ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, November 17, 2014

အတုအပ ယူတတ်မှ ဘဝလှပမယ်”

ဒီဆောင်းပါးလေးကတော့ နေပြည်တော် မြန်မာ့အသံ- “ လူငယ်မှတ်သား-သုတစကား ” ကဏ္ဍမှ အသံလွှင့်ခဲ့တဲ့ဆောင်းပါးလေးပါ။ ဒီကနေ. လူငယ် လူရွယ်လေးများအတွက် အပါတ်စဉ် အင်္ဂါနေ. ညနေ(မြန်မာစံတော်ချိန် ၄း၄၀ နဲ. သောကြာနေ. နံနက် ၁၀း၄၀) မှာထုတ်လွှင့်လျက်ရှိပါတယ်။ Computer ရှိရင်တော့ internet မှာ (www.mrtv.gov.mm) ကိုကလစ်ပါ - ပေါ်လာမယ့် မြန်မာ့ ရုပ်မြင်မှာ မျှားလေးတွေပါတဲ့ Radio ကိုရွေးပြီး မျှားလေးကိုကလစ်ပါ-နားဆင်လို. ရပါပြီ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ =======================================================================================
“ မင်္ဂလာပါကလေးတို.ရေ-- ဒီနေ. ကလေးတို.အတွက် အထူးသဖြင့် မိန်းကလေးတွေတွက် “ အတုအပ ယူတတ်မှ ဘဝ လှပ မယ်“ ဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးပြီး စိစဉ်ထားပါတယ် ။ ကလေးတို.ရေ -- လူငယ်တွေဟာ အတတ်ပညာများကို သိမြင်ရုံဖြင့် တက်သိနားလည် သဘောပေါက် လွယ်နေကြ တာ ကြောင့် သူတစ်ပါးက ဒါဟာ ကောင်းတယ်ဆိုရင် အဲဒါကို လိုက်လုပ်တတ်ကြပါတယ်။ ဥပမာ-ပိုက်ဆံရှိ တဲ့လူတွေနဲ့ တွဲသွားတွဲလာ လုပ်ရတာ၊ သီချင်းဆို ဖျော်ဖြေပေးရတာ၊ အတူအိပ်ပေးရတာ တွေဟာ ဘာမှမဖြစ်ဘူး။ ငွေအလွယ်တကူရတယ်ဆိုပြီး သူများပြောတိုင်း အဟုတ်မှတ်ကာ လိုက် လုပ်တတ် ကြတယ်။ ဒီကနေ. ကြားနေရ တဲ့သတင်းတွေအရ မိန်းကလေးများပျက်စီးနေခြင်းဟာ သူများနောက် အတုယူ မှားတာလည်းပါတယ် ၊ ကိုယ်တိုင်အသိဉာဏ်နည်းပါးပြီး စဉ်း စားချင့်ချိန်တွေးတောမှုမရှိဘဲ ဘ၀ကို ဖြစ် သလို တွေးတောကာ လျှောက်လှမ်းနေကြလို့ပါ။ အသိဉာဏ်ရှိတဲ့လူဆိုတာ ဘ၀ကိုမျက်မှောက်ဘ၀ တခဏတာအတွက်ပဲ မစဉ်းစားရဘူးလေ - သံသရာတစ်လျှောက်လုံး ကြုံတွေ့ဖြတ် သန်းရမဲ့ဘ၀တွေ အတွက်ပါ စဉ်းစားလုပ်ကိုင် ဖြတ်သန်းပါမှ လူပီသမှာပါ။ ခုခေတ်လူတွေက အဲဒီလို မလုပ်ဆောင်တာကြောင့် လူပီသသူနည်းပါးနေတယ်လို့ ပြောနိုင်ပါ တယ်။ မိဘတွေက ကိုယ့်သားသမီး မကောင်းတဲ့အလုပ်ဖြင့် ငွေရှာနေ တာကို မတားမြစ်ဘဲနဲ့အား ပေးနေမယ်ဆိုရင် အဲဒီမိဘဟာ သူတော်ကောင်းမိဘ မဟုတ်ပါတော့ဘူး။ အဲဒီလိုပဲ သားသမီးကလည်း မကောင်း တာလုပ်ပြီး မိဘကို လုပ်ကျွေးမယ်ဆိုရင် သားသမီးကောင်းမဟုတ်ဘူးပေါ့ ။ မကောင်းတာလုပ်ကျွေးမှ အသက်ရှင်မယ်ဆိုရင် အစားငတ်ခံသေလိုက်တာမှ သားသမီးကောင်း မိဘကော င်းများဖြစ်ပါဦးမယ် ။ တကယ်စဉ်းစားကြည့်ရင် မကောင်းမှုလုပ်လို့ရတဲ့ အစားစာ၊ ကာမဂုဏ်တွေဟာ မျက်မှောက်မှာ တခ ဏပဲခံစားရပြီးသံသရာမှာ ဒုက္ခဆင်းရဲတွေ အများကြီးပေးဆပ် ရမှာမို့ မထိုက်တန်ဘူးလို. ဆို ရမှာပါ ။ မိန်းမပျော်လုပ်ရတဲ့အလုပ်ဟာ သာမာန်အားဖြင့်ကြည့်ရင် မကောင်းမှုနည်းတယ်လို့ ထင်ရပေမဲ့ ခွဲခြား ဝေဖန်ကြည့်လိုက်ရင် သူတစ်ပါးပစ္စည်းကို အလွယ်လိုချင်ခြင်း ၀ိသမလောဘ၊ သူတစ်ပါး အိမ်ထောင် ရေးထိခိုက်နိုင်ခြင်းအပြစ်၊ ကာမေသုမိစ္ဆာစာရကံစတဲ့ မကောင်းမှုအပြစ်တွေမိမိပေါ်မှာ ဆိုက်ရောက် နေတယ်ဆိုတာ သတိရှိစေချင်ပါတယ်။ ဒီထက်မက လူမျိုးဘာသာအတွက်ပါဆုံးရှုံး ရတဲ့အခြေနေထိ ဖြစ်သွားရင်တော့ ကိုယ့်ကြောင့် ကိုယ့်လူမျိုး ကိုယ့် ဘာသာပါထိခိုက်အောင် လုပ်လိုက်တာမို့ မျိုးရိုးစဉ် ဆက်ဂုဏ်ပါ ဖျက်ဆီးခြင်းအပြစ်များပါ ကျရောက်သွားပြီဖြစ်ပါတယ် ။ မိမိတို့ လူမျိုး ဘာသာဝင်တွေကလည်း ပိုက်ဆံရှိရင် ကိုယ့်အချင်းချင်း ထိန်းသိမ်းကာကွယ်ပေးရမယ်။ ကိုယ်လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ်၊ ဘယ်သူမှ ထည့် တွက်မနေဘူးဆိုတာမျိုးတွေ မလုပ်သင့် ဘူးလေ ။ ဥပမာ-ကိုယ်ကပိုက်ဆံချမ်းသာလို့ ပျော်တော်ဆက်တွေ၊နိုက်က်ကလပ်တွေသွားပြီး ပျော်ပါးမယ်ဆိုရင်တောင် ကိုယ့် လူမျိုး၊ ကိုယ့်ဘာသာဝင်တွေ သူများနောက်မပါအောင် ကိုယ်ကသိမ်းသွင်းခေါ် နိုင်သမျှ လုပ်ပေးမှသာ အနာဂတ် မိမိတို့လူမျိုးဘာသာဝင်တွေ ဆက်လက်တည်တံ့နိုင်ပါ လိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ဘယ်သူဘာဖြစ်ဖြစ်ငါ့မထိခိုက်ရင်ပြီးရောဆိုသူတွေ များလာရင်တော့ မကြာမီ လူမျိုး ဘာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။ တိုင်းတစ်ပါးမှ အတက်ပညာဗဟုသုတပညာများကို သိမြင်ရုံနဲ့ တက်သိနားလည်နေတဲ့ခေတ်မှာ မ ကောင်းတဲ့ အတတ်ပညာ၊ အတွေးအခေါ်အယူအဆ၊ ၀တ်စားဆင် ယင်မှုများကို အတုယူမမှား အောင် ဆင်ခြင်စဉ်းစားကြဖို့ အရေးကြီးပါတယ်။ လူငယ်လေးများ အတုယူမမှားစေရန်မှာ ပတ်ဝန်းကျင်ရှိအ နေနီးသူ လူကြီးများရဲ့ ပြော ဆိုဆုံးမ နေထိုင်မှုပေါ်မှာလည်း မူတည်ပါတယ်။ ရှေးဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ “ ဆိုတဲ့ စကားလိုပဲ ရှေးဆောင်ဖြစ်တဲ့ လူကြီးများက ယဉ်ကျေးသိမ်မွေ့စွာပြော ဆိုနေထိုင်ပြရပါမယ် ။ ဒါမှသာ နောက်တက်လူငယ်များက အတုယူမှန်ပြီး အနာဂတ်မြန်မာပြည်ကြီးသည် သာယာလှပလျက် ယဉ်ကျေးသောနိုင်ငံအဖြစ် ဆက်လက် တည်တံ့နိုင်မှာပါဖြစ်ပါတယ် ။ ဒါကြောင့် ရှေ့ဆောင်ဖြစ်တဲ့ လူကြီးများဟာ နောက်လာမဲ့ကလေးများရဲ့ အတုယူစရာဖြစ်သဖြင့် အထူးဂရုစိုက် ဆင်ခြင်နေထိုင်ဖို့ လိုပါ တယ်။ မိမိကိုယ်ကို အသက်(၂၀)မကျော်သေးလို့ မိမိက လူကြီးမဟုတ်ဘူးလို့လည်း မထင် လိုက်ပါနဲ့ - မိမိအောက်က ကလေးတွေကို ကြည့်မယ်ဆိုရင် မိမိဟာ လည်း လူကြီးဖြစ်ပြီး နောက် လူငယ်များရဲ့ ရှေ.ဆောင်များ ဖြစ်နေကြ ပြီလို. သတိထားစေချင်ပါတယ် ။ “အတုမြင်အတက်သင်”ဟူသောစကားဟာမှန်ကန်သောအကြောင်းအရာ၊ ကောင်းမွန်သော အလေ့အထများကို လိုက်လုပ်ရန်အတွက် အသုံးဝင်တဲ့စကားပုံဖြစ်သော် လည်း မကောင်းသော အမှုကိစ္စများကို အတုယူလျှင်တော့ အသုံးမကျသော စကားပုံဖြစ်သွားပါတယ်။ ဒါကြောင့် မြင်သမျှသော အရာဝတ္ထု အားလုံးကို မိမိနှင့်သင့် တော်မှုရှိမရှိ၊ မိမိယဉ်ကျေးမှု လူမျိုးဘာသာနှင့် လိုက်ဖက်မှုရှိမရှိ၊ မိမိနိုင်ငံလူမျိုး အတွက် အသုံးဝင်မ၀င်တို့ကို စဉ်းစားပြီးမှ လုပ်သင့်မလုပ်သင့်ကို ဆုံးဖြတ်ကျင့်သုံး ရပါမယ်။ မိမိနိုင်ငံ လူမျိုးများရဲ့ ယဉ်ကျေးမှုများကို မစဉ်းစားမတွေးတောဘဲ မိမိ အတွက်ပဲကြည့်ပြီး လုပ်ချင်ရာကိုလုပ်မည်ဆိုပါက ထိုသူသည် နိုင်ငံလူမျိုးမျက်နှာကို မထောက် ထားတဲ့အတွက် နိုင်ငံလူမျိုးများရဲ့ ပြစ်ဒဏ် ကြီးမားသော ရန်သူဖြစ်သွားပါလိမ့်မယ်။ မိမိတို့ဟာ ဗွီဒီယိုဇာတ်ကားထဲကဖြစ်စေ၊ စာအုပ်ထဲကဖြစ်စေ ၊ အင်တာနက်ကနေဖြစ်စေ ရယူနိုင်တဲ့ အတတ်ပညာများဟာ အများသူငှါအကျိုးရှိစေမဲ့ အတတ်ပညာ များဖြစ်အောင် အသုံးချရပါမယ်။ အဲဒီ လိုမဟုတ်ပဲ မိမိလူမျိုး- နိုင်ငံ- ယဉ်ကျေးမှုပျက်ပြားစေမဲ့ အကျင့်စရိုက်များကို အတုယူကျင့်သုံးပါက လူမျိုးနှင့်နိုင်ငံယဉ်ကျေးမှု ဖျက်ဆီးသူပါ။ မိမိတို့ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာသော မြန်မာ လူမျိုး တို့၏ ယဉ်ကျေးမှုကို မိမိလက်ထက်ကျမှ ပျက်စီးသွားမယ်ဆိုရင် ဘိုးဘွားများရဲ့ မျက်နှာ ကို မထောက် ရာရောက်သလို ဘိုးဘွားများထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှုမျာကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။ ဇာတ်ကားတစ်ကားကိုကြည့်လျှင် ထိုဇာတ်ကားထဲ၌ပါသော စီးပွားရေးဈေးကွက်၊ ကောင်းမွန်သော ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးအတတ်ပညာ၊ အချိန်ကိုအသုံးပြု နည်း၊ အပေါင်းအသင်း ကောင်း ဆိုတာဘယ်လို မကောင်းတဲ့အပေါင်းအသင်းဆိုတာ ဘယ်လိုစတဲ့ အချက်များစွာထဲကနေ မိမိအတွက် အသုံးကျမဲ့ အတတ်ပညာဗဟု သုတများကို ထုတ်နုတ်ယူရပါမယ်။ မကောင်းတဲ့နည်းများကိုသာ အတု ယူကျင့်သုံးပါက အသုံးမကျတဲ့လူတစ်ယောက်လည်း ဖြစ်ပါ လိမ့်မယ်။ ကိုးရီယားဇာတ်ကားများကို နေ့စဉ်အချိန်ပေးလျက်ကြည့်နေကြပြီး ထိုဇာတ်ကားထဲကနေ မိမိအတွက် အမှန်တကယ်နည်းယူသင်တဲ့အချက်များကိုနည်းမယူဘဲ မိမိမြန်မာ လူမျိုးများသိက္ခာကျပြီး ကိုယ့်ကျင့်တရားပျက်စီးစေတဲ့ အချက်အလက်များကို မှားယွင်းစွာ လေ့လာ လိုက်စားနေ ကြ တာတွေ.ရပါတယ်။ တကယ်ဆို ကိုးရီးယားဇာတ် ကားများတွင်သူတို့လူမျိုးများ စီးပွားရေးနှင့် ပတ်သတ်လျှင်မည်မျှလောက် အချိန်ကိုတန်ဖိုးထားပုံ၊ စီးပွားရေးလုပ်ရာ၌ မခိုးမကပ်ဘဲ ကြိုးစား နေကြပုံတို့ကို အတုယူကျင့် သုံးရမှာ ပါ။ အဲဒီလိုသာ အတုယူကျင့်သုံးမယ်ဆိုရင် မိမိတို့ မြန်မာလူမျိုး များအတွက်မည်မျှလောက် တန်ဖိုးရှိ လိုက်မလဲနော်။ မိမိတို့နိုင်ငံလူမျိုးယဉ်ကျေးမှုနှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ အ၀တ်အစားမလုံခြုံမှု၊ အိမ်ထောင်ရေး မတည် ငြိမ်အောင် တစ်ယောက်နှင့်တစ်ယောက် ဖောက်ပြန်မှုများကိုသာ အတုယူကျင့်သုံးနေကြ တာတွေဟာ မိမိအတွက်ရော တစ်ပါးသူအတွက်ရော နိုင်ငံယဉ်ကျေးမှုအတွက်ပါ ထိခိုက်စေတဲ့ အတုယူမှားတွေပါ။ မိမိတို့ မြန်မာနိုင်ငံ မြန်မာ လူမျိုးများသည် တစ်လင်တစ်မယားစနစ်ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သလို ယဉ် ကျေးသိမ်မွေ့ဣနြေ္ဒရှိသော နိုင်ငံအဖြစ်လည်း ကမ္ဘာပေါ်မှာထင်ပေါ်ကျော်ကြားခဲ့တဲ့ နိုင်ငံဖြစ် ပါတယ်။ ဒါကြောင့် အဲဒီလိုဖြစ်နေတဲ့နိုင်ငံကြီးကို ယဉ်ကျေးမှုရိုးရာများ ပျက်စီးမသွားရအောင် အတုယူမမှားဖို့ အရေးကြီးပါတယ်။ ယခုခေတ် မြန်မာမိန်းကလေးများဟာ ကိုးရီးယားဇာတ်ကားများကြည့်ပြီး ခေတ်မီတဲ့ပုံစံ မပေါ် တပေါ် လေးဝတ်မှ ယောက်ျားများက ကြိုက်မယ်လို့ ထင်နေကြပါတယ်။ ဒါဟာလည်း အထင်မှား အတုယူမှား တွေပါ။ မိမိက ခေတ်မီတဲ့ပုံစံဝတ်မှသာ ယောက်ျားများ၏ ကြည့်ရှု့ခြင်း ကြိုက်နှစ်သက်ခြင်းများကို ခံရ မယ်မထင်ပါနဲ့ - အဲဒီလို မလုံတလုံ ၀တ်ခြင်းများဟာ တခဏတာပဲ ယောက်ျား လေးများရဲ့စိတ်ကို ဆွဲ ဆောင်နိုင်ပါတယ်။ ဒါဟာလည်း ကိလေသာစိတ်နိုးဆွပေးတဲ့ သဘောလေး လောက်ပဲ အကြည့်ခံတာပါ။ တကယ်တမ်းကျတော့ မြန်မာလိုယဉ်ယဉ်ကျေးကျေး ပုံစံလေးကသာ ယောက်ျားလေးများ၏ ရင်ထဲကို တစိမ့်စိမ့်ကြည့်နေချင်လောက်အောင် ဆွဲဆောင် နိုင်ပါတယ်။ မိမိရဲ့ အ၀တ်အစားကြောင့် တစ်ပါးသော ယောက်ျားလေးများအား ကိလေသာထကြွမှုကြောင့် အပြစ်ဖြစ်သလို မိမိသည်လည်း လုံ့ဆော်ပေးခြင်း ကြောင့် အပြစ်ဖြစ်ပါတယ်။ ဒါပြင် မိမိကြောင့် စိတ်မထိန်းနိုင်ကြမ်းတမ်းသော ယောက်ျားလေးများနှင့်တွေ့ရင် မုဒိန်းမှုကျုးလွန်ခြင်းများလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးများဟာ ယဉ်ကျေးသိမ်မွေ့စွာ ၀တ် စားဆင်ယင် ပြုမှုနေထိုင်မယ်ဆိုရင် ထိုမိန်းကလေးကို မြင်ရသူမှာလည်း စိတ်ကြည်နှုးမှုဖြစ်ရသလို တ ခြားနိုင်ငံလူမျိုးများရဲ့ အမြင်မှာလည်း မြန်မာလူမျိုးများ၏ သိက္ခာရှိမှုကို အထူးတန်ဖိုးထားခြင်းခံရမှာ အ သေအချာပါ ။ ဒီကနေ.ခေတ်ယောက်ျားလေး(အချို.)ဟာ မိန်းကလေးများကို အလွယ်တကူတွဲပြီး တန်ဖိုးမထား တတ် ကြသလို မိန်းကလေးများကလည်း မိမိတို့ရဲ့ဣနြေ္ဒကို သိက္ခာ ကင်းမဲ့စွာနေထိုင်ပြီး ယောက်ျား များရဲ့အ လိုကို ရှေ့နောက်မစဉ်းစားဘဲ ယုံကြည်လွယ်ကာ ပုံအပ်လေ့ရှိကြပါတယ်။ ယောက်ျားဖြစ်သူများဟာ သူတို့လိုချင်တဲ့အချိန်ရပြီး လျှင် နောက်နောင်ကို စိတ်မပါသောအခါ မိန်းကလေးများ အား ပစ်ထားတတ် ကြပါတယ်။ မိန်းကလေးများကလည်း သူတို့ပစ်သွားလျှင် မမှုသလို နေတတ်ကြပြီး မိမိဗိုက်တွင် သန္ဓေ ခလာသောအခါမှသာ သူများအသတ်ကို အလွယ်တကူသတ်ဖြစ်ကာ အပြစ် များစွာ ကျူးလွန်ကြပါတော့ တယ်။ မိမိတို့စဉ်းစားဆင်ခြင်မဲ့မှုကြောင့် မိမိဒုက္ခရောက်ရသလို ရခဲလှတဲ့လူ့ဘ၀လေး ဖြစ်လာမဲ့ ခလေး လည်း ပျက်စီးသွားရပါတယ်။ ယောက်ျားလေးများသည် မည်သို့ ပင် သူတို့က ပွေနေစေကာမှု သူတို့ တစ် သက်လုံးရာသက်ပန်ပေါင်းချင်သည့် မိန်းကလေးကိုတော့ ရိုသားဖြူစင်တဲ့ အိမ်ထောင်ရှင်မကောင်းပီသ တဲ့သူ ဖြစ်စေချင်ပါတယ်။ ယောက်ျားတွေဟာ အဲဒီလို မိန်းကလေးကိုသာ ရအောင်ယူလေ့ရှိပြီး ထိုမိန်း ကလေးမျိုးမှလည်း တစ်သက်လုံး ပေါင်းသင်း နိုင်ကြပါတယ်။ မိန်းကလေးကလည်း မိန်းမကောင်း မပီသ ၊ ယောက်ျားလေးကလည်း အိမ်ထောင် ဦးစီးမပီသသူများဖြစ်ပါက ထိုစုံတွဲသည် ဘယ်လိုမှ ရာသက် ပန်ချစ်ခင်ပြီး ပေါင်းသင်းနိုင်လိမ့်မည် မဟုတ်တော့ဘူးပေါ့ ။ ဒါကြောင့် ကလေးတို.အားလုံးးလည်း အတုအပ ဆိုတာ ယူတတ်မှ ဘဝလှမယ် လို. သတိထားပြီး မိမိနဲ. တကွ မိမိပတ်ဝန်းကျင်ကိုပါ အလှဆင်နိုင်ကြပါစေကွယ် --

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter