ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, October 28, 2012

ဘုရားဖူးခြင်းအနုပညာ

အခုလို မိုးရာသီ လွန်မြောက်လို. အေးမြမြ ဆီးနှင်းတွေ စီစီဝေလာပြီး ဆောင်းရာသီ ရောက်ပြီဆိုမှ ဖြင့် ကျမတို. လူသားများမှာလည်း အလည်အပါတ် ခရီးတွေ သွားလာတတ်ကြတာ အစဉ်အလာ တရပ်ပါ။ ရန်ကုန်လိုမြို.ကြီးတွေမှာဆို“ဘုရားဖူး“ အဖွဲ.တွေ ဦးမော့လာကြ သလိုပါပဲ။ ”ဘုရားဖူးခြင်း အနုပညာ” ဆိုတာ တကယ်တော့ ဘုရားဖူးရန် “ခရီးသွားခြင်း” အနုပညာဖြစ်ပါတယ်။ ဒါပေမဲ့ ခရီး သွားတဲ့ ရည်ရွယ်ချက်- နှလုံးသွင်းမှု နဲ. စေတနာကိုလိုက်ပြီး ကွဲပြားသွားတာကိုလည်းတွေ. နိုင်ပါ သေးတယ် ။ (၁) ဟန်ဘုရားဖူးသွားခြင်း(၂) ကံဘုရားဖူးသွားခြင်း (၃) ဥာဏ်ဘုရားဖူးသွားခြင်း ရယ်လို. ခွဲခြား ထားတာတွေ.ရပါတယ် ။ (၁) ဟန်ဘုရားဖူးသွားခြင်း ဆိုတာက ဘုရားကို ခေါင်းစဉ်တပ်ပေမဲ့ ခရီးထွက်လိုတာက အဓိက ဖြစ်ပြီး ဘုရားဖူးလိုတာက သာမည ပဲဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း ခရီးစဉ်တစ်လျှောက်လုံးတွေ. သမျှ ဘုရား-ဆင်းတုတော်ဆိုရင် ပုဆိန်ပေါက် ဦးသုံးကြိမ်ချ ၊ စေတီ တော်ဆိုရင်လည်း တစ်ပတ် လောက် လှည့်ပတ်ကြည့်ပြီး ပြန်လာတတ်ကြတာပါ ။ အပျော်သဘောဘရားဖူးသွားခြင်းပါပဲ ။ ဒါကို တတိယတန်းစား “အညံ့စားဘုရားဖူးသွားခြင်း“ လို.ဆိုပါတယ် ။ (၂) ကံဘုရားဖူးသွားခြင်း ဆိုတာကတော့ “ဘုရားလည်းဖူး လိပ်ဥလည်းတူး“ ဆို သလို ကုသိုလ် တစ်ဝက် အပျော်တစ်ဝက် ခရီး ထွက်ခြင်းမျိုးဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက် တွေ.ကြုံသမျှ ဆင်း တု-စေတီတော်မှန်သမျှမှာ အကျအန သြကာသနဲ.ရှိခိုး ၊ ပန်း- ဆီမီး-ရေချမ်းအမျိုးမျိုးကပ်-စေတနာ ထပ်ရှိလာလို. အသပြာငွေလေးပါ လှူဒါန်းကာ ခတ်လန်းလန်းလေး ပြန်လာတတ်ကြတာပါ ။ ဒါကို “ဘုရားဖူးခြင်းအနုပညာ“ မှာ “ဒုတိယတန်း အလတ်စား ဘုရားဖူးသွားခြင်း“ လို. သတ်မှတ်ထားတာ တွေ.ရပါတယ် ။ (၃) ဥာဏ်ဘုရားဖူးသွားခြင်း ဆိုရာမှာလည်း ဘုရားဖူးရန်အတွက် ဘယ်ဒေသကိုမှ တမင် သက် သက်သွားစရာမလိုပဲ မိမိခန္ဒာ ကိုယ်ထဲကိုသာ “မဂ္ဂင်ရှစ်ပါး“ လမ်းမကြီးမှ “သီလ-သမာဓိ- ပညာ“ ဆိုတဲ့ သိက္ခာသုံးပါး ယာဉ်ရထားကိုစီးကာ ဘာဝနာခရီး ထွက် ခြင်းသာဖြစ်ပါတယ် ။ သာမန်လူများ က “ဘုရားဖူး“ ဆိုပြီး ခရီးတွေ တစ်ခုပြီး တစ်ခုသွားတတ်ကြပေမဲ့ တကယ်တမ်း ဘုရားဖူးဖို. ဆိုရင် အဝေးကိုသွားစရာမလိုပါ။ မိမိနဲ. အနီးကပ်ဆုံး နှလုံးသားထဲကိုသွားကြရမှာပါ- လို.ဆရာတော်များက ဟောကြားထားတာ မှတ်သားဖူးပါတယ် ။ “ပဋိယတ္တိ“ မြေပုံရဲ့ လမ်းညွှန်ချက်နဲ.အညီ “ပဋိပတ္တိ“ လမ်းမကြီး အတိုင်း ဖြောင့်ဖြောင့် လျှောက်သွားလို. “ ပဋိဝေဓ “ နယ်မြေထဲ ရောက်သွားတဲ့အခါ “သစ္စာလေးပါး” တရားပုလင်ထက်မှာ တင့်တယ် စံပယ်စွာ သီတင်းသုံးနေတော်မူတဲ့ “မြတ်ဘုရား“ ကို ကိုယ်တွေ.- ဥာဏ်တွေ. လူတိုင်း ဖူးမြင်နိုင်ကြပါလိမ့်မယ် လို.လည်း ဆိုပါတယ်။ ဘုရားဖူးခြင်း အနုပညာ မှာ “ပထမတန်းစား အမြတ်ဆုံးဘုရားဖူးသွားခြင်း“ လို.ဖေါ်ပြထားပါတယ်။ တကယ်တော့ “ဘုရား“ ဆိုတာ လောကမှာ အမြတ်ဆုံးသောအာရုံတစ်ခုဖြစ်ပါတယ် ။ အဲဒီ အာရုံ ထဲကိုသာ မိမိရဲ့စေတနာလေး တစ်ခေါက်လောက် ခုန်ဆင်းသွားမိပြီဆိုရင် “နတ်ရကန်ထဲ“ကျသွား တဲ့ လူလို မယုံကြည်နိုင်စရာ အကျိုးထူးများကို တသီကြီး ရ လာတတ်ပါတယ် ။ ဗုဒ္ဒမြတ်ဘုရားနဲ. ပတ်သက်လာရင် ရိုသေမြတ်နိုးရှိခိုးရမှု -ဆက်ကပ်လှူဒါန်းရမှုတွေကိုမဆိုထားနဲ. မြတ်ဘုရားကို တစ်ကြိမ်းတစ် ခါမျှ မြင်ရ - ကြားရ- အောက်မေ့ သတိရခြင်းစတဲ့ စိတ်အာရုံကလေး ဖြစ်ပေါ်လာကာမျှနှင့်ပင် ဘဝသံသရာတွင် မိမိတို.အတွက် စိတ်အချရဆုံး- အားအကိုးရဆုံး- အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်မှန်းမသိ ဖြစ်သွားတတ်တယ်လို.လည်း ဆိုထားပါတယ်။ “ဘုရားဖူးခြင်း အနုပညာ“ မှ အဓိကဖေါ်ပြလိုတဲ့ အဓိကပန်းတိုင်ကလည်း တကယ့်“မြတ်ဗုဒ္ဒ“ကို အနီးကပ်ဖူးမြင်နိုင်ရန်ဖြစ်ပါတယ် ။ ဒီလို ဘုရားရှင်နဲ.နီးခြင်း ဝေးခြင်းကိုလည်း ဒေသပမာဏ- ကာ လပမာဏ တွေနဲ.မတိုင်းတာ မသတ်မှတ်နိုင်ပါ ။ “သစ္စာလေးပါး“ တရားတော်ကို သိမြင်ခြင်းဆိုတဲ့ ဓမ္မ ပမာဏဖြင့်သာ သတ်မှတ် တိုင်းတာနိုင်မှာဖြစ်ပါတယ် ။ မြတ်ဘုရား ကိုယ်တော်တိုင်ကလည်း “ငါဘုရားရဲ့ သင်္ကန်းစွန်းကို ကိုင်ပြီး ဖဝါးခြေထပ် နောက်မှကပ်ပြီး လိုက်လာပေမဲ့ တရားကို မသိမမြင်ရင်နိုင်တော့ အဲဒီ ပုဂ္ဂိုလ်ဟာ ငါဘုရားနဲ. ဝေးကွာနေမှာဖြစ်ပေမဲ့ တရားကိုသိမြင်နိုင်ရင်တော့ ငါဘုရားရဲ့အနီးမှာတည်ရှိနေသလို ငါဘုရားသည်လည်း အဲဒီပုဂ္ဂိုလ် ရဲ့ အနီးမှာပဲ တည်ရှိနေပါတယ်“ လို. မိန်.တော်မူခဲ့ ပါသတဲ့ ။ ဒီ “ဘုရားဖူးခြင်း အနုပညာ“ မှ အဓိက ဖေါ်ပြလိုတဲ့အချက်က “ ဘုရားဆိုတာ တရားရဲ့ကိုယ်စား တော်ဖြစ်သလို - တရားဆိုတာ လည်း ဘုရားရဲ့ ကိုယ်စားတော်“ ဖြစ်ခြင်းပါပဲ။ ဒါ့ကြောင့် “တရားကို သိမြင်ခြင်းဟာ ဘုရားကို ဖူးမြင်ခြင်းဖြစ်သလို ဘုရားကို ဖူးမြင် ခြင်းဟာလည်း တရားကိုသိမြင်ခြင်း“ ဖြစ်ပါတယ်။ (တော်ဝင်နွယ်ရဲ့ ဘုရားဖူးခြင်းအနုပညာ - မှ ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter