ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, May 15, 2010

ဘာလဲဟဲ့ လောကဓံ

အချစ်နဲ. အမုန်း
အပြုံးနဲ. အမဲ့
ဘာလဲ ဟဲ့ လောကဓံ ၊

ငါကြံ့ကြံ့ခံနိုင်တာကို
မနာလို မရှုစိမ့်နဲ.
တသိမ့်သိမ့် လှိုက်ခါဖို
ရှိုက်ရှိုက် ကာ
ငိုပွဲဝင်စေချင်သလား ။

ဟား - ဟား - ဟား
မမြဲတဲ့ ဒီ တရားတွေကို ၊
နေ. ည မပြတ်
အစဉ်ရှုမှတ် နေတတ်ပြီမို.

တို.နှလုံးသား ကျောက်သားပမာ
ခဲမာလာပြီး ဝိပဿနာတရား ရှုပွား သိလျက်
ဖြစ် - ပျက် ခန
မြင်မြင်သမျှ သင်္ခါရနဲ.
အနိစ္စ - ဒုက္ခ - အနတ္တ ။ ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter