ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, September 20, 2010

ဘာသာတိုင်းမှာ သူ.ယုံကြည်ချက်နဲ.သူ ရှိနေကြတာ သဘာဝပါ

အင်း - - - ငြင်းကြ-ခုံကြ ၊ ဆွေးနွေးကြနဲ. မှတ်သားစရာနဲ. ပျော်စရာတော့ အကောင်းသားပါ။
ဒါပေမဲ့ တချို.က တစ်ဖက်သတ် ။ တစ်ချို.ကျတော့ တဇွတ်ထိုး ၊ အို - - အမျိုးမျိုးပါပဲ ။
ဘာသာရေးနဲ.ပတ်သက်ပြီး အငြင်းအခုံ မလုပ်ချင်တဲ့ ကျမ ၊
အင်း- အခုတော့ (ငြင်းခုံတာမဟုတ်ပါဘူးလေ) နည်းနည်း ပြောပြချင်တာပါ ။

တကယ်တော့ ကျမတို.နေထိုင်လျက်ရှိကြတဲ့ ဟောဒီလောကကြီးက လူတွေအားလုံးမှာ သူ.အတွေး-ကိုယ့်အတွေး ၊
သူ.ယုံကြည်ချက်နဲ.သူ - ကိုယ့်ယုံကြည်ချက်နဲ.ကိုယ်ပါ ။
မိသားစုတစ်ခုတည်းကိုပဲကြည့်ပါအုံး အဖေကဗုဒ္ဓဘာသာ ၊ အမေက ခရစ်ယာန် ။ သာားသမီးတွေကော ၊ အဲ -- မိခင်ဘက်
လိုက်သူရှိသလို ဖခင်ဘက်ကိုလိုက်သူလည်းရှိနေတာတွေ.ဖူးပါတယ်။ သူတို.က တစ်အိမ်တည်းမှာနေကြတဲ့ မိသားစုတွေနော်။
နားလည်မှုအပြည့်အဝ ရှိကြတယ်လေ။သူ.ယုံကြည်ချက်နဲ.သူ - ကိုယ့်ယုံကြည်ချက်နဲ.ကိုယ်ပေါ့ ။ ဘယ်သူက ဘယ်သူ.ကိုမှ
“ နင်မှားတယ် ၊ ငါမှန်တယ်” ရယ်လည်း မပြောကြသလို - ငြင်းခုံလေ့လည်းမရှိကြပါဘူး။

တကယ်တော့ ကျမတို.ရဲ့ ဗုဒ္ဓဘာသာအယူဝါဒမှာ မှန်ကန်သော သစ္စာတရားနဲ. သီလငါးပါးကို ဦးထိပ်ပန်ဆင်ထားကြပါတယ် ။
ဒီလိုပါပဲ ခရစ်ယာန်ဘာသာမှာလည်း သူ.ယုံကြည်ချက်နဲ.သူ ကောင်းမြတ်ဖြူစင်တဲ့ မေတ္တာ ဘာဝနာတရားကို လက်ကိုင်ထားကြ
တာတွေ.ရမှာပါ ။ အဲ -- အစ္စလမ်ဘာသာလည်း ထိုနည်းတူပါပဲ ။ သူတို.ယုံကြည်ချက်နဲ.သူတို. နွားလည်လှီးတာကိုတောင် ဘာ
သာရေးအရ “ကောင်းမြတ်တဲ့အမှုကိုပြုခြင်း” လို. ဆိုကြတာပဲ ။ တာကို ဗုဒ္ဓဘာသာအမြင်အရ “ဘာပဲ-ညာပဲ” နဲ.သွားပြီး စွက်လို.
ကတော့ ပြဿနာတွေ မိုးထိအောင် တက်ကုန်မှာပေါ့ ။

ဆိုလိုတာကတော့ မိမိတို.ကိုးကွယ်ရာ ဘာသာအသီးသီးမှာ စေတနာလသီးသီးပါရှိကြစမြဲပါ ။ အထူးသဖြင့် “ခရစ်ယာန်” နဲ.
“ ဗုဒ္ဓဘာသာ” မှာ “ တူညီတဲ့အချက်က “ မေတ္တာ” တရားကြီးမားကြခြင်းပဲဖြစ်ပါတယ် ။ သတ္တဝါအများကို ငြိမ်းချမ်း သာယာ
စေလိုတယ်။ တည်ငြိမ် အေးချမ်းတဲ့ ဘဝကိုရရှိစေလိုတယ်။ ဘေးရန်အန္တရာယ် အသွယ်သွယ်မှ ကင်းဝေးစေလိုတယ် ။ ကျန်းမာ
ချမ်းသာခြင်းသုခနဲ.ပြည့်ဝစေလိုတယ် ။ ဒါတွေဟာ အင်မတန်.ကို တူညီနေတာတွေ.ရမှာဖြစ်ပါတယ် ။

ဗုဒ္ဓဘာသာမှာ“ကံ နဲ. ကံရဲ့အကျိုးပေးကို ယုံကြည်တယ်(ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ၊ ကောင်းကျိုးကိုခံစားရမယ်။
မကောင်းတာလုပ်ရင် မကောင်းတာပဲဖြစ်မယ် ၊ မကောင်းကျိုးကိုပဲ ခံစားရမယ်ပေါ့) ရိုးရိုးကျင့်- မြင့်မြင့်ကြံ- မှန်ရာကိုလုပ်ရမယ် ။
ဘယ်အရာကို ဘယ်သူကမှ ဖန်ဆင်းပေးလို.မရဘူး ။ ဖန်ဆင်းရှင်ဆိုတာလည်းမရှိဘူး ။ (ဖန်ဆင်းလို.ရနိုင်တဲ့ ဖန်ဆင်းရှင်ဆိုတာ
သာ ဒီကမ္ဘာမှာရှိမှတော့ ကျမတို.လူသားအားလုံးလည်း လို-တ-ရတဲ့ ဘဝမှာ အေးငြိမ်းချမ်းသာစွာနေကြရပြီပေါ့။“အုံဖွ”ဆိုတာနဲ.
“အိုကေ”မှာ စိုပြေနေကြပြီပေါ့) ။

ကျမတို.ရဲ့ “မြတ်ဗုဒ္ဓ” ကတော့ (အားလုံးသိပြီးကြတဲ့အတိုင်းပါပဲ) သူကိုယ်တော်တိုင် ဘဝပေါင်းများစွာ “ပါရမီ” တွေဖြည့်ဆည်း
ကျင့်ကြံခဲ့လို.ရရှိလာတဲ့ “ရလဒ်”တွေကို သတ္တဝါအပေါင်း သိကောင်းစရာအဖြစ် ပြန်လည်ဝေမျှသင်ကြားပြသခဲ့သူသာဖြစ်ပါတယ်။
ယုံကြည်တဲ့သူတွေ လက်တွေ.လေ့လာ ကျင့်ကြံအားထုတ်နိုင်သလို မယုံတဲ့သူတွေကိုလည်း ဘယ်လိုမှအပြစ်ယူလေ့မရှိတာ ဗုဒ္ဓ
ဝါဒပါ ။ အဓိကအနေနဲ.တော့ “ကိုယ်လုပ်မှကိုယ်ရမယ်” ဆိုတာပါပဲ ။

၁) သူ.အသက်ကို မသတ်ရ ၊
၂) မုသား လို.ခေါ်တဲ့ မဟုတ်မမှန်တဲ့ စကားမပြောရ ၊
၃) သူ.ဥစ္စကို သူမသိအောင်(ခိုးယူခြင်းမပြုရ ) ၊
၎) သူတစ်ပါးသားသမီး(အုပ်ထိမ်းမှုမကင်းသေးတဲ့ မိန်းခလေး) နဲ. ပိုင်ရှင်ရှိပြီးမိန်းမ/ယောကျားနဲ.မလွန်ကျူးရ ။
၅) မူးယစ်သေစာ(အရက်စသည်ကို) သောက်စားခြင်းမပြုရ - ဆိုတဲ့ ကံ (၅)ပါးကို တို.မြန်မာ ဗုဒ္ဓဘာသာဝင်များ အနေနဲ. ခါးဝတ်
ပုဆိုးလို မြဲမြံစွာ သတိတရားနဲ. ပြုကျင့်သွားကြရမှာဖြစ်ပါတယ် ။

“မြတ်ဗုဒ္ဓ” ရဲ့ ဘဝပေါင်းများစွာ “ပါရမီ” တွေ ဖြည့်ဆည်းခဲ့ပုံကိုတော့ နောက်တစ်ပါတ်မှပဲနော် --

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ--

1 comment:

  1. မှန်ပါတယ် ဆရာမ... ကျွန်တော့် အမျိုးသမီးက ခရစ်ယာန်၊ ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်တာမို့ အချင်းချင်း ဘာသာရေးအကြောင်းဆွေးနွေးဖြစ်တာ မကြာခဏပါ...အဲဒီမှာ ဘာသာတိုင်းဟာ နူးညံ့သိမ်မွေ့လျတယ်ဆိုတာကို တွေ့ရပါတယ်...

    ReplyDelete

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter