ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, November 26, 2013

“အ-ကုသိုလ်“ ရှောင်နိုင်မှ “ ကုသိုလ် “ရ

” ချောင်းဆိုးပျောက်သွားပြီလား မာမီ “– သမီး“မရတနာ“ ရောက်လာပြီးမေးလိုက် ခြင်းပါ ။ “ပျောက်ြပီလို.ပြောတာပဲသမီးရေ- ညည်းအမေက သံမဏိလေ“ --- ဒီလို အဖေကြီးကဝင်ပြောလိုက်တော့ ---- “ ဒါဆိုရင် မာမီနဲ. ဒယ်ဒီတို.အတူတူ ရန်ကုန် သွားပြီး ဘုရားအလှူ ရေစက်ချဖို. လေယာဉ်လက်မှတ် ဝယ်လိုက်တော့မယ်နော် “- “ဟယ်ကျောင်းကခွင့်ယူရအုံးမှာပေါ့“ – “ ၃ - ရက်လောက်ပဲ မာမီရယ်“ - တဲ့ ။ မိဘများကိုဦးထိပ်ထားပြီး ကမာရွတ်က“ကုမာရ ရာမ“ ပရဟိတကျောင်း မှာ သိမ်ကျောင်း ဆောင်ဆောက်လုပ်ရန်အတွက် လှူဒါန်းပေးခဲ့ခြင်းပဲဖြစ်ပါတယ် ။ တကယ်တော့ လွန်ခဲ့တဲ့နှစ်ကတည်းက အမေနဲ.အဖေကို “ဗုဒ္ဓဂါယာဘုရားဖူးသွားဖို. သမီး “မရတနာ“က တိုက်တွန်းပြီး စီစဉ်ပေးထားခြင်းပါ ။ သို.သော်--- (၁) ဘုရားဖူး သွား သည်ဆိုရာမှာ အများနဲ. စုဝေးသွားရခြင်း (မိသားစုချည်းသွားလာကြရာမှာပင် တစ်ခါတစ်ရံ စိတ်သဘောချင်း မတိုက်ဆိုင်တဲ့အခါ အကုသိုလ်ဖြစ်ရသည်မဟုတ်ပါ လား) – (၂) ခရီး ဝေးသွားရသည့်အခါ အခန်.မသင့်ပါကဖျား-နာလေ့ရှိခြင်း(ဖျား နာပြီဆို တာနဲ. စိတ်လည်း မကြည် - လူလည်း မအီမသာဖြစ်ရခြင်း-စသည်များကို တွေးမိပြီး - “ကုသိုလ်- ဆိုတာ အဲဒီလို မြတ်ဗုဒ္ဓပွင့်တော်မူရာနေရာဌာနကို သွားမှ ရတာမဟုတ်ဘူးလေ - အိမ်မှာနေလည်း စိတ်ထားတတ်ရင် “ကုသိုလ်“ ရပါတယ်-သမီးလည်းကြားဖူးပါတယ်- “သာဓိ “ ဆိုတဲ့ ရဟန်းကြီးလေ - ဘုရားကိုကြည်ညို လွန်းလို.အမြဲပဲဘုရားရှေ.မှာကပ်ပြီးနေသတဲ့။ ဒါပေမဲ့ တရားမရတဲ့နောက်ဆုံး“မြတ်ဘုရား“ ကိုယ်တော်တိုင်က မောင်းထုတ်လိုက်ပြီး-“ ငါဘုရား နဲ.နီး နေပြီး တရား မသိပါက အကျိုးမရှိ - ငါဘုရားနဲ. ဝေးနေသော်လည်း တရားသိသူ များသာ နိဗ္ဗာန် ရောက်ကြောင်းအကျိုးတရားကိုရရှိကြမည်“-လို.ဟောကြားတော်မူခဲ့ပါတယ်။ ဒါ့ ကြောင့် ကုသိုလ်ပဲ လိုချင်တယ်- အ-ကုသိုလ်မလိုချင်ဘူးသမီးရေ“- လို.ပြောလိုက် မှ သမီးလည်း သဘောပေါက်သွားပါတယ်။ ဒီလိုနဲ. အဲဒီ“ဗုဒ္ဓဂါယာ“ဘုရားဖူးသွားဖို. ကုန်ကျ မယ့် ၂- ယောက်စာ ခရီးစားရိတ်ကို မိဘမဲ့ကလေးများပရဟိတကျောင်းရဲ့ “သိမ်“ဆောက် လုပ်ရန် လှူဒါန်းလိုက်ခြင်းဖြစ်ပါတယ် ။ ၂၀၁၃ - ခု နိုဝင်္ဘလာလ(၁၅) ရက် ၊ သောကြာနေ.- နေ.လည်ပိုင်းမှာ ဘန်ကောက် စူဝနာဖုမ်(သုဝဏ္ဏဘူမိ)လေဆိပ်မှထွက်ခဲ့ကြပါတယ်။ ရန်ကုန်ရောက်ပြီး ၂- နာရီခန်.အနားယူကာ ရွှေတိဂုံ-ဆူးလေနဲ. ဗိုလ်တစ်ထောင်ဘုရား များသို. သွားရောက် ဖူးခဲ့ပါတယ် ။ တည်းခိုရာဌာနသို. ည (၇) နာရီ မှာပြန်ရောက် တော--“ ဟယ် မချို စောင့်နေတာကြာပြီလား“ - “ညနေ ၄- နာရီကတည်း ကလေ“ - တဲ့ ။ “ အားနာလိုက်တာ - ဖုံးဆက်မယ်လို.ပြောထားသားနဲ.ကွယ်“-
ဒီလိုနဲ. နေနေ. မနက်စောစောမှာ မြန်မာသံလေးများဆိုက်မှ “ဦးစိုးစိုး “ ရောက်လာလို. အမှတ်တရ ဓါတ်ပုံ လေးရိုက်ဖြစ်ကြပါတယ်။
နေ.လည်ပိုင်းမှာ သမီးမရတနာနဲ. မိသားစုကို မင်္ဂလာဒုံလေဆိပ်မှာကြိုပြီး ညနေပိုင်းမှာ - ချိုဝေလွင်လာခေါ်တာနဲ. လိုက်သွားပြီး “ကိုထွန်းမင်း“ ရဲ့  ဖျော်ဖြေရေးစင်မြင့် မှာ (ကလေးတို.ဆရာမ နဲ. မဲဇာမြိုင်) သီချင်း ၂- ပုဒ်နဲ. ကူ ညီသီဆိုပေးခဲ့ပါတယ် ။
၁၇- ရက်(တနင်္ဂနွေနေ.) နေ. မနက်မှာတော့ ကမာရွတ်မှာရှိတဲ့ “ကုမာရ-ရာမပရဟိတ“ ကျောင်းသို.ရောက်ခဲ့ကြပြီး ဘုံကထိန်သင်္ကန်းအလှူပွဲနဲ.အတူ ဆိုင်ရာ သိမ်အတွက်ရေစက်ချ အမျှဝေခဲ့ကြပါတယ် ။
ပြီးတာနဲ.ပဲခူးသို.သွားရာမှာ ရွှေမော်ဓေါဘုရားနဲ.နန်းတော်ရာကို သွားရောက်ဖူးခဲ့ကြပါတယ်။
ပဲခူးကပြန်ရောက်တော့ သမီးရတနာနဲ.အတူ ချစ်သူငယ်ချင်း“ ရွှေပုဇွန်“ စားသောက်ကုန် လုပ်ငန်းပိုင်ရှင် “ဒေါ်မူမူမောင် (တေးသံရှင်ဇေယျာပွင့်ရဲ့ဇနီး)“ နဲ.တွေ.ဆုံခဲ့ပါတယ် ။
တနင်္လာနေ.မှာ ရတနာတို.မိသားစု ဘန်ကောက်ကိုပြန်ပြီး အင်္ဂါနေ.ညနေလေယာဉ် ကွင်း မဆင်းမီအချိန်လေးမှာပဲ“မကြာဖြူနွယ်(ဆုံဆည်းရာအက်ဒမင်)“ လာရောက်နှုတ်ဆက်ပါတယ်။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter