ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, December 20, 2012

လူလေးးမျိုး

အားလုံး မင်္ဂလာပါ -- နေပြည်တော် မြန်မာ့အသံရဲ့ “လူငယ်မှတ်သား သုတစကား“ ကဏ္ဍမှ တနင်္ဂနွေနေ. နေ.ညနေပိုင်း (မြန်မာစံတော်ချိန်) ၆း ၄၀ မှာ ထုတ်လွှင့်သွားတဲ့ “ လူလေးမျိုး “ ဆိုတဲ့ အစီအစဉ်လေးပါ - အချို.သော ဒေသများမှ အသံဖိုင်ဖွင့်မရပါ၍ စာသားလေး တင် ပြပေးပါလို.ဆိုလာတဲ့အတွက် စာသားလေးကိုပါ ထည့်ပေးလိုက် ပါတယ် ---- အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အားလုံး မင်္ဂလာပါကလေးတို.ရေ-- ဒီနေ. ကလေးတို.အတွက် ကလောင်ရှင်အောင်အောင် ရဲ့ “လူလေးမျိုး“ ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည် ပြုပြင် တင်ပြပေးဖို.စီစဉ်ထားပါတယ် ။ ကလေတို.ရေ-- ဟောဒီလူ.လောကကြီးမှာရှိနေကြတဲ့ ဆရာမတို.လူသားတွေအနေနဲ.ပုံအမျိုးမျိုး အတွေးအခေါ် အယူအဆအမျိုးမျိုး တွေရှိနေကြတာ လူတိုင်းအသိပါနော် ။ မြတ်ဗုဒ္ဓရဲ့ အလိုအရ လူ.ဘ၀သည် ရနိုင်ခဲသော အဖြစ်၊ ရနိုင်ခဲသောဘ၀ပါ ။ ဒီလို ခဲခဲယဉ်းယဉ်းရရှိလာတဲ့ လူ့ဘ၀ကို အချည်းနှီး သော - အဓိပ္ပါယ်မဲ့ သော ဘ၀မဖြစ်သင့်ဘူးလို.ဆိုပါတယ် ။ ဒါ့ ကြောင့် မိမိတို.အနေနဲ. လူပီသ သောလူဖြစ်အောင် ကြိုးစားအားထုတ်ဖို.လိုအပ်လှပါတယ်။ ဗုဒ္ဓမြတ်ဘုရားကလည်း “လူလေးမျိုး“ ရှိတယ်လို.ဟောကြားတော်မူခဲ့ပါတယ်။ ကလေးတို.အနေ နဲ.လည်း အဲဒီ လူလေးမျိုး ဆိုတာကို သိပြီးရင် ကိုယ်ဟာ ဘယ်လိုလူမျိုးထဲမှာ ပါတယ်ဆိုတာလေး ကို ဝေဖန်ဆန်းစစ်ပြီး ကောင်းသထက်ကောင်းအောင် ပြုပြင်ဖို့လိုအပ်ပါတယ်။ လူစစ်စစ် ဖြစ်ဖို့ အပါယ်တံခါးပိတ်ဖို့ ဗုဒ္ဓ ဘာသာ စစ်စစ်ဖြစ်ဖို့ ဘာတွေ လိုအပ်တယ်ဆိုတာကို ပြန်လည်စီစစ်ပြီး ကြိုးစား အားထုတ်ကြဖို.ဖြစ်ပါတယ် ။ ကဲ-- အဲဒီ လူလေးမျိုး ကို လေ့လာကြည့်ကြရအောင်ပါနော်- (၁) လူ့ငရဲသား (၂) လူ့တိရစ္ဆာန် (၃) လူ့ပြိတ္တာ (၄) လူ့ ပရမတ္တ တို. ဖြစ်ပါသတဲ့ ။ ကလေးတို.ရေ- နံပါတ် (၁) ဖြစ်တဲ့ လူ့ငရဲသား ဆိုတာကတော့…။ တချို့ လူတွေဟာ လူတော့ ဖြစ်လာကြပါတယ်။ ဒါပေမယ့် ဘာသာ ရေးနဲ့ ပါတ်သတ်ရင် ဘာဆိုဘာမှ မသိ-စိတ်လည်းမ၀င်စား ကိုယ့်အဘိုး၊ အဘွား ၊ အဖေ ၊ အမေတွေက ဗုဒ္ဓဘာသာ တွေ ဖြစ်လို့သာ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်လာရတယ်။ တရား စာပေလည်းမဖတ်၊ တရားလည်း မနာ၊ သံဃာတော် မြတ်တွေဆီ တရားတွေ မေးမြန်းရမှန်းလည်း မသိ၊ ကုသိုလ်ဆိုတာကို ဘယ်လိုမှ စိတ်မ ၀င်စား ။ လူ့ဘ၀ရဲ့ အနှစ် သာရကို လုံးဝနားမလည်ပဲနဲ့ စီးပွားတွေ မတရားတဲ့နည်းနဲ့ ရအောင်ရှာပါတယ် ။ ဘယ်သူဘာဖြစ်ဖြစ် ကိုယ်ကောင်း စားရင်ပြီး ရော လိမ်ညာပြီးတော့ စီးပွားတွေ ရှာ - ရလာတဲ့ ဥစ္စာပစ္စည်း ကို လည်း ကုသိုလ်ဖြစ်စေမယ့် နေရာ တွေမှာ အသုံးမပြု- အကုသိုလ် ဖြစ်မယ့် နေရာတွေမှာသာ သုံးဖြုန်းပြစ်ပါ တယ်။ နောက်ဆုံးတော့ မကောင်းမှုနဲ.လုပ်ကိုင်တဲ့ အတွက် ရာဇ၀တ်မူသင့်ပြီး ထောင်ကျတဲ့ဘ၀ကိုရောက်ရတော့တာပေါ့။ထောင်ထဲ ကျတော့လည်း ကျွန်လို တိရိစ္ဆာန်လို အခိုင်းခံရ- အနှိပ်စက်ခံရနဲ. ဒီတော့ သူတို့တွေဟာ ငရဲပြည်မှာ ငရဲကျတဲ့သူတွေလိုပါပဲ - ငရဲသားအဖြစ်မျိုးနဲ့ ဘ၀ကို ဆင်းရဲပင်ပမ်းကြီးစွာပေးဆပ်ပြီး နေထိုင်သွားကြရပါတယ်။ ဒီလိုလူမျိုးကိုတော့ ဘုရားရှင်ကလူ့ငရဲသားလို့ဟောကြား ခဲ့ခြင်းဖြစ်ပါ တယ်။ နံပါတ် (၂)လူ့တိရိစ္ဆာန် ဆိုတာကတော့..။ တိရစ္ဆာန်လိုပါပဲ.. အိပ်တယ် စားတယ် ကာမဂုဏ် ခံစားတယ်.. ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေ ဘာမှမလုပ်ပါဘူး။ စီးပွားတွေတော့ ကြီးပွား အောင် ရှာပါရဲ့..။ ဒါပေမယ့် ရရှိလာတဲ့ ငွေကြေးကို အိပ် ၊ စား ၊ ကာမဂုဏ် အာရုံတွေုအတွက်ပဲ အသုံးချ တယ်။ ဒီသုံးခုကလွဲရင် ကုသိုလ် အလုပ်ဘာမှမလုပ် ပါဘူး။ အဲ့လို လူစားမျိုးကိုတော့ ဘုရားရှင်က လူအစစ် မဟုတ်ပါဘူး- လူ့တိရစ္ဆာန်လို့ ဟောကြားခဲ့ပါတယ်။ နံပါတ် (၃) လူ့ပြိတ္တာ ဆိုတာကတော့.အဲ- ပြိတ္တာလို့ ဆိုလိုက်ပြီဆိုရင်ကို တစ္ဆေ၊ သရဲ၊ မှင်စာ၊ ဥစ္စာစောင့် အားလုံးဟာ ပြိတ္တာထဲမှာ ပါတယ်နော် ။ ပြိတ္တာတွေဟာ သူတို့ဝမ်းရေးကို တစ်သက်လုံး ပင်ပန်း ဆင်းရဲစွာနဲ့ရှာစားကြရတာပါ။ နောက်ပြီး ဘယ် တာ့မှလည်း အစားဝတယ်ဆိုတာ မရှိဘူး။ ပြီးတော့ သူတို့ဟာ ကောင်းကောင်း မွန်မွန် မစားရတဲ့အပြင် လူတွေထွေးတဲ့ တံတွေးတွေ နှပ်တွေ သလိပ်တွေ ကောက်စားရပါသတဲ့ ။ ၀မ်းရေး တစ်ခုကိုပဲ ရှာစားကြရင်းနဲ့ သေသွားကြရ တယ်လို. ဆိုပါတယ် ။ ဘာကုသိုလ်မှလည်း လုပ်သွားလို့မရ လိုက်ဘူးတဲ့ ။ ဒီလိုပါပဲ.. တချို့ လူသားအချို့ဟာလည်း ဆင်းရဲပင် ပန်းစွာ ဘ၀ကို ဖြတ်သန်း ကြရတယ်။ ဆင်းရဲပင်ပန်းတာနဲ့ အမျှ ကုသိုလ် တရားတွေမေ့ပြီး ၀မ်းရေးတစ်ခု အတွက်ပဲ လုံးပမ်းကြရတာပေါ့ ။ ၀မ်းဝ ရုံတမယ် စားရတဲ့အတွက် လည်း ဘာဒါနမှ လုပ်မသွားနိုင်ဘူးလေ - ဆင်းရဲဒုက္ခတွေ များ စွာနဲ.ပဲ ဘ၀ကို နိဂုံးချုပ် သွားကြရ ရှာပါတယ်။ ဒီလိုမျိုး ဆင်းရဲဒုက္ခပေါင်း များစွာနဲ့ ၀မ်းရေးတစ်ခုပဲရှာပြီး ကုသိုလ်အ လုပ် လုပ်မသွား တဲ့ လူမျိုးကျတော့ ဘုရားရှင်က လူ့ပြိတ္တာ လို.ဟောကြားတော်မူပါတယ် ။ နောက်ဆုံး နံပါတ်(၄) က လူစစ်စစ် ဆိုတာကတော့ လူ့ပရမတ္တ ကိုခေါ်တာပါ။ လူ့ပရမတ္ထ ဆိုတာကတော့ စီးပွားရေးကို သမာ အာဇီဝ ကျကျရှာတယ် ။ မတရားတာဆို ဘာတစ်ခုမှ မလုပ်ပါဘူး။ ကောင်းတဲ့သမာအာဇီဝလုပ်ငန်း နဲ့ စီးပွားကို သမာသမက်ကျကျ ရှာဖွေတယ် ။ လူကိုလူလို သဘောထားတယ် - လူလိုကြည့်တတ် မြင်တတ်တဲ့ လူ.အ သိရှိပါတယ်။ ဒီလိုလူမျိုးတွေကျတော့ “ပါရမီ“ ရင့်သန်သူတွေလို.လည်းဆို ပါ တယ် ။ အဲ-- ပါရမီ ဆိုတာ ကတော့ “မြင့်မြတ်သူတို့ရဲ့ လုပ်ငန်း” လို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ် ။ “မြင့်မြတ်သူ” ဖြစ်ဖို့ဆိုတာကလည်း “လောကအကျိုး၊ သူတစ်ပါးအကျိုးကို စွမ်းစွမ်းတမံဆောင် ရွက်ပြီး မိမိကိုယ် တိုင်သံသရာဝဋ်ဒုက္ခမှထာဝရ လွတ်မြောက်ဖို့အတွက်ပြုလုပ်တတ်တဲ့ သူကိုမှခေါ် နိုင်တယ်လို.ဆိုပါတယ် ။ လောကလူသားများအနေနဲ့ ရခဲလှတဲ့ လှု့ဘ၀ကို ရရှိနေတဲ့အချိန်မှာ ကိုယ်ကျိုးသက် သက်မငဲ့ ကွက်ဘဲ လောကကောင်း ကျိုး၊ သူတစ်ပါးကောင်းကျိုးကို တတ်နိုင်သလောက် ပြုလုပ်အားထုတ် သင့်ပြီး ဘ၀လွတ်မြောက်ရာလမ်းကို ရှာဖွေကာ အရောက်လှမ်းသင့်တာပါ ။ လူသားတစ်ယောက် အဖြစ် လောက ထဲကို ရောက်ရှိလာခဲ့ပြီဆိုရင် လူသားတစ်ယောက်အ နေနဲ့ လူသားတို့ ကျင့်ရမယ့် ကျင့်စဉ်များကို မမေ့အပ်ပါဘူး။ ဒါ့အပြင် လူတွေကို လူတွေအဖြစ်နဲ့ မှန်မှန်ကန်ကန်မြင်တတ်ဖို့လည်း လိုအပ်ပါသေးတယ် ။ ဒီလို လူကို လူ လို. မှန်မှန် ကန်ကန် မြင်ကြမယ်ဆိုရင် လူမှု့ပြဿနာတွေ ပဋိပက္ခတွေ အတော်နည်း သွားမှာအမှန်ပါ ။ ဒါ့ကြောင့် ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရရှိဖို့အတွက် လူအချင်းချင်း မှန်မှန် ကန်ကန် မြင်တတ်ကြဖို့အထူး လိုအပ်လှတယ်လို.လည်း ဆိုပါ တယ် ။ လူဟာ ကောင်းတာတွေလုပ်ရင် ကောင်းတဲ့အကျိုးတွေ ဖြစ်ပေါ်စေမယ်။ ဆိုးတာတွေလုပ်ရင် ဆိုးကျိုးတွေ ဖြစ် ပေါ်စေ မယ်.လည်း မြတ်ဗုဒ္ဓက ဟောကြားတော်မူပါတယ် ။ လူတိုင်း လူတိုင်းမှာ ဒီခန္ဓာတွေ၊ ဒီအာယတနတွေ၊ ဒီဓာတ်သဘောတွေ ရှိနေတဲ့အတွက် လူတွေဟာ လူအ ချင်းချင်း ဘာမှအထင်သေးစရာလည်း မရှိ၊ မုန်းတီးစရာလဲ မရှိ- မှန်မှန်ကန်ကန် ရှူ့မြင်တတ်ဖို့ မြတ်ဗုဒ္ဓက ညွန်ပြထားပါတယ် ။ ဒီလို မြတ်ဗုဒ္ဓ ညွန်ပြထားသည့် အတိုင်း လူမျိုးစွဲ၊ ဘာသာစွဲ၊ အသားအရောင်အစွဲတွေ ကင်းလွတ်စွာ နဲ့ ချစ် ခင်သော aမေတ္တာသဘောပါတဲ့ မျက်စိ(စေ့)နဲ. လူတွေကို ကြည့်တတ်မြင်တတ်အောင် ကြိုးစား အားထုတ် ကာ လူပီသသော လူများဖြစ်အောင်ကြိုးစားကြရမှာဖြစ်ပါတယ် ။ ကလေးတို.အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကွယ် -
Upload Music

1 comment:

  1. ပို့စ်လေးအတွက် ကျေးဇူးပါ ဆရာမ
    မှတ်သား နာယူသွားပါတယ်ရှင်

    ReplyDelete

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter