ဆရာမခံယူချက်ကလေးပါ
- Sayama May
- “ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Thursday, October 25, 2012
Forever Interview -ကလောင်ရှင်တောပန်းလေးနှင့် ကလေးတို.ဆရာမ
တောပန်းလေးနှင့် ကလေးတို့ဆရာမတို့၏
ဖော်အဲဗားအင်တာဗျူးအစီအစဉ်
• Posted by + Interviews Group + on အောက်တိုဘာ 18, 2012 at
ဖော်အဲဗားမှ ထာဝရသူငယ်ချင်းများအားလုံး
အခုကျွန်မတို့ ထာဝရသူငယ်ချင်းများဆိုဒ်ထဲမှာရှိတဲ့ ကလောင်ရှင်များနဲ့ အခြားသောအကျိုးဆောင်ပုဂ္ဂိုလ်များကို ဆိုဒ်ထဲရှိ သူငယ် ချင်းအပေါင်းနဲ့ အလှည့်ကျမိတ်ဆက် အင်တာဗျူးပြီး အတွေးအမြင်များကို ဖလှယ်သွားမှာဖြစ်ပါတယ်။ ဆိုဒ်ထဲမှာကျွန်မတို့ သတိ
မထားမိသေးသော အခြားမန်ဘာများကိုလဲ အဖွဲ့မှာ လာရောက်သတင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ထာဝရသူငယ်ချင်းများလဲ ကျွန်မတို့ရဲ့ လိုအပ်ချက်ကလေးများကို အဖွဲ့လေးမှာ လာရောက်ဝေဖန်နိုင်ပါတယ်ရှင်။ ဒီတစ်ခါ အင်တာဗျူးအစီအစဉ်လေး ထပ်မံ တင်ဆက်ဖို့ အချိန်ကျရောက်လာပါပြီ ။ ဒီတစ်ခါအစီအစဉ်လေးမှာတော့ အင်တာဗျူးအစီအစဉ်လေးကို ကျွန်မ (တောပန်းလေး) မှ တာဝန်ယူ တင်ဆက်ပေးမှာဖြစ်ပြီး အင်တာဗျူးအတွက် ရွေးချယ်ထားသူကတော့ဖြင့် (ကလေးတို့ဆရာမ) လို့ အမည်ရတဲ့ ထာဝရ သူငယ်ချင်းရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ (ဆရာမ) ကို (တောပန်းလေး)မှ ရွေးချယ်ပေးထားပါတယ်ရှင်။ ဒီလောက်ဆို ဖြေကြားပေး
မယ့် နာမည်လေးကိုလည်း သိလိုက်ကြရပြီဆိုတော့
ထာဝရသူငယ်ချင်းများအားလုံးလည်း ( ကလေးတို့ဆရာမ ) ရဲ့ အကြောင်း တစေ့တစောင်းလေးကို အားလုံးပဲ သိချင်နေကြပြီလို့ ထင်ပါတယ်ရှင်။ ဒီတော့ ထာဝရသူငယ်ချင်းများ အားလုံးရဲ့ကိုယ်စား (တောပန်းလေး) မှ (ဆရာမ) ကို ဘယ်လိုမေးခွန်း မျိုးလေး
တွေမေးရင်း (ကလေးတို့ဆရာမ) ကနေ ဘယ်လိုလေးတွေ ဖြေပေးသွားမယ်ဆိုတာကို ခံစားဖတ်ရူအားပေးရင်း ထာရ၀သူငယ်ချင်း အင်တာဗျူးအစီအစဉ်လေးကို စလိုက်ကြရအောင်လားရှင်။
ဆရာမ မင်္ဂလာပါရှင့်! သမီးတို့ ဖော်အဲဗားအတွက် ဆရာမကို အင်တာဗျူးလေး မေးချင်လို့ပါရှင်။
ဟုတ်ကဲ့ မင်္ဂလာပါ ၊ မေးပါ - ရပါတယ်ကွယ်။
ပထမဆုံးအနေနဲ့ ဆရာမရဲ့ နာမည်အရင်းလေးကို ဖော်အဲဗားမိသားစုကြီးနဲ့ မိတ်ဆက်ပေးပါအုံးရှင်။
မိဘပေးခဲ့တဲ့နာမည်က“သန်းသန်း“ - တဲ့။ ဒီနေ့ လူသိများနေတဲ့နာမည်ကတော့ “မေကျော့ရှင်း“ပါ။ အဲဒီ မေကျောရှင်း ဆိုတာကို
လည်း အထောက်တော်အယ်ဒီတာ ဆရာဦးအုန်းမြင့် - သူ့ဇနီး ယုဝတီ စောလှမြင့်နဲ့ စာရေးဆရာ အထောက်တော် နှင်းမြိုင် တို့ က ပေးခဲ့တာပါ- စာရေးစအချိန်မှာ ကိုယ်တိုင်ပေးခဲ့တာက “သဇင်ဖြူ“ အဖြူကို သိပ်ကြိုက်တယ်လေ။
ဆရာမရဲ့ ယခုရောက်ရှိနေတဲ့ အသက်နဲ့ မွေးသက္ကရာဇ်လေးကိုလည်း အဆင်ပြေရင် ပြောပြပေးပါအုံးရှင်။
ထိုင်းတပ်မတော် ဘာသာစကားနဲ့ ယဉ်ကျေးမှု သိပ္ပံကျောင်းမှာ ဒီမေးခွန်းကိုဖြေခဲ့ သလိုပဲ ဖြေမယ်နော်- ၉၉.၉ ပါ။
ဆရာမရဲ့ မိသားစုလေးနဲ့လည်း ဖော်အဲဗားက မိတ်ဆွေတွေကို မိတ်ဆက်ပေးပါအုံးရှင်။
အမျိုးသားက “တက္ကသိုလ်မောင်သုည(ဦးမြင့်ဆွေ)”- သူကတော့ ရှေ.နေ ပါ။
ဆရာမရဲ့ မွေးရပ်မြေနဲ့ ယခုလက်ရှိနေထိုင်နေတဲ့ နေရာလေးကိုလည်း ပြောပြပေးပါအုံးရှင်။
ဇာတိကတော့ မော်လမြိုင်ဖြစ်ပြီး ရန်ကုန်မှာကြီးပါတယ်။
ဆရာမရဲ့ အကြိုက်ဆုံးအရောင်နဲ့ အစားအစာလေးတွေကိုလည်း ပြောပြပေးပါအုံးရှင်။
အဖြူနဲ့ မိုးပြာရောင်(Sky Blue)ပါ။ ပဲပြုပ်နဲ့ ထမင်းကြော် ကိုအကြိုက်ဆုံးပါ။ (ပဲပြုတ်နဲ့ ထမင်းကြော်ဆိုရင်တော့ သမီးနဲ့ ဆရာမ
လည်း အကြိုက်ချင်းတူနေပြီပေါ့)။
ဖော်အဲဗားကို ဆရာမစတင်ရောက်ရှိခဲ့ပြီးမှ ၀င်ရောက်အသုံးပြုခဲ့ပုံလေးကိုလည်း ပြောပြပေးပါအုံးရှင်။
အင်း- ဖေါ်အဲဗားမှာ ပိုစ့်တစ်ခုကို ပြန်ပြီး Comment ရေးဖို့ကြုံလာရာကအစ ဝင်ဖြစ်သွားတယ်ဆိုပါတော့နော်။
ဖော်အဲဗားထဲမှာ ဆရာမအသုံးပြုနေတဲ့ (ကလေးတို့ဆရာမ) ဆိုတဲ့နာမည်လေးကို ဆိုဒ်လေးထဲမှာ စွဲမြဲစွာနဲ့ ရွေးချယ်အသုံးပြုခဲ့ပုံလေးကိုလည်း ပြောပြပေးပါအုံးရှင်။
သီချင်းလေးတစ်ပုဒ်ကို စာရေးဆရာ စန္ဒယားအောင်ခင်ကရေးလာတယ်။ “ဆရာမလေး-ရော့ဒီမှာ ညည်းဆိုဖို့ သီချင်း”-လို့ပြောပြီး သူကိုယ်တိုင် သီချင်းတိုက် ပေးပါတယ် ။ “ဆရာမပေါက်စ” ဆိုတော့ အားလုံးကလည်း မြှောက်စားကြတယ်လေ ။ စာရေးဆရာမ ယုဝတီခင်စိန်လှိုင်ရဲ့ “ရန်ကင်းသူ” ဝတ္ထုမှာလည်း အဲဒီသီချင်းလေးကို ထည့်ပြီး ဂုဏ်ပြုထားပါသေးတယ်။
ဒီသီချင်းနဲ့ပဲ မြန်မာ့အသံနဲ့ တေးဂီတစင်တွေမှာ ထင်ပေါ်လာခဲ့ရတယ် ဆိုပါတော့ကွယ်။ ဒီတော့ “မေကျော့ရှင်နဲ့ ကလေးတို့ဆရာမ” ခွဲမရအောင်ဖြစ်သွားပါတယ်။ ဒီသီချင်းကို အခြားသီချင်းတွေလိုပဲ တေးသံရှင်အချို့ ပြန်ဆိုထားကြပါတယ်။ ဒါပေမဲ့ ပင်တိုင်အဆိုကိုပဲ လက်ခံကြတာတွေ့ရပါတယ်။ ဒီနေ့ online မှာလည်း http://sayamamay.blogspot.com, Facebook မှာတော့ May Kyawt Shin - ကျန်တဲ့ မြန်မာအင်စင်္ကာပူနဲ့ ဗုဒ္ဒကမ္ဘာဆိုက်တွမှာတော့ ဒီ “ကလေးတို.ဆရာမ“ ကိုပဲ သုံးထားပါတယ်။ (ဆရာမဆိုဒ်လေးတွေကို အင်တာဗျူးလေးကနေ သိခွင့်ရလိုက်တော့ လာလည်ပါအုံးမယ်ရှင့်)
ဆရာမရဲ့ နှစ်သက်မိတဲ့ ဘ၀ပုံစံလေးနဲ့ ဆရာမ ယခုရှင်သန်နေရတဲ့ အကြောင်းလေးကိုလည်း ပြောပြပေးပါအုံးရှင်။
ထိုင်းနိုင်ငံ Bangkok University မှာ အင်္ဂလိပ်ဘာသာ Lecturer, Radio Thailand မှာTranslator, Announcer, Programmar (မြန်မာဘာသာအစီအစဉ်)ကို ဦးလုပ်ခဲ့ ပါတယ်။Thai Military Language Academy မှာတော့ မြန်မာဘာသာပြဆရာမပေါ့။ ရန်ကုန်
က အထက(၂)ပန်းပဲတန်းမှာလည်း အင်္ဂလိပ်ဘာသာနဲ့ မြန်မာဘာသာကိုပဲ သင်ပြခဲ့ပါတယ်။ (ဟုတ်ကဲ့ရှင့်... ဆရာမအဖြေလေးကို ဖတ်လိုက်ရတာ အရမ်းကိုလေးစား အားကျမိပါတယ်ရှင့်)
ဆရာမက အခုလက်ရှိ ဆရာမတစ်ယောက်ဆိုတော့ တပည့်တွေအပေါ်မှာ ပညာတွေသင်ကြားပေးရတဲ့ ဆရာမတစ်ယောက်အနေနဲ့ စိတ်ခံစားချက် ပီတိစကား လေးများရှိရင်လည်း ပြောပြပေးပါအုံးရှင်။
ကိုယ့်အမိမြေ မြန်မာပြည်မှာကြုံတွေ့ရတဲ့ တပည့်တွေနဲ့ ဒီလို ရေမြေရပ်ခြား တိုင်းတစ်ပါးသား တပည့်များနဲ့ ဆုံရတာကတော့ မတူ ဘူးပေါ့နော်။ ရန်ကုန်က အထက (၂) ပန်းပဲတန်းမှာ ဆရာမက ကျောင်းသား ၃၀-ရှိတဲ့ အဋ္ဌမတန်းရဲ့ အတန်းပိုင်လေ - မိန်းကလေး မရှိပဲ ကျောင်းသားချည်းရှိပေမဲ့ သူတို့လေးတွေ မဆိုးရှာကြပါဘူး။ အချိန်မီကျောင်းအရောက်- နောက်မကျစေဖို့ တင်းတင်းကြပ်ကြပ် သတိပေးချက် အပြင် အခြားအခြားသော စည်းကမ်းများကိုလည်း လေးစားလိုက်နာတတ်ကြပါတယ်။ ရိုက်စရာရှိလည်း ပုဆိုးကို ဒူးအထက်ထိ မခိုင်းပြဓီးမှ ရိုက်ခဲ့တဲ့ ဆရာမ။ ဒီတော့-- ဆရာမအတန်းက မကြာခဏ “တန်းလုံးကျွတ်” အောင်ခဲ့ကြပါတယ်။ (အရမ်း
ကို ၀မ်းသာစရာကောင်းတဲ့ သတင်းစကားလေးပါပဲရှင့်) အဲ- ဒီမြေက ကျောင်းသား ကျောင်းသူတွေကျတော့ စာသင်ချိန် တစ်ဝက်
လောက်မှ ရောက်လာတတ်ကြတာများသလို ဆရာ-ဆရာမဆို သူလိုကိုယ်လို သဘောထား တတ်ကြတာများတယ်။ လေးလေးစား
စား ဆက်ဆံတတ်သူက နည်းပါတယ်။ ဒါပေမဲ့ စာမေးပွဲနီးပြီဟေ့ဆိုရင်တော့ ဆရာမကို လာချော့ပြီလေ။ ဒီလို ဆိုပြန်တော့လည်း သူတို့လေးတွေနောင်ရေးအတွက် ကူညီပံ့ပိုးပေးရပြန်ပါတယ်။
လူတိုင်းမှာ ဘယ်သူမဆို သူသူငါငါ ၀ါသနာကိုယ်စီရှိကြတယ်ဆိုတော့ ဆရာမရဲ့ငယ်စဉ်ကတည်းက ၀ါသနာပါပြီး စိတ်ကူးယဉ်မျှော် မှန်းခဲ့ရတဲ့ အရာလေးတွေကိုလည်း ပြောပြပေးပါအုံးရှင်။
အင်း--ငယ်စဉ်ကတော့ “ဆရာဝန်“ လုပ်မယ်ပေါ့။ ဒါပေမဲ့ နွေရာသီ ကျောင်း ၂-လ ပိတ်တော့ အကိုဖြစ်သူက “ဟဲ့-ခဲ(ဂဲ)မလောက် မင်းသမီး- ညည်းကို အပျင်းမကြီးရအောင် အမှတ်(၂) ဆေးတပ်တွင်းက မူလတန်းကျောင်းမှာ ယာယီဆရာမလုပ်ခိုင်းမလို့ ကလေး
တွေကို သီချင်းသင်-အကသင် ကိုယ်တိုင်လည်း ဝင်ဆို-ဝင်က ညည်းအတွက် ဟန်ကိုကျလို့” တဲ့။ ဆိုင်းသံကြားရင် “က” ချင်သူဆို
တော့ အပိုတွေပြော မနေတော့ပဲ တစ်ခါတည်းပြောရုံနဲ့ ကိုကို့နောက်က လိုက်သွားတော့တာပေါ့ ။ ဒီလိုနဲ့ စာသင်တာနားခိုက်
ကလေး တွေနဲ့ ဆို-လိုက် က-လိုက်တာ မန္တလေးဆရာ အတတ်သင်တက်ဖြစ်သွားတော့တာပါပဲ။ အဲဒီကအစ ဝါသနာလမ်း
ကြောင်းပြောင်းသွားခဲ့ပြီး တပ်မတော်ပညာရေးဌာနရဲ့ တကယ့်ဆရာမဘဝကို ရခဲ့ပါတယ်။ မူလတန်း-အလယ်တန်းကနေ အထက်
တန်း။ အခု ဒီဘန်ကောက်မှာတော့ တက္ကသိုလ်က စာပြနေတဲ့ “ဆရာမမေ”ပေါ့နော်။
ဝါသနာမှာတော့ အဆိုနဲ့ အရေးအဖတ်ကို အဓိကထားပါတယ်။ စာဖတ်တတ်ပြီဆို ကတည်းက လမ်းဘေးမှာတွေ့တဲ့ သတင်းစာ အစုတ်ပါမချန် အပြန်ပြန်ဖတ်တော့တာပါပဲ ။ အဲဒီကနေ စာကြည့်ခန်းတွေမှာ စာအုပ်မှန်သမျှ မရမကလိုက်ဝယ် - လိုက်ငှား- စိတ်
ကြိုက်ဖတ်- အားလပ်တယ်ကိုမရှိခဲ့။ အိမ်မလည်တတ်သူဖြစ်တဲ့အတိုင်း လုံးချင်းဝတ္ထု တစ်ပိုင်း တစ်စနဲ့ ဘယ်အခါမှ မထ - ထမင်း ပါအငတ်ခံခဲ့တယ်။ စာရေး ဆရာမဘဝကိုတော့ ကဗျာ-စာညွန်.နဲ့ ဆောင်းပါးကစခဲ့တယ် ဆိုပါတော့။ ပထမဆုံး “အမျိုးသမီးနဲ့ ပတ် ဝန်းကျင်” ဆိုတဲ့ဆောင်းပါး “ဒဂုံဦးစန်းငွေ” ရဲ့ “မာလာမဂ္ဂဇင်း” မှာ စာသားအသွင်နဲ့တင်ပြနိုင်ခဲ့ရတယ်။ ရေးခဲ့သမျှ အမျိုးသမီးတွေ ဖက်က အပြုသဘောသက်သက်နဲ့ တင်ပြခဲ့တာများပါတယ်။ ဒီနေ့ကော ဘာလို့မရေးတာလဲ-လို့ မေးလာရင်- “ဒီနေ့မှာ လူကြီးဆိုတဲ့ အုပ်ထိန်းသူတွေကတောင် မျက်တောင်မခတ်ပဲ ကြည့်ရဲနေကြတာမို့ ကျမတို့ဘယ်လို ပြုပြင်ပေးလို.ရနိုင်တော့မှာလဲ” - လို့ပဲ ဖြေရ မှာပါ။ ခေတ်ဆိုတာက အကွာကြီးကွာခြားသွားပါပြီ။
ဖော်အဲဗားထဲမှာ စာရေးစားဖတ်နေကြသူ လူငယ်တွေအပေါ်မှာ ဆရာမရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါအုံးရှင်။
ဖော်အဲဗားကိုကြည့်မယ်ဆိုရင် ဗဟုသုတပြည်ဝတဲ့ အက်ဒ်မင်တွေ အရမ်းတော်ကြ တာတွေ့မြင်နိုင်ပါတယ်။ ပါဝင်ရေးသားနေကြ
သူ ကလောင်ရှင်တွေ အနေနဲ့လည်း သူ့နေရာ - သူ.ကဏ္ဍနဲ့သူ မဆိုးဘူးလို့ပဲဆိုရမှာပါ။ ကြိုးစားကြပါတယ် ။ ဒါပေမဲ့ chatting ဝင်လာသူတွေကိုတော့ ပြောရအုံး(ဦး)မယ်။ လူငယ်လူရွယ်လေးတွေမို့ အပြစ်ဖို.တာမဟုတ်ဘူးနော် - ချစ်လို့ခင်လို့ မေတ္တာနဲ့ သတိ
ပေးချင်တာပါ။ အချိန်ကိုမလေးစားပဲ အားတဲ့အခါတိုင်း “မဟိုင်း” ကြပါနဲ့ ။ လေးစားရမယ့်သူလား - အလေးမထားရမယ့်သူလား ဆိုတာကိုလည်း နည်းနည်းတော့ လေ့လာအုံးမှပေါ့ကွယ်။ အားအားရှိတိုင်း “ဟိုင်း” လိုက်တော့ “ရိုင်း”သွားတယ်လေ။ ဒီနေ့ Online
မှာ ဖတ်စရာ မှတ်စရာ ဗဟုသုတအဖြာဖြာ ရှိနေပါတယ်။ ရွေးပါ - ဖတ်ပါ - မှတ်ပါ။ တွေ.သမျှတွေ ဟာ လေ့လာစရာတွေချည်းပါ ။
ပြော ခဲ့ပြီးပါပြီ ဆရာမတို့ ငယ်ငယ်က ဖတ်စရာရယ်လို့ တွေ့သမျှ စာရွက်ငယ်လေးတွေကအစ စာဖွေပြီး ဖတ်ခဲ့ရတာပါ။
ဒီလို စာတွေဖတ်ရုံနဲ့ မကျေနပ်သေးပဲ နွေရာသီကျောင်းပိတ်ရက်တွေမှာဖွင့်တဲ့ သင်တန်းမှန်သမျှ မလွတ်စေရသလို - အားကစား ဆို ရှေ့တန်းကဝင်ပါ - အဆိုအကတွင် ပျော်ရွှင်အားရ အခြေခံကအစ “က” လိုက် “ဆို” လိုက်ပေါ့။ အလုပ်သဘောနဲ့ စာ တွေပြနေ ခဲ့ရပေမဲ့ တစ်ဖက်မှာ မိမိရဲ့နောင်ရေးစိတ်အေးရန်အတွက် “ညကျောင်း”ကို တက်- အဖက်ဖက်ကကျိုးစားလိုက်တာ “မူလတန်း - အလယ်တန်း - အထက်တန်းပြ ဆရာမ ဖြစ်လာပါတယ် ။ ဒီနေ့ ဒီနိုင်ငံရောက်တော့ တက္ကသိုလ်က ဆရာမ - နိုင်ငံ ခြားသား - တပ်မတော်အရာရှိကြီးတွေ ရဲ့ ဆရာမ- ဒီလိုအဆင့်ဆင့် တက်လာတာပါ။
http://sayamamay.blogspot.com ကိုလည် ရောက်တဲ့အခါ လေ့လာမိမှာပါ။ (ဟုတ်ကဲ့ရှင့်... ခုလို အင်မတန် အကျိုးများစေတဲ့ ဆရာမရဲ့ ဆုံးမစကားလေးကို ဒီအင်တာဗျူးလေးကနေတစ်ဆင့် ဖော်အဲဗားမိသားစုတွေအားလုံး သိရှိမှတ်သားနိုင်ကြမယ် လို့ ထင်ပါတယ်ရှင်... အခုမှသိတာဆိုတော့ ဆရာမဆိုဒ်လေးကို အရောက်လာပြီး လေ့လာပါအုံးမယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်)
ဆရာမအနေနဲ့ စာပေတွေကိုလေ့လာဖတ်ရူရာမှာ ဘယ်လိုစာပေတွေကို လေ့ လာဖတ်ရူရတာ အားရကျေနပ်မူရှိသလဲဆို တာလေး ကိုလည်း ပြောပြပေးပါအုံးရှင်။
ဘယ်လိုစာမျိုးဖြစ်ဖြစ် တွေ့သမျှဖတ်တယ် - မှတ်တယ် - အဆိုးအကောင်းဝေဖန်၊ အမှားနဲ့ အမှန်ခွဲခြား - ဗဟုသုတတွေများများ
ရတော့ ဘဝမှာ အားရှိလာတာပေါ့နော်။ ဒါ့ကြောင့် ဒီနေ့ လူငယ် လူရွယ်လေးတွေကိုလည်း စာများများဖတ်ကြပါလို့ပဲ ထပ် တလဲ လဲ ပြောနေမိခြင်းပါတယ်။
ဘာသာရေးစာပေတွေနဲ့ တစ်ခြားစာပေတွေအပေါ် ခံစားဖတ်ရူရတဲ့ ခြားနားချက် အမြင်လေးကိုလည်း ပြောပြပေးပါအုံးရှင်။
ဘာသာရေးစာပေတွေဆိုလည်း ငယ်စဉ်ကတည်းက လေ့လာမှတ်သားခဲ့တာပါ။ ဖေဖေ့ရဲ့ စာအုပ်စင်မှာရှိတဲ့ ဓမ္မပဒစာအုပ်တွေက
အစ မှတ်သားစရာများပါတဲ့ အခြား အခြားသော စာအုပ်တွေကို အားလပ်ချိန်မှာ ရှာဖွေလေ့လာခဲ့ပါတယ်။ ဗုဒ္ဒစာပေတွေဆိုလည်း အသဲထဲစွဲတဲ့အထိ မှတ်မိခဲ့ပါတယ်။ ခေတ်စမ်းစာပေတွေဆို သူ့ခေတ်နဲ့သူ အပျော်သဘောယူပြီးဖတ်သလို ကောင်းနိုးနိုးရာရာ မှတ်စရာတွေကိုလည်း အမြဲပဲ မှတ်ထားလိုက်ပါတယ်။ “စာ” ဆိုတာ ဖတ်စရာတွေချည်းပါ။ “ရှောင်ရန်” နဲ့ “ဆောင်ရန်” တဲ့ - ဒါကို
တော့ သတိထားကြရမှာပေါ့နော်။ (ဟုတ်ကဲ့ရှင့် မှတ်သားထားပါ့မယ်ရှင်)
လူရယ်လို့ဖြစ်လာရင်တော့ အနဲနဲ့အများ လောကဓံတရားတွေကို ရင်ဆိုင် ဖြေရှင်းကြရတာဆိုတော့ ဆရာမအနေနဲ့ အခက် အခဲ
တွေကြုံတွေ့လာရတဲ့အခါ ဘယ်လိုစိတ်မျိုးနဲ့ ကျော်လွှားဖြတ်သန်းခဲ့တယ် ဆိုတာလေးကိုလည်း ဖော်အဲဗား မိသားစုကြီး အတွက် ပညာပေးအားပေးစကား အနေနဲ့ အတုယူရအောင် ပြောပြပေးပါအုံးရှင်။
ဟုတ်ပါတယ်- လူသားထဲက လူတစ်ယောက်ဖြစ်နေတော့ ဘယ်နိုင်ငံ ဘယ်ဒေသ ရောက်ရောက် လောကဓံတရားကို ရင်ဆိုင်ကြ
ရမှာ ဓမ္မတာပါ။ စေတနာထားခဲ့ရာက ဝေဒနာတွေ ဖြစ်သွားရတာမျိုးတွေ - အကူအညီပေးမိရာက မတူညီတဲ့ဖြစ်ရပ်တွေနဲ. ဒီက
နေ့တိုင်အောင်လည်း ရင်ဆိုင်နေရဆဲပါ။ ဒီလိုအခါမျိုးမှာလည်း မိမိရဲ့စိတ်ထဲ စွဲမထားပဲ “အော် - လူသားတွေဆိုတာ ဒီလိုမျိုးတွေ ချည်းလား - မဟုတ်နိုင်ပါဘူး - ဒါ မိမိရဲ့ ကံကြွေးဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်လိုက်တာပါပဲ“ - လို့ ဖြေသိမ့်နိုင်ခဲ့တာချည်းပါ။ အဓိကအနေနဲ.တော့ “ဝိပဿနာ” တရားတွေရဲ့ ကျေးဇူးကြောင့်ပါ ။ ဒါ့ကြောင့် ဘယ်လိုအခြေအနေမျိုးနဲ့ တိုးတိုး သူများ (တစ်ဖက်လူ)ကို လက်ငြှိုးမထိုးမိပဲ ခွင့်လွှတ်နိုင်ဖို့နဲ့ မိမိကိုယ်ကိုသာ ပြန်လည်သုံးသပ်ပြီး ဆုံးမကြဖို.လိုအပ်လိမ့် မယ်ထင်ပါတယ်။
ယခုခေတ်မှာတော့ လူငယ်လူကြီးမရွေး အင်တာနက်ကို လူတိုင်းအသုံးပြု နေ ကြပြီဆိုတော့ အင်တာနက်အသုံးပြုသူတွေ အားလုံး အတွက် ဆရာမအနေနဲ့ ပြောပြချင်တဲ့ စကားလက်ဆောင်လေးများရှိရင် ပြောပြပေးပါအုံးရှင်။
စောစောကတင်ပြခဲ့သလိုပါပဲ - မိမိတို.ရဲ့တန်ဖိုးရှိလှတဲ့ “အချိန်“ကို တန်ဖိုးသိသိနဲ့ အသုံးချတတ်ရန်နဲ့ အင်တာနက်မှာ လက်တည့် စမ်းသလို လူတိုင်းကိုလိုက်ပြီး “မဟိုင်း” ကြပါရန်အပြင် ပေါ်လာသမျှ စာပေတွေကို ဖတ်ပါ - မှတ်ပါ - လေ့လာဆုံးဖြတ်ပါ - အမှား အမှန်ကို ဝေဖန်ပိုင်းခြားတတ်ရန် အထူးလိုအပ်ပါတယ်။ ဒါကလည်း လူငယ် လူ ရွယ်တိုင်းကိုပြောတာပါ။
ဖော်အဲဗားထဲက အက်ဒမင်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဆရာမရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါအုံးရှင်။
အင်မတန်ကို တော်ကြတယ် - အရည်အချင်းပြည့်ဝကြတယ် - ဒါကလည်း တမင် သက်သက်လုပ်ကြံပြောနေတာ မဟုတ်ဘူးနော်။ သူတို့ရဲ့ ရေးသားတင်ပြချက်တွေ သူတို့ရေးတဲ့ ပိုးစ်တွေကိုလေ့လာကြည့်လိုက်တာနဲ့ တွေ့မြင်မိကြမှာပါ။ တကယ့်ကို လေးစား
ထိုက် - ချီးကျူးထိုက်ပါတယ်။
ဖော်အဲဗားမိသားစုအတွက် ဆရာမရဲ့ ဘ၀မှာ အမြဲတမ်းလက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ မှတ်သားစရာ `ဆောင်ပုဒ်´ လေး များရှိ ရင် ဖော်အဲဗားမိသားစုကြီးအတွက် စကားလက်ဆောင်လေးအဖြစ် ပြောပေးပါအုံးရှင်။
ရိုးရိုးကျင့် - မြင့်မြင့်ကြံ
မှန်တာလုပ် - ဟုတ်တာပြော
လူ့သဘောကို လူလိုသိ
လူကို လူလိုကြည့် - လူလိုမြင်
အဲဒါ “ ဗြဟ္မစိုရ် “ အသွင်ပါပဲ။
ညီမမေးတာတွေလည်း အတော်စုံသလောက်ရှိနေပြီဆိုတော့ နောက်ဆုံး မေးခွန်းလေး အနေနဲ့ ယခုလက်ရှိဖော်အဲဗားဆိုဒ်လေးရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ သက်ဆိုင်ရာတာဝန်ရှိသူ အက်ဒမင်များကို ဆိုဒ်အတွက်လိုအပ် ချက်လေးများရှိမယ် ဆိုရင် ဝေဖန် အကြံပြုစကားလေး ပြောပေးပါအုံးရှင်။
ပြောစရာမလိုအောင်- “တော် - မှန် - ဖြောင့်မတ် - ကျွမ်းကျင်“ ကြသူတွေပါ။
အခုလို ညီမလေးမေးမြန်းသမျှကို မအားတဲ့ကြားကနေ စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ဆရာမကို ညီမလေးနှင့်အတူ ဖော်အဲဗားတာဝန်ရှိသူများအားလုံးနဲ့ ဖော်အဲဗားမိသားစုကြီးအားလုံးမှ ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။
ဟုတ်ကဲ့- အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ
ကလေးတို့ဆရာမ blog ကို သွားလည်ချင်ရင်
့http://sayamamay.blogspot.com
ဖော်အဲဗားထဲမှာ စာပေတွေဖတ်ရူရေးသားမျှဝေ လေ့လာအပန်းဖြေကြတဲ့ ဖော်အဲဗားမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင် (ကလေးတို့ဆရာမ)နဲ့ (တောပန်းလေး)တို့ရဲ့ ဖော်အဲဗားအင်တာဗျူး အမေးအဖြေလေးတွေကို ဖတ်ရူလိုက်ရလို့ အားလုံးပဲ ကျေနပ်ဝမ်းသာအားရမိကြမယ်လို့ ထင်ပါတယ်ရှင်။ နောက်ထပ်တင်ဆက်ပေးအုံးမယ့် ဖော်အဲဗား အင်တာဗျူးအစီအစဉ်တွေမှာလည်း ဘယ်မန်ဘာဝင်တွေကို ဘယ်လိုလေးတွေမေးပြီး ဘယ်လိုလေးတွေ ဖြေကြအုံးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူ အားပေးကြပါအုံးလို့ ပြောကြားရင်း ဖော်အဲဗားမိသားစုကြီးအားလုံးကို တောပန်းလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။ တောပန်းလေး တင်ဆက်ပေးခဲ့တဲ့ အင်တာဗျူးအစီအစဉ်လေးကို ဖတ်ရူအားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေများ အားလုံးကို တောပန်းလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
Views: 226
Tags: အင်တာဗျူး
Like
5 members like this
မျှဝေမယ် Twitter
• < Previous Post
Comment ပေးရအောင်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Comment by လေပြည်သွေး(ခ)အညာသား on Monday
very good......
.....................................
Comment by ဇာမရီ on အောက်တိုဘာ 19, 2012 at 11:57am
ကောင်းပါတယ် သဘာရှိတဲ့ လူတွေရဲ့ စကားတွေကိုယ်ကြားရတာ အတုယူစရာပါ လေးစားပါတယ် အက်ဒမင်များရယ်
...................................
Comment by လွဏ်း(လစ်တမတ်) on အောက်တိုဘာ 18, 2012 at 9:01pm
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဆုံးမစကားလေးတွေကိုလည်း မှတ်သားသွားပါတယ်ဗျာ
ဆရာမကိုလည်း လေးစားလျက်ပါခင်ဗျာ
မေးပေးတဲ့သူကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ
....................................
Comment by ♥´*•♫♥✿*•♫♥မေ♥သ♥ဇင် ♥´*•♫♥✿*•♫♥ on အောက်တိုဘာ 18, 2012 at 8:22pm
ဆရာမရေ လေ့လာစရာ မှတ်သားစရာတွေ အများကြီးရလိုက်ပါတယ်
မေးတဲ့သူရော ဖြေပေးတဲ့သူကိုပါ ကျေးဇူးပါရှင်
...................................
Comment by ကိုအာကာ on အောက်တိုဘာ 18, 2012 at 5:48pm
ရိုက်စရာရှိလည်း ပုဆိုးကို ဒူးအထက်ထိ မခိုင်းပြဓီးမှ ရိုက်ခဲ့တဲ့ ဆရာမ။ ဒီတော့-- ဆရာမအတန်းက မကြာခဏ “တန်းလုံးကျွတ်” အောင်ခဲ့ကြပါတယ်။
======
ဒီနေရာလေး ဖတ်ပြီး ငယ်ဘ၀ကို လွမ်းမိတယ်ဆရာမ။ ကျွန်တော်တို့ ငယ်ငယ်က ဆရာဆရာမတွေလဲ တအားရိုက်တာပဲ။
ဒါပေမယ့် ဘယ်လောက်ရိုက်ရိုက် ဆရာဆရာမတွေကို သိပ်ချစ်တာပဲ။ အခု ကျွန်တော့်ဒီအသက်အရွယ် ရောက်လာတဲ့ထိ မူလတန်းတုန်းက ဆရာဆရာမတွေကအစ သတိတရရှိနေတုန်း။ မေတ္တာအပြန်အလှန်ထားကြတဲ့ အဲဒီခေတ်က ဆရာတပည့်ဆက်ဆံရေးက လွမ်းစရာ အရမ်းကောင်းတာပဲ
....................................
Comment by ပုံရိပ်ယောင် on အောက်တိုဘာ 18, 2012 at 5:12pm
ခုလိုမျိုးးးးးးးးးး ဗဟုသုတလည်းရပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနားလည် ဗဟုသုတဆွေးနွေး ဖလှယ်ပေးနိုင်တဲ့ အစီအစဉ်ကောင်းလေးကို နှစ်သက်စွာအားပေးဖတ်ရှုခဲ့ပါ၏...
ရသစာပေကောင်းလေးတွေ ရေးသားတင်ဆက်ပေးနေတဲ့ ကလေးတို့ဆရာမအကြောင်းလေးကိုလည်း အခုလို သေချာသိခွင့်ရလာတဲ့အခါမှာ လေးစားအားကျမိရပါ၏..သာယာပျော်ရွှင်ကျန်းမာအောင်မြင်စေကြောင်း ဆန္ဒပြုရင်းးးးးးးးး...........အားပေးဖတ်ရှုခဲ့ပါ၏.........
:)
....................................
Comment by ဖိုးအောင် (နည်းပညာ) on အောက်တိုဘာ 18, 2012 at 4:28pm
ဒါပေမဲ့ စာမေးပွဲနီးပြီဟေ့ဆိုရင်တော့ ဆရာမကို လာချော့ပြီလေ။
ဒါဟာ ဒီအင်တာဗျူးကို ကဗျည်းထိုးလိုက်တဲ့ သက်သေသာဓက ဖြစ်တယ်... ကဗျည်းထိုးတယ်ဆိုတာဟာ အမြည်းဖိုးတောင်းတာနဲ့တော့ မတူဘူး... အခုခေတ်မှာတော့ ကဗျည်းထိုးမယ့်ပုဂ္ဂိုလ်တွေဟာ အမြည်းဖိုးတောင်း
ရတာကို ၀ါသနာသန်နေကြပြီ... စိတ်ချပါ... ဒီလူတွေ မကြီးစိုးစေရပါဘူး... ထီးမိုးပေးရင်တောင် မလုံတဲ့ သူတို့
ဘ၀ကို ကျီးမနိုးခင်က စာနာမိလိုက်ပါတယ်ကွယ်...
လေးစားစွာဖြင့်...
ဖိုးအောင်(နည်းပညာ)
...................................
Comment by phyuzinzinthaw on အောက်တိုဘာ 18, 2012 at 3:52pm
ဖတ်သွားတယ်နော်
....................................
Comment by tintin on အောက်တိုဘာ 18, 2012 at 3:34pm
ရိုးရိုးကျင့် - မြင့်မြင့်ကြံ
မှန်တာလုပ် - ဟုတ်တာပြော
လူ့သဘောကို လူလိုသိ
လူကို လူလိုကြည့် - လူလိုမြင်
အဲဒါ “ ဗြဟ္မစိုရ် “ အသွင်ပါပဲ။
ဆရာမရေ သမီးလဲ အရမ်းကြိုက်လို့ ကူးထားလိုက်ပါတယ် နော်
.......................................
Comment by ချစ်မိုးရင့်ရင့် on အောက်တိုဘာ 18, 2012 at 3:03pm
ကောင်းလိုက်တာနော် ဒီ အစီအစဉ်လေးက... အားပေးသွားပါတယ်ပေါ့...
Subscribe to:
Post Comments (Atom)
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
-
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ်...
-
ဒီပို့ လေးကို အလင်းရောင်ကြယ် ဘလောက်ဂါမှတစ်ခုမှဖတ်မိယင်းကူးယူ၍ ဗဟုသုတရသလေးဖြစ်ဝေမျှလိုက်ပါတယ် စာချစ်သူတို့  . မြတ်စွာဘုရားဟောခဲ့ သော ကျမ်...
-
အလွန်ကောင်းသော ဆုံးမ-လမ်းညွှန်ချက်များဖြစ်သောကြောင့်(သိပြီးသူများမှအပ) မသိသေးသူများအတွက် ကူးယူ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန...
-
မကြာသေးတဲ့ တစ်ချိန်က ဘတ်မိလိုက်ရတဲ့ စာပိုဒ်လေးတစ်ပုဒ်ကြောင့် ဒီဆောင်းပါး ကို ရေးမိလျက်သားဖြစ်သွားတယ်ဆိုရင် မှားမယ်မထင်ပါ။ ခေါင်းစဉ်က ” ပွဲ...
-
ကလေးတို့ရေ “ ဝဋ် ”ဆိုတဲ့စကားတစ်လုံးရဲ့ သဘောက အင်မတန် ကျယ်ပြောလှပါတယ် ။ တို.များ လူသားတွေဆိုတာကလည်း လောဘ -ဒေါသ- မောဟ ဆိုတဲ့ ကိလေသာ တရားတွေနဲ....
-
“မမှားသော ရှေ.နေ - မသေသော ဆေးသမား ” ဤလောကသားများအလယ်မှာမရှိသ လောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက ကင်းသူဟူ၍ ရှာမတွေ....
-
၆၈-ကြိမ်မြောက် တပ်မတော်နေ. “မနက်ဖြန် တပ်မတော်နေ. ပန်းကုံးစွပ် ကြိုဆိုရမယ်နော် မရွှေကျော့“ နဝရတ်ရိပ်သာမှာနေတဲ့ မမခင်(ယုဝတီခင်စိန်လှိုင်)...
-
ဆေးဘက်ဝင်ကောင်းကျိုးမှာ ============== ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ...
-
ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။ တို.များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း ဝါဝင်ကြရပြန်ပြီလေ ။ ...
-
ကလေးတို.ရေ - “ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့ အလုပ်လေးတွေများနေလိုနောက်ကျသွားရပါတ...
No comments:
Post a Comment