ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, August 11, 2014

"ထိုင်း-မြန်မာ ဂီတ အနုပညာအသင်း" ဖွင့်ပွဲ

Opening Ceremony of Thai Myanamr Musical Arts Society "ထိုင်း-မြန်မာ ဂီတ အနုပညာအသင်း" ဖွင့်ပွဲကို ၂၀၁၄ ခု- သြဂုတ်လ ၁၀ ရက်နေ.မှာ အောင်မြင်စွာ ကျင်းပပြိးဖြစ်ပါတယ် ။ အသင်း၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Head of the ASEAN Language Dept. မှ Dr. Janpa နှင့် အသင်းကြီး၏ ဒုတိယ ဥက္ကဌဖြစ်သူ Head of the English Dept. မှ ဆရာ ဦးဝင်းနိုင်စိုး (Austin) တို.၏ ကူညီပံ့ပိုး မှူဖြင့် Dhurakij Pandit University မှ Hall မှာ ကျင်းပခွင့် ရရှိခဲ့ပါတယ် ။ ကြဂုတ်လ (၁၂) ရက်နေ. သည် ထိုင်းနိုင်ငံ အမေများနေ. (ဘုရင်မကြီး သီရိခေတ်၏ မွေးနေ.) ဖြစ် သောကြောင့် ရုံးပိတ် ရက် ၄ - ရက် ရရှိသွားကြသည့် ထိုင်းမိသားစုများ- အခြားသူများအားလုံး အနေ နှင့်လည်း ရက်ရှည် ခရီးထွက်ကြသည်နှင့် တိုက်ဆိုင်သွားပါသော်လည်း အသင်းဖွင့်ပွဲမှာ အောင်မြင် စွာ ပြီးမြောက်ခဲ့ပါတယ်။ တေးသံရှင် (ကို)”မင်းအောင်ခိုင်”သည် စနေနေ.ညနေပိုင်းမှာ ဘန်ကောက် ကိုရောက်လာပြီး ဘုရားဖူး စသည်ဖြင့် တနင်္ဂနွေနေ. နေ.လည် ၁၂ - နာရီမှ စုရပ်သို. ရောက်လာ ခဲ့ ပါတယ် ။ သိဆိုဖျော်ဖြေမှုမှုတွင် ကြိုတင်ပြင်ဆင်နိုင်မှု မရှိသည့်အတွက် အနည်းငယ်ချို.ယွင်းချက်များရှိ ပါသော် လည်း အသင်းဖွင့်ပွဲံကြီးမှာမူ အောင်မြင်သည်ဟုဆိုနိုင်ပါတယ်။ Presenters များဖြစ်တဲ့ ရှင်းလင်းတင်ဆက်မှုနှင့် အပြောအလွန်ကောင်းသော ကိုဇေယျာ နဲ. နန်းအိမွန်မြင့် - အတွင်းရေးမှူး Dr. Myo Swe တို့သည် ရန်ကုန်မှ ဆရာဝန်များဖြစ်ပြီး ထိုင်းနိုင်ငံမှ မဟီဒေါ်န်တက္ကသိုလ်မှာ Master လာတက်နေသူများဖြစ်ပါတယ်
စင်္ကာပုမှ တေးသံရှင်(ကို)မင်းအောင်ခိုင် "ရွှင်လန်းချမ်းမြေ့ပါစေ" အဖွင့်တေးဖြင့် စတင်လိုက်ပါတယ်
ထိုင်းတက္ကသိုလ်ကျောင်းသူလေးရဲ့ ထိုင်းရိုးရာအကလေးပါ
အလုပ်သမားလေး"ကိုဝင်းထွန်း" က "အမေ့အိမ်" တေးနဲ. ထိုင်နိုင်ငံ"အမေများနေ." ကိုဦးခိုက်ကြိုဆိုခဲ့ပါတယ်
အလုပ်သမလေး"ခင်မာလွင်" ကလည်း အမေများနေ.ကို ဦးခိုက် ကြိုဆိုလိုက်ပါတယ်
လုပ်သားလေး "ကိုဇင်မျိုးမင်း" ရဲ့ "ပုဂံခေတ် ကကွက်" လေးပါ
(ကို) မင်းအောင်ခိုငနဲ. သိရိသဲဖြူဝင်း" တို.ရဲ့ စုံတွဲသီဆိုဖျော်ဖြေမှုလေးပါ
"ကလေးတို.ဆရာမ" သိချင်းလေးနဲ.လည်း ဖျော်ဖြေပေးခဲ့ရပါတယ်
Sponsor ဖြင့် ကုညီပံ့ပိုးသေးသူတစ်ဦးအား အလုပ်သမားသံအရာရှိ"ဦးသိန်းနိုင်"မှ ကျေးဇူးတင်လက်မှတ် ချီးမြှင့်ပေးနေပုံဖြစ်ပါတယ်

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter