ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, July 21, 2014

“ အတုအပ ယူတတ်မှ ဘဝလှပမယ်”

ဒီဆောင်းပါးလေးကတော့ နေပြည်တော်မြန်မာ့အသံ-“လူငယ်မှတ်သား-သုတစကား” ကဏ္ဍမှအသံလွှင့်ခဲ့တဲ့ဆောင်းပါးလေးပါ။ ဒီကနေ. လူငယ် လူရွယ်လေးများအတွက် အပါတ်စဉ် အင်္ဂါနေ. ညနေ(မြန်မာစံတော်ချိန် ၄း၄၀ နဲ. သောကြာနေ. နံနက် ၁၀း၄၀) ထိုင်းစံတော်ချိန် နံနက် ၁၁း ၁၀ - နာရီ နဲ. ညနေ ၅း ၁၀ နာရီမှာထုတ်လွှင့်လျက်ရှိပါတယ်။ Computer ရှိရင်တော့ internet မှာ(www.mrtv.gov.mm) ကိုကလစ်ပါ - ပေါ်လာမယ့် မြန်မာ့ရုပ်မြင်မှာ မျှားလေးတွေပါတဲ့ Radio ကိုရွေးပြီး မျှားလေးကိုကလစ်ပါ- နားဆင်လို. ရပါပြီ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ============================================================= (“ဆရာတော် ဝိမလဝံသ” ၏ ဆောင်းပါးတစ်ပုဒ်မှ ကောက်နှုတ်ကာပြန်လည်ဖြည့် စွက် ရေးသား ထားခြင်းဖြစ်ပါတယ် ။)
ဒီစာတန်းလေးကို"ကလစ်"လိုက်ပါ-နော်ကပေါ်လာမယ့်စာမျက်နှာမှ မျှားလေးကိုထပ်ပြီ"ကလစ်" လိုက်ပါ-အသံပေါ်လာပါလိမ့်မယ်။ ==================================================================================== မင်္ဂလာပါကလေးတို.ရေ-- ဒီနေ. ကလေးတို.အတွက် အထူးသဖြင့်မိန်းကလေးတွေတွက် “ အတုအပယူတတ်မှ ဘဝ လှပ မယ်“ ဆိုတဲ့ခေါင်းစဉ်လေးကို ရွေးပြီး စိစဉ်ထားပါတယ် ။ ကလေးတို.ရေ -- လူငယ်တွေဟာအတတ်ပညာများကို သိမြင်ရုံဖြင့် တက်သိနားလည် သဘောပေါက် လွယ် နေကြ တာကြောင့် သူတစ်ပါးက ဒါဟာ ကောင်းတယ်ဆိုရင်အဲဒါကိုလိုက်လုပ်တတ်ကြပါ တယ်။ဥပမာ-ပိုက်ဆံရှိတဲ့လူတွေနဲ့ တွဲသွားတွဲလာ လုပ်ရတာ၊ သီချင်းဆို ဖျော်ဖြေပေးရတာ၊ အတူအိပ်ပေးရတာတွေဟာဘာမှမဖြစ်ဘူး။ငွေအလွယ်တကူရတယ်ဆိုပြီးသူများပြောတိုင်း အဟုတ်မှတ်ကာ လိုက် လုပ်တတ်ကြတယ်။ ဒီကနေ. ကြားနေရတဲ့သတင်းတွေအရမိန်းကလေးများပျက်စီးနေခြင်းဟာသူများနောက်အ တုယူမှားတာလည်းပါတယ်၊ ကိုယ်တိုင်အသိဉာဏ်နည်းပါးပြီး စဉ်းစားချင့်ချိန်တွေးတောမှု မရှိဘဲ ဘ၀ ကို ဖြစ်သလိုတွေးတောကာလျှောက်လှမ်းနေကြလို့ပါ။ အသိဉာဏ်ရှိတဲ့လူဆို တာ ဘ၀ကိုမျက် မှောက်ဘ၀ တခဏတာအတွက်ပဲ မစဉ်းစားရဘူးလေ - သံသရာတစ် လျှောက်လုံး ကြုံတွေ့ဖြတ် သန်းရမဲ့ဘ၀တွေအတွက်ပါ စဉ်းစားလုပ်ကိုင်ဖြတ်သန်းပါမှလူ ပီ သမှာပါ။ ခုခေတ်လူတွေကအဲဒီလိုမလုပ်ဆောင်တာကြောင့်လူပီသသူနည်းပါးနေတယ်လို့ ပြောနိုင်ပါ တယ်။ မိဘတွေကကိုယ့် သားသမီးမကောင်းတဲ့ အလုပ်ဖြင့်ငွေရှာနေတာကို မတားမြစ်ဘဲနဲ့ အားပေးနေမယ်ဆိုရင် အဲဒီမိဘဟာ သူတော်ကောင်းမိဘမဟုတ်ပါတော့ဘူး။ အဲဒီလိုပဲသား သမီးက လည်းမကောင်းတာလုပ်ပြီးမိဘကို လုပ်ကျွေးမယ်ဆိုရင် သားသမီးကောင်းမဟုတ် ဘူးပေါ့။ မကောင်းတာလုပ်ကျွေးမှအသက်ရှင်မယ်ဆိုရင် အစားငတ်ခံသေလိုက်တာမှ သား သမီးကောင်း မိဘကောင်းများဖြစ်ပါဦးမယ် ။ တကယ်စဉ်းစားကြည့်ရင်မကောင်းမှုလုပ်လို့ရတဲ့အစားဟာ၊ကာမဂုဏ်တွေဟာ မျက်မှောက် မှာတခဏပဲခံစားရပြီး သံသရာမှာဒုက္ခဆင်းရဲတွေအများကြီးပေးဆပ်ရမှာမို့ မထိုက်တန်ဘူး လို.ဆိုရမှာပါ ။ မိန်းမပျော်လုပ်ရတဲ့ အလုပ်ဟာသာမာန်အားဖြင့်ကြည့်ရင် မကောင်းမှုနည်း တယ်လို့ ထင်ရပေမဲ့ ခွဲခြားဝေဖန်ကြည့်လိုက်ရင် သူတစ်ပါး၏ပစ္စည်းကို အလွယ်လိုချင်ခြင်း ၀ိသမလောဘ၊သူတစ်ပါးအိမ်ထောင်ရေးထိခိုက်နိုင်ခြင်းအပြစ်၊ကာမေသုမိစ္ဆာစာရကံစတဲ့မ ကောင်းမှု အပြစ်တွေမိမိပေါ်မှာဆိုက်ရောက်နေတယ်ဆိုတာ သတိရှိစေချင်ပါတယ်။ ဒီထက် မက လူမျိုးဘာသာအတွက်ပါဆုံးရှုံးရတဲ့အခြေနေထိ ဖြစ်သွားရင်တော့ ကိုယ့်ကြောင့် ကိုယ့် လူမျိုးကိုယ့်ဘာသာပါထိခိုက်အောင်လုပ်လိုက်တာမို့ မျိုးရိုးစဉ်ဆက်ဂုဏ်ပါ ဖျက်ဆီးခြင်းအပြစ် များပါကျရောက်သွားပြီဖြစ်ပါတယ် ။ မိမိတို့လူမျိုးဘာသာဝင်တွေကလည်း ပိုက်ဆံရှိရင်ကိုယ့်အချင်းချင်း ထိန်းသိမ်းကာကွယ်ပေး ရမယ်။ ကိုယ်လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ်၊ ဘယ်သူမှ ထည့်တွက်မနေဘူးဆိုတာ မျိုးတွေမလုပ်သင့်ဘူးလေ။ ဥပမာ-ကိုယ်ကပိုက်ဆံချမ်းသာလို့ ပျော်တော်ဆက်တွေ၊နိုက်က လပ်တွေသွားပြီးပျော်ပါးမယ်ဆိုရင်တောင် ကိုယ့်လူမျိုး၊ကိုယ့်ဘာသာဝင်တွေသူများနောက် မပါအောင် ကိုယ်ကသိမ်းသွင်းခေါ်နိုင်သမျှ လုပ်ပေးမှသာ အနာဂတ်မိမိတို့လူမျိုးဘာသာဝင် တွေ ဆက်လက် တည်တံ့နိုင်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲဘယ်သူဘာဖြစ်ဖြစ်ငါ့မထိခိုက် ရင်ပြီးရောဆိုသူတွေများလာရင်တော့ မကြာမီ လူမျိုးဘာသာပျောက်ကွယ်သွားပါလိမ့်မယ်။ တိုင်းတစ်ပါးမှအတက်ပညာဗဟုသုတပညာများကိုသိမြင်ရုံနဲ့ တက်သိနားလည်နေတဲ့ခေတ် မှာ မကောင်းတဲ့အတတ်ပညာ ၊အတွေးအခေါ်အယူအဆ၊၀တ်စားဆင်ယင်မှုများကို အတုယူ မမှားအောင် ဆင်ခြင် စဉ်းစားကြဖို့ အရေးကြီးပါတယ်။လူငယ်လေးများ အတုယူမမှားစေရန် မှာပတ်ဝန်းကျင်ရှိအနေနီးသူလူကြီးများရဲ့ ပြောဆိုဆုံးမ နေထိုင်မှုပေါ်မှာလည်းမူတည်ပါတယ်။ "ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ “ ဆို တဲ့ စကား လိုပဲရှေးဆောင်ဖြစ်တဲ့ လူကြီးများက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနေထိုင်ပြရပါ မယ်။ ဒါမှသာနောက်တက်လူငယ်များကအတုယူမှန်ပြီးအနာဂတ်မြန်မာပြည်ကြီးသည် သာ ယာလှပလျက် ယဉ်ကျေးသောနိုင်ငံအဖြစ် ဆက်လက် တည်တံ့နိုင်မှာ ပါ ဖြစ်ပါတယ် ။ ဒါ ကြောင့်ရှေ့ဆောင်ဖြစ်တဲ့ လူကြီးများဟာ နောက်လာမဲ့ကလေးများရဲ့ အတုယူစရာဖြစ်သဖြင့် အထူးဂရုစိုက် ဆင်ခြင်နေထိုင်ဖို.လိုပါတယ်။မိမိကိုယ်ကို အသက်(၂၀)မကျော်သေးလို့ မိမိ ကလူကြီးမဟုတ်ဘူးလို့လည်းမထင်လိုက်ပါနဲ့ - မိမိအောက်က ကလေးတွေကို ကြည့်မယ် ဆိုရင် မိမိဟာလည်း လူကြီးဖြစ်ပြီး နောက် လူငယ်များရဲ့ရှေ.ဆောင်များ ဖြစ်နေကြ ပြီလို. သတိထားစေချင်ပါတယ် ။ “အတုမြင်အတက်သင်”ဟူသောစကားဟာမှန်ကန်သောအကြောင်းအရာ၊ကောင်းမွန်သော အလေ့အထများကိုလိုက်လုပ်ရန်အတွက်အသုံးဝင်တဲ့စကားပုံဖြစ်သော်လည်းမကောင်းသော အမှုကိစ္စများကို အတုယူလျှင်တော့ အသုံးမကျသောစကားပုံဖြစ်သွားပါတယ်။ ဒါကြောင့် မြင် သမျှသော အရာဝတ္ထုအားလုံးကို မိမိနှင့်သင့်တော်မှုရှိမရှိ၊ မိမိယဉ်ကျေးမှု - လူမျိုးဘာသာနှင့် လိုက်ဖက်မှုရှိမရှိ၊ မိမိနိုင်ငံလူမျိုးအတွက်အသုံးဝင်မ၀င်တို့ကိုစဉ်းစားပြီးမှလုပ်သင့်မလုပ်သင့် ကို ဆုံးဖြတ် ကျင့်သုံးရပါမယ်။ မိမိနိုင်ငံလူမျိုးများရဲ့ ယဉ်ကျေးမှုများကို မစဉ်းစားမတွေးတော ဘဲ မိမိအတွက်ပဲကြည့်ပြီး လုပ်ချင်ရာကို လုပ်မည်ဆိုပါက ထိုသူသည် နိုင်ငံလူမျိုးမျက်နှာကို မထောက် ထားတဲ့အတွက်နိုင်ငံလူမျိုးများရဲ့ ပြစ်ဒဏ်ကြီးမားသောရန်သူဖြစ်သွားပါလိမ့်မယ်။ မိမိတို့ဟာ ဗွီဒီယိုဇာတ်ကားထဲကဖြစ်စေ၊ စာအုပ်ထဲကဖြစ်စေ၊ အင်တာနက်ကနေဖြစ်စေရ ယူနိုင်တဲ့ အတတ်ပညာများဟာ အများသူငါအကျိုးရှိစေမဲ့ အတတ်ပညာများဖြစ်အောင် အ သုံးချရပါမယ်။ အဲဒီလိုမဟုတ်ဘဲမိမိလူမျိုးနိုင်ငံယဉ်ကျေးမှုပျက်ပြားစေမဲ့ အကျင့်စရိုက်များကို အတုယူကျင့်သုံးပါကလူမျိုးနှင့်နိုင်ငံယဉ်ကျေးမှုဖျက်ဆီးသူပါ။ မိမိတို့ဘိုးဘွားစဉ်ဆက် ထိန်း သိမ်းလာသော မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုကိုမိမိလက်ထက်ကျမှပျက်စီးသွားမယ်ဆိုရင် ဘိုးဘွားများရဲ့ မျက်နှာကို မထောက်ရာရောက်သလို ဘိုးဘွားများထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေး မှုမျာကိုလည်းဖျက်ဆီးရာရောက် ပါတယ်။ ဇာတ်ကားတစ်ကားကိုကြည့်လျှင်ထိုဇာတ်ကားထဲ၌ပါသော စီးပွားရေးဈေးကွက် ၊ ကောင်း မွန်သော ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးအတတ်ပညာ၊ အချိန်ကိုအသုံးပြုနည်း၊ အပေါင်း အသင်း ကောင်းဆိုတာဘယ်လို မကောင်းတဲ့အပေါင်းအသင်းဆိုတာ ဘယ်လိုစတဲ့ အချက် များစွာထဲကနေမိမိအတွက်အသုံးကျမဲ့အတတ်ပညာဗဟုသုတများကို ထုတ်နုတ်ယူရပါမယ်။ မကောင်းတဲ့နည်းများကိုသာအတုယူ ကျင့်သုံးပါက အသုံးမကျတဲ့လူတစ်ယောက်လည်း ဖြစ် ပါလိမ့်မယ်။ ကိုးရီယား ဇာတ်ကားများကို နေ့စဉ်အချိန်ပေး လျက်ကြည့်နေကြပြီး ထိုဇာတ်ကားထဲကနေ မိမိ အတွက် အမှန်တကယ် နည်းယူသင်တဲ့ အချက်များကိုနည်းမယူဘဲ မိမိမြန်မာလူမျိုးများ သိက္ခာကျပြီး ကိုယ်ကျင့်တရား ပျက်စီးစေတဲ့ အချက်အလက်များကို မှားယွင်းစွာ လေ့လာ လိုက်စားနေ ကြ တာတွေ.ရပါတယ်။ တကယ်ဆို ကိုးရီးယားဇာတ်ကားများတွင်သူတို့လူ မျိုးများစီးပွားရေးနှင့်ပတ်သတ်လျှင် မည်မျှလောက်အချိန်ကိုတန်ဖိုးထားပုံ၊ စီးပွားရေးလုပ်ရာ ၌ မခိုးမကပ်ဘဲ ကြိုးစားနေကြပုံတို့ကိုအတုယူကျင့်သုံးရမှာပါ။ အဲဒီလိုသာအတုယူကျင့်သုံး မယ်ဆိုရင်မိမိတို့ မြန်မာလူမျိုးများအတွက်မည်မျှလောက် တန်ဖိုးရှိလိုက်မလဲနော်။ မိမိတို့နိုင်ငံ- မိမိတို.လူမျိုး- ယဉ်ကျေးမှုနှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့အ၀တ်အစားမလုံခြုံမှု၊အိမ် ထာင်ရေးမတည်ငြိမ်အောင် တစ်ယောက်နှင့်တစ်ယောက် ဖောက်ပြန်မှုများကိုသာ အတု ယူကျင့်သုံးနေကြတာတွေဟာမိမိအတွက်ရောတစ်ပါးသူအတွက်ရောနိုင်ငံယဉ်ကျေးမှုအ တွက်ပါထိခိုက်စေတဲ့အတုယူမှားတွေပါ။ မိမိတို့မြန်မာနိုင်ငံ မြန်မာလူမျိုးများသည် တစ် လင်တစ်မယားစနစ်ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သလိုယဉ်ကျေးသိမ်မွေ့ဣနြေ္ဒရှိသော နိုင်ငံ အဖြစ်လည်းကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်အဲဒီလိုဖြစ် နေတဲ့နိုင်ငံကြီးကိုယဉ်ကျေးမှုရိုးရာများပျက်စီးမသွားရအောင်အတုယူမမှားဖို့ အရေးကြီး ပါတယ်။ ယခုခေတ်မြန်မာမိန်းကလေးများဟာကိုးရီးယားဇာတ်ကားများကြည့်ပြီးခေတ်မီတဲ့ပုံစံမ ပေါ်တပေါ်လေးဝတ်မှယောက်ျားများက ကြိုက်မယ်လို့ ထင်နေကြပါတယ် ။ ဒါဟာလည်း အထင်မှားအတုယူမှားတွေပါ ။မိမိက ခေတ်မီတဲ့ပုံစံဝတ်မှသာ ယောက်ျားများ၏ ကြည့်ရှု့ ခြင်း ကြိုက်နှစ်သက်ခြင်းများကို ခံရမယ်မထင်ပါနဲ့။ အဲဒီလို မလုံတလုံဝတ်ခြင်းများဟာတ ခဏတာပဲ ယောက်ျားလေးများရဲ့စိတ်ကို ဆွဲဆောင်နိုင်ပါတယ်။ ဒါဟာလည်းကိလေသာ စိတ်နိုးဆွပေးတဲ့သဘောလေးလောက်ပဲအကြည့်ခံတာပါ။တကယ်တမ်းကျတော့ မြန်မာ လို ယဉ်ယဉ်ကျေးကျေး ပုံစံလေးကသာ ယောက်ျားလေးများ၏ ရင်ထဲကို တစိမ့်စိမ့်ကြည့် နေချင်လောက်အောင် ဆွဲဆောင်နိုင်ပါတယ်။ မိမိရဲ့အ၀တ်အစားကြောင့် တစ်ပါးသောယောက်ျားလေးများအား ကိလေသာထကြွမှုကြောင့် အပြစ်ဖြစ်သလိုမိမိသည်လည်း လုံ့ဆော်ပေးခြင်းကြောင့်အပြစ်ဖြစ်ပါတယ်။ ဒါပြင် မိမိကြောင့် စိတ်မထိန်းနိုင် ကြမ်းတမ်းသောယောက်ျားလေးများနှင့်တွေ့ရင် မုဒိန်းမှုကျုးလွန်ခြင်းများလည်း ဖြစ်နိုင်ပါတယ်။မိန်းကလေးများဟာ ယဉ်ကျေးသိမ်မွေ့စွာဝတ်စားဆင်ယင်ပြုမှုနေထိုင်မယ်ဆို ရင် ထိုမိန်းကလေးကို မြင်ရသူမှာလည်းစိတ်ကြည်နှုးမှုဖြစ်ရသလိုတခြားနိုင်ငံလူမျိုးများရဲ့အမြင် မှာလည်း မြန်မာလူမျိုးများ၏သိက္ခာရှိမှုကို အထူးတန်ဖိုးထားခြင်း ခံရပါမယ်။ ဒီကနေ.ခေတ်ယောက်ျားလေး(အချို.) ဟာမိန်းကလေးများကို အလွယ်တကူတွဲပြီး တန်ဖိုးမ ထား တတ်ကြသလို မိန်းကလေးများကလည်းမိမိတို့ရဲ့ဣနြေ္ဒကို သိက္ခာကင်းမဲ့စွာနေထိုင်ပြီး ယောက်ျားများရဲ့အလိုကိုရှေ့နောက်မစဉ်းစားဘဲယုံကြည်လွယ်ကာ ပုံအပ်လေ့ရှိကြပါတယ် ။ ယောက်ျားဖြစ် သူများဟာသူတို့ လိုချင်တဲ့အချိန်ရပြီးလျှင်နောက်နောင်ကို စိတ်မပါသောအခါ မိန်းကလေးများအား ပစ်ထားတတ်ကြပါတယ် ။ မိန်းကလေးများကလည်း သူတို့ပစ်သွားလျှင် မမှုသလိုနေတတ်ကြပြီးမိမိဗိုက်တွင် သန္ဓေခလာသောအခါမှသာ သူများအသတ်ကိုအလွယ် တကူသတ်ဖြစ်ကာအပြစ်များစွာ ကျူးလွန်ကြပါတော့တယ်။ မိမိတို့စဉ်းစားဆင်ခြင်မဲ့မှုကြောင့် မိမိဒုက္ခရောက်ရသလိုရခဲလှ တဲ့လူ့ဘ၀လေး ဖြစ်လာမဲ့ကလေးလည်းပျက်စီးသွားရပါတယ်။ ယောက်ျားလေးများသည်မည်သို့ပင် သူတို့ကပွေနေစေကာမှု သူတို့တစ်သက်လုံး ရာသက် ပန်ပေါင်းချင်သည့် မိန်းကလေးကိုတော့ ရိုသားဖြူစင်တဲ့ အိမ်ထောင်ရှင်မကောင်းပီသတဲ့သူ ဖြစ်စေချင်ပါတယ် ။ ယောက်ျားတွေဟာ အဲဒီလိုမိန်းကလေးကိုသာရအောင်ယူလေ့ရှိပြီး ထို မိန်းကလေးမျိုးမှလည်း တစ်သက်လုံး ပေါင်းသင်း နိုင်ကြပါတယ်။ မိန်းကလေးကလည်း မိန်း မကောင်းမပီသ ၊ ယောက်ျားလေးကလည်း အိမ်ထောင် ဦးစီးမပီသ သူများဖြစ်ပါက ထိုစုံတွဲ သည် ဘယ်လိုမှ ရာသက်ပန်ချစ်ခင်ပြီးပေါင်းသင်းနိုင်လိမ့်မည် မဟုတ်တော့ဘူးပေါ့ ။ ဒါကြောင့် ကလေးတို.အားလုံးးလည်းအတုအပ ဆိုတာယူတတ်မှ ဘဝလှမယ်လို. သတိ ထားပြီး မိမိနဲ.တကွ မိမိပတ်ဝန်းကျင်ကိုပါ အလှဆင်နိုင်ကြပါစေကွယ် --

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter