ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, May 22, 2010

ဘယ်ကစ လို. ဘယ်ဆီသို.

အော် - - ဘဝ ၊ ဘဝ
ဘယ်က စ တယ်
တကယ် မသိ
အမိ ဝမ်းဗိုက်
ရွှေကြာတိုက် အတွင်း
ဝပ်စင်း ဝင်မှောက်
ကိုးလ မြောက်သော်
“လူ” ဟု ခေါ်တွင်
သိုင်းဝိုင်း ခွင်သို.
မပေါ်မထင် ဝင်ရောက်ခဲ့ရ ၊ အော် -- ဒီဘဝ ။

အဲဒီ နောက်တော့
အမေ ကချော့
အဖေ ကမြှူ
လူသူ အများ
လျှောက်သည့်အလား
စမ်းတ ဝါးဝါး
လိုက်ကာ သွားမိ
မသိဝိုးတဝါး ၊ အော် - ဘဝ ဆိုပါကလား ။

ငို တစ်ခါ ရယ်တစ်လှဲ.
ပြုံးတစ်ခါ မဲ့ တစ်မျိုဲး့
အဆစ်အချိုး များစွာ
လျှောက်လှမ်း လာ
စမ်းတဝါးဝါးကြုံခဲ့ရ ၊ အော် - ဒီ ဘဝ ။


ဟယ် - ဒီဘဝ ဒီခန္ဒာ
ဘယ်မှာအဆုံးသပ် ဇာတ်သိမ်း ၊
ဒုက္ခငြိမ်းဖို.
ဘယ်ကိုမျှော်လို. ၊ ဘယ်ဆီသို......

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter