ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, September 29, 2012

ပညာပါရမီ









ပညာပါရမီ ကျောင်းထိုင်ဆရာတော် နှင့် စာကြည့်တိုက်ထည်ထောင်ဖွင့်လှစ်ပေးသူ
အရှင် ပရမာနန္ဒ  ၏ စာကြည့်တိုက်(၅)နှစ်မြောက် စာတမ်းမှ ကောက်နှုတ်ရေးသား
ဖေါ်ပြထားခြင်းပါ ။

ကိုယ်တိုင်ကိုယ်ကျ ၊ အလင်းရလျက် ၊ လောကအတွင်း ၊
အမှောင်ကင်းအောင် ၊ အလင်းရောင် ၊ ထွန်းညှိကြပါစို.



အဆုံးအစမမြင် နက်ရှိုင်းလျက်ရှိနေသည့် ပင်လယ်ပြင်ကြီးမှာ ကျယ်ပြော ရှည်လျားလှပါဘိ
 
အပြောကြွယ်လှတဲ့ ဟောဒီ လူ.လောကကြီးမှာလည်း ပင်လယ်ပြင်ကဲ့သို.ပင် အပေါ်ယံတွင် ငြိမ်

သက်နေဟန်ရှိသော်လည်း အတွင်းပိုင်းမှာမူ ငြူစူ-မာန်တင်း - ချစ်ခြင်း မုန်းခြင်း အပြစ်အနာများ  

စွာဖြင့် လေလှိုင်းထန်ကာ ရန်မာန်အပေါင်း ပြည့်နှက်နေပါတယ် ကြိုတင်မမြင်နိုင် မခန်.မှန်းနိုင်

တဲ့ အန္တရာယ်များ လှိုင်း -မုန်တိုင်းများ သတ္တဝါကြီးများနဲ. အဖြစ်အပျက်များကို သိမ်းဆည်းထား
 
ရာ ပင်လယ်ကြီးမှာ လူ.လောကကြီးနဲ.သဏ္ဍာန်တူလှပါတယ်


ဒီလို ပင်လယ်နဲ. တူလှတဲ့ လူ.လောကအလယ်မှာ မိမိရဲ့ ကိုယ်ပိုင်လှေကို တအိအိလှော်ခတ်ကာ

လိုရာအရပ် - ရည်မှန်ရာကမ်းခြေသို. စမ်းတဝါးဝါးဖြင့် မျှော်မှန်းနေကြသူများမှာလူသားများပင်
 
ဖြစ်ပါတယ် အချို.သောသူများမှာ မာယာများလှတဲ့ ပင်လယ်ရဲ့ လှည့်ဖျားမှုကြောင့် စုန်းစုန်းမြုပ်

ကွယ်ပျောက်သွားကြရသလို  လူအချို.မှာမူ ကူးရင်း ခတ်ရင်း ခြေရာလည်းပျောက်  ရေလည်း
 
နောက်ကာ ရှေ.-နောက်-တောင်-မြောက် ဘယ်ဆီရောက်မှန်းမသိ လမ်းစပါပျောက်လျက်ရှိကြပါ

တယ်။
 
ဒီလို နက်ရှိုင်း ကျယ်ပြောလှတဲ့ လူ.လောက ပင်လယ်ပြင်ဝယ် ခရီးနှင် လှော်ခတ်နေကြရသူများ

အနေနဲ. အန္တရာယ်အသွယ်သွယ်ကို ကျော်လွှား လွန်မြောက်ကာ မိမိတို.လိုရာခရီး သို.အရောက်
 
လှမ်းနိုင်ရန်မှာ မိမိတို.ဥာဏ်ဖြင့် ဆင်ခြင်သုံးသပ် ဆုံးဖြတ်နိုင်ရန် လိုအပ်လှပါတယ်။ ပညာ ဖြင့်

ဆင်ခြင် -ကြောင်းကျိုးမြော်မြင် - ထိုးထွင်း သိမြင်ရန်လိုပါတယ်  ပညာမျက်စိ(မျက်စေ့)“ သည်
 
သာ အရေးအကြီးဆုံးသော လမ်းစာ ရိက္ခာဖြစ်ရကား လူသားကောင်းကျိုး၊ လောကကောင်းကျိုးအ

တွက် ပညာပါရမီ ဖြည့်ဆည်းပေးခြင်းသည်ပင် လောကတွင် အမြင့်မြတ်ဆုံးအလုပ်ဖြစ်ပါတယ်



ထို.ကြောင့်ပင်ကိုယ်တိုင် ကိုယ်ကျ အလင်းရလျက် လောကအတွင်း အမှောင်ကင်းအောင်

အလင်းရောင် ထွန်းညှိကြပါစို.“ ဟူသော ဆောင်ပုဒ်ဖြင့် ပညာအလင်းများ ထွန်းညှိမျှဝပေးရာ

ဌာနတစ်ခုကို လွန်ခဲ့သော ()နှစ်က ဘန်ကောက်မြို.တွင် စတင်ပေါ်ထွန်းလာခဲ့ပါတယ် ထိုကာ

လအတွင်း မြန်မာပြည်ဖွား တိုင်းရင်းသား ရွှေ.ပြောင်းအလုပ်သမားများအနေနဲ. လူ.လောက  ပင်
 
လယ်ပြင်အလယ်(အခြေအနေအရ ထိုင်းနိုင်ငံရေပိုင်နက်အတွင်း) ကူးလူးလှော်ခတ် နေကြရာဝယ်

မရှိမဖြစ် လိုအပ်လှသော အသိပညာလှော်တက်များကို တပ်ဆင်ပေးနိုင်ခဲ့ပြီးဖြစ်ပါ တယ်

ပညာ့ပါရမီ အမည်ရ ထိုစာကြည့်တိုက်ကို ကျောင်းထိုင်ဆရာတော်အရှင်ပရမနန္ဒ မှ စတင်
 
တည်ထောင်ခဲ့ပြီး လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေး ဘာသာရေးနှင့် ပတ်သက်သမျှ

စာအုပ်များဒကို အခမဲ့ငှားယူ လေ့လာနိုင်ဆည်းပူးလျက်ရှိကြပါတယ်။


ထူးခြားချက်တစ်ခုမှာလည်း စာကြည့်တိုက်ရှိ စာအုပ်များမှတဆင့်  သိကြရသော နာမည်ထင်ရှား
 
စာရေးဆရာကြီးများကို အခါအားလျော်စွာ ထိုင်းနိုင်ငံသို.ဖိတ်ကြားကာစာပေဟောပြောပွဲများကိုပါ

ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ပညာပါရမီစာကြည့်တိုက်ကျေးဇူးဖြင့် ထိုစာရေးဆရာများရဲ့

သုတ -ရသ - ဟာသ - ဘဝသင်ခန်းစာ အဖုံဖုံကို စုံစုံလင်လင် လာရောက်နားဆင်နိုင်ကြပါတယ်

ထိုမျှမကသေးပဲပညာပါရမီ စာကြည့်တိုက်မှာပင် အခါအားလျော်စွာ ဘာသာရေးဆိုင်ရာအခမ်း
 
အနားများ အလှူပွဲများအမြဲကျင်းပပေးနေသလို မြန်မာပြည်တွင်းမှ နိုင်ငံခြားသို.ကြွလာသော ဓမ္မ
 
ကထိကဆရာတော်ကြီးများကိုလည်း စာကြည့်တိုက်သို. ပင့်ဆောင်ကာ အထူးတရားပွဲ များကျင်းပ
 
ပေးလျက်ရှိပါတယ်
 
ပင်လယ်ပြင်နဲ.တူသော လောကအလယ်မှာ ဘဝလှေငယ် အသွယ်သွယ်ဖြင့်လှော်ခတ်ရာဝယ် ပညာ

  အသိဆင်ခြင်ဥာဏ်ရှိပြီး မိမိသူတပါးကောင်းကျိုးပွါးစေရန်မှာ လူသားတို. တာဝန်သာပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ




ဆရာချစ်ဦးညိုနဲ. ( ၉ - ၉ -၁၂- တနင်္ဂနွေနေ.မှာ)


















No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter