသားမျိုးနွယ်အစ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကို အာဖ
ရိကတိုက် မှာရှိတဲ့ အီဂျစ်နိုင်ငံ မှာအစောဆုံးတွေ.ရှိခဲ့ပြီး သက်တမ်းမှာ လွန်ခဲ့တဲ့
နှစ်ပေါင်း ၃၃ သန်း လို.ဆိုပါတယ်။ အာရှတိုက် ထိုင်းနိုင်ငံမှာလည်း အဲဒီ လူတူ
( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတွေ.ရတယ် -သက်တမ်းက
လည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇ သန်းကဖြစ်ပါသတဲ့။ တရုပ်နိုင်ငံမှာတွေ.တဲ့ လူတူ
( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ သက်တမ်း ကတော့ လွန်ခဲ့တဲ့
နှစ်ပေါင်း ၃၇ - ၃၈ သန်းကဖြစ်ပြီး အရွယ်အစားက မြေကြွက်လောက်သာ ရှိတဲ့
အတွက် ပညာရှိများက လူတူ ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်
လက်မခံခဲ့ကြဘူးလေ ။
အခုနောက်ဆုံး ကမ္ဘာ့ပညာရှင်များက ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံရှာဖွေရာမှာ
မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ပုံတောင် ဒေသမှ တွေ.လာရတဲ့ ( Primate )
လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကတော့သက်တမ်းလားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း
၄၀ ကျော်ကဖြစ်သလို မျောက်လွှဲကျော် အရွယ်အစားဖြစ်တဲ့အတွက် ပညာရှင်များ
လက်ခံကြပါသတဲ့။
ကလေးတို.ရေ --တို. မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှိတဲ့ ပုံတောင် နဲ. ပုံညာ ဆိုတဲ့
ဲတောင်တန်းကြီး နှစ်သွယ်ကို ကမ္ဘာကလည်းသိကြပါသတဲ့ ။ အဲဒီ ပုံတောင်နဲ. ပုံညာ
ဒေသက တွေ.ရှိခဲ့တဲ့( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ.ပတ်သက်ပြီး
အမေရိကန်ပညာရှင်များဖြစ်ကြတဲ့ G. E. Pilgrim နဲ. Dr. H. E .
Colbert တို.က အတိအလင်းရေးသား အတည်ပြု ခဲ့ကြပါတယ် ။
လူသားမျိုးနွယ်ရဲ့ မူလအစ ကိုလေ့လာရာမှာ များစွာအထောက်အကူဖြစ်စေမယ့် မြန်မာ
နိုင်ငံပုံတောင်ဒေသ မှ တွေ.ရှိခဲ့တဲ့ “( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းများ
ရဲ့ သက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ” ဆိုတဲ့ အချက်နဲ.ပတ်သက်ပြီး
ပိုမိုတိကျ ခိုင်မာတဲ့ အ ထောက်အထားများ ရရှိ စေရန်ကြိုးပမ်းခဲ့ကြရာမှာ ၁၉၉၈-
ခုနှစ် ဧပြီလ အတွင်း မြန်မာနိုင်ငံသို. လာရောက် ကွင်းဆင်းလေ့လာခဲ့ကြတဲ့ ပြင်သစ်
နိုင်ငံ ပါရီမြို. Mont Pillier University Instates of Science
de L’ Evolution မှ ပါမောက္ခ Fean Facques Faeger ခေါင်းဆောင်တဲ့
( Primate ) လူတူ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်အဖွဲ.က အီဂျစ်နိုင်ငံမှာ
တွေ.ရှိခဲ့တဲ့ ( Primate လူတူကျောက်ဖြစ်ရုပ်ကြွင်းများထက် နှစ်ပေါင်းသန်းပေါင်း
၇ သန်း ပိုမိုရှေးကျကြောင်း ပြင်သစ်နိုင်ငံထုတ် သတင်းစာများမှာ ဖေါ်ပြပြီး ကမ္ဘာသို.
အသိပေး ကြေညာခဲ့ပြီးဖြစ်တဲ့အတွက် “ လူသားမျိုးနွယ်အစ မြန်မာက ( Man
Originated in Myanmar ) ” လို. ကမ္ဘာ့အလယ်မှာ ဂုဏ်ယူ ဝင့်ကြွားနိုင်ခြင်း
ဖြစ်ပါတယ် ။
ကလေးတို.ရေ -- ဒီလို ကမ္ဘာပေါ်မှာ အစောဆုံး အဆင့်မြင့် ( Primate ) လူတူ
ကျောက်ဖြစ်ရုပ်ကြွင်းများ စတင်ပေါ်ပေါက်ရာတို.များ မြန်မာ့နယ်မြေက
ပုံတောင်ဒေသဟာဖြင့် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူစရာ မဟုတ်ပါလား။
အားလုံး ရွှင်လန်းးချမ်းမြေ့ကြပါစေ
Ps: ဓမ္မစရိယ ဆရာဦးသိန်းထွဋ်ရဲ့ ဗုဒ္ဓနှင့်မြန်မာလူမျိုး ကို မှီးကာ လူငယ်များနား
လည်လွယ်စေရန်ပြန်လည်ရေးသား တင်ပြ ဖေါက်သယ်ချလိုက်ခြင်းသာပါ---
ဆရာမခံယူချက်ကလေးပါ
- Sayama May
- “ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Sunday, October 10, 2010
Subscribe to:
Post Comments (Atom)
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
-
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ်...
-
ဒီပို့ လေးကို အလင်းရောင်ကြယ် ဘလောက်ဂါမှတစ်ခုမှဖတ်မိယင်းကူးယူ၍ ဗဟုသုတရသလေးဖြစ်ဝေမျှလိုက်ပါတယ် စာချစ်သူတို့  . မြတ်စွာဘုရားဟောခဲ့ သော ကျမ်...
-
အလွန်ကောင်းသော ဆုံးမ-လမ်းညွှန်ချက်များဖြစ်သောကြောင့်(သိပြီးသူများမှအပ) မသိသေးသူများအတွက် ကူးယူ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန...
-
မကြာသေးတဲ့ တစ်ချိန်က ဘတ်မိလိုက်ရတဲ့ စာပိုဒ်လေးတစ်ပုဒ်ကြောင့် ဒီဆောင်းပါး ကို ရေးမိလျက်သားဖြစ်သွားတယ်ဆိုရင် မှားမယ်မထင်ပါ။ ခေါင်းစဉ်က ” ပွဲ...
-
ကလေးတို့ရေ “ ဝဋ် ”ဆိုတဲ့စကားတစ်လုံးရဲ့ သဘောက အင်မတန် ကျယ်ပြောလှပါတယ် ။ တို.များ လူသားတွေဆိုတာကလည်း လောဘ -ဒေါသ- မောဟ ဆိုတဲ့ ကိလေသာ တရားတွေနဲ....
-
“မမှားသော ရှေ.နေ - မသေသော ဆေးသမား ” ဤလောကသားများအလယ်မှာမရှိသ လောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက ကင်းသူဟူ၍ ရှာမတွေ....
-
၆၈-ကြိမ်မြောက် တပ်မတော်နေ. “မနက်ဖြန် တပ်မတော်နေ. ပန်းကုံးစွပ် ကြိုဆိုရမယ်နော် မရွှေကျော့“ နဝရတ်ရိပ်သာမှာနေတဲ့ မမခင်(ယုဝတီခင်စိန်လှိုင်)...
-
ဆေးဘက်ဝင်ကောင်းကျိုးမှာ ============== ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ...
-
ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။ တို.များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း ဝါဝင်ကြရပြန်ပြီလေ ။ ...
-
ကလေးတို.ရေ - “ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့ အလုပ်လေးတွေများနေလိုနောက်ကျသွားရပါတ...
No comments:
Post a Comment