ဆရာမခံယူချက်ကလေးပါ
My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Wednesday, December 12, 2012
ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှား ရှိခဲ့ငြားသော်
“ဘဝသံသရာ” ဆိုတဲ့ ကျမတို.ရရှိထားကြတဲ့”ဘဝဝဲဂယက်” မှ ရှောင်လွှဲ မထွက်နိုင်သမျှတော့ သတ္တ ဝါအားလုံးအဖို. မှာလည်း ပြုံးတစ်ခါ ငိုတစ်လှည့်နဲ.ပဲ ခရီးနှင်ကြရမှာ ဓမ္မတာပါ ။ အဲဒီ “သံသရာ ခရီးစဉ်” အတွင်းမှာလည်း ခရီးနှင် aနကြသူ အချင်းချင်းကပဲ “သူ.ခေါင်းကိုယ်နင်း၊ကိုယ့်ခေါင်းသူနင်း-ပေါ့ ။ သက်ကြီးစကား တစ်ဆင့်ကြားခဲ့ဖူးတာကတော့ ” ပြုသူအသစ်- ဖြစ်သူအဟောင်း” တဲ့ ။ ကဲ- ဒီစကား ဟုတ်-မဟုတ် သက်သေ ထုတ်ကြည့်ကြရအောင်ပါလား ။
 ဒီနေရာမှာ “ ဝဋ် ” လိုက်တယ်။“ ဝဋ် ” လည်တယ် ဆိုတာနဲ.ပတ်သက်ပြီး ကျမတို.ဦးထိပ် ထားနေ ကြ
တဲ့ ဗုဒ္ဒမြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေအရ တင်ပြရမယ်ဆိုရင် -- ဟိုး လွန်ခဲ့တဲ့ နှစ်
ပေါင်း ၂၅၅၃ နှစ် ကို ပြန်သွားကြရပါမယ် ။
ဥပုဒ်နေ.တစ်နေ.မှာပေါ့- ဂေါတမ မြတ်စွာဘုရားဟာ ဇေတဝန်ကျောင်းတော်မှာ တရားဟောတော် မူ နေပါတယ်။ “မဟာကာလ ဥပသကာ” ဆိုသူဟာလည်း တစ်နေ.လုံး တစ်ညလုံး ဥပုဒ်စောင့်တရား
နာရင်း ကျောင်းတော်မှာပဲ အချိန်ကုန်အောင်နေခဲ့ပါသတဲ့ ။ အဲဒီညမှာပဲ သာဝတ္ထိမြို.ထဲက အိမ်တစ်
အိမ်ကို သူခိုးဖေါက်တာ အိမ်ရှင်တွေနိုးတော့ သူခိုးလည်းရရာ ရွှေငွေပစ္စည်း aတွယူပြီး ထွက်ပြေးတယ်။
အချိန်ကဝေလီဝေလင်း။ စောစောက ဘုရားကျောင်းတော် မှာ တစ်ညလုံးတရားနာခဲ့တဲ့ “မဟာကာလ” ဟာ အိမ်အပြန်လမ်းက ရေကန်စပ်မှာ မျက်နှာ သစ်နေ ခိုက်- ထွက်ပြေးလာတဲ့သူခိုးလည်း လိုက် တဲ့သူ
တွေနဲ.နီးလာလို. သူခိုးလာတဲ့ရွှေထုပ်ကို ကုန်းပြီးမျက် နှာသစ်နေတဲ့ မဟာကာလ ဘေးမှာ ချခဲ့ပြီးဆက်
ပြေး တာပေါ့။ မဟာကာလ ကတော့ မျက်နှာငုံ.သစ်နေတော့ ဘာမှန်းမသိလိုက်ပေမဲ့ လူတွေက ခိုးထုပ် ခိုးထည် နဲ.လက်ပူးလက် ကြပ်မိနေတယ်ဆိုပြီးဝိုင်းရိုက်ကြတာ နောက်ဆုံးမှာအသက်ဆုံးသွားခဲ့ရပါတယ်။
အဲဒီသတင်းကို ဘုရားကျောင်းတော်က ကြားသိသွားတဲ့အခါ မဟာကာလ ဟာ တစ်နေ.လုံး တစ်ည လုံး ဘုရား aကျာင်းမှာ တရားနာ တရားအားထုတ်နေတာကို သိတဲ့လူတွေက “ မဖြစ်သင့်လိုက်တာ ၊ မလုပ် သင့်လိုက်တာ" လို. ပြောနေကြတာပေါ့ ။ ဒီတော့ မြတ်စွာဘုရားက“ ဒီလို မပြောကြ နဲ.၊ သူ.မှာဖြစ် သင့် 
ဖြစ်ထိုက်တဲ့ “ကံ” က ပါလာလို.၊ အဲဒီ သူ.ရဲ့ “ဆိုးကံ”ကို သူပြန် “ခံရ” တာပဲ”- လို. မိန်.ကြား ပြီး သူ.ရဲ့ အတိတ်ဘဝက မကောင်းမှု ပြုခဲ့တာကို ပြန်လည် ဟောကြားတော်မူပါတယ် ။
 လူမှားပြီးရိုက်သတ်ခံရတဲ့ မဟာကာလ ရဲ့ အတိတ်ဘဝတစ်ခုက သူဟာ ဗာရာဏသီပြည်မှာ ဘုရင့် တပ်သားဖြစ် ခဲ့ပါတယ် ။ အဲဒီအချိန်က တိုင်းပြည် နယ်ခြားတစ်ခုရဲ့ တောအုပ်မှာ ဖြတ်သွားဖြတ်လာ သူတွေကို ဒုက္ခပေးနေတဲ့ ခိုးသား ဓားပြတွေရှိလို.တောအုပ်ရဲ့ ဒီဖက်အဝမှာ မင်းမှုထမ်းတစ်ယောက် ဦးဆောင်တဲ့တပ်ဖွဲ.ကို အစောင့်တာဝန် aပးထားတယ်။ ခရီးသွားတွေကို စောင့်ရှောက်ဖို.ပါပဲ။ တစ်နေ
.မှာ အင်မတန်ချောတဲ့ ဇနီးနဲ.ခရီးထွက်လာာတဲ့မင်းယောကျားဟာ အဲဒီတောအုပ်အဝင်စခန်းကိုရောက် လာတယ်။ မိန်းမချောလေးကို မင်တာနဲ.ကြိုက်နှစ်သက်မိတဲ့ တပ်မှူးလေးက အကောက်ကြံပါလေရော။
တကယ် aတာ့ နေမဝင်မီတောအုပ်ကို ဖြတ်ကျော်နိုင်ပါလျက်နဲ.အချိန်ဆွဲပြီး တစ်ညနားခိုင်းတဲ့အတွက် တစ်ညအိပ်ရပါတယ်။ မနက်မိုးလင်းတော့ သူ.ရုံးခန်းက ပတ္တမြားကြီး ပျောက် တယ်ဆိုပြီး ရှာတော့ မင်းလုလင်ရဲ.လှည်းမှာတွေ.တယ်။ သူတို.သွားပြီးထည့်ထားတာဆိုတော့ အလွယ်တကူတွေ.တာပေါ့ ။ နောက်ဆုံးတော့ မင်းလုလင်ကို သူခိုးဆိုပြီး မသေမချင်း ရိုက်သတ်လိုက်ပါသတဲ့ ။
အဲဒီတပ်မှူးဟာ မြတ်စွာဘုရားလက်ထက်မှာ“မဟာကာလ ဥပသကာ”အဖြစ်နဲ.သူခိုးလို.ထင်ယောင် မှားပြီးရိုက် သတ်ခံရတဲ့သူပါပဲ ။ ကဲ- ဘယ်လောက်ကြောက်စရာကောင်းလဲ လို.နော် ။ ဒီလိုပါပဲ -- -
ဗုဒ္ဒမြတ်ဘုရား လက်ထက်က“ကောသမ္မီပြည်”က ဥတေနမင်းမှာ “သာမာဝတီ” နဲ.“မာဂဏ္ဍီ” ဆိုတဲ့ မိဖုရားတွေရှိပါတယ် ။ “သာမာဝတီ” မိဖုရားနဲ.အခြွေအရံတွေ က မြတ်စွာဘုရားရဲ့ တရားတော်တွေ
 နာကြား ကြည်ညိုပြီးနေ.စဉ်လိုလို ဆည်းကပ်ပူဇော်ကြတယ် ။ “မာဂဏ္ဍီ” မိဖုရား ကတော့ မြတ်စွာ ဘုရားအားအငြှိုးထား ကာ အမုန်းပွားနေသတဲ့။ အကြောင်းကတော့ မြတ်စွာဘုရားရဲ့ အာသဝေါ ကုန်ခမ်းနေတဲ့အဖြစ်ကိုမသိတဲ့ ဖခင်ဖြစ် သူ“မာဂဏ္ဍီ ပုဏားကြီး”က မြတ်ဘုရားကို ကြည် ညိုလွန်း
လို. သူ.သမီး“မာဂဏ္ဍီ”ကိုယူဖို.တိုက်တွန်းခဲ့ဖူးတာ ကို မြတ်စွာဘုရားက လက်မခံပဲ ငြင်း ပါယ်ခဲ့တဲ့ အတွက်ဖြစ်ပါသတဲ့။
ဒီလိုနဲ.“မာဂဏ္ဍီ” မိဖုရားဟာ ဥတေနမင်းကြီးအနားကပ်ကာ နည်းအမျိုးမျိုး နဲ.ဂုန်းစကားတွေနဲ.အမုန်း ပွားအောင် ကြိုးစားတာပေါ့ ။ တနေ ဥတေနမင်းကြီး တောကစား ထွက်တဲ့အချိန်မှာ “သာမာဝတီ”  နဲ.  သူ.အခြွေအရံတွေ အဆောင်ထဲမှာရှိနေတုန်း အဆောင်တစ်ခုလုံးကိုပိတ်ပြီး မီးတင်ရှို.ပါလို.“မာဂဏ္ဍီ”
က သူ.ဦးရီးတော်တစ်ယောက် ကို စေခိုင်းထားခဲ့တယ်။ သူကတော့ ဟန်မပျက် ဥတနမင်းနဲ.လိုက်ပါ သွားသတဲ့ ။ ဆီစိမ်အဝတ်များနဲ.တိုင်ခြေကစပြီး ရစ်ပတ်ကာမီးတင်ရှို.သွားတာကိုမသိလိုက်ကြတဲ့ “သာမာဝတီ” နဲ.သူ.အခြွေ အရံတွေဟာ မီးလောင်ကျွမ်းလို. အရှိန်ပြင်းလာမှ သိကြတယ် ။ ပြေးမ
လွတ်တော့ တဲ့အ ဆုံး မြတ်စွာဘုရားရဲ့ သာဝကများပီပီ(မရှောင်လွှဲနိုင်တဲ့ဘေးနဲ.ရင်ဆိုင်တွေ.တဲ့ အခါ)မိမိတို.အလေ့အကျင့် ရှိပြီးသား တရားတော်တွေကို နှလုံးသွင်းကာမီးအကျွမ်းးခံသွားပါသတဲ့။
ဥတေနမင်းကြီးဟာ သူအလွန်မြတ်နိုးတဲ့ မိဖုရားနဲ.ရံရွေတော်တွေမီးလောင်သေဆုံးတာ သွေးရိုးသား ရိုးမဟုတ်ဘူး ဆိုပြီး နည်းအမျိုးမျိုးနဲ.စစ်ဆေးတယ်။ နောက်ဆုံးပရိယာယ်ဆင်ပြီးစစ်တယ်။ “သာမာဝ
တီ" ကို ငါတကယ်ချစ် တာမဟုတ်ဘူး။ အခုလိုသာမာဝတီတို.ကိုလုပ်ကြံသတ်ဖြတ်သူကို ဆုတော် ချီး
မြှင့်ရမယ်”-လို.ဆိုတော့“မာဂဏ္ဍီ” ဟာ ဝမ်းသာသွားးပြီး ဒီကိစ္စကိုသူကြံတာဖြစ်ပြီး သူ.ဦးရီးတော် က
 ဆောင်ရွက်ပေးတာဖြစ်ကြောင်း လျှောက်တင် လိုက်တော့ ဘုရင်ကြီးကလည်း အားလုံးကိုဆုချီးမြှင့် မယ်ဆိုပြီး ခေါ်ခိုင်းတော့ ဆွေမျိုးအရင်းများသာမက ခါတော် မီဆွေမျိုးများပါစုဝေးလာကြပါ တယ် ။
 နောက်ဆုံးတော့ “မာဂဏ္ဍီ” နဲ.ဆွေမျိုးအားလုံးကို သတ်စေလို.အမိန်.ပေးလိုက်ပါသတဲ့။
“သာမာဝတီ” ဟာ မြတ်စွာဘုရားရဲ့ သာဝကလည်းဖြစ်တယ်။ မေတ္တာပါရမိလည်း အင်မတန်ရင့်သန် သူဖြစ်တယ်။ ဒီလိုလူမျိုးဟာ မီးလောင်ခံရပြီးသေဆုံးရတယ်ဆိုတာ မဖြစ်သင့်လိုက်တာ ၊ သူ.ရဲ. ကု သိုလ် ကောင်းမှုတွေကသူ.ကို ဘာ့ကြောင့် မကယ်နိုင်ရတာလဲ"-ဆိုတဲ့လေသံတွေက မြတ်စွာဘုရား ရဲ့ ကျောင်းတော်မှာ လွင့်ပြန်.လာတဲ့အခါ မြတ်ဘုရားက အခုလိုမိန်.တော်မူပါတယ်။ “ သာမာဝတီ” နဲ.ရံရွေတော်တွေဟာ မိမိတို.ပြုလုပ်ခဲ့ဖူးတဲ့ အကုသိုလ်ကံရဲ့ ကံကြွင်း ကံစများကို တစ်ဖန်ပြန်ခံ သွား ကြရခြင်းသာဖြစ်တယ် ဆိုတာကို အတိတ်ဇာတ်ကြောင်းနဲ.တကွ ရှင်းပြဟောကြား တော်မူပါတယ် ။
ဟိုးရှေး ဘဝ ဘဝ တွေအနက် တစ်ဘဝမှာ “သာမာဝတီ” နဲ. အခြွေအရံ ငါးရာဟာ ဗာရာဏသီ မင်း
ကြီး ရဲ့ မိဖုရာားနဲ. အခြွေအရံတွေဖြစ်ခဲ့ကြယ်။မင်းကြီးနဲ့တကွ ရေကစားထွက်ပြီးပြန်လာကြတဲ့အခါ မိဖုရားနဲ.မောင်းမငါးရာတို.ဟာ ချမ်းလွန်းလို.သစ်တစ်ပင်အောက်ကချုံပုတ်ကြီးမှာပဲ သစ်ခြောက်တွေ
ကို မီး ရှို.ကာ မီးလှုံသတဲ့ ။ အရှိန်ပြင်းလွန်းတဲ့ မီးတောက်ကြီးဟာ သစ်ပင်ထက်ကစာကလေး သိုက်မျြံ
တွေကိုပါ မီးမြှိုက် သလိုဖြစ်သွားတာပေါ့။ သူတို.သိလိုက်လို.မီးကိုငြိမ်းသတ်တဲ့ အချိန်ကတော့ သိပ်
နောက်ကျသွားပါပြီ ။  ဒါက မသိလို. မတော်တဆ ဖြစ်ခဲ့တာပါ ။ ဒါပေမဲ့လည်း  “ဝဋ်ကြွေး” ကတော့ မျက်နှာသာပေးလေ့မရှိပါဘူးလေ။ ဒါ့ကြောင့်”မကောင်းကျိုး ဝဋ်ကြွေး”ဆိုတာ ဘယ်လိုမှပြေးမလွတ်
နိုင်ဘူးဆိုတာသတိအမြဲရှိနေကြဖို.လည်းလိုပါတယ်။
တကယ်တော့ ကျမတို.ရဲ့ ပတ်ဝန်းကျင် လူ . .လောကကြီးမှာ ဖြစ်ပျက်“ခံစားစံစား” နေကြရတာတွေ ဟာလည်း အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်ပျက်နေတာတွေပါပဲ။ ပြု လုပ်ခဲ့သမျှ “အကြောင်း ကောင်း
ရင် အကျိုးကိုစံစား” ကြရမှာဖြစ်သလို “အကြောင်းမကောင်းခဲ့ရင်တော့ အဆိုး ” နဲ.သာ ရင်ဆိုင်တိုးကြ
ရမှာ ဓမ္မတာပါပဲ။ “ဝဋ်ကြွေး” ဆိုတာလည်း တကယ်ပဲကြောက်စရာကောင်းလှပါတယ် ။ ဒီကနေ. ကျမ
တို. လူသား တွေအနေနဲ. ဖြစ်ပျက်ခံစား -စံစားနေကြရတာတွေဟာ မိမိတို.ပြုလုပ်ခဲ့တဲ့ ကံ ကံ၏ အကျိုး
တွေကို လိုက်ပြိး ဖြစ်နေပျက်နေ ကြရတာကိုတော့ ဗုဒ္ဒဘာသာဝင်သူတော်စင်တိုင်း လက်ခံယုံကြည်ထား
ကြ ပါတယ်။ “ကုသိုလ်တရား”ဆိုတာ ဒီဘဝမှာလည်းကောင်းတယ်။ နောင်ဘဝတိုင်အောင်လည်း-နိဗာန် အထိ တာဝန်ယူပြီး အမြဲလည်းစိတ်အေးရပါတယ် ။“ အကုသိုလ် ” ဆိုတာကတော့ သူနှိပ်စက်နေသမျှ - နှိပ်စက်ဖို. သူ.တာဝန် မကုန်သမျှ “ ခံ ” နေရအောင် အမြဲ နှိပ်စက်နေမှာပါပဲ ။
ဒါ့ကြောင့် အရင်းစစ်လိုက်တော့“မိမိတို.ရဲ့ ခံစား - စံစားနေရတဲ့ အဓိက တရားခံဟာ မိမိသာဖြစ်တယ်” ဆိုတာ သဘောပေါက် ထားဖို.လိုပါတယ်။ ဒီကနေ. ကြား-သိနေရတဲ့ ဖြစ်ရပ်များနဲ. ပတ်သက်ပြီး အ
တွေးများလည်းပေါ်လာမိခဲ့ပါတယ်- “ အော်--ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှားသာရှိခဲ့ရင်တော့ အထက်မှာ ဖေါ်ပြခဲ့တဲ့ ဇာတ်လမ်း လေးတွေမှာလိုပဲ-မိန်.ကြားတော်မူမယ်ထင်ပါရဲ့”- လို.တွေးမိခြင်း
သာပါ ။
 အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
5 comments:
  1. Comment by ŞДĨĦŠỰΞ on ဒီဇင်ဘာလ 16, 2012 at 3:33pm
    မှတ်ချက်ဖျက်ရန်
    ကျေးဇူး အများကြီးတင်ပါတယ် ဆရာမရေ ...
    နေ့ရက်တိုင်း ကြည်လင် ငြိမ်းချမ်းပါစေ ခင်ဗျာ ..... :)
    Comment by အောင်ခိုင် on ဒီဇင်ဘာလ 12, 2012 at 6:09pm
    မှတ်ချက်ဖျက်ရန်
    ခုလို စဉ်းစားဆင်ခြင်နိုင်အောင် တရားတော်တွေနဲ့ ထောက်ပြပြီးမျှဝေခဲ့လို့ကျေးဇူးအထူးတင်ရှိပါတယ်...
    Comment by ဝရနိုင် on ဒီဇင်ဘာလ 12, 2012 at 10:40am
    မှတ်ချက်ဖျက်ရန်
    သောကတွေ ဒေါသတွေကို လျော့ပါးသက်သာစေတဲ့ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် ဆရာမရယ်။
    ကျန်းမာပျော်ရွှင်စွာဖြင့် ဆက်လက်ဝေမျှ နိုင်ပါစေ..။
    ReplyDelete
  2. Daw Nwe Nwe Win သည် December 13, 2012 က 8:53pmတွင် မှတ်ချက်ရေးသားသွားပါသည်။
    ပယ်ဖျက်မည်။
    မိမိတို.ရဲ့ ခံစား - စံစားနေရတဲ့ အဓိက တရားခံဟာ မိမိသာဖြစ်တယ်” စာသားလေးကို အ၇မ်းကြိုကိပါတယ် အ၇မ်းမှန်တယ်နော
    ReplyDelete
  3. ko naing သည် December 12, 2012 က 11:17pmတွင် မှတ်ချက်ရေးသားသွားပါသည်။
    ပယ်ဖျက်မည်။
    ဟုတ်တာပေါ့ ဆရာမရယ်...က္ကူဌေ ကုသလဝိပါကာနိ..တဲ့ =ကိုယ်ယခုဘဝမှာ ကောင်းတာတွေ တွေ့မြင်ခံစားနေရတယ်ဆိုရင် ရှေ့ဘဝက ကောင်းတာတွေပြုလုပ်ခဲ့လို့ပါတဲ့....
    ReplyDelete
  4. ၄၄၂ဇော်နိုင် သည် December 19, 2012 က 11:38pmတွင် မှတ်ချက်ရေးသားသွားပါသည်။
    ပယ်ဖျက်မည်။
    အမြဲသတိရှိနိုင်အောင်ကြိုးစာရမယ် ဆိုတာသတိပေးတဲ့အတွက် ကျေးဇူးပဲဗျာ
    ReplyDelete
  5. Ks Min မှ  ဒီဇင်ဘာ 17, 2012 ရက် 6:58pm အကြာတွင် ရေးခဲ့သားခဲ့သောမှတ်ချက်ဖြစ်သည်....
    မှတ်ချက် ဖျက်မယ်
    ဝဋ်ဆိုတာဘယ်လိုမှရှောင်ပြေးလို့မလွတ်နိုင်တာကို ဒီသာဓကလေးနဲ့သက်သေပြလိုက်တာအရမ်းကောင်းပါတယ်။
    ReplyDelete
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်
Flag Counter