ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, May 19, 2010

စုပေါင်းအင်အား တို.စွမ်းပကား

ကလေးတို.ရေ ----
သမီးလေး ဆဒ္ဒစန်ရဲ့ သူငယ်ချင်း ပြောသလို “ ဒီဘက်က မီးတစ်ချောင်းပိတ်လိုက်လို. ဟိုဘက်ဘက်မှာ မီးတစ်ချောင်း လင်းသွားမှာမို.လား” ဆိုတဲ့ မေးခွန်း စကားလေးကို လေ့လာကြည့်ကြရအောင်နော် ။ ဟုတ်ပါတယ် ၊ သာမန်တွေးရုံလောက်နဲ.တော့ ဒီလိုပဲဆင်ခြေတက်မှာပါ ။ တနည်းပြောမယ်ဆိုရင်တာ့“အမြင်ကျဉ်း”
တာပေါ့ကွယ်။

တကယ်တော့ လူမှုရေးလုပ်ငန်းမှာ ဝါသနာပါပြီး ကူညီတတ်တဲ့ စိတ်စေတနာရှိသူတွအနေနဲ.“ ဟိုဘက်မှာ မိးမလင်းဘူးဆိုရင်တောင် ဒိဘက်မီးချောင်းက မီးကြိုးသွယ်ပြီး ဓါတ်ကူးပေးနိုင်တာပဲမဟုတ်လား ။ လူသားအချင်းချင်း ဒီလိုပဲ ကူညီကြရမှာလေ ။ “ စည်းလုံးခြင်းသည် အင်အား ” ဆိုတဲ့ စကားအတိုင်း တို.များလူသားအားလုံး စည်းစည်းလုံးလုံးနဲ. တစ်ယောက်ကိုတစ်ယောက် ကူညီ ပံ့ပိုးပေးသွားကြပါမှ “သာယာဝပြောတဲ့ လောက” ဆိုတာကို အရောက်လှမ်းနိုင်ကြမှာဖြစ်ပါတယ် ။

ဒီလိုမှ မဟုတ်ပဲ “ ဘယ်သူသေသေ ၊ ငတေ မာပြီးရော ” သဘောပိုက်ပြီး လောကကြီးကို ဘေးတိုက် သွားနေတဲ့ သူမျိုးဆိုရင်တော့ အင်း - ပတ်ဝန်းကျင်
ကလည်း “ အလှည့်ကျလျင် မနွဲ. ကြစတမ်း ” ပေါ့ ။ “ အတုံ. အလှည့် ” “ အပြန် အလှန် ” တဲ့ ။ တစ်နေ.နေ. တစ်ချိန်ချိန်ရောက်လာမှာမလွဲ
ပါဘူး ။ အဲဒီလို ကိုယ့်အလှည့် ရောက်လာရင်သာ ရဲရဲကြီး ခံနိုင်ဖို. ပြင်ထားရမှာနော် ။

ဒီလိုကိစ္စမျိုးတွေနဲ.ပတ်သက်ပြီး ဆရာမတို.ငယ်ငယ်တုန်းက ဆရာ့ ဆရာတွေ ဆိုဆုံးမခဲ့တဲ့ ဗုဒ္ဒဝင်ဇာတ်လမ်းလေးကို ပြန်လည် သက်ဝင် မှတ်တမ်းတင် ဖေါက်သယ်ချရမယ်ဆိုရင် -----
တို.များရဲ့ ဗုဒ္ဒမြတ်ဘုရား ငုံးမင်းဘဝကို ရခဲ့စဉ်ကပေါ့ ။ တစ်နေ. တစ်ချိန်တော့ ငုံးမင်းနဲ.ငယ်သား ငါးရာဟာ မုဆိုးတစ်ယောက်ရဲ့ ပိုက်ကွန် ထောင်ျောက်မှာဖမ်းမိ
သွားသတဲ့ ။ ဒီအခါ ငုံးမင်းရဲ့ ဦးဆောင်မှု။နဲ့ ငုံးပေါင်း ငါးရာလုံး စည်းစည်းလုံးလုံးနဲ. အအားရုန်းလိုက်ကြတာ နောက်ဆုံးမှာ အဲဒီ ပိုက်ကွန် ထောင်ချောက်မှ လွတ်
မြောက်ခဲ့ကြရသတဲ့ ကွယ် ။

ကဲ - ကလေးတို.ရေ ၊ ဒီဗုဒ္ဒဝင် ဇာတ်လမ်းလေးကို ခံစားကြည့်စမ်းပါ ။ ဘယ်လောက် အားကျစရာကောင်းလဲနော် ။ ဒီလိုမှ ရုန်းမထွက်ပဲ ပိုက်ကွန်ထဲမှာ
ပဲ နေသာသလို နေသွားမယ်ဆိုရင် သူတို.အားလုံး မုဆိုးလက်ချက်နဲ. အသက်ထွက်ကြရမှာပေါ့ ။ ဒိနေရာမှာ ငုံးမင်း တစ်ကောင်တည်းစွမ်းအားနဲ.ရုန်းလည်း ဘာမျှထူးလာမှာမဟုတ်ဘူးလေ ။ ဒါ့ကြောင့်လည်း ငုံးမင်းက အားလုံးကိုစည်းရုံး ညှိနှိုင်းပြီး စုပေါင်းအားနဲ. ရုန်းထွက်ကြတာပါ။

ဒါ့ကြောင့် “ စုပေါင်းအင်အား ၊ တို.စွမ်းပကား ” ဆိုတဲ့ စကားအတိုင်း ကလေးတို.လည်း မှန်ကန်တဲ့ တွေးခေါ်မှုတွေနဲ. စုစုရုန်းရုန်း စည်းလုံးညီညာစွာနဲ.

အောင်ကြောင်းဖြာကာ သာာယာသော ဘဝမှာ ပျော်ရွှင်နိုင်ကြပါစေကွယ် ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter