ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, July 29, 2015

လေးစားစွာ ခင်မင်ခဲ့ရပါသော ပညာရေးသုတေသန ဗြူ ရိုမှ ညွှန်ကြားရေးမှူး ဆရာမ "ဒေါ်အုန်းခင်" သို. အမှတ်တရ

တစ်ချိန်က "ပညာရေးသုတေသန ဗြူ ရီု" မှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမ "ဒေါ်အုန်းခင်" မှ မိမိသင်ကြားနေရာ ကျောင်းသို. အရောက်လာကာ အထက်တန်း-အလယ်တန်းဆိုင်ေရာ ကျောင်း သင်ခန်းစာများ ရေးသားအသံလွှင့်ပေးပါရန် တာဝန်တစ်ရပ် ပေးအပ်ခဲ့ပါတယ်။ိုကိုယ်တိုင်ကလည်း ဝါသနာပါ- လုပ်ငန်းကလည်း ပတ်သက်နေသည့်အတွက် ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပါတယ် ။ မြန်မာစကားပြေ လက်ရွေးစင် စာအုပ်များမှ သင့်လျော် မည့် ခေါင်းစဉ်များကို ကိုယ်တိုင်ရွေးပြီး ဇာတ်လမ်းဆင် ရေးပေးရသလို ပညာရေးဌာနမှ ညွှန်ကြာေးရးမှူးများက ရွေးပေး သည့်အကြောင်းအရာများကိုလည်း (သူတို.က တစ်ထွာပြသည်နှင့် ကိုယ်က တစ်လန်လောက်မြင်ကာ) ကျောင်းသား-ကျောင်းသူများနှင့် သင့်လျှော်မည့် ဇာတ်လမ်း-ဇာတ်ကွက်များကို စီစဉ်ရေးသား- ဇာတ် လမ်းကိုလည်းကျောင်းများတွင် လိုက်လံသင်ပြ အသံလွှင့်ခဲ့ရသည်မှာ သီတင်းပါတ် တိုငြး်ဖစ်ပါတယ်။ အဲသည်အချိန်မှာ ကိုယ်ကလည်း ၂၀ ကျော် အစိပ်ပိုင်း -စိတ်သွားတိုင်း ကိုယ်ပါ- လိုသမျှအရာ အ ကုန်ရ နေတဲ့အချိန်ပါ။ သို.ပါသော်လည်း မိမိကိုယ်ကျိုးးအတွက် ဆိုသည်မှာ လုံးဝ-လုံးဝမပါ(ကိုယ့်အ တွက် ဘာမျှ မရှိ ဗလာနတ္ထိပါပဲ)။ မူလတန်းဆရာမလေးတစ်ယောက်ရဲ့ ကြိုးစား အားထုတ်မှုကို အမြဲ ဂရုပြုနေကြတဲ့ ပညာရေးဌာနမှ အကြီးအကဲများကလည်း အမြဲလိုလို စေတနာပိုပြီး " စာမေးပွဲ ပြန် ဖြေဆိုပါက-အထက်တန်းအထိ Double Promotion= တစ်ဆင့်ကျော် ရာထူးတိုးပေးမယ်" ပေါ့။ ဒါပေမဲ့ - "ဘွဲ.ထူး - ဂုဏ်ထူးတွေရှိနေဖို.မလို- လုပ်တတ်ကိုင်တတ်- လုပ်နိုင်တဲ့ စွမ်းရည်သာ အဓိက လို၏" ဆိုတဲ့ "မာ့ခ်စ်" ရဲ့ အယူဝါဒကို နှလုံးသွင်းကာ လုံးဝ-လုံးဝ ငြင်းဆန်ခဲ့မိတာလေ။ ဒါ့ကြောင့်သာပဲ "ဆရာမဒေါ်အုန်းခင်" အမေရီကား သွားတော့ သူ.ရဲ့ "လက်ထောက်ညွှန်ကြားရေးမှူး" ရာထူး နေရာကို မိမိအား ပေးလိုကြတဲ့ ပညာရေးဌာနမှ အကြီးအကဲများကလည်း လက်ပိုက်ကြည့်နေ လိုက်ကြတာပဲပေါ့။ ဆန်းတော့လည်း မဆန်းပါဘူးလေ ။ ကိုယ်ကလည်း ဘာရာထူးကိုမှ စိတ်မဝင်စား ပဲ သည်လို လှုပ်ရှားနေရရုံနဲ.ကို ကျေနပ်နေခဲ့တာမဟုတ်ပါလား။ ဝါသနာပါတာလေးတွေနဲ. နပန်းလုံး နေရတာကိုပဲ ပျော်မဆုံးရွှင်မဆုံးဖြစ်နေခဲ့တာကိုး။ သို.သော်လည်း -- သို.သော်လည်း --အဲ--ပေါနော့် --။ နောက်ဆုံးမျာတော့ "မခံချင်စိတ်ကလေးတွေ ဝင်လာခဲ့ပြိး စာမေးပွဲဝင်ဖြေလိုက်တာ ဆက်တိုက်ဆိုပါ တော့ -- အဆင့်ဆင့် အောင်ခဲ့တယ်လေ- ဒီတော့လည်း တက်သွားလိုက်တာ အခုရောက်ေနတဲ့ အဆင့်တိုင်ေအာင်ပါပဲ- ဒီကဗျာလေးကတော့ ဆရာမ "ဒေါ်အုန်းခင်" ခေါ် "နွယ် -စစ်တွေ" အတွက် ရေးပြီး မဂ္ဂဇင်းမှာ ထည့်ပေးခဲ့တာပါ--
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter