ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, June 20, 2010

တာာဝန်ကိုယ်စီ - ရှေ.သို.ချီ

မှတ်မထားမိလိုက်တဲ့ နေ. တစ် နေ.၊ Singapore Website မှာ အမှတ်မထင် ဘတ်လိုက်မိတဲ့ ( ရေးသူကိုလည်း မမှတ်မိတော့ပါ)
ဆောင်းပါးတစ်ပုဒ် (ခေါင်းစဉ်က “ သူငယ်ချင်း ” တဲ့ )၊ အဟုတ်ကို ကောင်း တကယ့်ကို မှန်နေတဲ့အတွက် အဲဒီ စာရေးဆရာရဲ့ မူရင်း စာသားအချို.ကို
ကောက်နှုတ် တင်ပြရင်း ဒီ “ တာဝန်ကိုယ်စီ ” ကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်( အခုမှ အချိန် နည်းနည်း ရလာလို.ပါ )။

စာရေးသူက သူငယ်ချင်းဆီရေးတာဖြစ်ပေမဲ့ အားလုံးအတွက် အကျိုးသက်ရောက်နေတာတွေ.ရပါတယ် ။ သူပြောထားတဲ့ စကားကို ထေက်ခံတဲ့အနေနဲ.
ထပ်ရေးရမယ်ဆိုရင် - ဟုတ်ပါတယ် “ နိုင်ငံရေး ”ဆိုတာ နိုင်ငံသားတိုင်းနဲ. သက်ဆိုင်တဲ့ အရေးကိစ္စ ၊ တတိုင်းပြည်လုံး အတိုင်းအတာာနဲ.လုပ်ရမယ့် အရေးကိစ္စတွေ ဖြစ်ပါတယ်။ လတ်တလောအားးဖြင့် လူအများစု ခံယူ မှတ်သားထားကြသလို “ အစိုးရကို ဖြုတ်ချဖို.- အတိုက်အခံကို ကူညီ အားပေးဖို.” ဆိုတာတွေထက် နိုင်ငံသားတိုင်းအနေနဲ.မိမိကိုယ်တိုင် ပါဝင်နိုင်တဲ့ နေရာ ကဏ္ဍတစ်ခုခုကနေ ကိုယ့်နိင်ငံ -ကိုယ့်လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကို တတ်စွမ်းသလောက် - မိမိစွမ်းအား
ရှိသလောက် ပါဝင်လုပ်ဆောင်ကြရမယ် ၊ ပြောကြ - ရေးကြရလိမ့်မယ် ။ “ တာဝန်ကိုယ်စီနဲ. ရှေ့သို. ချီ ” ကြရပါလိမ့်မယ် ။

ဒီကနေ. လူအတော်များများက “ ဒီမိုကရေစီ ” ကို အင်မတန် လိုချင် ရချင်နေပါတယ် ။ သူကပြောထားပါတယ် -“ဒီမိုကရေစီ ရရင် ချမ်းသာပြိ ၊
လူစဉ်မီပြီ -လူ.အခွင့်အရေးတွေ အပြည့်အဝ ရလာတာနဲ. မနက်ဖြန်တော့ ထိုင်း နဲ. စင်္ကာပူကို မီပြီ ၊ ဒီ့နောက် ၈ျပန် နဲ. အမေရိကန် ကို မိပြီ ” လို. ထင်မြင် ယူဆ ၊ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲတဲ့ ဒီမိုကရေစီ နိုင်ငံတွေ အများကြီးရှိနေတာကိုတော့ သတိထား မြင်မိကြရမှာလည်း အမှန်ပဲဖြစ်ပါတယ။် ကျမတို.ရဲ. အိမ်နီးချင်း ဘ၈င်္လာဒေံရှ် နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံတောင်္ကြီး ဆိုတာကိုလည်း စာရေးသူက ထောက်ပြထားပါတယ် ။

ဒီနေ. အစိုးရပြောင်း - နောက်နေ. “ဒီမိုကရေစီနိုင်ငံ” လို.ကြေညာတာနဲ. ကျမတို. မြန်မာနိုင်ငံဟာ နတ်ရေကန်ထဲကျသလို ဖြစ်မလာနိုင်သေးဘူး ဆိုတာလည်း အမှန်ပါပဲ ။ အခုအချိန်မှာ ကျမတို.“ နိုင်ငံသာားတွေအားလုံး ” လုပ်သင့်တာက “ တာဝန်ကိုယ်စီ နဲ. ရှေ.သို.ချီ ” ရမှာပါ ။ ဆိုလိုတာကတော့
တာဝန် ခွဲဝေယူကြရန်ဖြစ်ပါတယ် ။ တကယ်တော့ ဒီကနေ. ကျမတို. နိုင်ငံကို ပြန်ကြည့်ပါ - လက်ရှိ အစိုးရကို အတိုက်အခံ လုပ်နေကြတဲ့ အဖွဲ.အစည်းတွေ
ဆိုတာ ပြည်တွင်းမှာရော ပြည် ပ မှာပါ နည်းမှ မနည်းတာပဲ ( ပြောင် ပြောင် တင်းတင်း ကတစ်မျိုး ၊ ပုန်းလျှိုးကွယ်လျှိုး ကတစ်ဖုံ လေ) ။ အဲ-- တနေ.
နေ. “ ဒီမိုကရေစီ ” ရလာပြီ ဆိုရင် ဒီအဖွဲ.တွေအားလုံး ဟာ ညီညီ ညွတ်ညွတ်နဲ. ပူးပေါင်း ဆောင်ရွက်နိုင်ကြပါတော့ မလား --တဲ့ ။ ( ဟိုး ခေတ် ဟိုအခါကဆို ဖဆပလ တို. - အတိုက်အခံ တို ရန်ဖြစ် အငြင်းပွားနေကြတာနဲ.ပဲ တိုင်းပြည်ဟာလည်း “ နင်းပြား ” ဘဝရောက်ခဲ့ ရတာမဟုတ်ပါလား)။

ဒီကနေ. ဒီခေတ်မှာ သက်ဆိုင်ရာတွေက “ အစိုးရ ပြောင်းဖို. စနစ်ပြောင်းဖို.” စီစဉ်ဆောင်ရွက်နေကြပြီဆိုတော့ ကျမတို.ကလည်း မိမိတို. တတ်နီုင်တဲ့
ကဏ္ဍက လုပ်နိုင်တဲ့ နိုင်ငံ့အရေး နိုငင်ငံ့ တာဝန်ကို ဆောင်ရွက်ကြရတော့မှာ အမှန်ပါ ။ “ တာဝန်ကိုယ်စီ နဲ. ရှေ.သို.ချီ ” ကြရပါလိ့်မယ် ။ ကျမတို.အားလုံး
နိုင်ငံ့အရေး - နိုင်ငံရေးကို ဝိုင်းဝန်း လုပ်ကြရပါမယ် ။ ကဲ - ဘာတွေကို ဘယ်လို လုပ်ကြမလဲ ။ သူပြောသွားသလိုပါပဲ - ကျမတို. “ နိုင်ငံသားတွေအနေ
နဲ. “ အဖွဲ.အစည်းတစ်ခုနေနဲ. မဟုတ်ပဲ တစ်ဦးချင်း လုပ်ထားနိုင်တာတွေရှိပါတယ် ။

သူတင်ပြထားသလိုပါပဲ - လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ. ကိုယ်ကျင့်တရားတွေ ပြန်လည် ကောင်းမွန်လာစေဖို.အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေးမိစေရန်နဲ.“ အားကစား - ပညာရေးနဲ.ကျန်းမာရေး ”စတဲ့ ကဏ္ဍတွေ ဆုတ်ယုတ်နေတာကို ပြန်လည် တိုးတက်လာစေရန် တဘက်တလမ်းက ပါဝင်ကူညီ
ကြရမှာက ကျမတို. အားလုံး ထိပ်ဆုံးကဦးစားပေးရမယ့် “ တာဝန်နဲ. ဝတ္တရား ”တွေဖြစ်ပါတယ် ။ အဓိက အနေနဲ.ကတော့ ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ
လူတစ်ဦးချင်ဟာ အောက်တန်းကျတဲ့ စိတ်ညစ်စိတ်ရိုင်းတွေ မရှိသင့်ဘူးဆိုတာကို အသိဥာဏ်သွင်းပေးဖို.လိုပါတယ် ။ ဒီဗနရာမှာ ပညာမတတ်တာနဲ.လည်း မဆိုင်ပါ။
လူတိုင်းမှာ ပင်ကိုယ်ရှိပြီးသား အသိဥာဏ်တွေမို. နည်းနည်းလေး သတိပေးလိုက်ရုံနဲ. ဆင်ခြင်မိသွားနိုင်ပါတယ် ။

လူတိုင်းမှာ ကိုယ်ကျင့်တရား ကောင်းမွန် တိုးတက်လာတဲ့အခါ လာဘ်စားမှုတို. ညစ်ပတ်စုတ်ပြတ်မှုတို.ဆိုတာတွေလည်း လျော့ပါးလာမှာအမှန်ပါ ။ အဲ- တခု
ရှိတာက ပညာရေးပဲဖြစ်ဖြစ် အားကစားပဲ ဖြစ်ဖြစ် တစ်နီုင်ငံလုံး အတိုင်းးအတာနဲ. နိုင်ငံတကာအဆင့် ရောက်အောင် ဝိုင်းဝန်း တာဝန်ယူ ဆောင်ရွက်ရာမှာ အစိုးရ အကူအညီ မပါပဲတော့ မရနိုင်တာကို သိထားသင့်ပါတယ် ။ ဒါပေမဲ့ ( သူပြောထားသလို ) “ အစိုးရ လုပ်ပေးလိမ့်မယ် ” ဆိုပြီး စောင့်နေတာထက် ကျမ
တို. တတွေ အနေနဲ. ကျမတို.ရဲ. လူငယ် လူရွယ်လေးတွေရဲ့ ပညာရေး -ကျန်းမာရေးနဲ. အားကစားလုပ်ငန်းတွေကို ဘယ်လို ထောက်ပံ့ အားပေးနိုင်မလဲ ဆိုတာကို ညှိနှိုင်း နည်းလမ်းရှာထားကြရမှာလည်းဖြစ်ပါတယ် ။

ပညာရှင် ဆရာတွေအနေနဲ. ကျောင်းသားတွေကို ကွန်ပျူတာနဲ. အင်တာနက်ကို အခြေခံကစပြီး သင်ကြားပြသပေးကြရမှာဖြစ်သလို အားကစားပညာရှင်
တွေကလည်း အားကစားပညာကို အခြေခံကအစ ကိုယ်ကျိုးမရှာပဲ သင်ကြားပြသ ပေးကြရမယ် ။ အကြားအမြင် ဗဟုသုတများသူ (ဆရာ-ဆရာမများနဲ. စာပေပညာ
ရှင်များ ) ကလည်း ဟောပြောပွဲတွေ ပြုလုပ်ကာ လူငယ်လူရွယ်တွေ လိမ္မာယဉ်ကျေးလာအောင် ၊ ကိုယ်စွမ်းကိုယ်စ မြင့်မားလာအောင် ဟောပြောနားချ
ပေးကြရပါမယ် ။

ဒီကနေ. လူငယ်တွေကို “ ဒီမို ကရေစီ တို. စစ်အစိုးရ ” ဆိုတာတွေကို ဘာမျှ မသင်ပေးပါနဲ . တိုင်းပြည်နဲ. လူမျိုးကို ချစ်တတ်အောင် ၊ ကမ္ဘာမကြေ
သီချင်းရဲ. နက်နဲလှတဲ့ အဓိပ၌ါယ် ဆိုတာ သိအောင် သင်ကြားပေးနိုင်ကြရမှာလည်းဖြစ်ပါတယ် ။ “ အနာဂါတ်ရဲ့ ခေါင်းဆောင်ကောင်းတွေ ” ဖြစ်လာကြမယ့်
ဒီကနေ. လူငယ် လူရွယ်တွေကို မှန်မှန်ကန်ကန် တွေးတတ် ခံယူတတ် အောင် လမ်းညွှန်ပြသရန် ကျမတို. အားလုံးမှာ တာဝန် အပြည့်အဝရှိနေကြပါတယ်။

ဟုတ်ပါတယ် - ဒီလိုနိုင်ငံရေးမျိုးကိုတော့ ကျမတို. နိုင်ငံသားအားလုံးက အပြည့်အဝ တာဝန်ယူ ကြရမှာာဖြစ်ပါတယ် ။

“ အစိုးရပြောင်းမှ -စနစ်ပြောင်းမှ တို.ရဲ. အနာာဂါတ်ဟာ တောက်ပ လာမယ် - ကောင်းစားလာမယ် ” ဆိုတဲ့ အတွေးစောင်း အမြင်စောင်းတွေကို ခနလောက် ခေါင်းထဲက ထုတ်ထားပြီး အဖြစ်နိုင်ဆုံး နည်းးလမ်းတွေနဲ. တို.ရဲ့ နိုင်ငံတ်ာကြီးကို နိုင်ငံတကာနဲ. ရင်ဘောင်တန်းလာနိုင်အောင် ကူညီကြပါစို.“ဒီမိုကရေစီ”
ထွန်းကားလာတဲ့အခါ တို.ပြည်သူတွေအားလုံးဟာလည်း “ဒီမိုကရေစီ” နဲ.အညီ နေတတ်ထိုင်တတ်တဲ့ ပြည်သူတွေအဖြစ် အဆင်သင့်ရှိနေကြဖို.လိုပါတယ်။

သူရေးထားခဲ့တဲ့ “ တိုင်းပြည် တစ်ခုက ပြည်သူတွေဟာ သူတို.နဲ.ထိုက်တန်တဲ့ အစိုးရကိုပဲ ရတတ်တယ် ” လို. ဆိုပါတယ် ။ ဒီဆိုရိုးးစကားလေးကို ကျမတို.လည်း ကြားဖူးနားဝ ရှိထာားပါတယ် ။

ပြည်သူပြည်သားတွေ စည်းကမ်းပြည့်ဝပြီး ကိုယ်ကျင့်တရားကောင်းလာတဲ့ အခါ ကောင်းတဲ့ အစိုးရကို အလိုလို ရလာပါလိမ့်မယ် ။

ဒီနေရာမှာ “ အမှိုက်မပစ်ရ ” လို. ရေးထားးတဲ့ ဆိုင်းဘုတ်ကိုကြည့်ရင် အဲဒီ ဝန်းကျင်မှာ နေသူတွေဟာ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်နေတတ်ကြလို. ဆိုတာ
အလိုလို သိနိုင်ပါလိမ့်မယ် ။ ကျမတို. နိုင်ငံသားများအနေနဲ.လည်း နိုင်ငံကြိးသားများပီပီ မှန်မှန်ကန်ကန် တွေးတတ် မြင်တတ်ပြီး စည်းးနဲ.ကမ်းနဲ. အဆင့်အတန်းမီမီ နဲ.ကိုယ်ကျင့်တရားမြင့်မြတ်တဲ့ ပြည်သူပြည်သားများအဖြစ် တွေ.မြင်လာရတော့မယ်လို.လည်း ယုံကြည်လျက်ရှိနေပါတယ် ။

1 comment:

  1. သိပ်ကို မှန်တဲ့ ကောင်းလိုက် တဲ့ ဝါဒီလေးတွေ .. အန်တီရေ
    အန်တီ နောက်ထပ်ရေးပေးဦးနော်..

    ReplyDelete

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter