ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, April 18, 2010

“ ပါရမီ ” ဖြည့်ဆည်းရန် စီမံကိန်းကြီး

ပါရမီဆယ်ပါး ဆိုတာကို အလျင်ဆုံးရှင်းပြပေးပါလို့ တောင်းဆိုလာသူများရှိတဲ့အတွက် ဖြစ်ပါတယ် ။ ကဲ --
“ ပါရမီဆယ်ပါး ” ဆိုတာ ဘုရားဖြစ်ရန် စီမံကိန်းကြီးမှာ ကျင့်ကြံဆောင်ရွက်ရမယ့်လုပ်ငန်း တွေပါပဲ ။
၁) ဒါန (၂) သီလ (၃) နိက္ခေမ (၄) ပညာ (၅) ဝီ၇ိယ (၆) ခန္တီ (၇) သစ္စာ (၈) အဓိဋ္ဌာန် (၉) မေတ္တာ နဲ့ ဥပေက္ခာ
ဆိုတဲ့ ပါ၇မီဆယ်ပါး ကို ဖြည့်ကျင့်တော်မု၇တာ ဘယ်လောက်ကြာမယ်ထင်လဲ ။ အခုခေတ်လို ငါး နှစ် ၊ ဆယ်နှစ်
စီမံကိန်းမျိုးမဟုတ်ဘူးနော် ။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတဲ့ စီမံကိန်းကြီးဖြစ်တယ် ။
“ အသင်္ချေ ” ဆိုတာ ( ၁ ) ၈ဏန်းနောက်က သုံည ( ၁၄၀ ) လုံးတိုး၇တဲ့ကိန်း လို့ဆိုတယ်။ ( ၄ ) သင်္ချေ ဆိုတော့
၎ နဲ့ထပ်မြှောက်ပေါ့ ။ ကဲ - ကမ္ဘာပေါင်း ဘယ်လောက်များများကြာအောင်ဖြည့်ဆည်းခဲ့၇သလဲ ၊ တွေးသာကြည့်ပေ
တော့နော်။
ဘု၇ားဖြစ်ကြောင်း နည်းလမ်းကောင်းအဖြစ်“ ဒါနပါ၇မီ ” ကို ပထမဆုံးဖြည့်ကျင့်တော်မူ၇ပြီး “ဥပေက္ခာပါ၇မီ” ကို နောက်ဆုံးဖြည့်ကျင့်တော်မူ၇မှာဖြစ်တယ်။ ဒီလို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင်ဖြည့်ကျင့်တော်မူခဲ့တဲ့
ပါ၇မီများဟာလည်း သာမန် ပါ၇မီတွေမဟုတ်ဘူးနော် ၊ “ ပါ၇မီဆယ်ပါး ၊ အပြားသုံးဆယ် ” ဆိုတဲ့အတိုင်း အင်မ
တန် ထူးခြားနက်နဲတဲ့ ပါ၇မီတော်တွေဖြစ်တယ် ။ တို.များ၇ဲ့ မဆိုစလောက်ဖြစ်တဲ့ မေတ္တာစိတ်မျိုးမဟုတ်ဘူး ၊
သတ္တဝါအားလုံးအပေါ် မိမိနဲ.တစ်သားတည်းထားရှိတဲ့ကြင်နာ၊ သနား ၊ ချစ်ခင်တဲ့မေတ္တာစိတ်မျိုးဖြစ်တယ်။ မိမိ၇ဲ့
ကြင်ယာနဲ.သားတော်လေးကို စိမ်းကား၇က်စက်တဲ့စိတ်နဲ. စွန်.ခွာ ပစ်ထားတော်မူခဲ့တာဘယ်ဟုတ်မလဲ။ သူတို.
ကိုသာမက ဝေနေယျသတ္တဝါတွေအားလုံးအတွက် စွန်.ခြင်းကြီးငါးပါး အပြည့်အစုံ စွန်.လွှတ်တော်မူသွားတာပါ။

အဲ- “စွန်.ခြင်းကြီးငါးပါး” ဆိုတာ ဘုရားအလောင်းတော်များသာလိုက်နာ ကျင့်သုံးကြတဲ့ ပါရမီမျိုးပါပဲ ။
၁) မင်းစည်းစိမ်အပါအဝင် ရွှေ ငွေရတနာ ဆင် မြင်း တိုင်းပြည်ကိုပင်စွန်.ခြင်း
၂) ခြေလက် အစရှိတဲ့ ကိုယ်အ၈င်္ါအစိတ်အပိုင်းများကိုစွန်.လွှတ်ခြင်း
၃) သာတော် သမီးတော် တို.ကိုပငိစွန်.လွှတ်ခြင်း
၎) ကြင်ယာတော်ကို စွန်.လွှတ်ခြင်း
၅) မိမိအသက်ကိုပင် စွန်.လွှတ်ခြင်းစတဲ့ သာမန်လူတွေမကြံစည် မတွေးရဲလောက်တဲ့ မြင့်မြတ်ထူးခြားတဲ့
စိတ်ဓါတ်နဲ.လုပ်ဆောင်ချက်တွေပါပဲ။
တို.များ လူသားတွေအနေနဲလည်း အဲဒီ ပါရမီ ဆိုတဲ့ ရွှေအိုးကြီးဆယ်လုံးအနက်က မိမိဖြည့်ဆည်းခဲ့တဲ့ပါရမီ
အပေါ်မှာ မူတည်ပြီး ပြည့်စုံကြွယ်ဝ ချမ်းသာကြတယ် ။ ဆင်းရဲ မွဲတေကြရတယ် စသဖြင့် ဘဝအမျိုးမျိုးကို ရရှိကြတာပဲ။ ဒါနအိုးကို ပြည့်ဖြိုးအောင် ဖြည့်ဆည်းခဲ့သူဟာ ဒီလူ.ဘဝမှာ မတောင့်မတ ချမ်းသာကြွယ်ဝကြတယ်။
အဲ- ကျူထရံစုတ်နဲ. တဲပုတ်မှာ ဆင်း၇ဲနွမ်းပါနေသူများကတော့ ဒါနပါရမီ မဖြည့်ဆည်းခဲ့ကြလို.ပဲပေါ့ ။

ဒီလိုပါပဲ မေတ္တာ - ၈ရုဏာ - ဥပေက္ခာ စတဲ့ ဗြဟ္မစိုရ်တ၇ား ပါရမီအိုးတွေကို အတော်အသင့်ဖြည့်ဆည်းခဲ့လျင်
ဒီဘဝမှာ စိတ်ကောင်းနှလုံးကောင်းနဲ. သူတစ်ပါးအကျိုး သည်ပိုးကြတဲ့ သူတော်ကောင်းများဖြစ်နိုင်သလို အဲဒီ
အိုးတွေ မဖြည့်ဆည်းခဲ့သူများကတော့ “ ငါမှငါ ၊ ငါ့ပစ္စည်း ငါ့ဥစ္စာ စတဲ့ “အတ္တ” လွှမ်းမိုးခံနေရတဲ့ မာနအိုးအကြီးစား
အငယ်စားတွေ ဖြစ်နေကြရတာလေ။

ဒါ့ကြောင့် အခုဘဝမှာ ခံစား စံစားနေကြရတဲ့ ကိုယ့်ဘဝအခြေနေတွေကို သုံးသပ်လေ့လာ၊ ဆန်းစစ်ရမယ်။ အဲ-ကောင်းကျိုးကို ရရှိ “ စံစား”နေရလျင်လည်း ဒါကို တင်းတိမ်မနေကြပဲ ဆက်လက်ပြီးကောင်းသည်ထက်ကောင်းအောင် ပြုကျင့် လုပ်ဆောင်နေကြရမှာဖြစ်သလို မကောင်းကျိုးကို “ ခံစား” နေကြရသူများအနေနဲ.လည်း
ဟိုး- ဘဝ ဘဝ ကပြုကျင့်ခဲ့မိတဲ့ “ အမှား ”တွေကြောင့်ပါလား - ဆိုတာကိုပြန်လည် တွေးတောသုံးသပ်ကာ ပြုပြင်
ပြီး ကောင်းတဲ့စိတ်နဲ. ကောင်းတာလေးတွေကိုသာ ပြုလုပ် ဆောင်ရွက်သွားကြမယ်ဆိုလျင် နောင်ဘဝရောက်မှ ဟုတ်ဘူး ၊ အခုမျက်မှောက်ဘဝမှာပဲ အဲဒီ ကောင်းကျိုးလေးတွေကို “စံစား” နိုင်ကြပါလိမ့်မယ်။

ဒီကနေ.နိုင်ငံတကာမှာ ဘေးအမျိုးမျိုး ၊ အန္တရာယ်အသွယ်သွယ် ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ. ရင်
ဆိုင် ကြုံတွေ.နေကြရတဲ့ ဒီလူ့ဘောင်မှာ တို.များလူသားအားလုံးအနေနဲ.လည်း ရိုးရိုးကျင့် ၊ မြင့်မြင့်ကြံ ၊ မှန်တာလုပ် ၊ စိတ်ပုပ်စိတ်ယုတ်တွေကိုရှောင်ပြီး မိမိကိုယ်ကို ကောင်းအောင်ကျိုးစားကာ လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေကွယ်။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter