ကလေးတို.ရေ--- ဒီနေ.တော့ တို.များ လူသားတွေရဲ့ အံ့သြစရာ ဓလေ့စရိုက်လေးတွေကို လေ့လာကြည့်လိုက်ကြရအောင်နော် ။ “ပုထုဇနော - ဥမ္မတကော” လို.ပြောဆိုလေ့ရှိတဲ့ ၊ အဲ- ဆရာမတို.အပါအဝင်- တို.များ လူသားတွေဟာ အသိတရားလက်ကိုင်ထားတတ်သူတွေရှိသလို ၊ တချို.ကလည်း ပေါ့ပေါ့ဆဆနဲ. ဗဟုသုတ နည်းပါးရှာကြတာကလား ။
တချို.ပညာတွေတတ်ကြတယ် ၊ တချို.ကျတော့ ပညာသင်ချိန် မရရှိခဲ့ကြ ၊ ကျောင်းတက် ပညာသင်ဖို.အခွင့်အလန်း မရှိခဲ့ကြရှာလို.အတန်းပညာတွေမရှိကြရှာဘူးလေ ။ တချို.ကျတော့ ကျောင်းမတက်နိုင်လို.အတန်းပညာမရှိပေမဲ့ အသိပညာ အပြည့်အဝရှိနေကြတာတွေ.ရတယ် ။ အဲ - တချို.ကျတော့လည်း အတန်းပညာတွေ အပြည့်အဝ ရှိနေကြပေမဲ့ အသိပညာက နည်းလှတယ် ။ အသိတရားမရှိဘူးလို.ပဲပြောရမယ် ။ ဒီလိုလူမျိုးတွေကတော့ မိမိကိုယ်ကိုအဟုတ်ကြီးထင် -ဘဝင်မြင့်ပြီး “ ငါမှ ငါ ” ဆိုတဲ့သဘောကို လက်ကိုင်ထားကာ “ ငါတကောသမား ” တွေ ဖြစ်နေကြတာလေ - တွေ.ဖူး ကြုံဖူးကြလိမ့်မယ် ထင်ပါတယ် ။
အကြောင်းမကောင်းလို. အဆိုးတရားတွေနဲ. ကြုံတွေ.ရတဲ့အခါဆိုရင်လည်း“ဘယ်သူ.ကြောင့် -ဘယ်ဝါ့ကြောင့်” ဆိုပြီး သူများကို လက်ညှိုးထိုးတတ်ကြတာကလား ။ ကိုယ့်အပြစ် ကိုယ်မမြင် - ကိုယ့်ကိုယ် ကိုပြန်ဆင်ချင်ရမှန်းမသိကြဘူးလေ ။ ဗုဒ္ဓရဲ့ ဆိုဆုံးမထားတဲ့ တရားတော်တွေကို ပြန်လည်သုံးသပ် တွေးမှတ်ဆင်ချင်ဖို.ဆိုတာကတော့ ဝေလာဝေးပါပဲ ။ တကယ်တော့ အဲဒီလိုမျိုး အဆိုးတရားတွေနဲ.ရင်ဆိုင်တိုး ကြုံတွေ.လာမယ်ဆိုရင် ဘယ်သူ.ကိုမှ လက်ညှိုးထိုး အပြစ်ဖို.မနေပဲ မိမိကိုယ်ကို
အသိတရားလေးနဲ.ထိန်းကာ အခြေခံအကြောင်းရင်းကို ရှာဖို.လိုပါတယ် ။ အဓိက အရေးအကြီးဆုံးကတော့ လူတိုင်းလူတိုင်းဟာ “ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားကြဖို.လိုပါတယ်” ။
ဒီကိစ္စနဲ.ပတ်သက်ပြီး ဆရာမတို.ငယ်ငယ်က လူကြီးစကား တဆင့်ကြားခဲ့ရတဲ့ ပုံပြင်လေးကို ပြောပြချင်ပါတယ် ။
ကလေးတို.ရေ - ဟိုးရှေးရှေးတုံးက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ် မင်းလုပ်နေတဲ့အချိန်ပေါ့ ။ တစ်ချိန်တော့ တိုင်းပြည်မှာ ရာသီဥတုက ဖေါက်ပြန် ရွာချိန်တန်လို.မိုးမရွာ ၊ မိုးမရွာတော့ လယ်သမားတွေက စပါးစိုက်လို.မရ ။ တောင်သူလယ်သမားတွေလည်း သစ်သီးဝလံ စိုက်ပျိုးတာ မအောင်မြင်ဘူးပေါ့ ။ ဒီတော့ တိုင်းသူပြည်သားတွေမှာ စားစရာဆန်မရှိ ။ ဟင်းသီးဟင်းရွက်ဆိုတာ ဗလာနတ္ထိဖြစ်ပြီး ငတ်မွတ်ခြင်းဘေးကြီးနဲ.ရင်ဆိုင်ကြုံတွေ.ကြရပါရောကွယ် ။
ဒီလို လူတွေငတ်မွတ်လာကြတော့ တိုင်းပြည်မှာလည်း သူခိုးသူဝှက်တွေ ပေါလာတော့တာပေါ့ ။ ဒီအခါ လူများဟာ အဲဒီဒဏ်ကို မခံမရပ်နိုင်ဖြစ်ကာ ဆူဆူပူပူဖြစ်လာကြတယ် ။ နောက်ဆုံးတော့ “ ဒီလို တိုင်းပြည်မှာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးကြီးဆိုက်ရောက်လာတာ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင် ကိုယ်ကျင့်တရားမကောင်းလို.” ဆိုတဲ့အပြစ် တွေနဲ.ဘုရင်ကြီးကို လက်ညှိုးထိုးကာ နန်းရင်ပြင်မှာ ဆန္ဒပြကြသတဲ့ ။
ဒီအခါ ဘုရင်ကြီးလည်း နန်းရင်ပြင်ကိုထွက်ပြီး “ ကောင်းပြီ ဒီပြဿနာကို ရှင်းပေးမယ် ၊ အခုလာမယ့် လကွယ်နေ.ညရောက်ရင် နန်းဥယျာဉ်အတွင်းမှာ အုတ်ကန်ကြီးလုပ်ထားမယ် ။ အဲဒီကန်ကြီးထဲကို တစ်အိမ်တစ်ယောက် နွားနို.တစ်ခွက်စီ လာထည့်ကြရမယ် ” လို. အမိန်.ချမှတ်လိုက်တယ် ။
ကလေးတို.ရေ - လကွယ်နေ.ညဆိုတော့လည်း မှောင်နဲ.မဲမဲပေါ့ကွယ် ။ ကန်ထဲကို နွားနို.လောင်းထည့်တဲ့အခါ ဘယ်သူမှ မမြင်ရအောင် အဝတ်မည်းကြီးနဲ.ဖုံးအုပ်ထားတယ် ။ အဲ - ဒီလိုနဲ.မနက်မိုးလင်းတော့ -
“ နို.ကန်ကိုဖွင့်မယ် ၊ တိုင်းသူပြည်သားတွေ အားလုံးလာကြည့်ကြရမယ် ”လို.ဘုရင်ကြီးက မိန်.တော်မူလိုက်တယ် ။ ဒါ့ကြောင့် နို.ကန်ကြီးအနီးမှာ တိုင်းသူပြည်သားတွေ ဝိုင်းအုံရောက်လာကြပါရော ၊ “ ကဲ - အားလုံးကြည့်ကြနော် ” လို. ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ. အဝတ်မည်းကြီးကို ဆွဲဖွင့်လိုက်တဲ့အခါမှာ----
ကန်ကြီးထဲမှာ နို.ရောင်ဆိုလို. တစ်စက်တောင်မှ မတွေ.ရပဲ ပကတိ ကြည်လင်နေတဲ့ ရေတွေကိုသာ မြင်တွေ.
ကြရသတဲ့ကွယ် ။ ဒီအခါ ဘုရင်ကြီးက --
“ တိုင်းသူပြည်သားတို. သင်တို. အားလုံးဟာ တစ်ဦးစီမှာရှိကြရမယ့် ကိုယ်ကျင့်တရားတွေ ပျက်ပြားနေကြတယ် ။ အခုလက်တွေ.မြင်ကြရပြီ မဟုတ်လား၊
အိမ်တိုင်းအိမ်တိုင်းက နွားနို.တစ်ခွက်စီ ထည့်ကြမှာ ငါတစ်ယောက်ထည်း ရေတစ်ခွက်သွားထည့်တာ ဘယ်သူမှ သိကြမှာမဟုတ်ဘူး -လို.တွေးကြတယ် ။
အေး - ဒါပေမဲ့ ဒီလို အတွေးက လူတိုင်းလူတိုင်းမှာ ကိုယ်စီရှိနေကြတာဆိုတော့ အခုမြင်ကြရတဲ့အတိုင်း နွားနို.ဆိုလို. အရိပ်အရောင်တောင် မမြင်ကြရပဲ ရေကြည်ကြည်လင်လင်တွေကိုသာ မြင်တွေ.ကြရတာ သက်သေပဲ ” ----
လို.မိန်.တော်မူလိုက်သတဲ့ ကွယ် ။
အဲ - ဆိုလိုတာကတော့ တိုင်းပြည်တစ်ပြည် -နိုင်ငံ တစ်နိုင်ငံရဲ. အေးချမ်းသာယာ ဝပြောဖို.ဆိုတာ အုပ်ချုပ်သူ လူတန်းစားတွေကချည်း မင်းကျင့်တရားးနဲ.အညီ ကျင့်ကြံအုပ်ချုပ်နေရုံနဲ.မလုံလောက်သေးဘူး ၊ တိုင်းသူပြည်သား လူအများ အနေနဲ.ကလည်း တစ်ဦးစီ တစ်ဦိးစီမှာ ရှိကြရမယ့် ကိုယ်ကျင့်တရားတွေရှိပါမှ အဲဒီ နိုင်ငံတော်ဟာလည်း အေးချမ်းသာယာပြီး စည်ပင် ဝပြောလာလိမ့်မယ်လို.ဆိုလိုခြင်းပဲ ဖြစ်ပါတယ်ကွယ် ။
ဒါ့ကြောင့် - တို.များ လူသားတွေ အနေနဲ. ဘယ်လို အခက်အခဲ အကျဉ်းအကြပ် ဘေးအန္တရာယ်တွေနဲ. ရင်ဆိုင်ကြုံတွေ.ရပါစေ တစ်ယောက်ကို တစ်ယောက် လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်ပုံ မချကြဖို.၊ အဲ - အဓိကအနေနဲ.ကတော့ မိမိကိုယ်ကို မိမိ ပြန်လည်သုံးသပ် ဆင်ခြင်ကာ မိမိတို. ဘာတွေ လွဲမှားနေသလဲ ၊
မိမိတို.အနေနဲ. ဘာတွေလုပ်ဖို.လိုသလဲလို. ပြန်လည်စဉ်းစားပြီး ညှိနှိုင်းယူတတ်ကြဖို.လိုတယ်လို.ဆိုလိုခြင်းပဲဖြစ်ပါတယ် ။
ကဲ - ကလေးတို.အားလုံးလည်း သူများယောင်လို.လိုက်ယောင်ရတဲ့ အဖြစ်မျိုးနဲ.မတိုးမိအောင် သတိဆောင်ကာ မင်းဘေး ၊ မီးဘေးနဲ. ရေဘေး လေဘေး စတဲ့ သဘာဝဘေးများက လွတ်မြောက်ပြီး အနာဂါတ်ရဲ့ ခေါင်းဆောင်ကောင်း
းလေးတွေ ဖြစ်ကြပါစေကွယ် ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
ဆရာမခံယူချက်ကလေးပါ
- Sayama May
- “ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Monday, May 10, 2010
Subscribe to:
Post Comments (Atom)
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
-
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ်...
-
ဒီပို့ လေးကို အလင်းရောင်ကြယ် ဘလောက်ဂါမှတစ်ခုမှဖတ်မိယင်းကူးယူ၍ ဗဟုသုတရသလေးဖြစ်ဝေမျှလိုက်ပါတယ် စာချစ်သူတို့  . မြတ်စွာဘုရားဟောခဲ့ သော ကျမ်...
-
အလွန်ကောင်းသော ဆုံးမ-လမ်းညွှန်ချက်များဖြစ်သောကြောင့်(သိပြီးသူများမှအပ) မသိသေးသူများအတွက် ကူးယူ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန...
-
မကြာသေးတဲ့ တစ်ချိန်က ဘတ်မိလိုက်ရတဲ့ စာပိုဒ်လေးတစ်ပုဒ်ကြောင့် ဒီဆောင်းပါး ကို ရေးမိလျက်သားဖြစ်သွားတယ်ဆိုရင် မှားမယ်မထင်ပါ။ ခေါင်းစဉ်က ” ပွဲ...
-
ကလေးတို့ရေ “ ဝဋ် ”ဆိုတဲ့စကားတစ်လုံးရဲ့ သဘောက အင်မတန် ကျယ်ပြောလှပါတယ် ။ တို.များ လူသားတွေဆိုတာကလည်း လောဘ -ဒေါသ- မောဟ ဆိုတဲ့ ကိလေသာ တရားတွေနဲ....
-
“မမှားသော ရှေ.နေ - မသေသော ဆေးသမား ” ဤလောကသားများအလယ်မှာမရှိသ လောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက ကင်းသူဟူ၍ ရှာမတွေ....
-
၆၈-ကြိမ်မြောက် တပ်မတော်နေ. “မနက်ဖြန် တပ်မတော်နေ. ပန်းကုံးစွပ် ကြိုဆိုရမယ်နော် မရွှေကျော့“ နဝရတ်ရိပ်သာမှာနေတဲ့ မမခင်(ယုဝတီခင်စိန်လှိုင်)...
-
ဆေးဘက်ဝင်ကောင်းကျိုးမှာ ============== ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ...
-
ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။ တို.များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း ဝါဝင်ကြရပြန်ပြီလေ ။ ...
-
ကလေးတို.ရေ - “ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့ အလုပ်လေးတွေများနေလိုနောက်ကျသွားရပါတ...
No comments:
Post a Comment