တစ်နှစ်တာကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ဒီသတင်းကတော့ ရင်ထဲ စွဲမြဲနေဆဲပါ ။
ဘယ်လောက်ကြောက်စရာကောင်းလဲနော် - စဉ်းစားကြည့်စမ်းပါ ၊ အရှင်လတ်လတ် ရေခဲတိုက်ထဲ အသွင်းခံရတာလေ ။ မွန်းကြပ် အေးခဲပြီး ရေခဲ တုန်း အဖြစ်နဲ. အသက်ဆုံးကြရရှာတာ ။ ရေကြည်ရာ -မြက်နုရာ သွားကြ လာကြ အလုပ် လုပ်ကြ စီးပွားရှာကြ ။ အော် လူ.ဘဝ ၊ လူ.ဘဝ ဘယ်သူ.မှလည်း အပြစ်ပုံချလို.မရ ။ အဲ ဘာတဲ့ “ မည်သူမပြု မိမိမှု ” ပါတဲ့ ။
ကလေးတို.ရေ - ဒီကိစ္စနဲ.ဆက်နွယ်ပြီး ဆရာမတို. ငယ်ငယ်တုန်းက သက်ကြီးစကား တဆင့်ကြား မှတ်သားထားဖူးတဲ့ အကြောင်းတရားလေးကို သတိယမိ
တာနဲ. ကလေးတို.ကို ပြန်လည် ဖေါက်သယ်ချ တင်ပြချင်ပါတယ် ။
ကလေးတို.ရေ - တို.များရဲ့ ဗုဒ္ဒမြတ်ဘုရား လက်ထက်က “ ကောသမ္မီပြည် ” က ဥတေနမင်းမှာ “သာမာဝတီ” နဲ.“မာဂဏ္ဍီ ” ဆိုတဲ့ မိဖုရားတွေရှိ
တယ် ။ “သာမာဝတီ” မိဖုရားနဲ.အခြွေအရံတွေ က မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာကြား ကြည်ညို နေ.စဉ်လိုလို ဆည်းကပ် ပူဇော်ကြတယ် ။
“မာဂဏ္ဍီ ” မိဖုရားကတော့ မြတ်စွာဘုရားအား အငြှိုးထားကာ အမုန်းပွားနေသတဲ့ ။ အကြောင်းကတော့ မြတ်စွာဘုရားရဲ့ အာသဝေါကုန်ခမ်းနေတဲ့ အဖြစ်ကို မသိတဲ့ ဖခင်ဖြစ်သူ “မာဂဏ္ဍီ ပုဏားကြီး ” က မြတ်ဘုရားကို ကြည်ညိုလွန်းလို. သူ.သမီး “မာဂဏ္ဍီ ”ကို ယူဖို. တိုက်တွန်းခဲ့ဖူးတာ ကို မြတ်စွာဘုရားက လက်မခံပဲ ငြင်းပါယ်ခဲ့တဲ့အတွက်ဖြစ်ပါတယ် ။
ဒီလိုနဲ.“မာဂဏ္ဍီ ” မိဖုရားဟာ ဥတေနမင်းကြီးအနားကပ်ကာ နည်းအမျိုးမျိုးနဲ.ဂုန်းစကားတွေနဲ.အမုန်းပွားအောင် ကြိုးစားတာပေါ့ ။ တနေ. ဥတေနမင်းကြီး
တောကစားထွက်တဲ့အချိန်မှာ “ သာမာဝတီ ” နဲ.သူ.အခြွေအရံတွေ အဆောင်ထဲမှာရှိနေတုန်း အဆောင်တစ်ခုလုံးကိုပိတ်ပြီး မီးတင်ရှို.ပါလို.“မာဂဏ္ဍီ ”က သူ.ဦးရီးတော်တစ်ယောက်ကို စေခိုင်းထားခဲ့တယ် ။ သူကတော့ ဟန်မပျက် ဥတနမင်းနဲ. လိုက်ပါသွားသတဲ့ ။
ဆီစိမ်အဝတ်များနဲ.တိုင်ခြေကစပြီး ရစ်ပတ်ကာ မီးတင်ရှို.သွားတာကို မသိလိုက်ကြတဲ့ “ သာမာဝတီ ” နဲ.သူ.အခြွေအရံတွေဟာ မီးလောင်ကျွမ်းလို.
အရှိန်ပြင်းလာမှ သိကြတယ် ။ ပြေးမလွတ်တော့တဲ့အဆုံး မြတ်စွာဘုရားရဲ့ သာဝကများပီပီ ( မရှောင်လွှဲနိုင်တဲ့ဘေးနဲ.ရင်ဆိုင်တွေ.တဲ့အခါ ) မိမိတို.
အလေ့အကျင့် ရှိပြီးသား တရားတော်တွေကို နှလုံးသွင်းကာ မီးအကျွမ်းးခံသွားပါသတဲ့ကွယ် ။
ဥတေနမင်းကြီးဟာ သူအလွန်မြတ်နိုးတဲ့ မိဖုရားနဲ.ရံရွေတော်တွေ မီးလောင်သေဆုံးတာ သွေးရိုးသားရိုး မဟုတ်ဘူးဆိုပြီး နည်းအမျိုးမျိုးနဲ.စစ်ဆေးတယ်။
နောက်ဆုံးပရိယာယ်ဆင်ပြီးစစ်တယ် ။ “သာမာဝတီကို ငါတကယ်ချစ်တာမဟုတ်ဘူး ။ သူ.ကိုသေစေချင်နေတာကြာပြီ ။ အခုလို သာမာဝတီတို.ကို လုပ်ကြံသတ်ဖြတ်သူကို ဆုတော်ချီးမြှင့်ရမယ် ” လို.ဆိုတော့ “မာဂဏ္ဍီ ” ဟာ ဝမ်းသာသွားးပြီး ဒီကိစ္စကိုသူကြံတာဖြစ်ပြီး သူ.ဦးရီးတော်ကဆောင်ရွက်ပေးတာဖြစ်
ကြောင်း လျှောက်တင်လိုက်သတဲ့ ။ ဘုရင်ကြီးကလည်း အားလုံးကိုဆုချီးမြှင့်မယ်ဆိုပြီး ခေါ်ခိုင်းတော့ ဆွေမျိုးအရင်းများသာမက ခါတော်မီဆွေမျိုးများပါ
စုဝေးလာကြသတဲ့ ။ နောက်ဆုံးတော့ “မာဂဏ္ဍီ ”နဲ.ဆွေမျိုးအားလုံးကို ကွက်မျက်လိုက်တယ်လေ ။
(“ သာမာဝတီ ” ဟာ မြတ်စွာဘုရားရဲ့ သာဝကလည်းဖြစ်တယ် ။ မေတ္တာပါရမိလည်း အင်မတန် ရင့်သန်သူဖြစ်တယ် ။ ဒီလိုလူမျိုးဟာ မီးလောင်
ခံရပြီး သေဆုံးရတယ်ဆိုတာ မဖြစ်သင့်လိုက်တာ ၊ သူ.ရဲ့ကောင်းမှုတွေက သူ.ကို ဘာ့ကြောင့်မကယ်နိုင်ရတာလဲ ) ဆိုတဲ့ လေသံတွေက မြတ်စွာဘုရားရဲ့
ကျောင်းတော်မှာ လွင့်ပြန်.လာသတဲ့ ။ ဒီအခါ မြတ်ဘုရားက အခုလိုမိန်.တော်မူပါတယ် ။“ သာမာဝတီ ” နဲ.ရံရွေတော်တွေဟာ မိမိတို.ပြုလုပ်ခဲ့ဖူးတဲ့ အကုသိုလ်ကံရဲ့ ကံကြွင်းကံစများကို တစ်ဖန် ပြန်ခံသွားကြရခြင်းသာဖြစ်တယ် ဆိုတာကို အတိတ်ဇာတ်ကြောင်းနဲ.တကွ ရှင်းပြဟောကြားတော်မူပါတယ် ။
ဟိုးရှေး ဘဝ ဘဝ တွေအနက် တစ်ဘဝမှာ “ သာမာဝတီ ”နဲ. အခြွေအရံ ငါးရာဟာ ဗာရာဏသီမင်းကြီးရဲ့ မိဖုရာားနဲ. အခြွေအရံတွေဖြစ်ခဲ့ကြ
တယ် ။ မင်းကြီးနဲ့တကွ ရေကစားထွက်ပြီးပြန်လာကြတဲ့အခါ မိဖုရားနဲ.မောင်းမငါးရာတို.ဟာ ချမ်းလွန်းလို.သစ်တစ်ပင်အောက်ကချုံပုတ်ကြီးမှာပဲ သစ်ခြောက်တွေကို မီးရှို.ကာ မီးလှုံသတဲ့ ။ အရှိန်ပြင်းလွန်းတဲ့ မီးတောက်ကြီးဟာ သစ်ပင်ထက်က စာကလေးသိုက်မျြံတွေကိုပါ မီးမြှိုက်သလိုဖြစ်သွားတာပေါ့ ။ သူတို.သိလိုက်လို.မီးကိုငြိမ်းသတ်တဲ့အချိန်ကတော့ သိပ်နောက်ကျသွားပြီ ။
ကဲ - ကလေးတို.ရေ -- “ ဝဋ်ကြွေး ” ဆိုတာ ဘယ်လောက် ကြောက်စရာကောင်းသလဲလို.နော် ။ အခုလည်း တို.လူသားတွေအနေနဲ.ဖြစ်ပျက်
ခံစား - စံစားနေကြရတာတွေဟာ မိမိတို.ပြုလုပ်ခဲ့တဲ့ ကံ ကံရဲ့ အကျိုးတွေကို လိုက်ပြိး ဖြစ်နေ ပျက်နေကြရတာကိုတော့ ဗုဒ္ဒဘာသာဝင် သူတော်စင်တိုင်း
လက်ခံယုံကြည်ကြပါတယ် ။
ကလေးတို.ရေ - “ ကုသိုလ်တရား ” ဆိုတာ ဒီဘဝမှာလည်းကောင်းတယ်။ နောင်ဘဝတိုင်အောင်လည်း - နိဗာန်အထိ တာဝန်ယူပြီး အမြဲလည်းစိတ်
စိတ်အေးရပါတယ် ။ “ အ ကုသိုလ် ” ဆိုတာကတော့ သူနှိပ်စက်နေသမျှ - နှိပ်စက်ဖို. သူ.တာဝန် မကုန်သမျှ “ ခံ ” နေရအောင် အမြဲ နှိပ်စက်
နေမှာပဲ ။ အဓိက အနေနဲ.ကတော့ “ မိမိရဲ့ အဓိက တရားခံဟာ မိမိသာဖြစ်တယ် ” ဆိုတာ သဘောပေါက်ထားဖို.လိုပါတယ်။
ကဲ ကလေးတို.အားလုံးလည်း “ ကုသိုလ်တရား ” များများပွားပြီး “အ ကုသိုလ် ” ဆိုရင် အလျင်အမြန် ရှောင်ပြေးနိုင်ကြပါစေကွယ် ”
ဆရာမခံယူချက်ကလေးပါ
- Sayama May
- “ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Subscribe to:
Post Comments (Atom)
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
-
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ်...
-
ဒီပို့ လေးကို အလင်းရောင်ကြယ် ဘလောက်ဂါမှတစ်ခုမှဖတ်မိယင်းကူးယူ၍ ဗဟုသုတရသလေးဖြစ်ဝေမျှလိုက်ပါတယ် စာချစ်သူတို့  . မြတ်စွာဘုရားဟောခဲ့ သော ကျမ်...
-
အလွန်ကောင်းသော ဆုံးမ-လမ်းညွှန်ချက်များဖြစ်သောကြောင့်(သိပြီးသူများမှအပ) မသိသေးသူများအတွက် ကူးယူ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန...
-
မကြာသေးတဲ့ တစ်ချိန်က ဘတ်မိလိုက်ရတဲ့ စာပိုဒ်လေးတစ်ပုဒ်ကြောင့် ဒီဆောင်းပါး ကို ရေးမိလျက်သားဖြစ်သွားတယ်ဆိုရင် မှားမယ်မထင်ပါ။ ခေါင်းစဉ်က ” ပွဲ...
-
ကလေးတို့ရေ “ ဝဋ် ”ဆိုတဲ့စကားတစ်လုံးရဲ့ သဘောက အင်မတန် ကျယ်ပြောလှပါတယ် ။ တို.များ လူသားတွေဆိုတာကလည်း လောဘ -ဒေါသ- မောဟ ဆိုတဲ့ ကိလေသာ တရားတွေနဲ....
-
“မမှားသော ရှေ.နေ - မသေသော ဆေးသမား ” ဤလောကသားများအလယ်မှာမရှိသ လောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက ကင်းသူဟူ၍ ရှာမတွေ....
-
၆၈-ကြိမ်မြောက် တပ်မတော်နေ. “မနက်ဖြန် တပ်မတော်နေ. ပန်းကုံးစွပ် ကြိုဆိုရမယ်နော် မရွှေကျော့“ နဝရတ်ရိပ်သာမှာနေတဲ့ မမခင်(ယုဝတီခင်စိန်လှိုင်)...
-
ဆေးဘက်ဝင်ကောင်းကျိုးမှာ ============== ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ...
-
ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။ တို.များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း ဝါဝင်ကြရပြန်ပြီလေ ။ ...
-
ကလေးတို.ရေ - “ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့ အလုပ်လေးတွေများနေလိုနောက်ကျသွားရပါတ...
No comments:
Post a Comment