ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, March 5, 2012

သက်ကြီးစကား တစ်ဆင့်ကြား - အမှန်တရားဖြစ်ပါစေ

မြင့်မို၇်တောင်မျှ ကြီးလှအလှူ မဟုတ်မူလည်း တစ်ဆုပ်တစ်လုပ် အဟုတ်လှူက ကြီးလှကုသိုလ် အရ - ပိုမည် -------- တဲ့ ----- သက်ကြီးစကားတစ်ဆင့်ကြားခဲ့ရတာပါ ။ ============================================ ဒီနေ.(၂၉-၂-၁၂- ဗုဒ္ဓဟူးနေ.)ညနေပိုင်း ဘုရားပန်းလဲဖို.Big C Extra စတိုးဆီသို. တစ် ယောက်တည်း ရောက်သွားပါတယ် ။ ဝမ်းထဲက ဟာတာတာ ဖြစ်လာတာမို. စားသောက်ဆိုင်ထဲဝင် စားစရာ ပြေးဝယ်ပြီး တစ်ယောက်ထိုင် စားပွဲလေးမှာ အေးအေးဆေးဆေး လွေးနေမိတယ်လေ ။ စားရင်း သောက်ရင်း ရှေ.တည့်တည့်က တီဗွီမှာ ပြနေတဲ့ ရောင်စုံပြရုပ် တွေကို တစ်ချက် တစ်ချက်လှမ်းကြည့်နေ မိပါတယ် ။ ဒီလို စားရင်း သောက်ရင်း တီဗွီကြည့်ရင်း- ဗြုံးဆို မြင်ကွင်းတစ်ခုရဲ့ဆွဲ ဆာင်မှုကို ရုတ်တရက်ခံလိုက်ပါတယ်။ စားပွဲ သုံးလုံးကျော်လောက်က -------------- အသက် ငါးဆယ်ကျော်ကျော် - လူတစ်ယောက် - သူ. ကိုယ်ပေါ်က အဝတ်အစားက ခပ်နွမ်းနွမ်း --- မျက်နှာကတော့ ခပ်ပြုံးပြုံး ----------------- ဝန်းကျင်တစ်ဝိုက်ကို ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ.ဘာလုပ် နေတာပါလိမ့် ။ အင်း -- “မစပ်စု” လို. ပဲပြောပြော ---- ကျမလည်း သူ.အမူအရာကို စိတ်ဝင်စားသွားပါတယ်။ ဒီတော့ သူ.လှုပ် ရှားမှုကို လည်း လိုက်ပြီး အကဲခတ် ကြည့်နေလိုက်တယ်ဆိုပါတော့ ။ ဒီလိုနဲ. သူနဲ.ခပ်လှမ်းလှမ်းက လူတစ်ယောက်က စားလို. သောက်လို. အပြီးနေရာမှ ထွက် သွားတာတွေ.ရပါတယ် ။ ဒီအခါ စောစောက တပြုံးပြုံးနဲ. ဟိုကြည့် ဒီကြည့် လုပ်နေတဲ့ လူလည်း ထိုင်နေရာက ဗြုံးဆို ထပြီး စားပြီးလို. ထွက်သွားတဲ့လူရဲ့ စားပွဲမှာ သွား ထိုင်လိုက်ပါ တယ် ။ ဟောတော့ - - - ဟို လူ မစားနိုင်လို.ကျန်ခဲ့ဟန်တူတဲ့ အစားအစာ အကြွင်းအကျန်များကို အားပါးတရ စားနေ သောက်နေလိုက်တာ - ဘယ်သူ.ကိုမှ ဂရုမစိုက်နိုင် ရှာပါလား ။ အော်- သူ.ခမြာ ဆာလွန်းလို.- စားချင်ရှာလွန်းလို. စားနေသောက်နေ ကြတဲ့ ပတ်ဝန်းကျင်ကို ကျီးကန်း တောင်းမှောက် ဟိုဒီ ရှောက်ကြည့်နေ ခဲ့တာကိုး ။ ကြည့်နေရင်းက ကျမရင်ထဲ ရေးမပြတတ်နိုင်လောက်တဲ့အထိ မချိတင်ကဲ ဝမ်းနည်းလာ မိပါတယ် ။ သနားသွားမိတယ်ဆိုရင်လည်းမှားမယ်မထင်ပါ။ ကျမလည်း ပိုက်ဆံအိတ်ကိုဖွင့်တစ်ရာတန်လေးကိုထုတ်ပြီး အဲဒီသနားစရာ စားနေရှာတဲ့လူဆီကို သွားရှောက်သွားလိုက်ပါတယ် ။ “ ရော့ - စားချင်တာ သွားဝယ်ပြီး ဝအောင်စားနော် -“ ပြောရင်းလှမ်းပေးလိုက်တဲ့ တစ်ရာတန်လေးကို လက်အုပ်လေးချီးပြီ လှမ်းယူ လိုက်ရင်း-မျက်ရည်လေးစစနဲ.- “ ကျေးဇူးတင်လိုက်တာခင်ဗျာ” -- တဲ့ ။ အဲဒီမြင်ကွင်းကို ကြည့်နေ တဲ့ ဘေးစားပွဲက မျိုးသမီးကြီးဆီကလည်း -- “ သာဓု- သာဓု- သာဓု ပါကွယ်“ ဆိုသော ပီတိအပြည့်ပါတဲ့စကားလေး များကို ကြားလိုက် ရပါတယ် ။ အော်--- လူ.ဘဝ - လူ.ဘဝ ---- ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter