ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, April 11, 2010

ဗန်ကောက်မြို့ မြန်မာသံရုံးမှ ၊ သံအမတ်ကြီးအခန်းရှေ့ကခြင်္သေ့ကြီး

အဲဒီရုံးထဲကို မေ၇ာက်တာကြာဆို ၅ နှစ်လောက်တော့ရှိပြီထင်၇ဲ့ ။ အထူးကိစ္စလည်းမ၇ှိတော့ မေ၇ာက်ဖြစ်ဘူးဆိုပါတော့။ ၈ွက်ထော် ဆိုတာကလည်းအကြောင်းကိစ္စမရှိလျင်
ဆွေမျိုးအ၇င်းတွေဆီတောင် မသွားချင်တာ ဟိုး -ငယ်စဉ်ကတည်းက အကျင့်ပါ ၊ အဲ - တိုက်ဆိုင်တုံး ပြော၇အုံးမယ် ၊ ၇န်ကုန်မှာ တုံးကပေါ့- ညနေကျောင်းအဆင်း လက်ဆွဲခြင်းလေးကိုင်ကာ အိမ်အပြန်လမ်းမှာ ” မမ ကျောင်းဆင်းလာပြီလား” တဲ့ ။ သူ့ကိုကြည့်လိုက်တယ် -
အင်း-မြင်ဖူးသလိုတော့ရှိသား ၊ ဒါပေမဲ့ မမှတ်မိ ။ ” အေးကွယ် ဟုတ်ပါတယ် ” လို့တော့ ယဉ်ကျေးမှုအ၇ တုန့်ပြန်လိုက်၇တာပေါ့။ သူဘယ်သူလဲ-
မြင်ဖူးလိုက်တာမှ တ၇င်းတနှီးပဲ ။ ဟင်း ဘယ်သူပါလိမ့်-တလမ်းလုံး တွေးလာတာ - အိမ်ေ၇ာက်တော့မှ ” ဟယ် - ဦးလေး ဦးမျိုးညွန့်( နိုင်ငံ့ ၈ုဏ်၇ည် ( ဒုတိယအဆင့် ) အလုပ်သမားခေါင်းဆောင် ၊
စံပြလုပ်သား ဗဟိုကော်မီတီ အတွင်းေ၇းမှူး သခင်မျိုးညွန့်၇ဲ့သား) တဝမ်းတည်း ကွဲတဲ့ မောင်လေး ဟသ်ာမျိုးညွန့် ပါလားဆိုပြီး ချက်ခြင်း ဦးလေးဆီဖုံးဆက် တောာင်းပန်ခဲ့၇တယ် ။ အော် မိ၈ွက်ထော်ကလည်း ဆွေမျိုးတွေဆီတောင် အသွားအလာနည်းခဲ့တာကိုး။

တကယ်တော့ ဘု၇ားရှေ့က ခြသေ့င်္တွေက အင်မတန်ငြိမ်သက်ပြီး အေးအေးဆေးဆေးနေကြတာနော် -အဲ အခုဒီ ခြင်္သေ့ကိုကြည့်၇အောင်-
လွန်ခဲ့တဲ့ နှစ်ကူးချိန်ကပေါ့ ၊ သံအမတ်ကြီးဇနီးပေးလိုက်တဲ့ နှစ်သစ်ကူး အထူးလက်ဆောင်ကို တုန့်ပြန်ကျေးဇူးတင်တဲ့အနေနဲ့ အင်မတန်သပ္ဖါယ်တဲ့ ထိုင်းက ကျောင်းဆောင်နဲ့ဘု၇ားလေး လက်ဆောင်ပြန်ပေးဖို့ သံရုံးကိုသွား ၊ ၈ိတ်တံခါး ပိတ်ထားတာဖွင့်ပေးဖို့ ၈ိတ်ဝကဖုံးဆက်တယ်။ ၈ိတ်စောင့်၇ဲတွေက မျက်နှာစိမ်းတွေ (သံအမတ်ကြီးအိမ်ကိုသွားပြန်၇င်လည်း( ဟိုလေ--အဲ-အဲ- သူတို့အထဲ စာ၇င်းဝင်သွားမှာပဲ စိုး၇ိမ်၇တာကိုး)၊

” သံအမတ်ကြီးနဲ့တွေ့ချင်၇င် ကြိုတင် စာ၇င်းပေး၇တယ်၊ ဒီလို ခင်ဗျားတို့လာချင်တဲ့အချိန် လာတွေ့လို့မ၇ဘူး ”-တဲ့ ၊ ခြသေ့င်္ကြီးဟောက်လိုက်တာလေ။ ” ကျမက စီးပွားေ၇းအလုပ်နဲ့လာတာမဟုတ်ပါဘူး” လို့ပြောတော့ ”ခင်ဗျားတို့ ဘာလုပ်နေတယ်ဆိုတာ သိတယ် ” တဲ့- မိုက်ရိုင်းလိုက်ပုံက ။
သူကကောေ၇ာာက်လာသမျှ သံအမတ်ကြီးတွေ၇ဲ့ နာမယ်ကို အပြင်လောကအတွင်းေ၇ာင်းစားခြင်းအလုပ်နဲ့ ကြီးပွားနေတာ အပြင်က အားလုံးသိ ။
ဒါထက်ပို ပြော၇၇င် သူ့ကိုယ်သူ သံအမတ်ကြီး၇ဲ့ အတွင်းေ၇းမှူးလိုလို အမျိုးမျိုး လုပ်စားနေတာ အပြင်ကလူတွေ မသိတာမှတ်လို့ ။

ဒါနဲ့ ၈ွက်ထော်က ခြံစည်းရိုးကိုကျော်ပြီး ကြည့်လိုက်ချိန်မှာ ဟိုးအ၇င်က တွေ့မြင်ဖူးနေခဲ့တဲ့ သံရုံးဝန်ထမ်း ထိုင်း တစ်ယောက်က ၈ိတ်စောင့်တွေကို တံခါးဖွင့်ပေးဖို့ပြောလိုက်လို့ ၈ွက်ထော်လည်း ဝင်းထဲေ၇ာက်သွားပါတော့တယ်။ ရုံးထဲေ၇ာက်၇င် သံအမတ်ကြီးအခန်းဝင်သွားရုံပါပဲ ၊ ဘယ်သူမှ တားပိုင်ခွင့်မရှိတော့ဘူးလေ- ဒါပေမဲ့ ၈ွက်ထော်ကလည်း အကွက်ကျော်မြင်တတ်တော့ - ဟင်း သံအမတ်ကြီးအခန်းရှေ့က အဲဒီခြသေ့င်္ကို မကြည့်လို မတွေ့လိုတာနဲ့ လက်ဆောင်ထုပ်လေးကို အသိ ထိုင်းမလေးတစ်ယောက်ကို ပို့ခိုင်းလိုက်ပါတယ် ။ အခန်းရှေ့ေ၇ာက်တယ် သံအမတ်ကြီးနဲ့တွေ့စ၇ာ အထူးအကြောင်းမရှိဆိုတာပြချင်လို့ပါ။

ဗန်ကောက်က မြန်မာသံရုံးသွား စ၇ာရှိ၇င် အဲဒီ ခြသေ့င်္ကို သတိထားကြ၇န်ဖြစ်ပါတယ် ။

မေတ္တာဖြင့်

မေ၈ွက်ထော်

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter