ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, April 24, 2014

ထိုင်း - မြန်မာ ဂီတအနုပညာအသင်းကြီးအား ယာယီဖွဲ့စည်းပြီးပါကြောင်း

ထိုင်း - မြန်မာ ဂီတအနုပညာအသင်းကြီးအား ယာယီဖွဲ့စည်းပြီးပါကြောင်း April 18, 2014 at 5:23pm ကျွန်တော်သည် ခရစ်နှစ် ၂၀၁၄-ခု၊ ဧပြီလ ၁၂- ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံရှိ မြန်မာမိသားစုများအတွက် မြန်မာ့ယဉ်ကျေးမှုအနုပညာနှင့် ပြန်လည် ရင်း နှီးလာစေရန်မြန်မာ့ဂီတအနုပညာအဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရန် ဆရာမ (ဒေါ်)မေကျော့ရှင်းနှင့် ဆွေးနွေးတိုင်ပင်ကာ အဖွဲ့အ စည်းဖြစ်ပေါ်ရေးကို ကြိုးစားခဲ့ပါသည်။ ဆရာမ(ဒေါ်)မေကျော့ရှင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀)ကျော် ကတည်း က မြန်မာ့အသံ ရေဒီယိုဓါတ်ပြား တေးသံရှင်ဖြစ်ခဲ့ပြီး နိုင်ငံကျော်တေးသံရှင် ဖြစ်ခဲ့ပါ သည်။ ဆရာမသည် သီချင်း မ ဆိုမီ ကာလကတည်းကလည်း ၀တ္တု ကဗျာစာများကို ရေးသားခဲ့သူလည်း ဖြစ်ခဲ့ပါသည်။ ယခုအချိန်မှာလည်း မြန်မာနိုင်ငံတွင်းမှ MRTV Radio တွင် ယနေ.လူငယ်များ လိမ္မာရေးခြားဖြစ် လာရေးကို ဦးတည်သော ----“လူငယ်မှတ်သား-သုတစကား“ အသံလွှင့် အစီအစဉ်ကို အပါတ်စဉ် အဆက်မပြတ် တင်ဆက်လျှက်ရှိနေပါသည်။ ဆရာမ(ဒေါ်)မေကျော့ရှင်းသည် ထိုင်းနိုင်ငံတွင် နှစ် ပေါင်း(၂၅)နှစ်ကျော် နေထိုင်လျှက်ရှိပြီး ပညာရေးနှင့် ပတ်သက်သော အခန်းကဏ္ဍ များကို ယနေ့ တိုင် ဆောင်ရွက် နေဆဲဖြစ်ပါသည်။ မြန်မာ့ဂီတအနုပညာနှင့် စာပေ ယဉ်ကျေးမှု ကိစ္စရပ်များ အတွက် ကျွန်တော်သည် ဆရာမနှင့် အချိန်ယူပြီး တိုင်ပင် ဆွေးနွေးခဲ့ပါသည်။ ထိုင်းနိုင်ငံရှိအဝေးရောက်မြန်မာမိသားစုများနှင့် မြန်မာကလေးငယ်များ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ပြန်လည်ရင်းနှီးလာစေရန် ထိုင်း - မြန်မာဂီတအနု ပညာအသင်း ဖြစ်ပေါ်လာရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပါသည်။ မြန်မာဂီတ အနု ပညာအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေ ရန်ဆရာမ(ဒေါ်) မေကျော့ရှင်း၏ အကြံ ဥာဏ်နှင့် အတွေ့အကြုံများကို ကျွန်တော်တို့ မေးမြန်းဆွေး နွေး ခဲ့ကြပါသည်။ နာရီများစွာ ဆွေးနွေးခဲ့ပြီးသည့်နောက် ထိုင်း - မြန်မာ ဂီတအနုပညာအသင်း ကြီးအား ခရစ် နှစ် ၂၀၁၄ - ခု ၊ ဧပြီလ ၁၇ - ရက် ကြာသာပတေးနေ့ တွင် ယာယီ ဖွဲ့စည်းခဲ့ပါသည်။ ထိုင်း - မြန်မာဂီတအနုပညာအသင်း၏ ယာယီတည်ထောင်ခဲ့သော အသင်း၏ သက်တမ်းမှာ ရက်(၉၀) ဖြစ်ပြီး၊ အဆိုပါ ရက်(၉၀) သက်တမ်းအတွင်း၊ ထိုင်းနိုင်ငံ တွင် အခြေစိုက်နေထိုင် သော မြန်မာဂီတ ၀ါသနာရှင်များနှင့် ဂီတပညာရှင်များ တတ် နိုင်သမျှ စုစည်းကာ အသင်းအား ပြန်လည် အတည်ပြုဖွဲ့ စည်းကြရန်ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် နေထိုင်သော မြန်မာမိသားစုများ မြန်မာ့ ဂီတ ၀ါသနာရှင်များ ၊ မြန်မာ့ ဂီတချစ်သူများ ၊ မြန်မာ့ဂီတ ပညာရှင်များ အားလုံးနှင့် သက်ဆိုင်သော၊ “ထိုင်း - မြန်မာ ဂီတအနုပညာ အသင်းကြီး“ သည် ထိုင်းနိုင်ငံရှိ မြန်မာများ အားလုံးအတွက် အနု ပညာနဲ့  ပတ်သက်သော ကိစ္စရပ်များတွင် မြန်မာများ အားလုံး၏ကိုယ်စား အဓိ ကဆောင်ရွက်နိုင် ရန် ရည်ရွယ်သော အသင်းကြီး ဖြစ်ပါသည်။ အဖွဲ့ ကြီး၏ ရည်ရွယ်ချက်မှာ အဝေးရောက် မြန်မာမိသားစုများ မြန်မာ့ဂီတ အနှစ်သာရကို ပြန်လည် နားဆင် ခံစားနိုင်ကြစေရန် အဝေးရောက် မြန်မာညီအစ် ကိုများ ပိုင်ဆိုင်သော မြန်မာ့ ဂီတအနုပညာ ပျောက်ဆုံး မသွားစေရန်၊ မြန်မာမိသား စုများ၏ မြန်မာ့ မျိုးဆက်သစ် ကလေး လူငယ်များ၊ မြန်မာ့ယဉ်ကျေးမှု အနုပညာအား သိရှိ နားလည်တန်ဖိုးထားတတ်စေရန် နှင့် မြန်မာ့ ယဉ် ကျေးမှု အနုပညာအား ကမ္ဘာ အ၀ှမ်းတွင် တင်ဆက်နိုင်စေရန် စသည်တို့ ဖြစ်ပါသည်။ ထို့ ကြောင့် မြန်မာတစ်ဦးစီ နှင့် ပတ်သက်သော၊ မြန်မာ့ဂီတ၀ါသနာရှင်များ အားလုံးအတွက် ကိုယ်စားပြုသော အသင်းကြီးဖြစ်ရန် လိုအပ်ပေသည်။ မြန်မာ့ ရိုးရာယဉ်ကျေးမှု ရက်ကြီးအခါကြီး များ တွင် သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့ အစည်းများနှင့် လက်တွဲလုပ်ကိုင်ရန်တွင်၊ မြန်မာ အားလုံး အတွက် ကိုယ် စားပြုသော အသင်းကြီးဖြစ်ရန် ရည်ရွယ်ထားပေသည်။ မြန်မာ-အမေရိကန် ဂီတ အနုပညာအသင်းသည် ၂၀၁၀ - ခုနှစ် တွင် အမေရိကန် နိုင်ငံမှ တရားဝင် အသိအမှတ်ပြုသော မြန်မာ့ ယဉ်ကျေးမှု အသင်းကြီးဖြစ်ပေါ်လာခဲ့ ပြီး ဖြစ်ပါသည်။ ထိုင်ဝမ် - မြန်မာ ဂီတ အနုပညာအသင်းသည်လည်း ခရစ်နှစ်၂၀၁၄ - ခု၊ မတ်လ (၃၀)ရက်နေ့တွင် တည်ထောင်နေဆဲကာလဖြစ်ပြီး ထိုင်ဝမ်နိုင်ငံမှ အသိ အမှတ်ပြုသော အသင်းကြီးတစ်ရပ်ဖြစ် မြောက်ရေးအတွက် ကြိုးပမ်းနေဆဲဖြစ်ပါ သည်။ စင်္ကာပူ - မြန်မာ ဂီတ အနုပညာအသင်း၊ အင်္ဂလန် - မြန်မာ ဂီတအနုပညာအသင်းစသော မြန်မာအနုပညာ အသင်းတို့သည်လည်း နိုင်ငံတကာတွင် အထင်အရှားရှိနေစေရန်၊ ကြိုးပမ်းနေ ဆဲဖြစ်ပါသည်။ ထိုနည်းတူ ထိုင်းနိုင်ငံရောက် ဂီတချစ်သော ထိုင်း - မြန်မာဂီတ ညီအစ်ကိုများ၊ ထိုင်း - မြန်မာ ဂီတ အနုပညာအသင်းကြီးဖြစ်ပေါ်လာစေရေးအတွက် ၀ိုင်းဝန်း ဆောင်ရွက်ပေးကြပါရန် အလေး အနက်တိုက်တွန်းလိုပါသည်။ ကျွန်ုပ်တို့ ယာယီဖွဲ့ စည်းထားခဲ့သော ထိုင်း - မြန်မာဂီတအနုပညာအသင်းမှာ အောက်တွင်ဖေါ်ပြ ထာဒသည့်အတိုင်း ဖြစ်ပါသည်။ *** Projecter Director : စန္ဒယားဆရာ(ဦး)အောင်ဝင်း ( Vice President and Myanmar Music, Arts and Culture Advisory Chairman Myanmar American Musical Arts Society, Inc. New York, United States of America) ၁) နာယက : : ဦးသီဟညာဏ (မျိုးချစ်မြန်မာ ဆရာတော် ) ၂) Founder & Chairman : ဒေါ်မေကျော့ရှင်း (ကလေးတို.ဆဏရာမ- Bangkok University) ၃) အတွင်းရေးမှူး : ဦးထွန်းထွန်းအောင် (ABAC University) ၄) တွဲဖက်အတွင်းရေးမှူး : သီရိသဲဖြူဝင်း (ဘန်ကောက်) ၅) ဘဏ္ဍာထိမ်း - : ဦးကြည်ညွန်. (စာရေးဆရာ မင်းဒင်) ၆) ပြန်ကြားရေး နှင့် : :(၁) ဦးယဉ်မင်း (မစ္ဖျိမ သတင်း) မီဒီယာ တာဝန်ခံ : (၂) ဦးလင်းသန်. ( ဧရာဝတီ သတင်း ) ၇) ( ဂီတနှင့် ဖျော်ဖြေရေး- : (၁) ဦးတင်မောင်ဝင်း (ဘန်ကောက်) တာဝန်ခံ) : : (၂) ဒေါ်ခင်လေးနွယ် (ဆာထုပဒစ်) ၈) စည်းရုံးရေးတာဝန်ခံ : (၁) ဦးမျိုးဦး (ဆာထုပဒစ်) စည်းရုံးရေးတာဝန်ခံ : (၂) ဒေါ်မေဇွန် (ဆာထုပဒစ်) စည်းရုံးရေးတာဝန်ခံ : (၃) ဦးအောင်ဖြိုး ( ဘန်ခဲန် ) ၉) စည်းရုံးရေးတာဝန်ခံ : (၃) ဒေါ်အေးမြတ် (ဆာထုပဒစ်) စည်းရုံးရေးတာဝန်ခံ : (၄) ဒေါ်စန်းစန်းမော် (ဘန်ဖီ) ၁၀) ဥပဒေအကြံပေး : ဦးမြင့်ဆွေ( မောင်သုည) ( တရားလွှတ်တော်ရှေ.နေ) ၁၁) အကြံပေး : ဗိုလ်မှူးကြီးနမ်(ငြိမ်း) :(Ex: Col. NAN) ၁၂) Dr. Janpha : Director of ASEAN Language , Dhurakij Pandit University) ထိုင်းနိုင်ငံရှိ ဂီတညီအစ်ကိုများ အားလုံးအတွက် နိုင်ငံနှင့် အ၀ှမ်းကိုယ်စားပြုမည့် အဖွဲ့အစည်း တစ် ရပ်ဖြစ်သည်အထိ ကြိုးစားကြရမည်ဖြစ်ပါ၍ ယာယီအဖွဲ့ ကာလ အတွင်း အကောင်းဆုံးနှင့် ထိထိ ရောက်ရောက်ဖြစ်စေရန်၊ ၀ိုင်းဝန်းတိုင်ပင် ဆွေးနွေး လုပ်ကိုင်ကြစေချင်ပါသည်။ ကျွန်တော် ကိုယ် တိုင်ကလည်း လူစုံတက်စုံ ကျွန်တော် နှင့်အတူ ဆိုတီးစား စီစဉ်ချင်ပါသေးသည်။ အပြန်ခရီးတွင် နောက်တစ်ကြိမ်ထပ်မံ ၀င်ရောက်သင့်ပါသလားဆိုတာလည်း စဉ်းစားပေးပါခင်ဗျား။ ယာယီ အမှု ဆောင် အဖွဲ့ ဆိုသည်မှာလည်း၊ မရှိမဖြစ် ဖွဲ့ စည်းထားခြင်းသာ ဖြစ်ပါသည်။ သို့ အတွက်ကြောင့် ဂီတညီအစ်ကိုများ၏ အကြံများနှင့် လုပ်နိုင်အားအပေါ် မူတည် ၍ အဖွဲ့ ကြီး အလျင်အမြန် ထိထိရောက်ရောက် ဖြစ်ပေါ်လာစေရေးအတွက်၊ မြန်မာ့ ဂီတ တစ်မျက်နှာသာ ကြည့်၍၊ စုစည်းပါဝင်ကြပါရန်၊ လေးလေးစားစား တိုက်တွန်း ရပါကြောင်း နှင့် လက်ရှိယာယီ အမှုဆောင်များအား ညီရင်းအစ်ကိုကဲ့သို့ ဆွေးနွေး အကြံပေးကြစေလိုပါသည်။ အဓိကအရေးကြီးသည်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ် ယောက်အတွက်မဟုတ်ဘဲ မြန်မာအားလုံးအတွက် ပတ်သက် သော အဖွဲ့ကြီး ဖြစ် မြောက်ရေးနှင့် မြန်မာ့ဂီတအတွက်သာဖြစ်ကြောင်းပြောပါရစေ။ တဆင့်ပြီးတ ဆင့် ထိုင်းနိုင်ငံမှ၊ တရား ၀င် အသိအမှတ်ပြု အဖွဲ့ ကြီးဖြစ်လာရေးအတွက်ဆောင်ရွက်ရန် များစွာရှိ နေသဖြင့်၊ ယာယီသက်တမ်း ရက်(၉၀)အတွင်း လျင်မြန်စွာ ကြိုးစားကြရ မည်ဖြစ်ပါကြောင်း နှိုး ဆော်လိုပါသည်။ ဂီတ ညီအစ်ကိုများအား ထာဝရ လေးစားချစ်ခင်လျက် . . စန္ဒရား အောင်ဝင်း Vice President and Myanmar Music, Arts and Culture Advisory Chairman Myanmar American Musical Arts Society, Inc. New York, United States of America

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter