ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, April 20, 2010

ဗုဒ္ဒမြတ်ဘုရားအား ဖွားမြင်တော်မူခြင်း

ခမည်းတော် ကပိလဝတ်ပြည့်ရှင်သုဒ္ဒေါဒနမင်းကြီးနဲ. မယ်တော် သီရိမဟာ မာယာဒေဝီ မိဖုရားကြီးတို.ရဲ့သား
တော်လေးကို ဖွားမြင်ရန် မာယာဒေဝီ ဟာ မိဖများရဲ့ နေပြည် ဒေဝဒဟ ဆီသို.အသွား ခရီးလမ်းကြား လုံမ္စီဏီအင်ကြင်း ဥယျာဉ်မှာ ဖွားမြင်ပါတယ်။ ဒီလို ဖွားမြင်ပြီးစ အလောင်းတော်လေးဟာ မြောက်ဖက်အရပ်သို.
ခြေဖဝါး ခုနှစ်လှမ်းကြွတော်မူပြီး
၁) လောကတွင် ငါသည် ထိပ်ဆုံးလူဖြစ်တယ် ၊
၂) လောကတွင် ငါသည် အကြီးဆုံးလူဖြစ်တယ် ၊
၃) လောကတွင် ငါသည် အမြတ်ဆုံးးလူဖြစ်တယ် ၊
၎) ယခုဘဝသည်ငါ့အတွက် နောက်ဆုံးဘဝဖြစ်တယ် ၊
၅) ငါ့အတွက် ဘဝသစ်တဖန် ဖြစ်ရန်မရှိပြီ ၊ လို့ စကားကြီးငါးခွန်း ကြုံးဝါးလိုက်သတဲ့ကွယ်။

သက်တော် ငါးရက်မြောက်မှာ ရွှေနန်းတော်ကိုပြန်ရောက်တော့ ခမည်းတော်မင်းကြီးက ဗေဒင်လက္ခဏာ
ကျွမ်းကျင်တဲ့ ပညာရှင် (၁၀၈) ဦးထဲက အတော်ဆုံးပညာရှင် ရှစ်ဦးကို သားတော်ရဲ့ လက္ခဏာဖတ်စေတယ် ။
“ ဤသားတော်သည် လူ့ဘောင်တွင်နေလျှင် စကြာ
ဝတေးမင်းဖြစ်မည်။ တောထွက်ရဟန်းဝတ်လျှင် ဘုရား
စင်စစ်ဧကန်ဖြစ်မည် ” လို့ဟောကြတယ်။ အထူးချွန်ဆုံးဖြစ်တဲ့ ကောဏ္ဍညအနွယ် ဗြာဟ္မဏသုတ္ထ ကတော့
“ ဤသူသည် ဘုရားစင်စစ်ဧကန်ဖြစ်မည် ” လို. တစ်ခွန်းတည်း တိတိကျကျဟောသတဲ့ ။ ဘုရားလောင်းမင်းသားကိုလည်း ၊ “ ပြီးမြောက်သောအကျိုးရှိသည့်မင်းသား ” လို. အဓိပ္မါယ်ရတဲ့ “ သိဒ္ဒတ္ထ ”
လို. အမည်မှည့်ခဲ့ကြတယ်။

သားတော်ကို စကြာဝတေးမင်း ဖြစ်စေလိုတဲ့ ခမည်းတော်ဟာ ဘာသာရေးဘက်စိတ်မညွတ်စေပဲ လောကီ
စည်းစိမ်ချမ်းသာခြင်းကိုသာ စိတ်ဝင်စားအောင် ကာမ၈ုဏ်အာရုံမှာ ယစ်မူးနေစေတယ်။ ဒီလိုနဲ. (၁၆) နှစ်သား
အရွယ်ရောက်တဲ့အခါ ထီးဆောင်းမင်းတွေကို သမီးကညာဆက်လာရန်ဖိတ်ခေါ်တယ် ။ ဒါပေမဲ့ သားတော်ဟာ
နန်းတော်တွင်းမှာသာ စည်းစိမ်ယစ်မူးပြီး ဘာပညာမျှ သင်ကြားတတ်မြောက်ခြင်းမရှိတဲ့အတွက် ဘယ်သူကမှ
မလာကြဘူးပေါ့။

ဒိအခါ သားတော်က “ စိုးရိမ်တော်မမူပါနဲ.ခမည်းတော် ၊ မင်းညီမင်းသား လေးသည်တော်များကိုဖိတ်ပြီး နန်း
ရင်ပြင်မှာ လေးပြိုင်ပွဲ ကျင်းပပါ” လို့ပြောသတဲ့ ။ အဲဒီနောက် နန်းရင်ပြင်မှာ ကြီးကျယ်ခမ်းနားတဲ့ လေးပြိုင်ပွဲကြီး
ကျင်းပရာ သိဒ္ဒတ္ထမင်းသားဟာ အဲဒီခေတ်က အခက်ခဲဆုံးဖြစ်တဲ့ လေးအတတ်ပညာကို ဆရာ မပါ အလိုလို တတ်မြောက်တဲ့ လေးပညာလက်စွမ်းပြလိုက်တော့မှ အားလုံးက အံ့သြထိတ်လန့်သွားပြီး သမီးကညာ မြောက်
မြားစွာကို ဆက်သကြတာပေါ့ ။ မင်းသားလည်း သူ.ရဲ့ နှမတော် ယသော်ဓယာကို အ၈္ဂမဟေသီ မိဖုရားခေါင်ကြီး
အရာထားပြီးရွှေနန်းသိမ်းပွဲခံယူတော်မူသတဲ့ ။

အဲဒီနောက် ဘုရားအလောင်း ဥယျာဉ်တော်ထွက်စဉ် လူအို ၊ လူနာ ၊ လူသေ ၊ ရဟန်း ဆိုတဲ့နိမိတ်ကြီးလေးပါး
ကိုမြင်တွေ့.ခဲ့ရတဲ့ အခါ အဲဒီဘေးတွေက လွတ်မြောက်တဲ့လမ်းကိုသာ တွေးနေသတဲ့ ။နောက်ဆုံး မဟာသက္ကရာဇ်
၉၇ ခု - ဝါဆိုလပြည့် တနင်္လာနေ. မှာ သားတော် “ရာဟုလာ ”မွေးဖွားတဲ့နေ့မှာပဲ တောထွက်တော်မူခဲ့တယ်။

ဘုရားအလောင်းတော်ဟာ ဥရုဝေလတောမှာ ခြောက်နှစ်တိုင်တိုင် ဒုက္ခရစရိယာအကျင့်ကို ကျင့်တော်မူခဲ့တယ်

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter