ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, February 7, 2011

လူငယ်တို.အတွက် ပညာရေး အလှမ်းမဝေးပါ (၂)

“အတတ်ပညာ” ဆိုတာကို ရှင်းပြပေးမယ်ဆို - မေ့သွားပြီထင်ပါတယ် - တဲ့ ။ တစ်ချို. ဖုံး

ထဲကနေ လှမ်းပြီး တမ်းတမ်းတတနဲ မေးကြရှာတာလေ ။

မေ့တာတော့ မဟုတ်ပါဘူး ။ အမှန်ပြောရမယ်ဆိုရင်တော့ ဒီကနေ. လူငယ် လူရွယ်လေးတွေ

လျှော့လျှော့ ( ရှော့ရှော့ ) ပေါ့ပေါ့ လေးတွေကို တွေးယူတတ်ကြစေချင်လို. တင်ပြစရာ စာအ

ချို.ကို ရှာဖို. - ဖွေဖို. အချိန်ယူနေရတာမို.ပါ ။



“ပညာ” ဆိုတာ အကြောင်းခြင်းရာတွေ အပေါ် “သိ-နားလည် ” မှု ကိုခေါ်ပါတယ်ဆိုတာ ရှင်းခဲ့

ပြီးပြီနော် ။ “ အသိပညာ နဲ. အတတ်ပညာ ” ဆိုတာ “ ပညာ ” တွေချည်းပါပဲ ။ ဒါပေမဲ့ ကွဲပြား

ခြားနားမှုတော့ ရှိနေတယ် ။ ဒီကနေ. လူငယ်တွေမှာ ဒီ “ အသိပညာ နဲ. အတတ်ပညာ ” နှစ်

မျိုးစလုံးကို ခွဲခြား နားလည်ထားဖို. လိုအပ်လှတယ်ဆိုတာလည်း ပြောခဲ့ပြီးပါပြီ ။



“ အသိပညာ ” ကြွယ်ဝဖို. စာကောင်း ပေကောင်းတွေကို ရွေးချယ်ဖတ်ရှုပြီး ဒီလောကကြီးမှာ

တွေ.ကြုံ ရင်ဆိုင်လာရမြဲဖြစ်တဲ့ - တစ်နည်းပြောရမယ်ဆိုရင် ဘယ်သူ ရှောင်လွှဲလို. မရနိုင်တဲ့

ပြဿနာတွေရဲ့ အကြောင်းရင်း - အမှားအမှန်တွေကို မိမိရဲ့ ကိုယ်ပိုင်ဉာဏ်နဲ. ဝေဖန် - သုံးသပ်

ဆုံးဖြတ်နိုင်ရမယ် ။ သူများယောင်လို. လိုက်ယောင်ရတာမျိုး မလုပ်မိအောင် ကိုယ်ပိုင် အသိ

ကိုယ်ပိုင်ဉာဏ်နဲ. ဝေဖန်နိုင်ရမယ် ။ ဒီလိုပိုင်းခြားသိမြင်နိုင်အောင် စာကောင်း - ပေကောင်း

တွေကို များများကြီးကို ရွေးချယ် ဖတ်ရ မှတ်ရပေလိမ့်မယ်။ အလိမ္မာ- စာမှာရှိပါသတဲ့ ။



အဲ- တို.များ “လူသား ” ဆိုတာကလည်း အခက်သားကလား ။ သူများကိုဝေဖန်ရမယ် - သူများ

ကို အပြစ်ပြောရမယ်ဆို ရှေ.တန်းမှာရှိတတ်ကြတယ် ။ ကိုယ့်မျက်ချေးကိုတော့ ကိုယ် မမြင်နိုင်

ကြဘူးလေ။ တကယ်တော့ ဟောဒီလောကကြီးမှာ ဘာမဆို အကောင်းချည်းမရှိ သလို-အဆိုး

ချည်းလည်းမရှိတတ်ပါဘူး။ အကောင်းနဲ.အဆိုးဒွန်တွဲနေတတ်တာ လောကဓမ္မတာပါ။ ပုထုဇဉ်

လူသားတွေလေ- အမှားနဲ. ဘယ်ကင်းနိုင်ပါ့မလဲ ။



နောက်ပြီး စိတ် ဆိုတာကလည်း အမြဲပဲ ဖေါက်ပြန်နေတတ်တာ ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို

ပြန် ဝေဖန်တတ်ဖို.လည်း လေ့ကျင့်ယူရမယ် ။ သတ္တိမွေးယူရပေလိမ့်မယ် ။ ဒီလို မိမိကိုယ်ကို

မိမိကိုယ်တိုင် ပြန်ဝေဖန်သုံးသပ် - ပိုင်းခြားစိပ်ဖြာပြီး ကောင်းတာတွေဆိုရင် ဆက်လုပ် ၊ မ

ကောင်းတာတွေ တွေ.ရင် ရှောင် ၊ လုပ်မိ - မှားမိပြီးဆိုရင်လည်း ချက်ချင်းသိ - ချက်ချင်းရပ် -

ချက်ချင်းပယ် ၊ ကောင်းတာတွေကိုသာ ဆက်လုပ်နိုင်အောင်ကြိုးစားရမယ် ။ လူဆိုတာ ရေစုန်

မမျှောသင့်ဘူး ။ ရေဆန်ကိုပဲ ခက်ခက်ခဲခဲ ကန်တက်နိုင်အောင်လေ့ကျင့် ကြိုးစားရမယ် ။



ကဲ -- အခု “ အတတ်ပညာ ” ပိုင်းကို သွားကြ ရအောင်နော် ။ ဟုတ်တယ် - တို.များဟာ ငယ်

စဉ်ကစပြီး ကျောင်းတက် - စာကျက်စတဲ့ အတတ်ပညာတွေ သင်ယူခဲ့ကြရတယ် ။ စာတတ်

မှ စာဖတ်နိုင်မယ် လေ ။ စာဖတ်နိုင်မှ လူ.လောကအကြောင်း ကောင်းကောင်း နားလည်မယ် ။

လူ.ဘဝအကြောင်း ပြညါ့ပြညါ့စုံစုံနဲ. ကောင်းကောင်းသိမယ် ။ လူ.ဘဝ အဓိပ္ပါယ်ကိုသိမှလည်း

လူဖြစ်ကြိုးနပ်မယ် ။



“ အတတ်ပညာ ” ဆိုတာ သင်ယူလို.ရတာမျိုး ။ အသိပညာ လို မိမိဖာသာ ဖတ်မှတ်- တွေး

ခေါ်ယူလို. ရတာမျိုးမဟုတ်ဘူး။ ဆရာဝန်တွေ - ရှေ.နေ - ဝတ်လုံကြီးတွေ - အင်ဂျင်နီယာတွေ

ကျောင်းဆရာတွေ နဲ. ကထိက တွေဟာ အတတ်ပညာရှင် တွေပါပဲ ။ အင်္ဂလိပ်လိုတော့ -

“ Proffessionals ” တွေပေါ့ ။



ဒါပေမဲ့ အဲဒီ “ အတတ်ပညာ ” တတ်ရုံနဲ. မပြည့်စုံနိုင်သေးဘူးလို. ဆိုရပေလိမ့်မယ် ။ အသိ

စိတ်ဓာတ် ရင့်ကျက်ဖို. အများကြီးလိုသေးတယ်လို. ဆိုချင်ပါတယ် ။ တကယ်တော့ အဲဒီ အ

တတ်ပညာရှင် တွေဟာ အသိပညာရှင်တွေ ဖြစ်ဖို. လိုတယ် ။ မိမိကိုယ်ပိုင် ဉာဏ် နဲ. ခွဲခြား

သိမြင် တတ်ဖို.လိုပါတယ် ။ ဒါ့ကြောင့် စာမျးများဖတ်ကြပါ - မိမိတို.ရဲ့ ကိုယ်ပိုင်ဉာဏ်ကို

သုံးကြပါ ။ ချင့်ချိန်ပါ ။ စဉ်းစားပါ ။ ဖတ်မိသမျှစာတွေကို ပေါ့ပေါ့တန်တန် သဘောမ

ထားပဲ စီစစ်ပြီးတော့ ဝေဖန်တတ်ရမယ် ။ ကိုယ့်ထက် အတွေ.အကြုံ အတွေးအမြင်ကြီး

တဲ့ ပုဂ္ဂိုလ်တွေရဲ့ သတိပေး - ဆုံးမချက်တွေ ၊ ညွှန်ကြားချက်တွေကို တန်ဖိုးထား - မှတ်

သားလေ့လာပါ ။


အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter