ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, April 14, 2014

သင်္ကြန်နီးလေ - ပိုပြီး သတိယလေ

အော်- ဘာလိုလိုနဲ. နှစ်ဟောင်းလွန်ကျူးလို. နှစ်သစ်ကူးချိန် ရောက်တော့မှာပါလား ။ တစ်နေ. တစ်ရက် အသက်တွေကြီး- ကြီးလာလိုက်တာ -- ဟော ခုတစ်ခါ တစ်နှစ် ကုန်ဆုံးလို. လူလုံးလည်းမလှ ဘဝနိဂုံးချုပ်ရမယ့် အချိန်ကလည်း ကပ်နေ ပြီပဲ -- မလွှဲမရှောင်သာကြတဲ့ ဒီဘဝနိဂုံးကို ဘယ်လိုအဆုံးသပ်ရပါ့။ ကြိုတင် သိနိုင် သူရယ်လို.လည်း ဘယ်မှာရှီလိမ့်မလဲ ။ ဒီလို ကိုယ့်စိတ်ကို သံဝေဂနဲ.တရားရနေ တဲ့ အချိန်မျိုးမှာ ဘယ်က“အ ကုသိုလ်တွေ“ဘယ်လိုရောက်လို. နှောက်ရှက်ဖို. တို.-က လားဆိတ်ကလားနဲ.ခေါင်းလာ-လာခေါက်တော့ အင်း--ခေါင်းလေး ကိုလည်း “မော့“ ပြလိုက်ရတော့တာပေါ့ (နဂါးမှန်းသိအောင်လို.ပါ) ။ ထား လိုက်ပါလေဒီကိစ္စ ။ အဓိပြောချင်တာက “အတာကြူးးတဲ့ တန်ခူးလ“ တကယ်တော့“တန်ခူးလ“ဆိုတာက မြန်မာပြက္ခဒိန် ၁၂- ရဲ့ ပထမဆုံးလဖြစ် တာ လူတိုင်းသိပြီးဖြစ်ပါတယ်။ အဲဒီ “အတာ”သို.မဟုတ်“တန်ခူး“ ကို အဓိပ္ပါယ် ဖွင့် ဆိုထားတာကတော့ “ကူးပြောင်းခြင်း“ တဲ့ ။ ဒီလို နှစ်ကူးပြောင်း ရာမှာ နှစ်ဟောင်းက အညစ်အကြေးများ နှစ်သစ်ဆီသို. ပါမသွားရစေဖို. ရေပက် ဖျန်းလို. ဆေးကြောပေး တဲ့သဘောနဲ. ရေက စားကြခြင်းပဲဖြစ်ပါတယ်။ နွေအ လှကလည်းပူလိုက်သမှ ပြော-မပြ ချင်လောက်အောင်ဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း တစ်ယောက်နဲ.တစ်ယောက် ရေပက်ဖျန်းကာ ရွှင်လန်းအေးချမ်းစေတဲ့ သဘောပါ။ဒါထက်ပိုပြောရမယ်ဆိုရင်တော့နှစ်သစ်မှစကာ အောင်မြင်ခြင်း အဖြာဖြာနဲ. ကြုံတွေ.ကြပါစေဆိုတဲ့ မေတ္တာနဲ. သပြေခက်ကလေးများနဲ. ရေ ပက်ဖျန်းပေးလေ့ရှိကြတာကလည်းတကယ့်ကို ကြည်နူးစရာလေးပဲမဟုတ် ပါလား ။ “ပိတောက်ပန်း“-တစ်နှစ်မှာ တစ်လသာ ပွင့်တဲ့ ဒီ“ပိတောက်ပန်း“ကို မြန်မာ များကအမြတ်တနိုးနဲ.တန်ဖိုးလည်းထားလေ့ရှိကြပါတယ်။သင်္ကြန်နဲ. ပိတောက် -ပိတောက် နဲ.သင်္ကြန်ကလည်း အပြန်အလှန်- ချစ်စရာအမှန်ပါ ။ ဟိုစဉ်အခါက “ရန်ကုန် မြို.တော်ဝန်မဏ္ဍပ်“တို.“ပန်းပဲတန်းမြို.နယ် မဏ္ဍပ်“ တို.မှာ အစဉ်ထာဝရ ပါဝင်ဆင်နွှဲခဲ့ရ တာကိုလည်းနှစ်စဉ်အမြဲ သတိယနေ ဆဲဖြစ်ပါတယ်။ ဘန်ကောက်ရောက်ြပန်တော့ မြန်မာသံရုံးက ရေသဘင်ပွဲ မှာ ပါဝင်ဆင်နွှဲရပြန် ပါ တယ်။ သမိးလေး“မချော“ရေ ဟောဒီမှာ သမိးတို.“က“နေကြတဲ့ပုံလေးတွေအမှတ်တရပါ။
ဒီပုံက သံမှူးကတော်များနဲ့ သမိးလေး“ကျော့စန္ဒာဆွေ“တို. ရေလောင်းပေးနေကြတာပါ
ဒါကလည်း သားနဲ.သမီးတို.ရဲ့ အဖေကြီး“မောင်သုည“ ကလေးတို.ဆရာမရဲ့ နောက်မှာ လိုက်“က“နေတဲ့ပုံပါ
ဒီပုံမှာတော့“ကလေးတို.ဆရာမ“ သီချင်းဆိုပြနေတာပါ
ဒီပုံကတော့ သံအမတ်ကြီးက “ကလေးတို.ဆရာမ“ကို ရေလောင်းနေတာပါ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter