ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, October 4, 2012

ကျမ သိဖူးသော ပုဂ္ဂိုလ်ထူးကြီး




                             
လူ့ဘဝ လူ့အကြောင်း ကောင်း၏ မကောင်း၏ဆိုသည်ကို ထိုထိုသော 
သူများ  သေဆုံး သွားမှသာ ရေးသားဖေါ်ပြ သတိတရ ရှိတတ်ကြတာ 
ကျမတို့ လူသားများရဲ့ သဘာဝလို့ပဲဆိုရလေမလား ။

ဘဝအကြောင်းမကောင်း- အခြေအနေမကောင်း - အကျင့်မကောင်း
သူများအတွက် ထိုသူတို့ ကွယ်လွန်သွားမှ ရေးသားဖေါ်ပြခြင်းမှာမဆို
သာပေမဲ့ တကယ်တော်  တကယ်မွန်မြတ်တဲ့ လူတော်လူကောင်းများ
အတွက် ကွယ်လွန်ပြီးချိန်ကျမှ သူတို့၏ စိတ်ကောင်းစေတနာကောင်း
များ ၊  မှန်ကန်သော လုပ်ဆောင်စီစဉ်မှုများအတွက် ချီးကျူးရေးသား 
ဂုဏ်ပြုနေခြင်းမှာ သူတို့အတွက် သိရှိနိုင်စွမ်းမည်မဟုတ်သလို အကျိုး
သက်ရောက်မည်မထင်ပါ ။

ဆိုလိုသည်မှာ ထိုကဲ့သို့သောလူတော်လူကောင်းခေါင်းဆောင်ကောင်း
များအတွက်ဂုဏ်ပြုမှတ်တမ်းများကို ထိုသူများသက်ရှိထင်ရှားရှိနေချိန် 
မှာရေးသားဖေါ်ပြပေးရန်ဖြစ်ပါတယ်။ သို့မှသာထိုကဲ့သို့သော လူတော်
လူကောင်း-ခါင်းဆောင်ကောင်းများအနေနှင့် သူတို့၏လုပ်ဆောင်ချက် 
မှန်ကန်မွန်မြတ်တဲ့အတွက်ဒီလိုဂုဏ်ပြုတင်စားရေးသားခံရခြင်းကိုတွေ့
သိကာဝမ်းသာပီတိဖြစ်ပြီး ပိုမိုလှုပ်ရှားစီမံဆောင်ရွက်သွားကြမှာလည်း
 ဖြစ်ပါတယ် ။

တကယ်တော့ကျမတို့နိုင်ငံမှာလူတော်လူကောင်း၊ခါင်းဆောင်ကောင်း
များစွာရှိပါတယ်။ ဟိုး-နောက်သို.ပြန်လည်မှန်းဆတမ်းတကြည့်မယ်ဆို
ပါလျှင် အနော်ရထာမင်းမှ အစခေါင်းဆောင်ကောင်း ၊  အာဇာနည်မင်း
ပေါင်းများစွာ  အထင်အရှားရှိခဲ့သလို  ဒီကနေ့တိုင်အောင်လည်း ကမ္ဘာ
အထိထင်ရှားပြီး ကမ္ဘာသိ မြန်မာ့ခေါင်းဆောင်ကြီးများ များစွာရှိနေတာ
ကိုတွေ့ရမှာ ဖြစ်ပါတယ် ။  

လွတ်လပ်ရေးမတိုင်မီ ကိုလိုနီအစိုးရခေတ်မှာ သူ့ကျွန်မခံလိုတဲ့အတွက် 
နယ်ချဲ.အင်္ဂလိပ်ကိုရဲရဲဝံ့ဝံ့ပြန်လည်တိုက်ခိုက်ခဲ့သည့်ဝန်းသိုစော်ဘွားကြီး
ကဲ့သို့သော ခေါင်းဆောင်ကြီးများ၊ သခင်ဖိုးလှကြီးစသော ခေါင်းဆောင် 
ကောင်းများမှသည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအထိ  
ကျမတို့မြန်မာ့ခေါင်းဆောင်များရှိခဲ့ပါတယ်။ 
ယနေ့အထိလည်းရှိနေဆဲပါ။

အခု ကျမတင်ပြချင်တဲ့  ပုဂ္ဂိုလ်ကတော့ ဒီကနေ့ မျက်မှောက်ခေတ်ရဲ့ 
အာဇာနည် ခေါင်းဆောင်တစ်ဦး ဆိုလျှင် မှားမည်မထင်ပါ ။ အခြေအ
နေအရပ်ရပ်ကို သေချာစွာသုံးသပ်ပြီးမှ ဆုံးဖြတ် ဆောင်ရွက်နိုင် စွမ်း
သူတစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာ့ကျေးလက် တောရွာဒေသမှ မွေး
ဖွား ပေါ်ထွန်း လာသူဖြစ် တဲ့အတိုင်း “မြန်မာ့သမိုင်းကိုမရိုင်းအောင်” 
ထိန်းသိမ်း ဆောင်ရွက် နိုင်စွမ်းသူဆိုပါကလည်း မှား မည်မထင်ပါ။

 
လွန်ခဲ့သော ဆယ်နှစ်ခန့်က ဖြစ်ပါတယ် ။
ကျမ၏ တပည့်တစ်ယောက်ရဲ့ မိခင် (ထိုင်းဝန်ကြီးဟောင်းတစ်ယောက်
၏ ဇနီး ) မှ မေတ္တာရပ်ခံ ချက်အရ ကျိုင်းတုံသို့ လိုက်ပါသွားခဲ့ပါတယ် ။ 
တကယ်တော့သူတို့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့အနေနဲ.တာချီ
လိတ်ရှိမြန်မာ့တပ်မတော် ပိုင် ဟော်တယ်တစ်ခုနဲ့ဂေါက်ကလပ်ကို ငှား
ရမ်းလုပ်ကိုင်ခွင့်ရရှိရေးအတွက်အရှေ.  ပိုင်းတိုင်းမှူးကြီး(ဗျူဟာမှူးကြီး)
နှင့်တွေ့ဆုံကာညှိနှိုင်းဆွေးနွေးရန် ဖြစ်ပါတယ် ။ ကျမတို့အဖွဲ့မှာ ထိုင်း
လူမျိုး  ၅ - ယောက်အပြင် ကျမနှင့်ဒေသခံရှမ်းအမျိုးသား တစ်ဦး ပါဝင်
ပါတယ်။

ဗျူဟာမှုးကြီးနဲ့အဖွဲ့ အခန်းတွင်း ဝင်လာပြီဆိုတော့ တစ်ယောက်ချင်း 
မိတ်ဆက်ပေး ရပါတယ်။ အားလုံးသောကိစ္စအဝဝကို ညှိနှိုင်းဆွေးနွေး
ပါတယ်။အမှန်တကယ် စိတ်ဝင်စားတယ်ဆိုပါက ဥပဒေဘောင် အတွင်းမှလက်တွေ့လုပ်ကိုင်ပြပါ  ဆိုတဲ့ဗျူဟာမှူးကြီးရဲ့ ဆိုစကား
ကို ထိုင်း ဝန်ကြီးဟောင်းကတော်ကလည်း လက်ခံလိုက်ပြီး တကယ် လက်တွေ့စီစဉ်ဆောင်ရွက်ရန်ဂတိပေးခဲ့ပါတယ်။ ထို့နောက်ထိုင်းအဖွဲ့
က လက်ဆောင်ပစ္စည်းများ ပေးပါတယ် ။  ဒီအခါ ဗျူဟာမှူးကြီးက -
လက်ဆောင်ပစ္စည်းများတွင် စိန် ရွှေများ ထည့်မပေးပါရန် -
သူ့ရဲ့ အတွင်းရေးမှူးမှတဆင့် ကြိုတင် မေတ္တာရပ်ခံခဲ့သည်ကို ကြားသိ
ရပါတယ် ။  
   
ဒီနောက်  ကျမတို့အဖွဲ့လည်း ကျိုင်းတုံတည်းခိုခန်းကိုပြန်၊ ရေမိုးချိုးပြီး 
ညစာစားရန် နီးရာထမင်းဆိုင်ကိုသွားကြပါတယ် ။ ထမင်းမှာနေစဉ်မှာ
ပဲဆိုင်အနောက်ပိုင်းကိုစစ်ကား တစ်စင်း ရောက်လာပါတယ် ။

ဆရာမရေ ခဏ လောက်ကြွပါ

ခေါ်သံကြားလိုက်တာနဲ့ ကျမတစ်ယောက်တည်းပဲ သူတို့ စစ်တပ်က 
ဗိုလ်မှူးကြီး ၂- ယောက်  ၃- ယောက် နဲ့ ထွက်တွေ့လိုက်ပါတယ် ။

ဒီရွှေလက်ကောက်တွေကို ပြန်ပေးလိုက်ပါ - ဗျူဟာမှူးကြီးက 
လက်မခံနိုင်လို့ ပြန်ပို့ပေးတာပါ - တဲ့။

ဒီအခါ ကျမလည်း ကျမလက်ဖြင့် လက်မခံချင်တာနဲ့ ဆိုင်တွင်းမှာ
မင်းစားနေတဲ့ ထိုင်းဝန်ကြီးဟောင်းကတော်ကိုလှမ်းခေါ်လိုက်မိပါတယ်။  
သူထွက်လာတော့မှ အကျိုးအ ကြောင်းကို ရှင်းပြပြီး သူ့လက်ထဲကို ပဲ
 ရွှေတွေကို ပြန်ထည့်ပေးလိုက်ပါတယ် ။
ဒါကိုကြည့်ခြင်းအားဖြင့် ဒီပုဂ္ဂိုလ်ရဲ့ တည်ကြည်ဖြောင့်မှန်တဲ့ စိတ်ထားနဲ. 
လှုပ်ရှားနေတာကိုလေ့ လာသိရှိနိုင် မှာဖြစ်ပါတယ် 

ထို.နောက် ဝန်ကြီးချုပ်ရာထူးကြီး ရရှိပြီးဘန်ကောက်ကို တာဝန်အရ
ရောက်လာပြန်တော့လည်းသွားရောက်တွေ.ဆုံနှုတ်ဆက်ကြတဲ့ ထိုင်း
ဝန် ကြီးဟောင်းကတော်နဲ.ကျမတို.ကို မာန်မာနမတက် အခင်အမင်
မပျက်  နှုတ်ဆက်ပါတယ် အခု သမ္မတကြီးဘဝနဲ.လည်း ဘယ်လိုမှ
ထူးထူးခြားခြားဆက်ဆံတာမတွေ.ရပဲရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက်
တဲ့အပြင်ကျန်းမာရေးကောကောင်းရဲ့လားဆိုတဲ့စေတနာပါသော
သတိပေးစကားကိုပင်ကြားလိုက် ရတော့ မချီးကျူးပဲ မနေနိုင်လောက်
 အောင်ဖြစ်ရပါတယ် ဂုဏ်လည်းယူမိပါတယ်

 
စက်တင်ဘာလ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ
နေသောအတိုက်အခံခေါင်း ဆောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဒေါ်အောင်
ဆန်းစုကြည်နှင့်ပတ်သက်၍လည်း-''  ယခင်က နိုင်ငံရေး အဓိကအ
တိုက်အခံ အင်အားစု  ခေါင်းဆောင် ငြိမ်းချမ်းရေး  နိုဗယ်ဆုရှင် 
ဒေါ်အောင်ဆန်းစုကြည်  ကိုယ်တိုင်လည်းလွှတ်တော်ကိုယ်စား
လှယ်တစ်ဦးအနေဖြင့်သာမကယခုအခါမှာတရားဥပဒေစိုးမိုးရေး 
ဆိုင်ရာလွှတ်တော်ကော်မတီရဲ့ဥက္ကဌအနေနဲ့လွှတ်တော်စင်မြင့်က
နေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒီရက်သတ္တပတ်အတွင်းမှာ
တာ့သူမအနေနဲ့နယူးယောက်မြို့မှာရှိနေပါတယ်။သူမရဲ့ဒီမိုကရေ
စီကြိုးပမ်းမှုများအတွက်အမေရိကန်ပြည်ထောင်စုမှဂုဏ်ပြုခံနေရ
တာတွေကိုလည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ကျွန်တော်
ဝမ်းမြောက် ဂုဏ်ယူပါတယ် ။ မြန်မာနိုင်ငံ မှာ နိုင်ငံရေးအရ တိုး
တက်ဖြစ်ထွန်းမှုဟာကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့နိုင်ငံရေးဂုဏ်
သရေကိုမြင့်တင်ခြင်းဖြစ်ပါတယ်ဟုနီုင်ငံတော်သမ္မတဦးသိန်းစိန်
 မှစက်တင်ဘာလ၂၇- ရက်နေ့က အမေရိကန်နိုင်ငံနယူးယာက်မြို့ရှိ
ကုလသ မဂ္ဂရုံးချုပ်တွင်ပြုလုပ်သော၆၇-ကြိမ်မြောက်ကုလသမဂ္ဂ
ထွေထွေညီလာခံတွင်မိန့်ခွန်းပြောကြား ခဲ့ကြောင်းဖတ်လိုက်ရပါတယ်။

ဒါ့အပြင် '' ကျွန်တော့်ရဲ့မိန့်ခွန်းကို အဆုံးမသတ်ခင်မှာအရေးကြီး
တဲ့ အကြောင်းအရာတစ်ရပ် ကို ပြောကြားခွင့်ပြုစေလိုပါတယ်။ 
အဲဒါကတော့ ကုလသမဂ္ဂရဲ့တတိယမြောက် အတွင်းရေးမှူး အ
ဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့သားကောင်း ဦးသန့်အကြောင်း
ပဲဖြစ်ပါတယ်။ ဦးသန့်အနေ နဲ့လည်း  အဲဒီ တုန်းကလည်း တစ်ခု
တည်းသောကမ္ဘာဆိုတဲ့ အမြင်ရှိထားပြီးဖြစ်ပါတယ်။ ဦးသန့် အ
နေနဲ့ ဒီကမ္ဘာ ကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပြီး မ
တူကွဲပြားခြားနားမှုများရှိနေသော်လည်း ဘေးကင်းလုံခြုံတဲ့ကမ္ဘာ
ကြီးအဖြစ် မျော်မှန်းထားပါတယ် ။ ဒါ့အပြင် ကမ္ဘာ့ ပြည်သူ အား
လုံးဟာ ကိုယ်ချင်းစာ တရား ၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ 
သည်းခံခွင့်လွှတ်မှုတို့ကို လိုက်နာကျင့်သုံး နိုင်ကြမယ် လို့လည်း ဦး
တည်မျှော်မှန်းထားပါတယ်။ ဒီအမျှော်အမြင်အတိုင်း လိုက်နာကျင့်
သုံးနိုင်မယ်ဆိုရင် ပိုမို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီးအ
ဖြစ်ကို  ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါ တယ် ။ ကျွန်တော့်အနေနဲ့ မြန်မာပြည်သူများ အနေနဲ့  ဦးသန့်ရဲ့ဆောင်
ရွက်ချက်တွေကို၊ အောင်မြင်မှု တွေကို ဘယ်တော့မှ မေ့ပျောက်
မှာ မဟုတ်ဘဲ  အစဉ်ထာဝရ ချီးကျူး ဂုဏ်ပြုနေမှာဖြစ်ကြောင်း  
ပြော ကြားရင်း နိဂုံးချုပ်ပါတယ် '' -

ဟူသော  မှတ်တမ်းတင်ဂုဏ်ပြု  မိန်.ခွန်းကို ကြည့်ခြင်းအားဖြင့်လည်း 
သမ္မတကြီးရဲ့ မွန်မြတ်သန်.ရှင်းပြီး ချီးကျူးထိုက်သူများကို ကမ္ဘာ့အလယ်
မှာ ထုတ်ဖေါ်ချီးကျူး မှတ် တမ်းတင်လိုသော စိတ်ရင်းစေတနာကို ပီပြင် 
ထင်ရှားစွာ သိနိုင်မည်ဖြစ်ပါတယ် ။

လူကိုလူလိုကြည့်တတ် မြင်တတ်သော မြန်မာနိုင်ငံ၏ စစ်မှန်သော 
(သမ္မတကြီး)ကိုယ်စိတ်နှစ်ဖြာ ထာဝရ ကျန်းမာချမ်းသာစွာဖြင့် မိ
မိနိုင်ငံနှင့်လူမျိုး တိုးတက်ရေးကို အဆများစွာတိုးကာ စီစဉ် ဆောင်
ရွက်ပေးနိုင်ပါစေကြောင်း ဆုမွန်တောင်းလျက်--

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter