မြတ်စွာဘုရားဖြစ်စဉ် ဗုဒ္ဓဝင် (အကျဉ်း)
“မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာသမိုင်းစဉ်“ ကိုမစတင်မီ ဗုဒ္ဓြမတ်ဘုရား၏ ဖြစ်စဉ် ဗုဒ္ဓဝင်(အကျဉ်း)ကို ပထမဆုံးသိထားရန်လိုပါသည်။ “ဗုဒ္ဓဘာသာဝင်များ အနေနှင့် ဗုဒ္ဓြမတ် ဘုရား၏ဖြစ်စဉ်ဗုဒ္ဓဝင်ကိုသိလေ မြတ်စွာဘုရားကို ကြည်ညိုလေ“-ဟု သီဟိုဠ်ဆရာတော်
ကြီး ဦးနာဒရက ဟောကြားတော်မူခဲ့ပါသည် ။ ထို.ကြောင့် ဤဗုဒ္ဓ မြတ်ဘုရား၏ ဖြစ်စဉ် ဗုဒ္ဓဝင်
ကို ကျဉ်းနိုင်သမျှကျဉ်းကာ ရှင်းလင်း တင်ပြထားခြင်းဖြစ်ပါ၏ ။
ဗျာဒိတ်တော် ခံယူတော်မူခြင်း ။ ။
ဘုရားအလောင်းတော်သည် လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကျော်က အမရဝတီ
ပြည်မှာ သုမေဓါအမည်ရသော သူဌေး သားဖြစ်ခဲ့ပါသည်။
ငယ်စဉ်ကပင် မိဘများ ကွယ်လွန်သွား၍ သုမေဓါ တစ်ဆယ့်ခြောက် နှစ်အရွယ် ရောက်သော
အခါ ပစ္စည်းဥစ္စာ အားလုံးကို စွန်.ကြဲလှူဒါန်းပြီး ရသေ့ဝတ်ကာ ဟိမဝန္တာသို. ထွက်ခွါသွားသည်။ ဤကဲ့သို.ရသေ့ဝတ် ဖြင့်တရားအားထုတ်တော်မူရာ ၇- ရက် အတွင်း ဈာန်တန်ခိုးရပြီး ကောင်း ကင်၌လှည့်လည် သွားလာ နေတော့သည် ။ ထိုအချိန်တွင် ဒီပင်္ကာမြတ်စွာဘုရားသည် ရမ္မဝတီ
နေပြည်တော်သို.ကြွတော်မူလာမည့်အတွက် လူအများသည်လမ်းများကိုပြင်ဆင်နေကြပါသည်။
ထိုအချိန်မှာပင် ကောင်းကင်ခရီးဖြင့်ရောက်လာသော သုမေဓါရသေ့သည်လည်း ထိုသတင်းကို ကြားသည်နှင့် ဆင်းသက်လာကာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်၍ လုပ်အားပေးတော်မူပါသည်။ တန်ခိုးဖြင့်အလျင် အမြန့်ပြီးရန်ဆောင်ရွက် နိုင်ပါသော်လည်း မိမိ ကိုယ်အားဖြင့် ရင်းနှီးပါမှ ပိုမို အကျိုး ရှိနိုင်မည်ဖြစ်သေ ကြောင့် ကိုယ်တိုင်ပင် မြေထမ်းကာ ရွှံ. ညွန်ထူထပ်သည့်လမ်းကို ပြင်နေပါသည်။ ထိုအချိန်မှာပင် (လမ်းပြင်၍မပြီးသေးခင်) ဘုရားရှင်
ကြွတော်မူလာသည့်အခါ ရှင်ရသေ့သည် မိမိကိုယ်ကို ဝမ်းလျားမှောက် တံတားခင်းကာ လှူဒါန်း လိုက်ပါသည် ။ ထိုမြင်ကွင်းကို တွေ.လိုက်ရသော သုမိတ္တ ဟု အမည်ရသော အမျိုးသမီးသည် ကြာပန်းငါးခိုင်ကို ရသေ့အား ဆက်ကပ်လိုက်ရာ ရသေ့ကလည်း ကိုယ်ကို တံတားခင်းလျက်နှင့်
ပင်ကြာငါးခိုင်ကို မြတ်ဘုရားအား ဆက်ကပ်ပူဇော်လိုက်ပါသည်။ ရှင်ရသေ့၏ စိတ်တွင်းမှလည်း
“ငါ သည် ကိလေသာ ကုန်ခမ်းသည့် ရဟန္တာဖြစ်လိုလျှင် ယနေ.ပင်ဖြစ်နိုင်၏ ။ သို.သော်လည်း
သတ္တဝါ အများအား ကယ်တင်ရန် ဘုရားဖြစ်အောင် ကြိုးစားတော့ အံ့ “- ဟု ဆုံးဖြတ်လိုက်ပြီး
နောက် --- “ သစ္စာတရားကို ငါသိသလို သတ္တဝါအများသိစေရမည် - ဘဝ အနှောင်အဖွဲ.မှ ငါ လွတ်မြောက်သလို သတ္တဝါအများကို လွတ်မြောက်စေရမည်- သံသရာဝဲဂယက်မှငါကူးမြောက်
င်သလို သတ္တဝါအများ သည်လည်း ကူးမြောက်နိုင်စေရမည် ” - ဟု ကြွေးကြော် ကြုံးဝါးတော်မူ
ပါသည် ။
ဒီပင်္ကရာ မြတ် စွာဘုရားသည်လည်း သုမေ ဓါရှင်ရသေ့၏ဦးခေါင်းရင်းမှာရပ်ကာ“ အသက်ကို
စွန်.ကာ ခန္ဓာကိုယ်ကိုဝပ်စင်းတံတားခင်းကာလှူနေသော ဤရသေ့သည် နောင်အခါ ငါဘုရား
ကဲ့သို.ပင် ဘုရားတစ်ဆူဖြစ် လိမ့်မည်“- ဟု ဗျာဒိတ်ပေးတော်မူပြီး သုမေဓါ၏ ညာဘက်ဘေးမှ
ကွေ.ကာ ကြွလှမ်းသွာေးတ်ာမူပါသည်။ ထို.နောက် ဘုရားအလောင်းတော် သုမေဓါ ရှင်ရသေ့
သည် ဘုရားဖြစ်ရန် ကျင့်ဆောင်ရမည့် တရားကောင်းများကို ဆင်ခြင် သုံးသပ်ပါတော့သည် ။ ( ခေတ်စကားအရစီမံကိန်းကြီးကို ချမှတ်လိုက်ပါတော့သည်။) ထိုကဲ့သို. ဘုရားဖြစ်ရန်လုပ်ငန်း စီမံကိန်းကြီးမှာ ဆောင်ရွက်ရမည့် ကိစ္စအဆင့်ဆင့်ကို “ပါရမီ “ ဟုခေါ် ပါသည် ။ ထို.နောက်
“ပါရမီတော် ဆယ်ပါး“ ဖြစ်သော ဒါန - သီလ- နေက္ခမ္မ- ပညာ- ဝီရိယ- ခန္တီ- သစ္စာ- အဓိဌာန်-
မေတ္တာ - ဥပေက္ခာ နှင့် စွန်.ခြင်းကြီး ငါးပါး ဖြစ်သော (၁) မင်းစည်းစိမ် အပါအဝင် ရွှေ - ငွေ
ရတနာနှင့်တိုင်းပြည်ကိုပါစွန်.ခြင်း ၊ (၂) ခြေ လက် အစရှိသော ကိုယ်အင်္ဂါ အစိပ်အပိုင်းများ
ကို စွန်. ခြင်း ။ (၃) သားတော် - သမိးတော်တို.ကို စွန်.လွှတ်ခြင်း ၊ (၄) ကြင်ယာတော်ကို
စွန်.လွှတ်ခြင်း ၊ (၅) မိမိအသက်ကိုပင် စွန်.လွှတ်ခြင်းတို.ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ဖြည့်ကျင့်တော် မူခဲ့ပါသည် ။ ထို.နောက် မဟာ သက္ကရာဇ် ၆၈ - ခု ၊ ကဆုန် လပြည့်
( သောကြာနေ. ) တွင် ဘုရားအလောင်းတော် အား ဖွားမြင်ပြီး ၇ - ရက်မြောက် သည်နှင့်
မယ်တ်ာမာယာ စုတေကာ တုသိတာနတ်ပြည်၌ နတ်သား ဖြစ်တော်မူပါသည် ။ ဘုရား အ
လောင်းတော် ဖွါးမြင်ပြီး ၂၅ - ရက်ရသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ဗေဒင်
တတ်ကျွမ်းသည့် ပုဏ္ဏားများကို ဖိတ်ခေါ်ကာ ဘုရား အလောင်းတော်၏ လက္ခဏာကို ကြည့်
ရှု စစ်ဆေးစေပါသည်။
ထိုအခါ ကောဏ္ဍညပုဏ္ဏား ကြီးကသာ “ မုချဧကန် ဘုရားဖြစ်ရမည် ” ဟု ဟောပါသည်။ အ
နွယ်အားဖြင့် “ဂေါတမ “ အနွယ်ဖြစ်ပြီး သတ္တဝါအများ အကျိုးစိးပွါးကို ပြည့်စေ တတ်သော
ကြောင့် “သိဒ္ဓတ္ထ“ ဟု အမည် မှည့်ခေါ်ခဲ့ပါသည်။ “သိဒ္ဓတ္ထ“ မင်းသား ၁၆ -နှစ် အရွယ်ရောက်
သောအခါ ရှင်ဘုရင်အဖြစ် ထီးနန်း လွှဲအပ်ခြင်း ခံရပါသည် ။ သားတော်လေး တောထွက်
သွားမည်ကို စိုးရိမ်သော ခမည်းတော်ကြီးက နန်းမ သုံးဆောင် ဆောက်လုပ်ပေး ကာ ပျော် ရွှင်စေ စေရန်စီစဉ်ပေးထားပါသည်။
အလောင်းတော်လည်း မောင်နှစ်မ တစ်ဝမ်းကွဲတော်စပ်သူ ယသော်ဓရာ ကို မိဖုရားမြှောက် ကာ အေးချမ်းစွာ စံတော်မူပါသည် ။ သို.နှင့် သက်တော် ၂၉ -နှစ်ရောက်သောအခါ ဥယျာဉ်
တော် အတွင်း၌ နတ်များဖန်ဆင်း ပြသထားသော သူအို - သူနာ- သူသေ စသည် နိမိတ် ကြိးများကို လေးလစီ ခြားပြီးမြင်တွေရာ လွန်စွာ ထိတ်လန်.ကာ- “ ငါသည်လည်း တစ်နေ.
တွင် သည်လိုပင် အိုရ - နာရ-သေရမည်”- ဟု သံဝေ ဂရသွားပါသည် ။ ထိုနေ.မှစ၍ နန်း စည်းစိမ်မှာလည်း မပျော်မွေ.တော့ပဲ လေးလ ကြာသည့်အခါ ရဟန်း ကို တွေ.မြင်ရာမှ အို-
နာ- သေ ဝဋ်ဒုက္ခဘေးမှ လွတ်မြောက်ရေး လမ်းကို သဘောပေါက်သွားပါသည် ။ ထိုကဲ့သို.
သံဝေဂတရားဖြင့် ဥယျာဉ်တော်အတွင်း စံတော်မူနေစဉ် ယသော်ဓရာ မိဖုရားမှ သားဦး
ရတနာလး ဖွါးမြင်ကြောင်း သံတော်ဦး တင်လာသောအခါ “ အနှောင်အဖွဲ. တစ်ခု တိုး
လာပြီ“ ဟု များစွာတုန်လှုပ်သွားပြီး “ ယနေ.ပင် တောထွက်တော့အံ့ “ - ဟု ဆုံးဖြတ်လိုက်
ပါသည် ။ သို.နှင့် မဟာသက္ကရာဇ် ၉၇- ခု ၊ ဝါဆိုလပြည့် - တနင်္လာနေ. - သန်းခေါင်ယံ
အချိန် တွင် တောထွက်ခဲ့ပါသည်။
မာရ်နတ်သားက တောမထွက်ပဲ စကြာဝတေးမင်းအဖြစ် ခံယူပါရန် တားမြစ်သည်ကိုလည်း
လက်မခံ ပဲ ဆက်လက် ကြွမြန်းတော်မူပါသည် ။ နံနက်မိုးသောက် အလင်းရောက်သည်
နှင့် ဃဋိကာရဗြဟ္မာမင်း ဆက်ကပ်လှူဒါန်းသပိတ်နှင့် သင်္ကန်းကို လက်ခံကာ ရဟန်းပြုတော်
မူပါသည်။ အလောင်းတော်သည် ဥရုဝေလတောမှာ ဒုက္ခရစရိယာအကျင့်ကို ခြောက်နှစ်တိုင်
တိုင် ကျင့်တော်မူပြီးနောက်မှ “မစ္ဇျိမပဋိပဒါ“ ခေါ် အလယ်အလတ် လမ်းစဉ်အရ ကျင့်တော်
မူရာ မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ. (သက်တော် ၃၅-နှစ်) မှာ ဘုရား
“အဖြစ် သို.ရောက်ရှိ တော်မူပါသည်။
ထိုအချိန်မှစ၍ မြတ်ဗုဒ္ဓသည် မိမိနှင့်မိမိ၏ပတ်ဝန်းကျင်အတွက် ငဲ့ကွက်တွယ်တာမှုလောဘ
စသည့် ကိလေသာမှန်သမျှကို အငွေ.အသက်မျှ မကျန်စေရန် ပါယ်သတ်နိုင်သော အရဟတ္တ
မဂ်ဥာဏ်ကိုရရှိတော်မူသည်မှ၍ တစ်လောကလုံးတွင်အနစ်နာအခံနိုင်ဆုံးဖြစ်တော်မူပါသည်။
မည်သည့် ပုဂ္ဂိုလ်အား မည်သည့်တရားကို မည်သို.ဟောကြား ညွှန်ပြရမည်ကိုလည်း အကြွင်း
မရှိ သိမြင်တော်မူသောသဗ္ဗညုတဥာဏ်တော်ကို ရတော်မူသည့်အချိန်မှစ၍ တစ်လောကလုံး
မှာ သူတ ပါးအကျိုးကို အဆောင်ရွက်နိုင်ဆုံးဖြစ်တော်မူပါသည်။
“မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် (၃)“ ကိုဆက်လက်တင်ပြပါမည်)

No comments:
Post a Comment