ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, May 9, 2010

ဒီလိုပါ - ရှင်းပြပါရစေ

ကျမရဲ့ Blog ကို အလည်ရောက်လာသူများအား ကျမရဲ့ အရေးအသား ( ရည်ညွှန်းချက် )နဲ.ပတ်သက်ပြီး ရှေးဦးစွာ ရှင်းလင်းတင်ပြ အစီရင်ခံပါရစေ ။

ကျမရဲ့ ရည်ညွှန်း ဖေါ် ပြ ရေးသားလေ့ရှိတဲ့ “ ကလေးတို.ရေ ” ဆိုတဲ့ အသုံးအနှုံးကတော့ ဒီကနေ. လူငယ်လူရွယ်လေးများကိုသာ ဦးတည်ရေးသားခြင်းဖြစ်ပါတယ်။
ကျမတို.ထုတ်လွှင့်နေတဲ့ “ လူငယ်ကဏ္ဍ ” မှာ လူငယ်လူရွယ်များအား လမ်းကောင်းကိုပြ ဆိုဆုံးမနေတဲ့အတိုင်း ထပ်တူထပ်မျှ ရေးသားဖေါ်ပြပေးခြင်းသာဖြစ်တဲ့ အတွက် ကျမရဲ့ Blog ကို အလည်ရောက်လာသူ ပညာရှင် လူ ကြီးများအနေနဲ.အထင်မမှား အမြင် မစောင်းမိကြစေရန် ရှင်းလင်းတင်ပြ မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ် ။
( မေကျော့ရှင်း )

ကဲ--ကလေးတို.ရေ ၊ “ ဝဋ် ” လိုက်တယ် ။ “ ဝဋ် ” လည်တယ် ဆိုတာနဲ.ပတ်သက်ပြီး တို.များရဲ့ ဂေါတမ ဗုဒ္ဒ ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေ
အရ တင်ပြရမယ်ဆို၇င် -- ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၃ နှစ်ကို ပြန်သွားကြရမယ် ။ ဥပုဒ်နေ.တစ်နေ.မှာ ဂေါတမ မြတ်စွာဘုရားဟာ ဇေတဝန်ကျောင်းတော်မှာ တရားဟောတော်မူနေတယ် ။ “ မဟာကာလ ဥပသကာ ” ဆိုသူဟာလည်း တစ်နေ.လုံး တစ်ညလုံး ဥပုဒ်စောင့်တရားနာရင်း
ကျောင်းတော်မှာပဲ အချိန်ကုန်အောင် တရားနာ ၊ တရားအားထုတ်နေခဲ့တယ် ။

အဲဒီညမှာပဲ သာဝတ္ထိမြို.ထဲက အိမ်တစ်အိမ်ကို သူခိုးဖေါက်တာ အိမ်ရှင်တွေနိုးတော့ သူခိုးလည်းရရာ ရွှေငွေ ပစ္စည်းတွေယူပြီး ထွက်ပြေးတယ် ။ အချိန်က
ဝေလီဝေလင်း ၊ စောစောက ဘုရားကျောင်းတော်မှာ တစ်ညလုံးတရားနာခဲ့တဲ့ “မဟာကာလ ဥပသကာ” ဟာ အိမ်အပြန်လမ်းက ရေကန်စပ်မှာ မျက်နှာသစ်နေခိုက်
ထွက်ပြေးလာတဲ့သူခိုးလည်း လိုက်တဲ့သူတွေနဲ. နီးလာလို. သူခိုးလာတဲ့ ရွှေထုပ်ကို ကုန်းပြီးမျက်နှာသစ်နေတဲ့ မဟာကာလ ဘေးမှာ ချခဲ့ပြီးဆက်ပြေးတာပေါ့။
မဟာကာလ ဟာ မျက်နှာငုံ.သစ်နေတော့ ဘာမှန်းမသိလိုက်ပေမဲ့ လူတွေက ခိုးထုပ်ခိုးထည်နဲ.လက်ပူးလက်ကြပ်မိနေတယ်ဆိုပြီး ဝိုင်းရိုက်ကြတာ နောက်ဆုံးမှာ အသက်ဆုံး
သွားပါလေရောတဲ့ကွယ် ။

အဲဒီသတင်းကို ဘုရားကျောင်းတော်က ကြားသိသွားတဲ့အခါ မဟာကာလ ဟာ တစ်နေ.လုံး တစ်ညလုံး ဘုရားကျောင်းမှာ တရားနာ တရားအားထုတ်နေတာကို
သိတဲ့လူတွေက “ မဖြစ်သင့်လိုက်တာ ၊ မလုပ်သင့်လိုက်တာ ” လို. ပြောနေကြတာပေါ့ ။ ဒီတော့ မြတ်စွာဘုရားက “ ဒီလို မပြောကြ နဲ.၊ သူ.မှာ
ဖြစ်သင့်ဖြစ်ထိုက်တဲ့ “ ကံ ” က ပါလာလို.၊ အဲဒီ သူ.ရဲ့ “ ဆိုးကံ ”ကို သူပြန် “ ခံရ ” တာပဲ ” လို. မိန်.ကြားပြီး သူ.ရဲ့ အတိတ်ဘဝက မကောင်း
မှု ပြုခဲ့တာကို ပြန်လည် ဟောကြားတော်မူပါတယ် ။

ကလေးတို.ရေ - လူမှားပြီးရိုက်သတ်ခံရတဲ့ မဟာကာလ ရဲ့ အတိတ်ဘဝတစ်ခုက သူဟာ ဗာရာဏသီပြည်မှာ ဘုရင့်တပ်သားဖြစ်ခဲ့တယ် ။ အဲဒီအချိန်က
တိုင်းပြည် နယ်ခြားတစ်ခုရဲ့ တောအုပ်မှာ ဖြတ်သွားဖြတ်လာသူတွေကို ဒုက္ခပေးနေတဲ့ ခိုးသား ဓားပြတွေရှိလို.တောအုပ်ရဲ့ ဒီဖက်အဝမှာ မင်းမှုထမ်းတစ်ယောက် ဦးဆောင်တဲ့ တပ်ဖွဲ.ကို အစောင့်တာဝန်ပေးထားတယ် ။ ခရီးသွားတွေကို စောင့်ရှောက်ဖို.ပေါ့ကွယ် ။

တစ်နေ.မှာ အင်မတန်ချောတဲ့ ဇနီးနဲ.ခရီးထွက်လာာတဲ့ မင်းယောကျားဟာ အဲဒီတောအုပ်အဝင်စခန်းကိုရောက်လာတယ် ။ မိန်းမချောလေးကို မြင်တာနဲ.
ကြိုက်နှစ်သက်မိတဲ့ တပ်မှူးလေးက အကောက်ကြံပါလေရောကွယ် ။ တကယ်တော့ နေမဝင်မီ တောအုပ်ကို ဖြတ်ကျော်နိုင်ပါလျက်နဲ. အချိန်ဆွဲပြီး တစ်ည
နားခိုင်းတယ် ။ တစ်ညအိပ်ရတာပေါ့ ။ မနက်မိုးလင်းတော့ သူ.ရုံးခန်းက ပတ္တမြားကြီး ပျောက်တယ်ဆိုပြီး ရှာတော့ မင်းလုလင်ရဲ. လှည်းမှာတွေ.တယ် ။ သူ
တို.ထည့်ထားတာဆိုတော့ အလွယ်တကူတွေ.တာပေါ့ ။ အဲ - နောက်ဆုံးတော့ မင်းလုလင်ကို သူခိုးဆိုပြီး မသေမချင်း ရိုက်သတ်လိုက်သတဲ့ကွယ် ။

ကလေးတို.ရေ - အဲဒီတပ်မှူးဟာ မြတ်စွာဘုရားလက်ထက်မှာ မဟာကာလ ဥပသကာ အဖြစ်နဲ.သူခိုးလို.ထင်ယောင်မှားပြီးရိုက်သတ်ခံရတဲ့သူ
ပေါ့ကွယ် ။ ကဲ- ကြည့်စမ်း ဘယ်လောက်ကြောက်စ၇ာကောင်းလဲ လို.နော် ။ ကလေးတို.နားလည်ထားကြရမှာက “ မကောင်းကျိုး ဝဋ်ကြွေး ” ဆိုတာ ဘယ်လိုမှ
ပြေးမလွတ်နိုင်ဘူးဆိုတာပါပဲ ။ နောက်ပြိး တို.များရဲ့ ပတ်ဝန်းကျင်လူ.လောကကြီးမှာ ဖြစ်ပျက် “ ခံစား စံစား ” နေကြရတာတွေဟာ အကြောင်းအကျိုး
ဆက်စပ်ပြိး ဖြစ်ပျက်နေတာတွေပါ ။ အဲ - အကြောင်းကောင်းရင် အကျိုးစံစားကြရမှာဖြစ်သလို အကြောင်းမကောင်းခဲ့ရင်တော့ “ အဆိုး ” နဲ.ရင်ဆိုင်တိုးကြ
ရမှာ ဓမ္မတာပါပဲကွယ် ။

ဒါ့ကြောင့် မိမိကြုံတွေ.လာသမျှ အကြောင်းတွေဟာ ဆိုးကျိုးကို ခံစားရသည်ဖြစ်စေ ။ ကောင်းကျိုးကို စံစားရသည်ဖြစ်စေ သတိတရားလေး အမြဲထား
ကာ “ အော် - ငါ ဒီလို အကျိုးတရားတွေ စံစားနိုင်တာဟာ ဟိုး ဘဝ ဘဝ တွေက ပြုခဲ့ဖူးတဲ့ ကောင်းကျိုးတရား တွေကြောင့်ပါလား” လို.ဆင်ခြင်ပြီး
နောင်ဘဝများမှာလည်း ဒီလိုပဲ ကောင်းကျိုးတွေနဲ.တိုးမိရလေအောင် ကောင်းတာတွေကိုပဲ ဆက်လက်ပြုလုပ်ချင်တဲ့စိတ်ကို မွေးရမှာဖြစ်ပါတယ် ။

အဲ - မကောင်းတဲ့ ဆိုးကျိုး ဒုက္ခတွေကို ကြုံတွေ. ခံစားရတဲ့အခါမှာလည်း ဟိုလူ.ကြောင့် ၊ ဒီလူ.ကြောင့် လို. အပြစ်မတင်ပဲ “ အော် ဒီလို
ဆိုးကျိုး ဒုက္ခတွေကို ကြုံတွေ. ခံစားရတာဟာ ဟိုး ဘဝ ဘဝ က ပြုမိခဲ့တဲ့ မကောင်းမှုတွေအတွက် ဝဋ်ကြွေးတွေ ပေးဆပ်နေရတာပါလား ၊ ဒီလို ဆိုးကျိုးဒုက္ခ
မျိုးတွေနဲ. နေက်ထပ် မကြုံတွေ..ရအောင် ဒီဘဝမှာ ကောင်းတာတွေကိုသာ ကြံစီပြုကျင့် ရမှာပါလား ” ဆိုတဲ့ အသိစိတ်နဲ. ဆင်ခြင် ကျင့်ကြံသွားမယ်
ဆိုရင် လောလောဆယ်မှာပဲ ကောင်းကျိုးတရားတွေကို ရရှိ စံစားလာနိုင်ပါတယ် ။

အဲဒီလို ဥာဏ်နဲ.ဆင်ခြင် သုံးသပ်နေခြင်းဟာ “ဝိပဿနာတရားကို ကျင့်ကြံအားထုတ်နေတာာနဲ.မခြားဘူးလို.” ဆရာတော်ကြီးများက ဆိုဆုံးမထားတာ ဖတ်ဖူး ကြားဖူးပါတယ် ။ တကယ်တော့လည်း လောကကြီးးမှာ မြဲတဲ့ တရားဆိုတာက ရှိကောင်းတာမဟုတ်ပဲ “ အနိစ္စ ” ဆိုတဲ့ မမြဲတဲ့ တရားတွေချည်းပဲ လို. တို.များရဲ့ ဗုဒ္ဒမြတ်ဘုရားကလည်း ဟောကြား ဆုံးမတော်မူထားတာပဲ ။

အဲ - ကလေးတို.အနေနဲ. အင်မတန် စိတ်ဆိုးစရာနဲ. တိုးလာပြီဆိုရင် ကိုယ့်စိတ်ကို ဥာဏ်လေးနဲ့ပြန်ကြည့်လိုက်ပါ ၊ “ ငါ စိတ်ဆိုးနေပါလား ” ဆိုတဲ့ အသိလေစိတ်လေးနဲ.ကြည့်လိုက်ပါ ၊ အဲ ဒီတခနမှာပဲ ခုနက ဆိုးနေတဲ့ စိတ်ကလေးဟာ ချက်ချင်းပြေသွားပါလိမ့်မယ် ။ ဒီလိုပါပဲ “ လိုချင်- ရချင် တဲ့စိတ် ၊ ဝမ်းနည်း ဝမ်းသာတဲ့စိတ် ၊ စိတ်ဆိုး -ပျော်ရွှင်စိတ် ၊ ချစ်တဲ့ -မုန်းတဲ့စိတ်တွေကို သတိလေးနဲ. ပြန်ပြန် ကြည့်ပေးပါ ။ တခနအတွင်း ပြေပျောက်သွားတာ တွေ.လာပါလိမ့်မယ် ။

ကဲ - ကလေးတို.အားလုံးလည်း ကောင်းတာလေးတွေကိုသာတွေးပြီး ကောင်းကျိုးတွေကိုသာ ရရှိ စံစားနိုင်ကြရလေအောင် ကောင်းတာကြံ ၊ မှန်တာလုပ်၊
ဟုတ်တာပြောပြီး လူ.လောကအလယ်မှာ ထယ်ထယ်ဝါဝါနဲ. အနာဂါတ်ရဲ့ ခေါင်းဆောင်ကောင်းလေးတွေ ဖြစ်ကြပါစေကွယ် ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter