ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, February 22, 2011

တချို.က ဒီလိုတွေးသလို - တချို.က ဒီလိုရေးကြသည်

“ ကဲကွာ -- ကဲကွာ -- ဒါလောက်တောင် ဟောင်ချင်တာ - ဟောင်စမ်းဟာ - ဟောင်စမ်းကွာ ”
“ ဂိန်--ဂိန် -----ဂိန် --ဂိန် -----------”
“ သားရယ် - ခွေးလေးက လိမ္မာသားနဲ. ဒီလို မရိုက်ပါနဲ.လား - သနားပါတယ် ”
“ ဟာ--မေမေတို.ကလည်း - မရိုက်လို.မရဘူး ၊ လူလာတိုင်း ဟောင်နေတာကို--”
“ ခွေးပဲသားရယ် - ဟောင်မှာပေါ့ ။ တကယ်လို. သူခိုးလာရင်ကော - မဟောင်ရဘူးတဲ့လား - ထိုင်
ရှိခိုးခိုင်းမှာလား ”
ကျမက - ဒီလိုပြောလိုက်တော့မှ သားလည်း စဉ်းစားမိသလို ငြိမ်သွားပါတယ် ။
တကယ်တော့ ဒီခွေးလေးကို ၂ - လ သားအရွယ်တည်းက သူကိုယ်တိုင်ပဲ သယ်ယူလာပြီး အိမ်မှာ
မွေးခွင့်တောင်းလို. ခွေးတို. ကြောင်တို.ကို မွေးရင် အ-ကုသိုလ်ရမှာကြောက်ခဲ့ ပေမဲ့ သားကို အလို
လိုက်ပြီး သဘောတူ ခွင့်ပြုခဲ့ရပါတယ် ။
သားကလည်း ခွေးသင်တန်းကျောင်းကို တစ်နှစ်လောက်ပို.ပြီး ယဉ်ကျေးအောင် သင်ကြားပေးခဲ့
တာမို.လည်း ခွေးလေးက အတော်ကို လိမ္မာရှာပါတယ် ။ လူစကားလည်း တော်တော် နားလည်ပါ
တယ် ။ ထိုင်ဆိုထိုင် - လာဆိုလာ - သွားဆိုသွား တတ်ပြီး- ငြိမ်ငြိမ်နေဆိုလည်း ကုပ်သွားတဲ့အထိ
ငြိမ်သွားတတ်ပါတယ် ။ သူခိုးလည်း ပူစရာမလိုဘူးလေ - ခြံနားကို လူ ကပ်လာတာနဲ.ဟောင်တော့
တာပါပဲ ။
သားကတော့ တစ်ခါတစ်ခါ သူ.စိတ်နဲ. မတွေ.ရင် ရိုက်တတ်ပါတယ် ။ ဒါကိုပဲ ကျမက မကြိုက်တာ
ပါ ။
“တကယ် နာအောင်ရိုက်တာ မဟုတ်ပါဘူး မေမေရယ် - သူကြောက်သွားအောင် ခြောက် လှန်.တာ
ပါ” - လို.တော့ ပြောပါတယ် ။
“နာအောင်ပဲ ရိုက်- ရိုက် ၊ ခြောက်တာပဲဖြစ်ဖြစ် ဝဋ်ကတော့ လိုက်မှာနော ”- လို. ကျမပြောလိုက်
တဲ့အခါ - “ဟာ --မေမေကလည်း - ဒါလောက်လေးနဲ.တော့ ဝဋ် က မလိုက်နိုင်ပါဘူး ” - လို.
ဆင်
ခြေတက်ပြန်ပါတယ် ။
“ သားရယ် - ကံ- ကံရဲ့ အကျိုးဆိုတာက ရှောင်လွှဲလို. ရကောင်းတာမှ မဟုတ်တာပဲကွယ်။ တို.များ
လူသားတွေအလယ်မှာ မိမိတို. ရင်ဆိုင်နေကြရတဲ့ ပြဿနာများအနက်က တချို.သော ပြဿနာများ
ကို မိမိတို.ရဲ့ လုံ.လ ဝီရိယနဲ. ကျော်လွှားရှောင်လွှဲလို. ရနိုင်ပေမဲ့ တချို.သော ပြဿနာတွေကျတော့
ဘယ်လိုနည်းနဲ.မှ ရှောင်လွှဲလို.မရနိုင်ပဲ အတုံ.အလှဲ.အနေနဲ. ခံရမယ့် ဝဋ်ကြွေး ကို ပေးဆပ်တဲ့ သ
ဘောနဲ. ခံကို ခံကြရပေလိမ့်မယ် သားရေ” –
ဒီအချိန်မှာပဲ အလည်ရောက်နေတဲ့ ကျမရဲ့ အစ်ကိုဖြစ်သူက-“ Oh No , No, I don’t think so”
ဒီတော့ သားကလည်း သူ. ဦးကြီးလေသံနဲ.-“No, I cannot agree with you ,Mom ”-လို.
ဆိုပါ
လေရော ။ ဒီတော့ ကျမကလည်း Subject ပြောင်းလိုက်ရပြန်တော့တာပေါ့ ---
“ သားရေ - တို.က ဗမာလူမျိုးတွေလေကွယ် - ဗမာလူကြီးတွေနဲ. စကားပြောတဲ့အခါ ဗမာစကား
ပဲပြောပါလားကွယ် ။ မေမေလည်း မကြာခန ပြောပြထားနဲ.သားရယ် - ကိုကိုကလည်း အတူတူပဲ
ဗမာဖြစ်ပြီး ကိုယ့်တူကိုယ့်သားတွေနဲ. ပြောတဲ့အခါ ဗမာလိုပဲပြောပေါ့ ကိုကိုရယ် - မဟုတ်ရင် ကျမ
တို. ကလေးတွေ ဗမာစကား “အ” ကုန်လိမ့်မယ် ကိုကိုရေ့”
“ဟုတ်တယ်ဟေ့ - ဆောရီးပဲ ၊ ခုတလော နိုင်ငံခြားရောက် ဗမာမိသားစုတွေရဲ့ ကလေးတွေ ဗမာလို
မပြောချင်တာတို. ဘာတို. အို -- စုံလို.ပါပဲကွာ - ဖတ်မိ ကြားမိနေတာတွေ ”-
“အင်းလေ- အဲဒါ ကျမတို. လူကြီးတွေကြောင့်ပေါ့ - ကိုကိုလည်း သိသားနဲ. တစ်ချိန်လုံး “အိုင်” နေ
ကြတာ လူကြီးမှန်းမသိ ကလေးမှန်းမသိ ။ နောက်ပြီး အလကားနေရင်း “ ရှစ်(shit) ” နေကြသေး
တယ် ။ အဓိပ္ပါယ်ကော သေသေချာချာသိကြရဲ့လား မသိဘူး ”
“အေး- ဟုတ်တယ်ဟ - တို. ပညာသင်သွားတုန်းက အဆင့်အတန်းရှိတဲ့ အင်္ဂလိပ်တွေဆိုရင် အဲဒီ
“ ရှစ်(shit) ” ဆိုတဲ့စကားကို သုံးလေ့မရှိကြဘူး ဆိုတာ သိခဲ့ရတယ် ။ အဲ - အဆင့်အတန်း နိမ့်တဲ့ အင်္ဂလိပ်တချို.တော့ ပြောလေ့ရှိတာပေါ့ ၊တကယ်တော့ ဒီ “ရှစ်(shit) ” ဆိုတဲ့စကားကာ ဆဲတာပဲ ။
“ဟုတ်တယ်ကိုကိုရဲ့ - အဲဒါကို ကျမတို. ဗမာလေးတွေက ရုပ်ရှင်ထဲက အတိုင်းလိုက်ပြီး ရှစ်(shit)
နေကြတာလေ - ခက်ပါတယ် ”
“ ညည်းပြောမှ စဉ်းစားမိတယ် - အဲဒီ “အိုင်” ဆိုတာကြီးကိုလည်း - လူကြီးနဲ.ပြောပြော - ဘုန်း
ကြီးနဲ.ပြောပြော တ “အိုင်” တည်း “အိုင်” နေကြတာ ကြားလို. မသင့်ဘူးကွ-နော် ”
“ဒါ့ကြောင့်ပြောတာပေါ့ ကိုကိုရဲ့ - အဲဒီလို ကလေးတွေရဲ့ မှားယွင်းတာလေးတွေကို တဖြေးဖြေးနားလည်
အောင် ပြောပြပြီး ပြုပြင်ပေးသွားရမှာက ကျမတို. လူကြီးတွေရဲ့ တာဝန်လေ ။ ကိုကို ကိုယ်တိုင်ကလည်း
လူငယ်လေးတွေကို ပြုပြင်လမ်းပြပေးပါ ။ လူပျိုကြီးပဲ သားသမီးမရှိဘူးဆိုပြီး ကလေးတွေလူငယ်တွေနဲ.စကား
ပြောတဲ့အခါ ရောရိရောရာ ရောဆရာကြီးလုပ် မပြောပါနဲ. ကိုကိုရယ် ”
“ အေးပါကွာ - နိုင်ငံခြားရောက်နေတဲ့ ကလေး လူငယ်တွေကို ဗမာ့ယဉ်ကျေးမှုနဲ.ဗမာစကား မေ့မသွားကြ
လေအောင် တို.များက ဝိုင်းပြီး ပြုပြင်ပေးကြရမှာပေါ့ -- ကဲပါ ညည်းပြောနေတဲ့လေ-ဘာလဲ--ဝဋ်ကြွေး ဆို
တာကိုဆက်ပါအုံး ကျုပ်လည်း ကြုံတုံး လေ့လာ ဆွေးနွေးရတာပေါ့”-

ဒီလို ကျမရဲ့ အကိုကြီးက မူရင်း subject ကို တည့်ပေးလိုက်တဲ့တော့ ကျမကလည်း ပြောလက်စ စကား
ကို ဦးပြန်လှည့်လိုက်ရပြန်ပါတယ် ။
“ အော် - ဟုတ်ပါတယ် ၊ ကျမတို. လူသားတွေဆိုတာက လောဘ- ဒေါသ - မောဟ ဆိုတဲ့ တရားတွေနဲ.
ကြဉ်လည်နေတတ်ကြရတာ မဟုတ်လားကိုကို ၊ တချို.ကလည်း မိမိကိုယ်ကို အင်မတန် သတ္တိရှိတယ်ရယ်လို.
မာန်မာနတွေ တက်လေ့ရှိကြတယ်လေ ”
“အေး-ဟုတ်တယ်ဟ - လုပ်ရဲရင် ခံရဲတယ် တဲ့- ပြောနေကြတာ ကြားဖူးတယ် ”
“ အဲဒီလို လုပ်ရဲရင် ခံရဲတယ် ဆိုတဲ့စကားကို အဟုတ်ကြီးလုပ်ပြီး ပြောတတ်ကြတယ် ။ ဟုတ်ပါတယ် -
လုပ်ရဲရင်တော့ ခံရဲရပေမပေါ့ ။ အဲ- ခံချင်သည်ဖြစ်စေ မခံချင်သည်ဖြစ်စေ တူသောအကျိုးကိုတော့ အနှေးနဲ.
အမြန် ပြန်ပြီး ခံကြရမှာ မလွဲဘူးလေ ”
“ညည်းပြောမှ သတိယတယ် - မြင်ဖူးတာတချို.တော့ ခံရတာတောင် မာန က မကျသေးဘူးနော် ”
“ဟုတ်ပါတယ် - ဆင်ခြင်သင့်တာကို ဆင်ခြင် ရကောင်းမှန်းမသိပဲ အပြစ်တွေကိုသာ ထပ်တလဲလဲ ကျူး
လွန်လိုက် အပြစ်ဒဏ်တွေ( အဲ- ဝဋ်တွေ) ကို ခံလိုက်နဲ.“ဂျာအေး သူ.အမေရိုက်” ဆိုတဲ့စကားလို သံသ
ရာလည်နေတော့ပေါ့ ကိုကိုရယ် ”
“ဒါဆိုရင် အဲလို မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ မေမေ”
ကျမတို. မောင်နှစ်မ စကားပြောနေတာကို ငြိမ်ပြီး နားထောင်နေရာက ကောက်ကာငင်ကာ မေးလာခြင်းဖြစ်
ပါတယ် ။
“အေး- အဲဒီလို ကံကြမ္မာရဲ့လှည့်ကွက်မှာ အခက်အခဲ ဒုက္ခတွေနဲ. ရင်ဆိုင် ကြုံတွေ. လာတဲ့အခါ ဘယ်သူ.
ကြောင့် ဘာ့ကြောင့် ဆိုပြီး သူတစ်ပါးကို အပြစ်မတင်မိဖို.လိုတယ် ။ အော်- မကောင်းမှုကံကြောင့် - မ
ကောင်းတာတွေ ကြံစည်မိ ပြုလုပ်ခဲ့မိလို. အဲဒီ မကောင်းကံတွေ အကျိုးပေးချိန်တန်လာလို.ခံရတာပါလား-
ရယ်လို. ပညာနဲ.ဆင်ခြင်နိုင်ရမယ် ။ နောက်ပြီး မိမိခံစားရတဲ့ ဒုက္ခတွေကို သည်းခံခြင်းတရားနဲ.တည်ငြိမ်
စွာ ခံယူတတ်အောင်လည်း လေ့ကျင့်ထားရမယ် ” –
“သားပြောတာက အဲဒီလိုမျိုးတွေ မကြုံတွေ.အောင် ဘယ်လိုလုပ်ရမလဲ လို. မေးတာပါ ”-
“ဟုတ်တယ်လေသားရဲ့ - အဲဒီလိုဒုက္ခမျိုးတွေ မကြုံတွေ.အောင် မခံစားရအောင် ဆင်ခြင်မိသွားမယ်ဆိုရင်
တော့ အရှုံးထဲက အမြတ်ထွက်နိုင်တယ်သား - အရေးအကြီးဆုံးကတော့ မိမိခံစားရတဲ့ ဒုက္ခဆင်းရဲခြင်း
ဟာ မိမိကျူးလွန်မိခဲ့ဲ့တဲ့ ဝိပါက ဝဋ်ကြွေး ကြောင့် ပြန်လည်ပေးဆပ်ခံစားရတာပဲ လို.ဆင်ခြင်နိုင်ရမယ် ”

“နေပါအုံး- ညည်းပြောသလိုဆိုရင် အဲဒီဝဋ်တွေက ဟိုး လွန်ခဲ့တဲ့ ဘဝ ဘဝတွေက ပြုလုပ်ခဲ့တာတွေပေါ့-
ဟုတ်လား”
“ဟုတ်ပါတယ် ကိုကို - ရှေးကဝိပါက် ကို ဒီဘဝမှာခံရသလိုပဲ ဒီဘဝမှာပြုမိမှားတဲ့ ဝဋ်ကြွေးအပြစ်တွေကို
ိုလည်း ဒီဘဝမှာပဲ ချက်ချင်းပြန်ပြီး ခံရတတ်တာလည်းရှိတယ်လို. ဖတ်ဖူးမှတ်ဖူးပါတယ် ”
“ မေမေပြောတာ သားတော့ သိပ်နားမလည်ပါဘူး ”
“အင်း ဒီလိုသားရဲ့ - အတိတ်ဘဝကပြုခဲံမိတဲ့ ဝဋ်ကြွေးကို ဒီဘဝမှာပြန် ခံရတယ်ဆိုတာက ရှင်းရှင်းလေး
ဥပမာပေးရရင် သူတစ်ပါးရဲ့ လက်ချက်နဲ. ကျိုးကန်း - သေကျေ ပျက်စီးကြရသူတွေ - ရိုက်နှက် အနှိပ်
်စက်ခံရသူတွေ ဟာ ဟို ရှေးဘဝက သူတစ်ပါးကို ဒီလိုပဲ ရိုက်နှက် နှိပ်စက်ခဲ့သူတွေဖြစ်တယ် ။ အဲဒီလို
ဟိုးအရင် ဘဝက အရိုက်အနှက်အနှိပ်စက် ခံခဲ့ရတဲ့သူတွေဟာ အခုဒီဘဝမှာ ပြုခဲ့သူတွေဖြစ်တယ် ”

“ညည်းးပြောသလိုဆိုရင် သံသရာလည်နေတာပေါ့ ”
“ဟုတ်ပါတယ်ကိုကို - ဒီ သံသရာ ဝဲဂယက်က ရုန်းထွက်နိုင်အောင်လည်း ကြိုးစားကြရမှာဖြစ်ပါတယ်”
“ဘယ်လိုလုပ်ရမှာလဲမေမေ”
“အေးလေ - မိမိတို.ရဲ့ ပြုခဲ့မိတဲ့ ကံဆိုးကြောင့် ဒီလို ဘေးဒုက္ခတွေ ခံစားနေကြရတာပဲ လွတ်တော့မှာ
မဟုတ်ပါဘူး- ရယ်လို.လည်း စိတ်ပျက် အားလျှော့မနေပဲ မိမိတို.ကိုယ်ကို သတိထားပြီး ဆင်ခြင်မှု
ပွားကာ စိတ်ကောင်းလေးတွေထား ကောင်းတာတွေ လုပ်နေမယ်ဆိုရင်အကျိုးထူးလာပါလိမ့်မယ် ”
“အင်း-- လောကကြီးကလဲကွယ် --”
“ဒီမှာကိုကို - လောကကြီးက သူ.တရားအတိုင်းသူ ဖြစ်နေတာပါ ။ လောကကြိးက မတရားပါဘူး-ရယ်
လို. လည်း အမြင်မစောင်းမိကြဖို.သတိထားရမှာပါ - ဒီအကြောင်းနဲ.ပတ်သက်ပြီး ဘုရားဟောထားတဲ့
သာဓကလေးတစ်ခုကိုတော့ နောက်မှပဲ ပြောပါရစေတော့နော် ” ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ကလေးတို.ဆရာမ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter