ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, May 27, 2013

အူမ နှင့် သီလ


(ဗုဒ္ဓကမ္ဘာဆိုဒ်မှ မူကြိုဆရာ တင်ပြထားသော ပို.စ်လေးကို ပြန်လည်
  ဝေမျှလိုက်ခြင်းပါ- အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ)

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

                                                      
ဗုဒ္ဓဘာသာကို  ဝေဖန်ပုတ်ခတ်ကြသော ၀က်ဆိုဒ်များမှသက်ဆိုင်ရာရောင်းရင်း အပေါင်း တို့အား လည်း ကောင်း။ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလည်းကောင်းတကယ့်ဗုဒ္ဓဘာသာ(ခေါ်)ဓမ္မ universal law ဆိုတာကို အနည်းငယ် တီးခေါက် မိစေရန်ရည်ရွယ်ပြီးကျွန်တော် ဒီစာကိုရေးလိုက်ရပါတယ်ခင်ဗျာ။



တကယ်တော့မိတ်ဆွေကြီး တကယ့် ဗုဒ္ဓဘာသာ  (သို့) ဓမ္မ  universal law   ဆိုတာ ကို သေသေ ချာချာမသိသေးလို့ပါ။ မိတ်ဆွေကြီးတို့ဖျက်ဆီးချင်တဲ့ တကယ့်ဗုဒ္ဓဘာ သာ (သို့) ဓမ္မuniversallaw 
ဟာတကယ်တော့ဘာလဲဆိုတာအသေအချာသိရရင်မိတ်ဆွေကြီးဖျက်ဆီးလိုတော့မှာမဟုတ်ပဲ  ပြန့်ပွါး
 အောင်ပင် လုပ်ချင်လာပါလိမ့်မယ်။
တကယ်တော့မိတ်ဆွေကြီး ဖျက်ဆီးချင်တဲ့ ဗုဒ္ဓဘာသာ(သို့)ပုတ်ခတ်စော်ကား ဖော်ပြထားသမျှဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ပဲ အပေါ်ယံအကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။
တနည်းအားဖြင့်မိတ်ဆွေကြီး ဝေဖန်စော်ကားနေသမျှဟာ တကယ့်ဗုဒ္ဓဘာသာမဟုတ်ဘဲ အပေါ်ယံ အကာဗုဒ္ဓဘာသာဖြစ် ပါတယ်။တနည်းအားဖြင့် ပညတ်သာသနာလို့ ခေါ်ပါတယ်။ ဘုရားအလောင်းအရင်ဘ၀ က ဘာတွေဖြစ်ခဲ့လဲ ။ သိဒ္ဓတ္ထမင်းသားဘယ်နှစ်ခုနှစ်မှာ မွေးပြီး။ အမိကဘယ်သူ။အဖကဘယ်သူ။ ဘယ်နေရာမှာမွေး။ ဘာလူမျိုးဖြစ်။ဘာနိုင်ငံသားဖြစ်။ဘယ်သူနဲ့တူတယ်။(ချောတယ်။ရုပ်ဆိုးတယ်)။ ဘယ်သူတွေနဲ့တွေ့။ ဘယ်သူနဲ့လက်ထပ်။
ငယ်စဉ်ဘ၀ မိန်းမဘယ်နှစ်ယောက် ယူခဲ့။ သားသမီးဘယ်နှစ်ယောက်ရ။ ဘယ်သူတွေကသူ့တပည့်ဖြစ်။ဘယ် သူတွေက သူ့ဆရာဖြစ်ခဲ့ကြ၊ ဘယ်နှစ်ခုနှစ်မှာ ဘုရားဖြစ်၊ဘယ်နှစ်ခုနှစ်မှာတရားဟော။ ဘာရောဂါဝေဒနာဖြစ်။ ဘယ်နှစ်ခုနှစ် ပရိနိဗ္ဗါန်စံ(သေဆုံး) စတာတွေ –ဇာတ်လမ်းတွေဟာဖြင့်ပုဂ္ဂိုလ်ရေး personal(သမိုင်း) အပေါ်ယံ
ဗုဒ္ဓ ဘာသာ တွေဖြစ်ပါတယ်။
မိတ်ဆွေကြီးဟာသူများ personal ပုဂ္ဂိုလ်ရေးချည်းကိုသာ ဖော်ပြနေပြီး အသိဥာဏ်ပိုင်း စိတ်ဓါတ
်ပိုင်း (sprituality) အယူဝါဒရေးရာ (တကယ့်ဗုဒ္ဓဘာသာ)နဲ့ပတ်သက်ပြီး တစ်လုံးမှကန့်ကွက်ခြင်း
မရှိပါ။ မိတ်ဆွေကြီးတို့ ပုတ်ခတ်ထားတဲ့စေတီ-ဘုရားပုံတွေပဲဖြစ်ဖြစ်၊ ရုပ်တု ဆင်းတုတွေပဲဖြစ်ဖြစ်ပေါ့ --ဒါတွေဟာ အပေါ်ယံဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ စေတီ- ဆင်းတု-တစ်ဦးဦး တစ်ယောက်ယောက်= တစ်ခုခုကို ရှိခိုး ၀တ်ပြုဆုတောင်းနေကြတာဟာ တကယ့်အစစ်အမှန်ဗုဒ္ဓဘာသာ(သို့) ဓမ္မ (သို့) ဗုဒ္ဓရဲ့ အဓိက ပြုလုပ်စေချင်တဲ့ လိုရင်းမဟုတ်ပါဘူး။
အပေါ်ယံ ဗုဒ္ဓဘာသာဟာတကယ့်အစစ်အမှန် ဗုဒ္ဓဘာသာကိုသိရှိရေးလုပ်ဆောင်ကြရန် ကြော်ငြာပေး
မှု -ဆော်သြ တိုက် တွန်းပေးမှု အဆင့်သက်သက်သာဖြစ်ပါတယ်။ တကယ့်အစစ်အမှန်ဗုဒ္ဓဘာသာ က
တော့ နောက်ဖြစ်မည့် အနာဂတ်အကျိုးတရား တွေကို  နတ် ပြည်-ငရဲပြည်-မြင့်မိုရ်တောင်-နိဗ္ဗါန်-တစုံ တရာ-ဘာလဲ-ဘာမှာလဲ ဆိုတာတွေကို ထည့်မစဉ်းစားပဲ မမျှော်ကိုးပဲ ပစ္စပ္ပါန်တည့်တည့်လက်ငင်းမိမိ
နှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့်အလုပ်ကို အကောင်းဆုံးတစိုက်မတ်မတ် လုပ်ဆောင်ခြင်းဖြင့် ပစ္စုပ္ပါန် အနာဂတ်ကောင်း ကျိုးတွေ ဆုတောင်း စရာမလိုဘဲ အလိုလို ဖြစ်ပေါ်လာ
အောင်ပြုလုပ်တာပါပဲ။
တကယ့် ဗုဒ္ဓဘာသာမှာ လူတွေကို နတ်ပြည်နှင့် ဖြားယောင်းစရာမလိုသလို၊ ငရဲပြည်နှင့် ခြိမ်းခြောက် ရန်မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓ၏လုပ်ဆောင်ရန် အချက်များနှင့် မလုပ်ဆောင်ရန် အ
ချက်များ ညွှန်ကြားထားမှုဟာ မိမိနှင့်တကွ မိမိ ပတ်ဝန်းကျင်ကိုယခုလက်ငင်းရော-အနာဂတ် အတွက် ပါကောင်းကျိုးပြုစေရန်အတွက် ငြင်းပယ်ရန်မလိုအပ်ပဲ လုပ်ဆောင်သင့်လှကြောင်း အသိဥာဏ်ရှိသော သူများအားလုံးလွယ်ကူစွာ သိရှိနိုင်သောကြောင့်ဖြစ်ပါတယ်။ မိမိနှင့်တကွမိမိပတ်ဝန်းကျင် လက်ငင်း လက်တွေ့ အကျိုးရှိမယ့်လုပ်ဆောင်ရန်-မလုပ်ဆောင်ရန်အလုပ်တွေကဘာတွေလဲ ဆိုတာကို ဗုဒ္ဓက အဆင့်(၄)ဆင့် (သို့)အလုပ်(၄မျိုး) ခွဲခြားပြပြီး တဆင့် ချင်း လုပ်ဆောင် သွားရပါမယ်။
ဒီ ဗုဒ္ဓ၏ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) (သို့) ဓမ္မ universallaw ကို ဝေဖန်ကန့်ကွက်ပုတ် ခတ်နိုင်
မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမှု(သို့)တကယ့်ဗုဒ္ဓဘာသာကို ထိခိုက်စော်ကားမှုဖြစ်ပါသည်ဟု ဒီနေရာက ပဲလေးလေးနက်နက်အကြံပြုသိစေ အပ်ပါတယ်ခင်ဗျာ-ဒီ အဆင့်-၄ ဆင့်(သို့) အလုပ်-၄မျိုး လုပ်ဆောင်
ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှုကို လူအများ မလုပ်ကြရန်မိတ်ဆွေကြီးတို့ ၀ါဒဖြန့်နိုင်မှသာ ဗုဒ္ဓဘာသာကိုဖျက်ဆီးလို့ရပေမည်။ သို့မဟုတ်ပါကမိတ်ဆွေကြီး တို့ ရည်မှန်းချက် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ပါ။
အဘယ့်ကြောင့်ဆိုသော် တကယ့်ဗုဒ္ဓဘာသာ(သို့)ဓမ္မ universal law ကိုမဝေဖန်မကန့်ကွက်နိုင်ပဲအ
ပေါ်ယံ ဗုဒ္ဓဘာသာ ဇာတ်လမ်း – ဇာတ်ကွက်များ -ဇာတ်အိမ်များကိုသာ ၀တ္ထုဝေဖန်သလို သွားရောက် ကန်.့ ကွက် ဝေဖန်နေသောကြောင့်ဖြစ်ပါသည်။သမိုင်းအဆက်ဆက်ဗုဒ္ဓဘာသာကို စော်ကား ကန်.ကွက် ဖျက် ဆီးသူများဟာလည်း အပေါ်ယံဗုဒ္ဓဘာသာ ဆင်းတု- စေတီပုထိုး မှတ်ပုံတင်ထဲ(သန်းခေါင်းစာရင်း)
ထဲမှ ဗုဒ္ဓဘာသာအရေအတွက်ကိုသာအဓိကထားပြောင်းလဲဖို့ ကြိုးစားနေသဖြင့် ဗုဒ္ဓဘာသာဟာ အိန္ဒိယ
မှ ကွယ်ပျောက်ခဲ့သည်ဆိုသော်လည်းတကယ့်ဗုဒ္ဓဘာသာက မပျောက်ကွယ်သဖြင့် ယခုဆိုလျှင် အိန္ဒိယ
တွင် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းလင်းလာချေပြီ။ နိုင်ငံပေါင်း(၇၀)ကျော်တွင် ၀ိပဿနာတရား ရိပ်သာ
များ ဖွင့်လျှက်  တကယ့် ဗုဒ္ဓဘာသာကိုမြန်မာနိုင်ငံမှတဆင့် ပြန်လည် သိနားလည်သွား ကာ ဖြန့်ဖြူးပေး
နေသည့် ဆရာကြီးဦးဂိုအင်ကာ ကျေးဇူးဖြင့်အခုဆိုရင် တကယ့် ဗုဒ္ဓဘာသာဟာ အိန္ဒိယတွင် အကျဉ်း
ထောင်၊ စာသင်ခန်း တိ့မှ စတင်ကာတကျော့ပြန် ပြန်လည်ထွန်းလင်းနေပါပြီ။
အနောက်နိုင်ငံများမှအသိဥာဏ်ရှိသူများမှလည်း ဗုဒ္ဓရဲ့ အဆင့် ၄-ဆင့်(သို့) အလုပ် ၄-မျိုးလုပ်ဆောင်
ရန် ညွှန်ကြားမှု တကယ့်ဗုဒ္ဓဘာသာ) ဟာ ဝေဖန်-ကန့်ကွက်စရာ တစုံတရာ လုံးဝမလိုအပ်ပဲ လောကီ အတွက်ရော လောကုတ္တရာအတွက်ပါလူမျိုးမရွေး-ဘာသာမရွေး-နေရာမရွေး- အချိန် မရွေးလူတိုင်း လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ထိုက်တဲ့တရားဖြစ်ကြောင်း သိနားလည်လျှက် လိုက် နာ ကျင့်သုံးရာ မှ(ဖြန့်ဖြူးပေးရာမှ)ယခုဆိုလျှင် ဗုဒ္ဓရဲ့အဆင့်- ၄ -ဆင့် (သို့) အလုပ် - ၄ - မျိုးလုပ် ဆောင်ရန် ညွှန် ကြားမှု(တကယ့်ဗုဒ္ဓဘာသာ) ဟာအနောက်နိုင်ငံ များမှာ ယခုဆိုလျှင် အလွန်ပဲလူသိများကျော်ကြား
လာကာ လိုက်နာ ကျင့်သုံး လျှက်ရှိကြပါပြီ။
ထို့ကြောင့်စိတ်ဆိုး ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ဗုဒ္ဓဘာသာအပေါ် စော်ကား ပုတ်ခတ်မှုများဟာ
တကယ့် ဗုဒ္ဓဘာသာ မဟုတ်ပဲ တကယ့် ဗုဒ္ဓဘာသာကို သိရှိရေးကူညီပေးသည့်အပေါ်ယံ ဗုဒ္ဓဘာသ ကို သာ ပုတ်ခတ်စော် ကားခြင်းမျှ သာဖြစ်ကြောင်းသိနား လည်လျှက် စိတ်မသက် မသာမဖြစ်ကြပဲ ဗုဒ္ဓရဲ့ အဆင့်-၄ - ဆင့် (သို့)အလုပ်-၄- မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့် ဗုဒ္ဓဘာသာ) ကို မိမိတို့ မလုပ်ဆောင်နိုင်စေရန်စော်ကားကန့်ကွက်မှသာစိတ်မ သက် မသာဖြစ်ကြဖို့ ပန်ကြား အပ်ပါတယ်။
ဗုဒ္ဓရဲ့ အဆင့် ၄- ဆင့် (သို့)အလုပ် ၄-မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှုကို ယခုသိရှိရန် အကျဉ်းမျှဖော်ပြ အပ်ပါတယ် ခင်ဗျား-
ပထမအဆင့် (ဒါန)-
ကြွားဝါမှုမပါ– နောက်ဘ၀ကောင်းစားရေးမပါ– ငါ့အတွက်-ငါ့ဘာသာကောင်းစားရေး တစုံတရာမျှော်
လင့် ချက်မပါ–သူတပါး အကျိုး သက်သက်အတွက်စွန့်လွှတ်ပေးကမ်းမှု။  (သို့)  မိမိ လောဘစိတ်ကို
အလော ဘစိတ်ဖြစ်အောင် ပြုလုပ်မှု။(မှတ်ချက်။ ။ ဗုဒ္ဓသည် လှူဒါန်းသူ၏ စေတနာ နှင့် အလှူခံပုဂ္ဂိုလ်
တို့ စိတ်ထားနှင့်ပတ်သက်ကာအကျိုးရှိပုံကိုအဆင့်ဆင့် ပြောကြားခဲ့သော် လည်းဘယ်သူ့ ကိုတော့ဖြင့်မ လှူရဘယ်သူ့တော့ဖြင့်များများလှူ ဟု မကန့်သတ်ခဲ့ပေ။  သုတ္တန်တစ်ခုတွင် တခြားဘာသာမှ မိမိ အား
ပြောင်းလဲဆည်းကပ်ကြည်ညိုလာသူတစ်ဦးအား အရင်ကိုးကွယ်ခဲ့သောဘာသာမှ အလှူခံများကိုလည်း ဆက် လက် လှူဒါန်းပါရန်မိန့်ကြား ထားလေသည် )။
ဒုတိယအဆင့်(သီလ)-
လူအပါအ၀င်သတ္တ၀ါများ၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြည်ခြင်း။သူတပါး-တိုင်းပြည်ပိုင် ပစ္စည်းများအား မတရား ယူခြင်း-ခိုးယူခြင်း မှ ရှောင်ကြည်ခြင်း။ သူတပါး သားပျို-သမီးပျို-ကာမပိုင် ရှိသူများအား လွန်ကျူး စော်ကားဖျက်ဆီးခြင်း မှရှောင်ကြည်ခြင်း။ သူတပါးအား လိမ်ညာလှည့်ဖြား
 ပြော ဆိုခြင်းမှ ရှောင်ကြည်ခြင်း ။  အရက်သေစာမူးယစ်ဆေးဝါး များ သောက်စားမူးယစ်ခြင်း မှ
 ရှောင်ကြည်ခြင်း ။ စသည်တို့ဖြစ်လေသည်။(သို့) မိမိ ဒေါသ-လောဘ အလျှောက်မတရား လုပ်
ချင်စိတ်များကိုစွန့်လွှတ်ရန် ဖြစ်လေသည်။
တတိယအဆင့်(သမာဓိဘာဝနာ)-
-လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေးမည်သူ့ကိုမဆို ချစ်ခင်လျက် သတ္တ၀ါအားလုံး၏ ကောင်းကျိုး ကို နှစ်သက်လို လားသောမေတ္တာစိတ်ဓါတ်များ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။ လူမျိုး-ဘာ
သာမရွေး-သတ္တ၀ါမရွေး ဒုက္ခရောက်သူ မည်သူ့ကိုမဆို သနားကြင်နာသော ကရုဏာစိတ်ထား
 ဖြစ်ပေါ် (ပွားများ)မှုကိုလည်းကောင်း။ လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေးမိမိထက်သာသူ မိမိ ထက်ချမ်းသာသူအားလုံးမည်သူ့ကိုမဆိုဝမ်း မြောက်သော စိတ်ထား မုဒိတာဖြစ်ပေါ်(ပွားများ)မှု ကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေးမည်သို့မျှ ဆုံးမ-သွန်သင်လို့မရသူမည်သူ့ကိုမဆိုဒေါသစိတ်
မုန်းတီးစိတ် နာကျည်းစိတ် မထားပဲညီညွှတ်မျှတသောသဘောထားဥပက္ခော စိတ်ထားဖြစ်ပေါ် (ပွားများ)မှုကိုလည်းကောင်း။
တောင်တွေး-မြောက်တွေး-ဟိုမကောင်းကြံ-ဒီမကောင်းကြံ-ဟိုပူ-ဒီပူ-ဟိုမကျေနပ်- ဒီမကျေနပ်
 ဖြစ်မနေပဲ မိမိဝင်သက်ထွက်သက်(သို့)မိမိခန္ဓာမှာဖြစ်ပေါ်နေသောဓါတ်သဘာဝ-စိတ်သဘာဝ
များကို သတိဖြင့် စောင့် ကြည့်ကာတည်ကြည်နေမှုကို လည်းကောင်းတတ်စွမ်းသမျှ လုပ်ဆောင်
 ခြင်းဖြစ်လေသည်။ (သို့)မနာလိုစိတ်-မုန်းတီးစိတ်-အပျော်ကြူးချင်သောစိတ်- ထောင်လွှားသော စိတ်-ပျင်းရိသောစိတ်- သူတပါးအား ဒုက္ခရောက်စေလိုသောစိတ် – ပျက်စီးစေလိုသောစိတ် စ သည် ဖြင့်မကောင်း သော စိတ် များကို စွန့်လွှတ်ရန်ဖြစ်လေသည်။
စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)
ဒီအဆင့်ကတော့တကယ့် ဗုဒ္ဓဘာသာ အဆင့်လေးဆင့် မှာ အမြင့်ဆုံး ဖြစ်ပါတယ် ။ ဒီအဆင့်ကို ဗုဒ္ဓဘာသာဝင်များ ကိုယ် တိုင်ရောက်ဖို့ သိဖို့ နားလည်ဖို့ လုပ်တတ်ဖို့တော်တော်လေး ခဲယဉ်းနေ
တတ် ပါတယ်။ (ဒီမိတ်ဆွေကြီးရဲ post တစ်ခုမှာ တရားနည်း တစ်ခုကို ၀ိပဿနာ အဖြစ် အထင်
မှားလျှက် ပုတ်ခတ်ထားတာ တွေ့ရပါတယ်။)  အခု  ဒီနေရာမှာဝိပဿနာဘာဝနာ ကိုရှင်းပြရင် လည်း ဒေါသစိတ်  အားကြီးသူများ   နားလည်ဖို့ ခက်ခဲမယ်လို့ ယုံကြည်မိပါသော်လည်း အကြမ်း အားဖြင့်တော့  ကျွန်တော်နားလည်သလောက် တခြားသူများအတွက်ပါ ရည်ရွယ်လျှက် စေတ
နာဖြင့်ရှင်းပြလိုက်ပါသည်။
-      အမှန် ကို အမှန်အတိုင်း သိနေခြင်း။
-
တကယ့် အရှိ ကိုအရှိအတိုင်း သိနေခြင်း ။ လက်ခံ ယုံကြည်နေခြင်း။
-
တကယ်မဟုတ်တာ ကိုတကယ်မဟုတ်မှန်း သိနေ နှလုံးသွင်းနေခြင်း။
-
တကယ် မရှိတာ ကိုတကယ်မရှိမှန်း နားလည် သဘောပေါက် ဆင်ခြင်နေခြင်းဖြင့်
(တနည်းအားဖြင့်)
-မမြဲသော တရစပ်ပျက်စီးနေသော အနိစ္စ သဘာဝများကို ….. တရစပ် ဖောက်ပြန်ပျက်စီး ပြိုကွဲ
 ပြောင်း လဲနေမှုသဘောဖြစ်ခြင်း (အနိစ္စ) ဟု သိနေခြင်း ၊
-အနှစ်မဟုတ်သောသဘော-ကျေနပ်သာယာစရာမဟုတ်သောသဘော ဒုက္ခသဘာဝများကို အ
 နှစ် မဟုတ်သော သဘော-ကျေ နပ်သာယာစရာမဟုတ်သောသဘော(ဒုက္ခသစ္စာ)ဟုသိနေခြင်း၊
-ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်-ငါဆိုင်အဖြစ်(တစ်ခုခုအဖြစ်)ရှိမနေမှု -မြဲမနေမှု-အဖတ်မတင်မှု-သဘာဝ သက်သက်များကို.ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်- ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်) ရှိမနေမှု -မြဲမနေမှု – အဖတ်မတင်မှု သဘာဝသက်သက် များ(အနတ္တ)ဟု လက်ခံယုံကြည်နှလုံးသွင်းနေခြင်းဖြင့်-အမှန်
တရား ကိုအမှန်တရားအတိုင်း မှန်မှန်ကုန်ကန် နှလုံးသွင်းဆင်ခြင်ခြင်း ဥာဏ်အားဖြင့်(သိနားလည်
သွား မှုဖြင့်) …………
ပူလောင်ဆင်းရဲစေသောစိတ်များ-မမှန်ကန်သောစိတ်များ(ကိလေသာများ)ကို တစ်စတစ်စ စွန့်
လွှတ်- စွန့်လွှတ်သွားနိုင် မှု ဖြစ်လေသည်။
နောက်ဆုံးစတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)စွမ်းအားဖြင့်သာ တကယ့်ချမ်းသာအစစ်–ငြိမ်းချမ်း
 ရာအစစ် -တည်မြဲရာအစစ် –အိုနာသေကင်းရာအစစ်ကိုသူတပါးမေးစရာမလိုပဲ self-evident
အဖြစ် ကိုယ်တိုင် သိရှိ -မျက်မှောက်ပြုသွားခြင်း enlightenmentဖစ်ကြရလေည်။
အထက်ပါ အဆင့်(၄) ဆင့်ကို လုပ်ဆောင်နေသူဟာ မှတ်ပုံတင်ထဲတွင် တခြားဘာသာ အမည် တစ်ခုကို ရေးထားသော်လည်း ဗုဒ္ဓဘာသာဖြစ်နေပေမည်။ဗုဒ္ဓဟာ အဆင့် (၄)ဆင့်ကို နောက်ဆုံး
(၄)ဆင့်ထိပြုလုပ်ရန် အဓိကထားပါသည်။ သို့သော် တဆင့်လုပ်လျှင် တဆင့်အလျှေက် နှစ်ဆင့် လုပ်လျှင် နှစ်ဆင့်အလျှောက်-သုံးဆင့်လုပ်လျှင်သုံးဆင့်မိမိလုပ်နိုင်လျှင် လုပ်သည့်အလျှေက် မိမိ
 နှင့် တကွ မိမိပတ်ဝန်းကျင်မှာပါ ပစ္စပ္ပါန်- အနာဂတ်ကောင်းကျိုးများ ရရှိမည်မှာ သေချာသော
နိယာမ univerallaw ဓမ္မ ဖြစ်ကြောင်း မှာကြားထားလေသည်။ မိမိနှင့် တကွ မိမိပတ်ဝန်းကျင်
မှာ ပါမိမိကိုယ်တိုင် လက်တွေ့ကျင့်သုံးကြည့်ပါကမိမိကိုယ်တိုင် ယခုဘ၀မှာပင်ပစ္စပ္ပါန်-အနာဂတ်

ကောင်းကျိုးများကိုဒိဋ္ဌ မျက်မြင် တွေ့ရှိသိရှိနိုင်မည်ဖြစ်ကြောင်း ။ မိမိ နှလုံးသားထဲတွင် တကယ့် ဗုဒ္ဓဘာသာအစစ် (ဓမ္မ)ပြန့်ပွား ထွန်းကားနေပြီဖြစ်ကြောင်း ။ တန်ခိုးဖြင့် အပ်ချလောင်းဆိုပြီး တစ်
ဦးဦးမှလုပ်ပေးလာဖို့ မျှော်လင့်အသနားခံဆုတောင်း နေစရာမလိုကြောင်းမှာကြားထား လေသည်။
(မှတ်ချက်။ဒီလေးခုကိုလုပ်လျှင်လုပ်သလောက်အကျိုးများမှာဖြစ်သလို-မလုပ်လျှင်မလုပ်သလောက် အကျိုးနည်းပေမည်။)။ ဗုဒ္ဓဘာသာများ အနေနဲ့ လည်း မှတ်ပုံတင်ထဲစာရင်းအင်း ထဲမှာ မိမိဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်လို့ ဘယ်လောက်ပဲ မှတ်တမ်း တင်ရေးထားရေးထား။ ဒီအဆင့်လေးဆင့်ကို နောက်ဆုံးအဆင့်ထိ ရောက်အောင်မလုပ်ဆောင်နိုင်ပါကလုပ်ဆောင်ဖို့ အ
ချိန် မပေးနိုင်ပါကဗုဒ္ဓဘာသာ အတွက် ဘယ်လောက်ပဲ ဒေါသ ထွက်ထွက်– ဘယ်လိုပဲ ရပ်တည် ရပ်တည်ဗုဒ္ဓရဲ့ဖြစ်စေချင်တဲ့ တကယ့် လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို တကယ်တည်တံ့
အောင် ကာကွယ်မှု ပြုလုပ်ခြင်း တော့ မဟုတ်ကြောင်း သဘောပေါက်ထားရပေမည်။
ဗုဒ္ဓဘာသာကိုဖျက်ဆီးလိုသော မိတ်ဆွေများအနေဖြင့်လည်း အထက်ပါ အဆင့်လေးဆင့် လုပ်
ဆောင်ရန် ဗုဒ္ဓရဲ့ညွှန်ကြားမှု ကို ဗုဒ္ဓဘာသာဝင်များ အားမလုပ်အောင် တိုက်တွန်း လှည့်ဖြားဆွဲ
ဆောင်နိုင် မှသာ မိတ်ဆွေကြီး တို့ရဲ့ရည်မှန်းချက် အထ မြောက်အောင်မြင်ပါမည်ဟုအကြံ ပြုပါ
သည်။
အထက်ပါအချက်(၄)ချက် လုပ်ဆောင်မှု ကို မိတ်ဆွေကြီးတို့ ကန့်ကွက်ဖျက်ဆီးနိုင်မှသာလျှင် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့် လိုရင်းအဓိက(တကယ့်ဗုဒ္ဓသာသနာ)ကိုဖျက်ဆီးခြင်းဖြစ်ပါလိမ့်မယ်။
တခြားပါဠိတော်မဟုတ်သော သမိုင်းဖြစ်စဉ် ဇာတ်လမ်း –ဇာတ်ကွက်ပုဂ္ဂိုလ်ရေး personal များ (အပေါ်ယံဗုဒ္ဓဘာသာ)သမိုင်းများကို ငြင်းခုန် ဝေဖန်ပုတ်ခတ်နေခြင်းဖြင့်လည်းကောင်း။ မည်သည့် ဘာသာရေး ကျမ်းအားလုံးကို မဆိုနောက်ဆုံး စက္ကူပေါ်ရောက်အောင် ဘယ်တော့မှအမှား မကင်း
သည့် လူသားများကသာဖန်တီး ပြုလုပ် ရေးသားထားခြင်း ဖြစ်လေရာ ကျမ်းစာပါအချက် များကို ဆုပ်ကိုင်လျှက် ငြင်းခုန်ဆွေးနွေးနေခြင်းဖြင့် လည်းကောင်း (ပြဿနာနှင့် ပျော်မွေ့တတ် သည့် ပုထုဇဉ်လူသားများအားလုံး) တို့ ဘယ်တော့မှ အဖြေမှန်ရလိမ့်မည် မဟုတ်ဟု ရဲရဲ ကြီး အာမခံပါ
သည်။
ဗုဒ္ဓသာသနာကိုဖျက်ဆီးလိုသူ မိတ်ဆွေကြီးတို့အနေဖြင့်-ကျိုက်ထီးရိုးဘုရားကြီးကိုတောင်အောင်
ကို တွန်းချလို့ရရင်ရမယ်-သီလစောင့်ထိန်းမှုတွေကိုတော့ရပ်ဆိုင်းသွားအောင်တော့ တွန်းချလို့မရ
 နိုင်ပါ …………….
-မိတ်ဆွေကြီးတို့ ရွှေတိဂုံဘုရားကရွှေတွေကိုခွါပြီးတော့ ကိုယ်အကျိုးရှိမယ်ထင်ရာ သုံးလို့ ရချင် ရမယ်- မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာ ဗြဟ္မစိုရ်တရား သမာဓိတရား ပွားများမှုတွေကိုတော့ လုံးဝ ပြတ်လပ် သွားအောင်ခွါချလို့မရနိုင်ပါ။………
ဗုဒ္ဓကျမ်းစာအုပ်တွေ-ကျောင်းတိုက်ကြီးတွေ-ဆင်းတုကြီးတွေကိုမီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ ရချင်
ရမယ်- မမြဲသောအနိစ္စသဘာဝတရားကိုသဘောပေါက်နားလည်ဆင်ခြင်နေမှု။ ငါ-ငါ့ဟာအဖြစ်
အထင် မမှားဘဲ-အမှန်တရားကို သိနားလည်လျှက် လောဘ -ဒေါသများကို စွန့်လွှတ်နေသော
စိတ်ထားသဘောထား-အေးချမ်းသောစိတ်များ-၀ိပဿနာဥာဏ်များ-မဂ်ဥာဏ်-ဖိုလ်ဥာဏ်များ
ကိုတော့ မိတ်ဆွေကြီးတော့ ဘယ်တော့မှ မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့မရနိုင်ပါ။…………..
(မိတ်ဆွေကြီးမေးသော မေးခွန်း ၁၀ ကိုဒီနေရာကပဲ အတိုဆုံးဖြေကြားလိုက်ပါတယ်။ မေးခွန်း များကို နောက်ဆုံးလိုရင်းချုပ်ပါက မကောင်းမှုတွေများစွာ လုပ်ခဲ့သော်လည်း နိဗ္ဗာန်ကို ရောက်
သောသူများရှိကြောင်း ဗုဒ္ဓဘာသာက ဖော်ပြသဖြင့် မဖြစ်နိုင်ကြောင်း ပြောလို ရင်းဖြစ်ပေသည်။)
ဓမ္မ universal lawမှာမကောင်းမှုတွေ များစွာ ပြုခဲ့သောသူဟာ မကောင်းကျိုးကို ပြုခဲ့သည် အလျှောက်တန်ပြန် အကျိုး သက်ရောက်မှုရရှိမှာသေချာပါသည်။ (ဗုဒ္ဓက ဒဏ်မခတ်)သို့သော် အထက်ပါအဆင့် (၄)ဆင့် လုပ်ဆောင်မှုကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ပါက လုပ်ဆောင်
သူ၏ လုပ်ဆောင်နိုင်မှုစွမ်းအား ကြီးမားလျှင် ကြီးမားသလောက်ပြုလုပ်ခဲ့သော အကု သိုလ်၏
တန်ပြန် အကျိုးသက်ရောက်မှု များကို compensateလုပ်နိုင်စွမ်းချေဖျက်နိုင်စွမ်း ရှိပါ တယ်။
(မှတ်ချက်။ ။အမိ-အဖ(သို့) ရဟန္တာကိုသတ်သောကံ-စသည်ဖြင့် အားကြီးမားလွန်းသော အကု
သိုလ်ကံ များပြုလုပ်ခဲ့ပါက တစ်ဘ၀ထဲနှင့် အကုသိုလ်၏ တန်ပြန်အကျိုးသက်ရောက်မှု များ ကို compensate မလုပ်နိုင်ပါ။ အကုသိုလ်၏တန်ပြန်အကျိုး သက်ရောက်မှုကို သေချာပေါက်ခံရ
လေသည်)
Sila and Ethics (အူမနှင့် သီလ) by ?Dhamma Piya (အရှင်သံဝရာလင်္ကာရ (ဓမ္မပိရဆရာတော်))
http://thoughtsnvisions.blogspot.com
မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter