ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, March 12, 2012

မြန်မာတို.၏ သမိုင်းပေးတာဝန်

ကလေးတို.ဆရာမ မှ March 11, 2012 11:30pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ View Blog ဆရာ ဦးလှသိန်းထွဋ်၏ " ဗုဒ္ဓနှင့် မြန်မာလူမျိုး " စာအုပ် ကို မှီငြမ်းပါသည် ။ ကလေးတို.ဆရာမ ။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး “ဗုဒ္ဓဘာသာ” ကိုးကွယ်ခြင်းမှာ မြန်မာတို.အတွက် “ သမိုင်းပေးတာဝန်” ဆိုပါကမှားမယ်မထင်ပါ။ ”သွေးက ပြောသောဘာသာ” ဟူ၍လည်း ဆိုကြပါ၏ ။ ဒါ့ကြောင့်သာလည်း “ဗုဒ္ဓဘာသာ” သည် မြန်မာတို.၏ အသွေးထဲ အသားထဲအထိ စွဲမြဲနေခဲ့ခြင်းးပင်မဟုတ်ပါလား။ သမိုင်းပေး တာဝန်ဖြစ်ကြောင်းကို တစေ့တစောင်း ပြန်ပြောင်းကြည့်ပြန်ပါကလည်း မြန်မာပြည်ဖွား တိုင်းရင်းသားတို.မှာ သာကီဝင်မင်းသား ဗုဒ္ဓမြတ်ဘုရားနှင့် ဆွေမျိုးရင်းချာ တော်စပ်ကြတဲ့အတွက် ကံကောင်း သူများဖြစ်ကြပါတယ် ။ မြန်မာနှင့် ဗုဒ္ဓ ခွဲခြားမရ ဆွေတော်မျိုးတော်များ ဖြစ်ကြတဲ့အတွက်လည်း ဗုဒ္ဓသာသနာတော်ကို မြန်မာလူမျိုးတိုင်း ကိုးကွယ်ရေး ။ မြန်မာမှန်သမျှ ဗုဒ္ဓသာသနာ့အမွေကို ဆက်ခံနိုင်ရေးသည်သမိုင်း ပေး တာဝန်ကြီးဖြစ်လာရသည်ဟုဆိုကြပါ၏ ။ ရှေးခေတ်မြန်ာကြီးတို.သည် ၄င်းတာဝန် ကို ကျေ ပွန်စွာ ထမ်းဆောင်ခဲ့ကြပါ၏ ။ “ မြန်မာနိုင်ငံကို ချစ်သော မြန်မာလူမျိုးတိုင်း ဗုဒ္ဓဘာသာကိုချစ်မြတ်နိုးရပါမည်။ မြန်မာကိုကမ္ဘာက အလေးထားနေကြသည်မှာလည်း ဗုဒ္ဓဘာသာကြောင့်ပင် ဖြစ်ပါ၏ ” ။ ထိုမျှမကသေးပါ “ကမ္ဘာပေါ်တွင် ပထမဆုံးသော မြတ်ဗုဒ္ဓ၏ သက်ရှိထင်ရှား ဇီဝသရီရ ဆံတော်ရှင် ဓာတ်တော်များ”သည် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကိန်းဝပ် စံနေတော်မူလျက်ရှိပါ၏။ ဆိုလိုသည်မှာ ဗုဒ္ဓသာသနာတော်သည် စတင်သည့်အချိန်မှယနေ.တိုင်အောင် မြန်မာ့မြေမှာ အသဲ ထဲစွဲနေသလို ကွယ်ပျောက်သည့်နေ. တိုင်အောင်လည်း အမိမြန်မာ့မြေပေါ်မှာသာ အစဉ် ထွန်း တောက်နေရမည်ဟု ဆိုကြပါတယ်။ အမှန်ဆိုပါက ဗုဒ္ဓသာသနာသည် မစ္ဖျိမဒေသ(အိန္ဒိယ) တွင် စတင်ခဲ့သော်လည်း အိန္ဒယ၏ နိုင်ငံ တော် ဘာသာမဖြစ်ခဲ့ပါ ။ အိန္ဒယနိုင်ငံသား လူအများစု၏ ခိုင်ခိုင်မြဲမြဲ ကိုးကွယ်သော ဘာသာ မဖြစ်ခဲ့ပါ။ သာသနာသက္ကရာဇ် ၁၀၀၀- ခန်.မှာပင် ဗုဒ္ဓသာသနာသည် အိန္ဒိယနယ်မြေမှလုံးဝကွယ် ပျောက်ခဲ့ပါတယ်။ ဘာ့ကြောင့်များပါလိမ့် ----- အဓိက အကြောင်းကတော့ ဗုဒ္ဓနှင့်မစ္ဖျိမဒေသ ( အိန္ဒိယ) တို. သွေးသားမတော်စပ်ပဲ တစိမ်းပြင် ပြင် ဖြစ်ခဲ့သောကြောင့်သာဖြစ်ကြောင်း သက်သေ သာဓကများအရ သိရပါတယ် ။ ဒါ့ကြောင့် မြန်မာနှင့်ဗုဒ္ဓ ခွဲခြားမရ ဆွေမျိုးတော်များဖြစ်ကြတဲ့အတွက်လည်း ဗုဒ္ဓသာသနာတော်ကိ မြန်မာလူမျိုး တိုင်းကိုးကွယ်ရေး ၊ မြန်မာမှန်သမျှ ဗုဒ္ဓသာသနာ့အမွေကိုဆက်ခံနီ်ုင်ရေးသည် သမိုင်းပေးတာဝန်ကြီး ဖြစ်လာရသည်ဟုလည်း ပညာရှင်များက တိတိကျကျ မြွက်ဆိုထားကြတာ ကိုတွေ.ရပါတယ် ။ ဗုဒ္ဓဒေသနာတော်အရ ဆိုပါက “ လူတို.သည် မိမိဘဝကို မိမိသာလျှင် ပုံဖေါ်ဖန်တီးနိုင်ပါ၏ " ။ မိမိဘဝကို အမွန်အမြတ်ဖြစ်အောင် ဖန်တီးသူဟာ မိမိသာလျှင်ဖြစ်သလို မိမိဘဝကို အကြည်းတန် အရုပ်ဆိုးစေရန် ဖန်တီးသူမှာလည်းမိမိသာလျှင်ဖြစ်ပါ၏ ။ဖန်ဆင်းနိုင်သူဖျက်ဆီးသူ- စောင့်ရှောက် သူနှင့်တန်ခိုးရှင်မျာ မိမိသာလျှင် ဖြစ်ပါ၏။ တကယ်ဆိုပါက “ မိမိ၏အတွင်းသဏ္ဍာန်မှာ သာဤ စွမ်းဆောင်နိုင်မှု တန်ခိုးများ ရှိနေကြောင်း” ဖေါ်ညွှန်းထားကြပါတယ် ။ ဤသည်မှာလည်း ထေရဝါဒဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများဖြစ်၏။ ဒါ့ကြောင့်လူတိုင်းလည်း မိမိကိုယ် ကိုသာလျှင် အစဉ်မပြတ် အကဲခတ် စောင့်ကြပ်ကြည့်ရှု သုံးသပ်စစ်ဆေးနေ ကြရမည်” ဖြစ်ကြောင်း နာကြား မှတ်သားခဲ့ရပါတယ် ။ လူသားတို.၏ အတွေးအခေါ် အကြံအစည်များ - ပြောကြားသည့် စကားများ-အပြုအမူများသည် ဘယ်သောအခါမျှ ပျောက်ပျက်သွားခြင်း- အရှိန်အဝါ ကင်းမဲ့သွားခြင်းမရှိပါ ။ လူသား များ၏ ဖန် တီးရှင်အစစ်မှာလည်း စေတနာမြောက်သော“ ကံသုံးပါး” ပင်ဖြစ်ပါ၏။ အခြားသော ဖန်တီးရှင် ( ဖန်တီးနိုင်စွမ်းသောပညာရှင်) မရှိပါ ။ ဒါ့ကြောင့် လူသားများအနေနှင့် မည်ကဲ့သို.သော တန်ခိုးရှင်- သိဒ္ဓိရှင် ဆိုသူများကိုမျှ အားကိုးနေ စရာမလိုပါ။ မိမိကိုယ်သာလျှင် အားထားရာအဖြစ် နှလုံးသွင်းကာ ဘုရား- တရား- သံဃာတည်း ဟူသော“ ရတနာသုံးပါး” ကိုသာ အစဉ်မပြတ် ကိုးကွယ်ဆည်းကပ်ရမှာဖြစ်ပါတယ်။ မိမိတို. စိတ်စေတနာကိုလည်း အတတ်နိုင်ဆုံး ဖြူစင်သန်.ရှင်းအောင် ကြံဆောင် ကြိုးပမ်းကာ ပြုမူ လုပ်ကိုင်ကြရမည်” ဟူ၍လည်း ဗုဒ္ဓမြတ်ဘုရားက ဟောကြားဆုံးမတော်မူပါတယ် ။ ဒီလို မြတ်ဗုဒ္ဓရဲ့ အဆုံးအမတရားတော်များအရ လိုက်နာဆောင်ရွက်ပြီး “ ကြီးသူကိုရိုသေ ငယ်သူ ကိုလေးစားကာ မေတ္တာ ၊ ဂရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ “ ဟူသော “ ဗြဟ္မစိုရ်တရား ” ကို အစဉ်ထာဝရ ပွားများကြပါမှ မိမိနှင့်တကွ လောကလူသားအားလုံးအတွက် ငြိမ်းချမ်းသာယာသည့် “အလှကမ္ဘာ” ကို တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ် ။ အားလုံး ရွှင်လန်းချမ်ေးမြ့ကြပါစေ ကလေးတို.ဆရာမ မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး Seinlanmyay Watthon commented on your blog post "“ မြန်မာတို.၏“ သမိုင်းပေးတာဝန် ”" on Myanmar in Singapore သာဓုသာဓုသာဓု စေတနာကံအဟံဘိက္ခဝေ ဆိုတဲ့အတိုင်း မိမိ၏ မနော၊ ဝစီ၊ ကာယ ကံသုံးပါးသည်သာ ဖန်ဆင်းရှင် Creator စင်စစ်ဖြစ်ပါသည်။ အနာဂါတ်၊ နောက်ဘဝဆိုတာတွေ ဝေးပါသေးတယ်။ လက်တွေ့ သာဓကပြ၍ရပါသည်၊ စိတ်ဆိုးနေသည့်အခါ နှင့် လိုချင်တာရလို့ စိတ်ချမ်းသာတဲ့အခါ မိမိမျက်နှာကိုမှန်ထဲမှာပြန်ကြည့်ရင်မတူဘဲ ကွဲကွဲပြားပြားခြားနားနေတာမြင်တွေ့ နိုင်ပါသည်။ ဒေါသစိတ်ကြောင့်ဖြစ်တဲ့ဒေါသရုပ်ကအကြီးတန်သလောက် စိတ်ရွင်လန်းချမ်သာနေတဲ့ရုပ်ကဝင်းပနေတာ လက်တွေ့ မြင်နိုင်ပါတယ်။ စိတ်စတနာဟာဖန်ဆင်းရှင်ပါဘဲ။ ဒါကြောင့်လဲ စိတ္တေန နိယတိလောကော လို့ ဘုရားရှင်မိန့် ကြားခဲ့တာပါ။ ------------------------------------ Comment by htin lin thar 14 hours ago thanks ------------------------------------ Comment by dimplemit မနေ့ကပြုလုပ်သွားပါသည်။ “မိမိကိုယ်ကိုသာလျှင် အစဉ်မပြတ် အကဲခတ် စောင့်ကြပ် ကြည့်ရှု သုံးသပ် စစ်ဆေး နေကြရမည်” ဆိုတာလေးကို သမိုင်းပေးတာဝန်အဖြစ်လိုက်နာဖို့ ကြိုးစားရပါတော့မည်။ ------------------------------------ Comment by dimplemit မနေ့ကပြုလုပ်သွားပါသည်။ “မိမိကိုယ်ကိုသာလျှင် အစဉ်မပြတ် အကဲခတ် စောင့်ကြပ် ကြည့်ရှု သုံးသပ် စစ်ဆေး နေကြရမည်” ဆိုတာလေးကို သမိုင်းပေးတာဝန်အဖြစ်လိုက်နာဖို့ ကြိုးစားရပါတော့မည်။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter